fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီပျောက်သွားခြင်း ပြဿနာ

197
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရာသီေပ်ာက္သြားျခင္း ျပႆနာ

ရာသီေပ်ာက္သြားတတ္တဲ့ ျပႆနာဟာ ပိ်ဳေမတို႔ဘဝ မွာ တစ္ေခါက္တစ္ေလေတာ့ ၾကံဳေတြ႔ရေလ့ရွိတဲ့ ျပႆနာ ျဖစ္တတ္ပါတယ္ ။

ရာသီေပ်ာက္သြားတာဟာ အေၾကာင္းရင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္ ။

အမ်ားစုေသာ အေၾကာင္းရင္းကေတာ့ ကိုယ္ဝန္တားထားတာ မရွိဘဲ အမ်ိဳးသားနဲ့ ဆက္ဆံမိတာေၾကာင့္ ကိုယ္ဝန္ရသြားတာေၾကာင့္ ပဲျဖစ္တတ္တယ္။ ဒါေၾကာင့္ ေဆးရုံေဆးခန္းေတြကို ရာသီထိန္သြားတယ္ဆိုျပီး လာျပတဲ့ အခ်ိန္ေတြမွာ ကၽြန္မတို႔ ဆရာဝန္ေတြကေတာ့ ဆီးကို အျမဲတမ္းအရင္ဆံုးစစ္ၾကည့္ပါတယ္။ ဒီလို ဆီးစစ္တဲ့အခါမွာ အထူးသျဖင့္ အိမ္ေထာင္မရွိေသးတဲ့ အမ်ိုးသမီးငယ္ေတြရဲ့ အုပ္ထိန္းသူေတြ ဟာ စိတ္ဆိုးတတ္ၾကပါတယ္။

အိမ္ေထာင္ရွိ အမ်ိဳးသမီးေတြလို အျမဲတမ္း အမ်ိဳးသားနဲ့ ဆက္ဆံေနတာမ်ိဳး မရွိေသးတဲ့ အမ်ိုဳးသမီးငယ္ေတြဟာ အေရးေပၚသားဆက္ျခားေဆးနဲ႔ ကြန္ဒံုး ကို အသံုးျပဳတတ္ၾကပါတယ္ ။ ကြန္ဒံုးသံုးတဲ့ အခါမွာ ကြန္ဒံုးေပါက္ျပဲေနတာ အသံုးျပဳပံု ျပဳနည္း မမွန္တာေတြျဖစ္သြားတတ္ပါတယ္။ အေရးေပၚသားဆက္ျခားနည္း ကို ေသာက္တဲ့အခါမွာလည္း ေသာက္ပံုေသာက္နည္း မမွန္ကန္ခဲ့ရင္ ကိုယ္ဝန္ရသြားတတ္ပါတယ္ ။

ဒါေၾကာင့္ ဆက္ဆံတဲ့ အခ်ိန္မွာ ဒါေတြသံုးထားတာပဲ ဆိုျပီး ရာသီထိန္တဲ့ အခ်ိန္မွာ စိုးရိမ္စရာမလိုဘူးဆိုတဲ့ အသိမ်ိဳးရွိေနရင္ေတာ့ မွားေနပါတယ္။ အနည္းဆံုးေတာ့ ကိုယ္က ဆက္ဆံမႈရွိဖူးတဲ့ သူဆိုရင္ ဆီးစစ္တဲ့ ကိရိယာနဲ့ ေတာ့ အလြယ္တကူ စစ္ၾကည့္သင့္ပါတယ္။ ဒီလိုစစ္တဲ့ အခါမွာလည္း မွားယြင္းမႈေတြ ရွိတတ္္တဲ့ အတြက္ မတူညီတဲ့ တံဆိပ္နွစ္ခု သံုးခုနဲ႔ စိတ္မခ်ရင္ စစ္ၾကည့္ႏိုင္ပါတယ္။

ဆီးစစ္တဲ့ ကိရိယာနဲ့ စစ္တဲ့ ေနာက္တစ္ခု သတိျပဳမိဖို႔ လိုတာကေတာ့ ဆီးစစ္တဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။

ဆီးစစ္တာဟာ ကေလးကိုယ္ထဲက Beta Hcg ေဟာ္မုန္းပမာဏကို ဆီးထဲမွာ တိုင္းတာတာပဲျဖစ္တယ္။ ေဟာ္မုန္းဓာတ္ တတ္တာဟာ ကိုယ္ဝန္စရွိတဲ့ အခ်ိန္ေပၚ မူတည္တဲ့ အတြက္ အစိုးရိမ္လြန္ျပီး အရမ္းေစာစစ္မိတဲ့ အခါမွာလည္း negative ျဖစ္ႏိုင္ပါတယ္ ။

