အရက္နာက်ျခင္း (hangover) အေၾကာင္းသိေကာင္းစရာ
-တိုးတက္ ပြင့္လင္းၿပီး ေျပာင္းလဲ လာတဲ့ ေခတ္ႀကီးထဲ မွာ သူငယ္ခ်င္းေတြ စုၿပီး အပန္းေျဖတဲ့ သေဘာအေန နဲ႔ျဖစ္ျဖစ္၊ လူငယ္ေတြ စိတ္ထြက္ေပါက္ရွာ တဲ့ အေနနဲ႔ ျဖစ္ျဖစ္ ဘားေတြ ၊ ကလပ္ေတြ၊ EDM festivals ေတြ သြားတာ ေခတ္စားလာၾကပါတယ္။ ထိုသို႔သြားရာ မွ လူငယ္သဘာဝေသာက္ၾကစားၾကရင္း တစ္ခါတစ္ေလ ေနာက္ေန႔ မနက္ တြင္ အရက္နာက်(hangover) ရကာေပ်ာ္ရက်ိဳး မနပ္ပဲ ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ဒီတေခါက္မွာ အရက္နာက်ျခင္း (hangover) အေၾကာင္းေဖာ္ျပလိုက္ရပါတယ္။
-အရက္နာက်တယ္ဆိုတာဘာလဲ?
- အရက္နာက်တယ္ ဆိုတာ လတ္တေလာ အရက္အလြန္အကၽြံ ေသာက္သံုးျခင္းေၾကာင့္ျဖစ္တတ္တဲ့ ေရာဂါလကၡဏာေတြ စုေပါင္းထားတာကို ဆိုလိုပါတယ္။ အမ်ားအားျဖင့္ ေခါင္းကိုက္ျခင္း၊ မူးေဝျခင္း၊အိပ္ငိုက္ျခင္း၊ အစာမစားခ်င္ျခင္း နဲ႔ ေရငတ္ျခင္း တို႔အျဖစ္မ်ားေလ့ရွိပါတယ္။
- အရက္နာက်ျခင္း က ဘယ္အခ်ိန္မဆိုျဖစ္ႏိုင္ေသာ္လည္း အမ်ားအားျဖင့္ ညမွာ ေသာက္ၿပီး မနက္တြင္ ျဖစ္တာပိုမ်ားပါတယ္။
-ဘယ္ေလာက္ေသာက္ရင္ အရက္နာက်တတ္လဲ?
- ဒါကေတာ့ တိတိက်က်ေျပာဖို႔ ခဲယဥ္းပါတယ္။ အဓိက က ေတာ့ လူတစ္ဦးျခင္းစီရဲ႕ ခံႏိုင္ရည္ အေပၚမူတည္ပါတယ္။ အိပ္ေရးဝဝမအိပ္ထားတဲ့ေန႔၊ ပင္ပန္းေနတဲ့ ေန႔ေတြမွာ ေသာက္ရင္ ျဖစ္ဖို႔ပိုလြယ္ကူပါတယ္။
-အရက္နာက်ရင္ ဘယ္လိုေတြခံစား
တတ္လဲ?
- ႏွလံုးခုန္ ျမန္လာျခင္း
- ကိုယ္လက္နာက်င္ ကိုက္ခဲျခင္း
- ဝမ္းေလွ်ာျခင္း
- ေခါင္းမူးျခင္း
- ေခါင္းကိုက္ျခင္း
- ေလပြျခင္း
- ႏံုးျခင္း၊မအီမသာျဖစ္ျခင္း
- စိတ္ဓာတ္က်ျခင္း
- အစာအိမ္နာျခင္း
- အန္ျခင္း
- ေရဆာျခင္း ႏွင့္
- ေျခလက္ တုန္ျခင္း အစရွိေသာ ေဝဒနာ မ်ား ခံစားရႏိုင္ပါတယ္။ အကယ္၍ အရက္အလြန္အကၽြံ ေသာက္ၿပီး ေအာက္ပါ ေဝဒနာမ်ား ခံစားရပါၿပီး အရက္အဆိပ္တက္ ျခင္းျဖစ္ႏိုင္ကာ ေဆးရံုေဆးခန္းတြင္ အေရးေပၚေဆးကုသမႈ ခံယူသင့္ပါတယ္။ အဆိုပါ ေဝဒနာေတြကေတာ့
- တစ္မိနစ္တြင္ ၈ ႀကိမ္ေအာက္အထိ အသက္ရႉႏႈန္းက်ဆင္းသြားျခင္း
- ေတြေဝျခင္း
- တက္ျခင္း
- ကိုယ္အပူခ်ိန္ အလြန္အမင္းက်ဆင္းျခင္း
- သတိလစ္ျခင္း
- အသားျဖဴေဖ်ာ့လာၿပီး
- မရပ္မနား အန္ျခင္း တို႔ ျဖစ္ႏိုင္ကာ ေဆးရံုသို႔ တက္ေရာက္ေဆးကုသမႈခံယူသင့္ပါတယ္။
အရက္နာက်တာ ဘယ္လိုသက္သာေအာင္လုပ္မလဲ?
