fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အဝလွန်အမျိုးသမီးများနှင့် ကိုယ်ဝန်တားနည်းများ

203
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/07/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အသင့်စားအစားအသောက်များ စားသုံးမှုမြင့်မားလာကြခြင်း၊ ကိုယ်လက် လှုပ်ရှားမှုများ နည်းလာကြခြင်းနှင့် စားချိန်၊ အိပ်ချိန် ပုံမှန်မဟုတ်ကြခြင်းစသည့် လူနေမှု ပုံစံများကြောင့် ယနေ့ခေတ်တွင် အဝလွန်သောသူများ ယခင်ကထက်ပို၍ များလာ နေကြသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် အဝလွန်ခြင်းပြဿနာ ပိုမို ဖြစ်ပွားလျက်ရှိပြီး အဝလွန်ခြင်းကြောင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်းနှင့် သွေးပြန်ကြောများအတွင်း သွေးခဲခြင်း စသည့် ပြဿနာများ ဖြစ်ပွားရန် အတွက်လည်း အလွန်ပင် အခွင့်အလမ်း များလှသည်။ အဝလွန်ခြင်း ပြဿနာသည် ယနေ့ခေတ် အချိန်တွင် စိုးရိမ်ရမည့် ပြဿနာတရပ် ဖြစ်လာနေသည့်ပြီး အဝမလွန်မီကပင် ကိုယ်အလေးချိန်ထိန်းရန် အမျိုးသမီးတိုင်း ဂရုပြုသင့်သည်။

အဝလွန်အမျိုးသမီးများနှင့် ကိုယ်ဝန်တားခြင်း

အဝလွန်သော အမျိုးသမီးများတွင် ကိုယ်ဝန်ရှိလာလျှင် နှလုံးသွေးကြောဆိုင်ရာ ရောဂါများဖြစ်ပွားရန် အခွင့်အလမ်း ပိုမို၍များနိုင်သည့်အပြင် ကလေးပျက်ကျခြင်း၊ ကလေးစော၍မွေးခြင်း၊ ကလေးတွင် မွေးရာပါ ချို့ယွင်းချက်များ ပါလာနိုင်ခြင်း၊ မိခင် တွင်လည်း သွေးတိုးခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြင်း၊ ကိုယ်ဝန်ဆိပ် တက်ခြင်း၊ ခွဲ၍မွေးရနိုင်ခြင်းနှင့် ခွဲမွေးပြီးလျှင်လည်း သွေးထွက်လွန်ခြင်း၊ သားအိမ်အတွင်း ပိုးဝင် နိုင်ခြင်းစသည်ဖြင့် မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိခြင်းများ ဖြစ်နိုင်သည့် အတွက် ကလေးလိုချင်သော အဝလွန် အမျိုးသမီးများ အနေနှင့် နားလည် တတ်ကျွမ်းသော သားဖွားမီးယပ် ဆရာဝန်နှင့် ဦးစွာတိုင်ပင်ပြီးမှ ကလေး ယူသင့်သည်။

ကလေးမယူလိုသေးလျှင်လည်း ကိုယ်ဝန်မရရှိစေရန်အတွက် မိမိနှင့် သင့်တော်သော ကိုယ်ဝန်တားနည်းတခုခု အသုံးပြု ထားရန်လိုသည်။ အဝလွန်နေသော အမျိုးသမီးများအတွက် သင့်တော်သော ကိုယ်ဝန်တားသည့် နည်းလမ်းများ မှန်ကန်စွာ အသုံးမပြုမိလျှင် ကိုယ်အလေးချိန်ပို၍ တက်လာခြင်း၊ လက်ရှိ ခံစားနေရသော ကျန်းမာရေး အခြေအနေများ ယခင်ထက်ပို၍ ဆိုးလာခြင်းနှင့် နှလုံးနှင့်သွေးကြော ဆိုင်ရာရောဂါများ ခံစားရလာနိုင်ခြင်း စသည်တို့ဖြစ်ပွားလာနိုင်သည့် အတွက် မှန်ကန်သော နည်းလမ်းကို ရွေးချယ်နိုင်ရန်မှာ အလွန် အရေး ကြီးသည်။

အမျိုးမျိုးသော ကိုယ်ဝန်တားနည်းများ

သာမန်အားဖြင့်ကိုယ်ဝန်မရရှိစေရန် တားနိုင်သော နည်းလမ်းများ များစွာ ရှိသည်။ အကာအကွယ်သုံးခြင်း၊ ဆေးထိုးခြင်း၊ ဆေးသောက်ခြင်း၊ သားအိမ်အတွင်း ပစ္စည်းထည့်ခြင်းနှင့် ယနေ့ခေတ် အမျိုးသမီးများကြား ခေတ်စားလာသည့် လက်မောင်း အတွင်း ပစ္စည်းထည့်ခြင်း စသည်ဖြင့် နည်းလမ်း အမျိုးမျိုးရှိသည်။ တနည်းအားဖြင့် ဟော်မုန်းပါဝင်သော သန္ဓေတားနည်းများနှင့် ဟော်မုန်းမပါဝင်သော သန္ဓေတားနည်း များ ဟူ၍ နှစ်မျိုးထပ်မံ ခွဲခြား နိုင်သည်။