တကယ္လို႔ ကိုယ္ကအမ်ိဳးသားနဲ႔ ပံုမွန္ဆက္ဆံတာမ်ိဳး မရွိဘူး ဒါမွမဟုတ္ ဆက္ဆံမိတာေတာ့ ရွိတယ္ ကိုယ္ဝန္မရွိဘူး ဆိုတာေသခ်ာတယ္ဆိုရင္ေတာ့ တစ္ျခားအေၾကာင္းရင္းေတြျဖစ္နုိင္ပါတယ္။

တစ္ျခားအေၾကာင္းရင္းေတြထဲက အျဖစ္မ်ားေလ့ရွိတာေတြ ကေတာ့ စိတ္ဖိစီးမႈမ်ားတာနဲ့ ကိုယ္အေလးခ်ိန္ အရမ္း က်သြားတာေတြပါပဲ။  အသက္ရွင္ေနထိုင္ဖို႔အတြက္ ကၽြန္မတို႔ခႏၶာကိုယ္ တြင္းမွာထိန္းခ်ဳပ္ထားတဲ့ လုပ္ငန္းေဆာင္တာေတြဟာ မ်ိဳးပြားမႈျဖစ္စဥ္ကို အေရးပါမႈ အနည္းဆံုးအျဖစ္ သတ္မွတ္ထားတဲ့ အတြက္ မ်ိဳးပြားမႈျဖစ္စဥ္မွာ အေရးပါတဲ့ေဟာ္မုန္းဓာတ္ေတြဟာ စိတ္ဖိစီးမႈမ်ားတာနဲ့ ကိုယ္အေလးခ်ိန္ အရမ္း က်သြားတဲ့ အခ်ိန္ေတြမွာ က်သြားပါတယ္။

ဒီေန႔ေခတ္မွာ လူငယ္လူရြယ္ေတြဟာ က်န္းမာေရး အသိပညာလည္း ရွိလာၾကတယ္။ ဒီေတာ့ ေလ့က်င့္ခန္းလုပ္တယ္။ အစားအေသာက္ကိုလည္ း diet လုပ္ျပီးစားလာၾကတယ္ ။ ဒီလိုမ်ိဳးေတြ လုပ္ျပီး ကိုယ္အေလးခ်ိန္ က်သြားတယ္  ခ်ဖို႔ ၾကိဳးစားေနတယ္ဆိုရင္ေတာ့ ရာသီထိန္တာဟာ ျဖစ္ေလ့ျဖစ္ထရွိတတ္ပါတယ္။

ေနာက္တစ္ခုကေတာ့ အမ်ိဳးသမီး အဂၤါလမ္းေၾကာင္းမွာ ပံုမွန္မဟုတ္တဲ့ အလံုးအက်ိတ္ေတြ ျဖစ္လာတာေၾကာင့္လဲ ျဖစ္ႏိုင္ပါတယ္။ အသက္ကလည္း နည္းနည္းၾကီးတယ္ ။ ရာသီထိန္တာတင္ မကဘဲ အရင္ကတည္း က ရာသီလာရင္ ေသြးမ်ားတာ နာတာ အစရွိတဲ့ လကၡဏာေတြနဲ႔႔ပါ တြဲတယ္ဆိုရင္ေတာ့ ဆရာဝန္တစ္ဦးဦးနဲ့ သြားတိုင္ပင္သင့္ပါတယ္။

ေနာက္ဆံုးအေနနဲ႔ ကေတာ့ ေဟာ္မုန္းဓာတ္ ပံုမမွန္တဲ့ ေရာဂါေတြေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ ဒီလို ေရာဂါေတြထဲမွာ ကၽြန္မတို႔ ေဆးပညာမွာ သင္ၾကားခဲ့ရတဲ့ နာမည္ၾကီးေရာဂါတစ္ခုကေတာ့ PCOS လို႔ေခၚတဲ့ သားဥအိမ္မွာေရအိတ္တည္တာနဲ့ပါ တြဲတတ္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ဒီေရာဂါဟာ ဆိုရင္ အသက္လတ္ပိုင္း ဝတဲ့ အမ်ိုးသမီးေတြမွာ ျဖစ္တတ္ပါတယ္။ ဒီေရာဂါျဖစ္တယ္ဆိုရင္ေတာ့ အေမႊးထူလာတာ ကေလးမရတာေတြနဲ႔ပါ တြဲႏိုင္ပါတယ္။