- အရက္နာ က်ျခင္းအတြက္ တိက်ေသာ ကုသမႈမရွိေပ။ ဒါေပမယ့္ ေအာက္ပါ အခ်က္မ်ား က စာဖတ္သူတို႔ hangover ရျခင္းကို သက္သာေစပါလိမ့္မယ္…
၁.ေရေသာက္ျခင္း- ေရမ်ားမ်ား ေသာက္ျခင္းအားျဖင့္ ေသြးထဲမွာရွိေနေသာ အရက္ပမာဏ ကို ေလွ်ာ့က်ေစသည့္ အျပင္ ေရဓါတ္ခမ္းေျခာက္ျခင္းကို လည္း ကာကြယ္ပါလိမ့္မည္။ တေနကုန္ ေရနည္းနည္းစီ ခဏခဏ ေသာက္သင့္ပါတယ္။ ထို႔အျပင္ အရက္ေသာက္ ေနစဥ္အတြင္းလည္း ေရေသာက္သင့္ပါတယ္။ (အရက္ ၁ ခြက္ေသာက္ၿပီး တိုင္း ေရ ၁ ခြက္ေသာက္သင့္ပါတယ္။ အေပ်ာ္လြန္ၿပီး ေရေသာက္ဖို႔ ေမ့သြားတာ မျဖစ္ပါေစနဲ႔။ အေရာမပါပဲ အရက္ခ်ည္းပဲလဲ မေသာက္သင့္ပါ)
၂.အစာစားျခင္း-ခရက္ကာ ႏွင့္ ေပါင္မုန္႔ကဲ့သို႔ ေသာ သေရစာ မ်ား စားသင့္ပါတယ္။ ထို႔အျပင္ အျမည္းမစား ပဲ အရက္ေသာက္ျခင္း လည္းမျပဳသင့္ပါ။ မေသာက္ခင္လည္း အစာစားထားသင့္ပါတယ္။
၃.ေဆးေသာက္ျခင္း- အိပ္ယာ မဝင္ခင္ Ibuprofen ေသာက္အိပ္ကာ ႏိုးလွ်င္ ေနာက္ ၁ လံုးေသာက္ျခင္းျဖင့္ ေခါင္းကိုက္ျခင္းကို သက္သာ ေစႏိုင္ပါတယ္။ Aspirin မွာ အရက္ေၾကာင့္ အစာအိမ္ေရာင္ျခင္း ကိုပိုဆိုးေစသည့္အျပင္ အစာအိမ္ေသြးယိုစိမ့္ မႈကိုလည္းျဖစ္ေစႏိုင္ေသာ ေၾကာင့္ Aspirin ေသာက္ရန္ အၾကံမေပးလိုပါ။ ပါရာစီတေမာ(Acetaminophen) မွာ အခ်ိဳ႕ေသာလူမ်ားတြင္ျပင္းထန္ေသာ အသည္းပ်က္စီးမႈ ျဖစ္ႏိုင္ေသာေၾကာင့္ ေရွာင္ရွားသင့္ပါတယ္။
၄.အနားယူျခင္း-အိပ္ေရးဝဝ အိပ္သင့္ပါတယ္။ ေကာင္းေကာင္းအနားယူျခင္းျဖင့္ အရက္နာက်ျခင္းကို ျမန္ျမန္သက္သာေစႏိုင္ပါတယ္။
၅.ဓါတ္ဆားေသာက္ျခင္း-ဓါတ္ဆားေသာက္ျခင္းျဖင့္ ေရဓါတ္ကို ျပန္ျဖည့္ေစသည့္ အျပင္ ေခၽြးထြက္ျခင္း ႏွင့္ ဆီးသြားျခင္း ေၾကာင့္ ဆံုးရံႈးသြားေသာ ဓါတ္ဆားဓါတ္ မ်ားကို ျပန္ျဖည့္ ေပးေစႏိုင္ေသာ ေၾကာင့္ျဖစ္ပါတယ္။
အေကာင္းဆံုးကေတာ့ မိမိ ခံႏိုင္ရည္ ထက္ပိုမေသာက္ရန္ျဖစ္ပါတယ္။
- သတိျပဳရန္မွာ အရက္နာက်လွ်င္ အရက္ထပ္မေသာက္ရန္ ျဖစ္ပါတယ္။ ထပ္ေသာက္မိပါက ေဝဒနာ သက္သာရန္ ပိုမို အခ်ိန္ယူရႏိုင္ကာ အရက္နာက်ျခင္း ဒဏ္လည္းပိုဆိုးမည္ ျဖစ္ပါတယ္။
သင့္၏ေပ်ာ္ရႊင္ဖြယ္ညမ်ား ကို အရက္အလြန္အကၽြံေသာက္ကာ စိတ္ညစ္ရမည့္ မနက္အျဖစ္သို႔ အကူးအေျပာင္း မခံပါႏွင့္….