ဟော်မုန်းပါဝင်သည့် သန္ဓေတားနည်းများ

ဟော်မုန်းပါဝင်သော သန္ဓေတားနည်းများတွင် နေ့စဉ်သောက်ရသည့်ဆေး (လက်ညှိုးထိုးကတ်) သောက်ခြင်း၊ ၃ လခံဆေးခေါ် Depo ထိုးခြင်းနှင့် လက်မောင်း အတွင်း ပစ္စည်းထည့်ခြင်း စသည်တို့အပြင် ဟော်မုန်းပါဝင်သည့် သားအိမ်အတွင်းထည့် ပစ္စည်းများလည်းရှိသည်။ ဟော်မုန်းဆေးများတွင်လည်း ဟော်မုန်းတမျိုးတည်းပါသည့် ကိုယ်ဝန်တားဆေးများနှင့် ဟော်မုန်းနှစ်မျိုးပေါင်းထားသည့် တားဆေးများ ဟူ၍လည်း နှစ်မျိုးထပ်မံခွဲခြားနိုင်သည်။
ဟော်မုန်းနှစ်မျိုး ပေါင်းထားသည့် တားဆေးများတွင် လက်ရှိအသုံးများသည့် နေ့စဉ်သောက်ရမည့်ဆေးများပါဝင်သည်။ အဆိုပါ သောက်ဆေးများသည် အဝလွန် အမျိုးသမီးများတွင် နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများကို ပုံမှန်ထက်ပို၍ ဖြစ်ပွား နိုင်သလို ကိုယ်ဝန်တားနိုင်သည့် ကောင်းကျိုးထက် အခြား မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများကို ပိုမိုဖြစ်ပွားနိုင်သည့်အတွက် အဝလွန်အမျိုးသမီးများ အနေနှင့် ဟော်မုန်းနှစ်မျိုးပေါင်းစပ်ထားသည့်ကိုယ်ဝန်တားဆေး(သောက်ဆေး)မျိုးကို အထူးဂရုပြု ရှောင်ကျဉ်ကြရန်လိုသည်။

ဟော်မုန်းတမျိုးတည်းပါသည့် တားဆေးများတွင် ၃လခံထိုးဆေး၊ လက်မောင်း အတွင်းထည့်သည့် ပစ္စည်းများအသုံးပြုခြင်း၊ အချို့သော ဟော်မုန်းတမျိုးတည်း ပါဝင်သည့် သောက်ဆေးများအပြင် ဟော်မုန်းပါဝင်သည့် သားအိမ်အတွင်းထည့်သည့် ပစ္စည်းများ ပါဝင်သည်။ ဟော်မုန်းတမျိုးတည်းပါသည့် တားဆေးများအနေနှင့် တခါတရံ ပုံမှန်ထက် ပို၍ဝလာခြင်းမျိုးဖြစ်နိုင်သော်လည်း ဟော်မုန်းနှစ်မျိုး ပါဝင်သည့် တားဆေးများထက် နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေ နည်းပါးနိုင်သည်။ ကိုယ်ဝန် တားလိုသည့် အဝလွန်အမျိုးသမီးများအနေနှင့် ၃လခံဆေး ထိုးနှံနိုင်သလို ၃လတကြိမ် ပုံမှန်မထိုးလိုသည့် အမျိုးသမီးများအနေနှင့်လည်း လက်မောင်းအတွင်းထည့်သည့် ပစ္စည်းကို နားလည်တတ်ကျွမ်းသည့် ဆရာဝန်နှင့် တိုင်ပင်ပြီး ထည့်သွင်းထားနိုင်သည်။

အဝလွန်အမျိုးသမီးများသာမက အခြားသောနှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါ ပြဿနာများ ဖြစ်ပွားရန်အခွင့်အလမ်းများသူများနှင့် ဖြစ်ပွားနေသော အမျိုးသမီးများ အနေနှင့်လည်း ဟော်မုန်းတမျိုးတည်း ပါဝင်သည့် သန္ဓေတားနည်းမျိုးကို အသုံးပြု နိုင်သည်။ သို့သော်လည်း အဝလွန် အမျိုးသမီးများ အနေနှင့် ဆေးအာနိသင်ကို ထိရောက်စွာ ရရှိနိုင်ရန်အတွက် လက်မောင်းအတွင်းထည့် ပစ္စည်းမျိုးကို ၃နှစ်လျှင် တကြိမ် လဲလှယ်ပေးခြင်းထက် နှစ်နှစ်ခန့်တွင်တကြိမ် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်၍ လဲလှယ် ပေးခြင်းမျိုး ပြုလုပ်ပေးသင့်သည်။

