သင်စားနေတာ ကင်ဆာတွေလား?
ယခုခေတ် လူတိုင်းကင်ဆာရောဂါဆိုးကို ကြောက်လန့်တကြားသတိထားလာကြသည်နှင့်အမျှ မိမိစားသုံးနေသောအစာအစားသည် ကင်ဆာဖြစ်စေနိုင်သည်ကို သတိထားမိသင့်ပါတယ်။ကင်ဆာမဖြစ်အောင်မည်ကဲ့သို့နေထိုင်သင့်သလဲဟူသောမေးခွန်းသည် OnDoctor မှာအမြဲမေးသောမေးခွန်းတစ်ခုပါ။မည်သည့်အစားအစာသည်ကင်ဆာဖြစ်စေနိုင်သလဲ မည်သည့်အစားအစာသည်ကင်ဆာကို ကာကွယ်နိုင်သလဲဆိုတာသေချာနားလည်ဖို့လိုပါတယ်။
ကင်ဆာဖြစ်စေသောအစာအစားများ
(1)ဟိုင်ဒရိုဂျနဒိတ်ဓာတ်ပါသောအဆီများ
ဟင်းသီးဟင်းရွက်များမှ ဓာတုဗေဒနည်းများဖြင့် ပြုပြင်ထုတ်လုပ်ထားသောအဆီများကိုအနံ့။အရသာရှိအောင်ထည့်သွင်းပြုလုပ်ထားသောကြောင့်ကိုယ်ခန္ဓာအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဆဲလ်တည်ဆောက်ပုံပြောင်းလဲခြင်းဖြင့်ကင်ဆာဖြစ်စေနိုင်ပါတယ်။
(2)ကြော်လှော်ထားသောအကြော်များနှင့်အာလူးကြော်များ
အဆိုပါအသင့်စားအကြော်အလှော်များသည် ကျန်းမာရေးအတွက်မကောင်းသည်သာမက ကင်ဆာဖြစ်စေနိင်သည်ကိုသင်သိပါရဲ့လား?ထိုအသင့်စားအစာအစားများသည်အကြော်ခံအဆီများနှင့်ကြော်ရုံသာမကာ တာရှည်ခံအောင်အငန်ဓာတ်များလည်းပါဝင်နိုင်ပါတယ်။ အငန်ဓာတ်ပါသောကြောင့်သွေးတိုးစေပါတယ်။ထိုအပြင်အစာအစားများကိုချက်ပြုတ်ရာတွင် အပူချိန်ပမာဏသည် Acrylamideပမာဏများရှိနိုင်သည်။ Acrylamide ကိုဆေးလိပ်ငွေ့များ။စက်မူလက်မူလုပ်ငန်းသုံးပစ္စည်းများတွင်တွေ့ရှိရပါတယ်။ အကြော်လှော်များနှင့်အာလူးကြော်များတွင် အဆိုပါဓာတုဗေဒAcrylamideပါဝင်မူများသောကြောင့် ကင်ဆာဖြစ်နူန်းမြင့်စေပါတယ်။
(3)ပြောင်းဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်တွင် ကင်ဆာဖြစ်စေသောperfluorooctanoic acidပါဝင်သောကြောင့်သတိထားသင့်ပါတယ်။ပေါက်ပေါက်လုပ်ရာတွင်သုံးသော ပြပြင်ထားသောထောပတ်အဆီသည်လည်းအနံ့ရူမိပါက အဆုတ်ကင်ဆာထိဖြစ်စေပါတယ်။ ထို့ကြောင့်microwaveဖြင့်မပြုလုပ်ဘဲသဘာဝနည်းဖြင့်ပြုလုပ်ပါ။
(4)ပြပြင်ထားသောအသားများ
အသားများကို ကြက်အူချောင်းများ။ဟော့ဒေါ့များအဖြစ်ပြုပြင်ထားပြီးအလွယ်စားသုံးပါက 67%ထိ ပန်ကရိယကင်ဆာထိဖြစ်စေနိုင်ပါတယ်။
(5)ပိုးသတ်ဆေးဖြန်းထားသောဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်များ ကြီးထွားသန်စွမ်းရန်နှင့်အသီးပေါများစွာရရှိရန် ပိုးသတ်ဆေးရည်နှင့်ဓာတုဗေဒကြီးထွားဆေးများ ပက်ဖြန်းထားသောကြောင့်အဆိုပါ ဟင်းသီးဟင်းရွက်စားသုံးသူများတွင်ကင်ဆာဖြစ်စေရန်အခွင့်အလမ်းများပါတယ်။
(6)သန့်စင်ထားသောသကြားနုများနှင့်ဆိုဒါများ
သကြားကိပြုပြင်ပြီး ဆိုဒါပြုလုပ်ရာတွင်သုံးစွဲရာတွင် ပါဝင်သောcaramel အရောင်ကြောင့်ကင်ဆာဖြစ်ပါတယ်။ဆိုဒါသည် ကိုယ်ခန္ဓာကိုအက်ဆစ်ဓာတ်ပြုကာ ကင်ဆာဆဲလ်များပွားစေပါတယ်။
(7)Diet foods
ကိုယ်အလေးချိန်လျော့ကျစေရန်စားသုံးသော diet foodများသည် အချိုလျော့။အဆီလျော့စေရန် အလွယ် ပြုပြင်ထားသောအချို။အနံ့။အရောင်ထည့်သွင်းပြုလုပ်ထားကြပါတယ်။အတုပ ပြုလုပ်ထားမူကြောင့်ကင်ဆာဖြစ်စေခြင်းကိုပိုမိုစေပါတယ်။
(8)ဖြူဖွေးအောင် ချွတ်ထားသောဂျုံမူန့်များ
ဂျုံကို သဘာဝအတိုင်းမဟုတ်ဘဲ ဖြူဖွေးသန့်အောင်ချွတ်အမူန့်ပြုလုပ်ပါက ကင်ဆာဆဲလ် ဖြစ်စေနိုင်သောကြောင့် ဓာတုဗေဒများပါဝင်မူနူန်းမြင့်မားသောကြောင့် ပေါင်မုန့်ဖြူများစားသုံးခြင်းကိုအထူးရှောင်ပါ။
ကင်ဆာမဖြစ်အောင် ဘယ်လိုအစာအစားတွေစားရမလဲ?
(1)ပိုးသတ်ဆေးမသုံးထားသောသဘာဝအသီးအနှံများစားပါ။
(2)အစာကိုမချက်ပြုတ်ခင် သေချာဆေးကြောပါ။
(3)သေချာချက်ပြုတ်ထားသောအသားများကိုစားပါ။
(4)အရည်အသွေးကောင်းသောဟင်းချက်ဆီများကိုသုံးစွဲပါ။
ကင်ဆာဖြစ်စေမူ လျော့ကျစေသောအစာအစားများမှာ
-ပန်းဂေါ်ဖီအစိမ်း
-မုန်လာဥနီ
-ပဲအမျိုးမျိုး
-ဘယ်ရီသီးများ
-သစ်ကျပိုးခေါက်
-အစေ့အဆန်များ
-သံလွင်ဆီ
-နနွင်းမူန့်များ
-ချဉ်ဓာတ်ပါသောအသီးများ
-နှမ်းကြတ်ပင်
-ခရမ်းချဉ်သီး
-ကြက်သွန်ဖြူ
-ဆဲလမွန်ငါး စသည့်တို့ဖြစ်ပါတယ်။
Dr.ပြည့်ရှင်း