Dr.Z
(Unicode)
အရက်နာကျခြင်း (hangover) အကြောင်းသိကောင်းစရာ
-တိုးတက် ပွင့်လင်းပြီး ပြောင်းလဲ လာတဲ့ ခေတ်ကြီးထဲ မှာ သူငယ်ချင်းတွေ စုပြီး အပန်းဖြေတဲ့ သဘောအနေ နဲ့ဖြစ်ဖြစ်၊ လူငယ်တွေ စိတ်ထွက်ပေါက်ရှာ တဲ့ အနေနဲ့ ဖြစ်ဖြစ် ဘားတွေ ၊ ကလပ်တွေ၊ EDM festivals တွေ သွားတာ ခေတ်စားလာကြပါတယ်။ ထိုသို့သွားရာ မှ လူငယ်သဘာဝသောက်ကြစားကြရင်း တစ်ခါတစ်လေ နောက်နေ့ မနက် တွင် အရက်နာကျ(hangover) ရကာပျော်ရကျိုး မနပ်ပဲ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီတခေါက်မှာ အရက်နာကျခြင်း (hangover) အကြောင်းဖော်ပြလိုက်ရပါတယ်။
-အရက်နာကျတယ်ဆိုတာဘာလဲ?
အရက်နာကျတယ် ဆိုတာ လတ်တလော အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ စုပေါင်းထားတာကို ဆိုလိုပါတယ်။ အများအားဖြင့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊အိပ်ငိုက်ခြင်း၊ အစာမစားချင်ခြင်း နဲ့ ရေငတ်ခြင်း တို့အဖြစ်များလေ့ရှိပါတယ်။
အရက်နာကျခြင်း က ဘယ်အချိန်မဆိုဖြစ်နိုင်သော်လည်း အများအားဖြင့် ညမှာ သောက်ပြီး မနက်တွင် ဖြစ်တာပိုများပါတယ်။
-ဘယ်လောက်သောက်ရင် အရက်နာကျတတ်လဲ?
ဒါကတော့ တိတိကျကျပြောဖို့ ခဲယဉ်းပါတယ်။ အဓိက က တော့ လူတစ်ဦးခြင်းစီရဲ့ ခံနိုင်ရည် အပေါ်မူတည်ပါတယ်။ အိပ်ရေးဝဝမအိပ်ထားတဲ့နေ့၊ ပင်ပန်းနေတဲ့ နေ့တွေမှာ သောက်ရင် ဖြစ်ဖို့ပိုလွယ်ကူပါတယ်။
-အရက်နာကျရင် ဘယ်လိုတွေခံစား
တတ်လဲ?
နှလုံးခုန် မြန်လာခြင်း
ကိုယ်လက်နာကျင် ကိုက်ခဲခြင်း
ဝမ်းလျှောခြင်း
ခေါင်းမူးခြင်း
ခေါင်းကိုက်ခြင်း
လေပွခြင်း
နုံးခြင်း၊မအီမသာဖြစ်ခြင်း
စိတ်ဓာတ်ကျခြင်း
အစာအိမ်နာခြင်း
အန်ခြင်း
ရေဆာခြင်း နှင့်
ခြေလက် တုန်ခြင်း အစရှိသော ဝေဒနာ များ ခံစားရနိုင်ပါတယ်။ အကယ်၍ အရက်အလွန်အကျွံ သောက်ပြီး အောက်ပါ ဝေဒနာများ ခံစားရပါပြီး အရက်အဆိပ်တက် ခြင်းဖြစ်နိုင်ကာ ဆေးရုံဆေးခန်းတွင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။ အဆိုပါ ဝေဒနာတွေကတော့
တစ်မိနစ်တွင် ၈ ကြိမ်အောက်အထိ အသက်ရှူနှုန်းကျဆင်းသွားခြင်း
တွေဝေခြင်း
တက်ခြင်း
ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်း
သတိလစ်ခြင်း
အသားဖြူဖျော့လာပြီး
မရပ်မနား အန်ခြင်း တို့ ဖြစ်နိုင်ကာ ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူသင့်ပါတယ်။
အရက်နာကျတာ ဘယ်လိုသက်သာအောင်လုပ်မလဲ?