ဟော်မုန်းမပါဝင်သည့် သန္ဓေတားနည်းများ

ဟော်မုန်းမပါဝင်သော သန္ဓေတားနည်းများတွင် အကာအကွယ်အသုံးပြုခြင်း၊ သားအိမ်အတွင်းထည့်သည့် ပစ္စည်းများအသုံးပြုခြင်းနှင့် ရက်ရှောင်သည့်နည်းလမ်းများ ပါဝင်သည်။ အဝလွန်အမျိုးသမီးများအတွက် အန္တရာယ်အကင်းဆုံးနှင့် စိတ်အချရဆုံး နည်းလမ်းဖြစ်သော်လည်း အမြဲတမ်း အကာအကွယ်အသုံးမပြုလိုခြင်းနှင့် ရက်ရှောင် နည်းကို အသုံးပြုရာတွင် ရက်မမှန်သော အမျိုးသမီးများအတွက် စိတ်ချလက်ချ အသုံးမပြုနိုင်ခြင်း စသည်တို့ကြောင့် အဝလွန် အမျိုးသမီးများအနေနှင့် ကိုယ်ဝန် တားနည်းကို စဉ်းစားရာတွင် သားအိမ်အတွင်းပစ္စည်းထည့်သည့်နည်းကို စဉ်းစားထား သင့်သည်။

အများဆုံး ၅နှစ်အထိ ခံနိုင်ပြီး စတင်အသုံးပြုကာစတွင် အသားမကျသေး သဖြင့် သွေးဆင်းတတ်ခြင်းမျိုး ရှိနိုင်သော်လည်း ဟော်မုန်းဆေးများကဲ့သို့ ပုံမှန်အသုံးပြု ရခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်းနှင့် ရာသီသွေးဆင်းရာတွင် ပုံမှန်မဟုတ်ခြင်း စသည့် ပြဿနာများ ခံစားရခြင်းမရှိနိုင်သလို ကိုယ်ဝန်ပြန်လည်ရယူလိုချိန်တွင်လည်း အလွယ်တကူပြန်လည်ရရှိနိုင်သည်။ သို့သော်လည်း ထည့်သွင်းရာတွင် စနစ်တကျ ပိုးမွှားသန့်စင်သော ပစ္စည်းများနှင့် ကျွမ်းကျင်သော ဆရာဝန်မှ ထည့်သွင်း ပေးရန်မူ အလွန်အရေးကြီးသည်။

အထက်ဖော်ပြပါ နည်းလမ်းများဖြစ်သည့် ဟော်မုန်းတမျိုးတည်းပါသော နည်းလမ်းများနှင့် ဟော်မုန်းလုံးဝ မပါဝင်သည့်နည်းလမ်းများအနက် မည်သည့် နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ အဓိက ဂရုပြုရန်မှာ ကျန်းမာရေး အတွက် ကိုယ်အလေးချိန် ကျစေရန်နှင့် အခြားသော ရောဂါများ ဝင်မလာစေရေး စားသောက်မှု ပုံစံ၊ နေထိုင်မှုပုံစံနှင့် ကိုယ်အလေးချိန်ကျစေသည့် လေ့ကျင့်ခန်းများ စနစ်တကျ ပြုပြင်လုပ်ဆောင်ပေးရန်မှာ အလွန်အရေးကြီးသည်။ အကြောင်းတခုခုကြောင့် ကြိုတင် စီစဉ်ထားခြင်းမရှိပဲ ကိုယ်ဝန် ရသွားပါကလည်း နီးစပ်ရာဆရာဝန် (သားဖွားမီးယပ် ဆရာဝန်)နှင့် အမြန်ဆုံး သွားရောက်ပြသရန်လိုပြီး လိုအပ်သော ကျန်းမာရေး စစ်ဆေးမှု များကို ကြိုတင်ပြုလုပ်ထားရန်လိုသည်။

မိခင်လောင်းတိုင်း အဆင်ပြေကြပါစေ။

Dr. တင့်တယ်

Previous Post

ဝက်ခြံ အကြောင်း တစေ့တစောင်း

Next Post

ပျို့အန်ချင်စိတ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပျို့အန်ချင်စိတ်

အအေးမိခြင်းနဲ့ကိုယ်ခံအားကောင်းစေတဲ့အစားအသောက်

လူတစ်ယောက်အတွက် တစ်နေ့ဗီတာမင်အီး ပမာဏဘယ်လောက်လိုအပ်လဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.