တစ္ခါတစ္ရံ ရွားရွားပါးပါး ျဖစ္တတ္တာကေတာ့ ဦးေႏွာက္ထဲကအလံုးအက်ိတ္ေတြေၾကာင့္ ေဟာ္မုန္းဓာတ္ထုတ္တာ မမွန္ျဖစ္တာပါဘဲ။ ဒီလို ျဖစ္တယ္ဆိုရင္ေတာ့ CT MRI ေတြနဲ့ အထိ ဓာတ္မွန္ရုိက္ဖို႔ အထိ လိုအပ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ဘယ္လိုအေၾကာင္းရင္းေၾကာင့္ ပဲ ရာသီထိန္တယ္ျဖစ္ပါေစ ရာသီမေပၚတာ သံုးလေလာက္ရွိေနျပီ ဒါမွမဟုတ္ တစ္ျခားေသာ ေရာဂါလကၡဏာေတြပါ တြဲျဖစ္တယ္ဆိုရင္ေတာ့ သက္ဆိုင္ရာဆရာဝန္နဲ႔ တိုင္ပင္ၾကည့္သင့္ပါတယ္။

(Unicode)

ရာသီပျောက်သွားခြင်း ပြဿနာ

ရာသီပျောက်သွားတတ်တဲ့ ပြဿနာဟာ ပျိုမေတို့ဘဝ မှာ တစ်ခေါက်တစ်လေတော့ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာ ဖြစ်တတ်ပါတယ် ။

ရာသီပျောက်သွားတာဟာ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ် ။

အများစုသော အကြောင်းရင်းကတော့ ကိုယ်ဝန်တားထားတာ မရှိဘဲ အမျိုးသားနဲ့ ဆက်ဆံမိတာကြောင့် ကိုယ်ဝန်ရသွားတာကြောင့် ပဲဖြစ်တတ်တယ်။ ဒါကြောင့် ဆေးရုံဆေးခန်းတွေကို ရာသီထိန်သွားတယ်ဆိုပြီး လာပြတဲ့ အချိန်တွေမှာ ကျွန်မတို့ ဆရာဝန်တွေကတော့ ဆီးကို အမြဲတမ်းအရင်ဆုံးစစ်ကြည့်ပါတယ်။ ဒီလို ဆီးစစ်တဲ့အခါမှာ အထူးသဖြင့် အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီးငယ်တွေရဲ့ အုပ်ထိန်းသူတွေ ဟာ စိတ်ဆိုးတတ်ကြပါတယ်။

အိမ်ထောင်ရှိ အမျိုးသမီးတွေလို အမြဲတမ်း အမျိုးသားနဲ့ ဆက်ဆံနေတာမျိုး မရှိသေးတဲ့ အမျိုုးသမီးငယ်တွေဟာ အရေးပေါ်သားဆက်ခြားဆေးနဲ့ ကွန်ဒုံး ကို အသုံးပြုတတ်ကြပါတယ် ။ ကွန်ဒုံးသုံးတဲ့ အခါမှာ ကွန်ဒုံးပေါက်ပြဲနေတာ အသုံးပြုပုံ ပြုနည်း မမှန်တာတွေဖြစ်သွားတတ်ပါတယ်။ အရေးပေါ်သားဆက်ခြားနည်း ကို သောက်တဲ့အခါမှာလည်း သောက်ပုံသောက်နည်း မမှန်ကန်ခဲ့ရင် ကိုယ်ဝန်ရသွားတတ်ပါတယ် ။

ဒါကြောင့် ဆက်ဆံတဲ့ အချိန်မှာ ဒါတွေသုံးထားတာပဲ ဆိုပြီး ရာသီထိန်တဲ့ အချိန်မှာ စိုးရိမ်စရာမလိုဘူးဆိုတဲ့ အသိမျိုးရှိနေရင်တော့ မှားနေပါတယ်။ အနည်းဆုံးတော့ ကိုယ်က ဆက်ဆံမှုရှိဖူးတဲ့ သူဆိုရင် ဆီးစစ်တဲ့ ကိရိယာနဲ့ တော့ အလွယ်တကူ စစ်ကြည့်သင့်ပါတယ်။ ဒီလိုစစ်တဲ့ အခါမှာလည်း မှားယွင်းမှုတွေ ရှိတတ်တဲ့ အတွက် မတူညီတဲ့ တံဆိပ်နှစ်ခု သုံးခုနဲ့ စိတ်မချရင် စစ်ကြည့်နိုင်ပါတယ်။

ဆီးစစ်တဲ့ ကိရိယာနဲ့ စစ်တဲ့ နောက်တစ်ခု သတိပြုမိဖို့ လိုတာကတော့ ဆီးစစ်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ဆီးစစ်တာဟာ ကလေးကိုယ်ထဲက Beta Hcg ဟော်မုန်းပမာဏကို ဆီးထဲမှာ တိုင်းတာတာပဲဖြစ်တယ်။ ဟော်မုန်းဓာတ် တတ်တာဟာ ကိုယ်ဝန်စရှိတဲ့ အချိန်ပေါ် မူတည်တဲ့ အတွက် အစိုးရိမ်လွန်ပြီး အရမ်းစောစစ်မိတဲ့ အခါမှာလည်း negative ဖြစ်နိုင်ပါတယ် ။