အရက်နာ ကျခြင်းအတွက် တိကျသော ကုသမှုမရှိပေ။ ဒါပေမယ့် အောက်ပါ အချက်များ က စာဖတ်သူတို့ hangover ရခြင်းကို သက်သာစေပါလိမ့်မယ်…
၁.ရေသောက်ခြင်း- ရေများများ သောက်ခြင်းအားဖြင့် သွေးထဲမှာရှိနေသော အရက်ပမာဏ ကို လျှော့ကျစေသည့် အပြင် ရေဓါတ်ခမ်းခြောက်ခြင်းကို လည်း ကာကွယ်ပါလိမ့်မည်။ တနေကုန် ရေနည်းနည်းစီ ခဏခဏ သောက်သင့်ပါတယ်။ ထို့အပြင် အရက်သောက် နေစဉ်အတွင်းလည်း ရေသောက်သင့်ပါတယ်။ (အရက် ၁ ခွက်သောက်ပြီး တိုင်း ရေ ၁ ခွက်သောက်သင့်ပါတယ်။ အပျော်လွန်ပြီး ရေသောက်ဖို့ မေ့သွားတာ မဖြစ်ပါစေနဲ့။ အရောမပါပဲ အရက်ချည်းပဲလဲ မသောက်သင့်ပါ)
၂.အစာစားခြင်း-ခရက်ကာ နှင့် ပေါင်မုန့်ကဲ့သို့ သော သရေစာ များ စားသင့်ပါတယ်။ ထို့အပြင် အမြည်းမစား ပဲ အရက်သောက်ခြင်း လည်းမပြုသင့်ပါ။ မသောက်ခင်လည်း အစာစားထားသင့်ပါတယ်။
၃.ဆေးသောက်ခြင်း- အိပ်ယာ မဝင်ခင် Ibuprofen သောက်အိပ်ကာ နိုးလျှင် နောက် ၁ လုံးသောက်ခြင်းဖြင့် ခေါင်းကိုက်ခြင်းကို သက်သာ စေနိုင်ပါတယ်။ Aspirin မှာ အရက်ကြောင့် အစာအိမ်ရောင်ခြင်း ကိုပိုဆိုးစေသည့်အပြင် အစာအိမ်သွေးယိုစိမ့် မှုကိုလည်းဖြစ်စေနိုင်သော ကြောင့် Aspirin သောက်ရန် အကြံမပေးလိုပါ။ ပါရာစီတမော(Acetaminophen) မှာ အချို့သောလူများတွင်ပြင်းထန်သော အသည်းပျက်စီးမှု ဖြစ်နိုင်သောကြောင့် ရှောင်ရှားသင့်ပါတယ်။
၄.အနားယူခြင်း-အိပ်ရေးဝဝ အိပ်သင့်ပါတယ်။ ကောင်းကောင်းအနားယူခြင်းဖြင့် အရက်နာကျခြင်းကို မြန်မြန်သက်သာစေနိုင်ပါတယ်။
၅.ဓါတ်ဆားသောက်ခြင်း-ဓါတ်ဆားသောက်ခြင်းဖြင့် ရေဓါတ်ကို ပြန်ဖြည့်စေသည့် အပြင် ချွေးထွက်ခြင်း နှင့် ဆီးသွားခြင်း ကြောင့် ဆုံးရှုံးသွားသော ဓါတ်ဆားဓါတ် များကို ပြန်ဖြည့် ပေးစေနိုင်သော ကြောင့်ဖြစ်ပါတယ်။
အကောင်းဆုံးကတော့ မိမိ ခံနိုင်ရည် ထက်ပိုမသောက်ရန်ဖြစ်ပါတယ်။
သတိပြုရန်မှာ အရက်နာကျလျှင် အရက်ထပ်မသောက်ရန် ဖြစ်ပါတယ်။ ထပ်သောက်မိပါက ဝေဒနာ သက်သာရန် ပိုမို အချိန်ယူရနိုင်ကာ အရက်နာကျခြင်း ဒဏ်လည်းပိုဆိုးမည် ဖြစ်ပါတယ်။
သင့်၏ပျော်ရွှင်ဖွယ်ညများ ကို အရက်အလွန်အကျွံသောက်ကာ စိတ်ညစ်ရမည့် မနက်အဖြစ်သို့ အကူးအပြောင်း မခံပါနှင့်….
Dr.Z