တကယ်လို့ ကိုယ်ကအမျိုးသားနဲ့ ပုံမှန်ဆက်ဆံတာမျိုး မရှိဘူး ဒါမှမဟုတ် ဆက်ဆံမိတာတော့ ရှိတယ် ကိုယ်ဝန်မရှိဘူး ဆိုတာသေချာတယ်ဆိုရင်တော့ တစ်ခြားအကြောင်းရင်းတွေဖြစ်နိုင်ပါတယ်။

တစ်ခြားအကြောင်းရင်းတွေထဲက အဖြစ်များလေ့ရှိတာတွေ ကတော့ စိတ်ဖိစီးမှုများတာနဲ့ ကိုယ်အလေးချိန် အရမ်း ကျသွားတာတွေပါပဲ။  အသက်ရှင်နေထိုင်ဖို့အတွက် ကျွန်မတို့ခန္ဓာကိုယ် တွင်းမှာထိန်းချုပ်ထားတဲ့ လုပ်ငန်းဆောင်တာတွေဟာ မျိုးပွားမှုဖြစ်စဉ်ကို အရေးပါမှု အနည်းဆုံးအဖြစ် သတ်မှတ်ထားတဲ့ အတွက် မျိုးပွားမှုဖြစ်စဉ်မှာ အရေးပါတဲ့ဟော်မုန်းဓာတ်တွေဟာ စိတ်ဖိစီးမှုများတာနဲ့ ကိုယ်အလေးချိန် အရမ်း ကျသွားတဲ့ အချိန်တွေမှာ ကျသွားပါတယ်။

ဒီနေ့ခေတ်မှာ လူငယ်လူရွယ်တွေဟာ ကျန်းမာရေး အသိပညာလည်း ရှိလာကြတယ်။ ဒီတော့ လေ့ကျင့်ခန်းလုပ်တယ်။ အစားအသောက်ကိုလည် း diet လုပ်ပြီးစားလာကြတယ် ။ ဒီလိုမျိုးတွေ လုပ်ပြီး ကိုယ်အလေးချိန် ကျသွားတယ်  ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ရာသီထိန်တာဟာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီး အင်္ဂါလမ်းကြောင်းမှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်တွေ ဖြစ်လာတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အသက်ကလည်း နည်းနည်းကြီးတယ် ။ ရာသီထိန်တာတင် မကဘဲ အရင်ကတည်း က ရာသီလာရင် သွေးများတာ နာတာ အစရှိတဲ့ လက္ခဏာတွေနဲ့ပါ တွဲတယ်ဆိုရင်တော့ ဆရာဝန်တစ်ဦးဦးနဲ့ သွားတိုင်ပင်သင့်ပါတယ်။

နောက်ဆုံးအနေနဲ့ ကတော့ ဟော်မုန်းဓာတ် ပုံမမှန်တဲ့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီလို ရောဂါတွေထဲမှာ ကျွန်မတို့ ဆေးပညာမှာ သင်ကြားခဲ့ရတဲ့ နာမည်ကြီးရောဂါတစ်ခုကတော့ PCOS လို့ခေါ်တဲ့ သားဥအိမ်မှာရေအိတ်တည်တာနဲ့ပါ တွဲတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ဆိုရင် အသက်လတ်ပိုင်း ဝတဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ ဒီရောဂါဖြစ်တယ်ဆိုရင်တော့ အမွှေးထူလာတာ ကလေးမရတာတွေနဲ့ပါ တွဲနိုင်ပါတယ်။

တစ်ခါတစ်ရံ ရှားရှားပါးပါး ဖြစ်တတ်တာကတော့ ဦးနှောက်ထဲကအလုံးအကျိတ်တွေကြောင့် ဟော်မုန်းဓာတ်ထုတ်တာ မမှန်ဖြစ်တာပါဘဲ။ ဒီလို ဖြစ်တယ်ဆိုရင်တော့ CT MRI တွေနဲ့ အထိ ဓာတ်မှန်ရိုက်ဖို့ အထိ လိုအပ်နိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုအကြောင်းရင်းကြောင့် ပဲ ရာသီထိန်တယ်ဖြစ်ပါစေ ရာသီမပေါ်တာ သုံးလလောက်ရှိနေပြီ ဒါမှမဟုတ် တစ်ခြားသော ရောဂါလက္ခဏာတွေပါ တွဲဖြစ်တယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

 

Previous Post

သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၁)

Next Post

အာခြောက်ခြင်းအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အာခြောက်ခြင်းအကြောင်း သိကောင်းစရာ

ဒေါင်းရောဂါအကြောင်းအပိုင်း၁ Down Syndrome ဆိုတာဘာလဲ နဲ့ သူရဲ့လက္ခဏာများ

ငယ္ငယ္ေလးနဲ႔ ေသြးတိုးခဲ့ရင္

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.