Shisha (ရှီရှား) နဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး
Shisha ဆိုတာ2007 ခုနှစ်လောက်မှာ ဘား တွေမှာစပြီး ခေတ်စားလာတာ ယနေ့ အထိပါပဲ ။ အများစုက ဆေးလိပ်အစားထိုး အနေနဲ့သောက်ကြတယ် အပျော်အနေနဲ့ ဝိုင်းဖွဲ့သောက်ကြတယ်။ စတင်ခဲ့တာက အရှေ့အလယ်ပိုင်းနဲ့ အာရှ ဒေသ တွေမှာဆိုပေမယ့် အခုနောက်ပိုင်းမှာ ယူကေ က မြို့တော်တော်များများမှာ အသုံးပြုများလာတာတွေ့ရပါတယ်။ shisha ကို နာမည်မျိုးစုံခေါ်ကြပါတယ် ဒေသအလိုက် အခေါ်အဝေါ်ကွဲပြားနိုင်ပါတယ် hookah,narghile,waterpipe,hubble bubble smoking ဆိုပြီး အစုံပါပဲ။
သူက အသီးအနံ့လေးတွေနဲ့ ပိုက်လေးထဲက အရည် မျိုးစုံကို ဖြတ်ပြီးလာတဲ့ အငွေ့ကို ရှူရိုက်ရတာပါ။ အနံ ဆေးလိပ်ထက်မွှေးပါတယ် ဒါ့ကြောင့် မိန်းခလေးတွေပါ နှစ်ချိုက်ကြတာပါ။ ပန်းသီး၊ အုန်းသီး၊ လိမ္မော် ၊ စတော်ဘယ်ရီ ၊ cola ၊ mint အရသာတွေက နာမည် ကြီးပါတယ်။ အများစု မှားယွင်းနေတဲ့ အချက်က shisha ဟာ ဆေးလိပ်လိုမျိုး မစွဲဘူးလို့ ထင်မြင်ကြတာပါ။ shisha မှာလည်း ဆေးလိပ်ကဲ့သို့ nicotine ဓာတ်ပါဝင်ပါတယ် ။ ဒါ့ကြောင့် စွဲပါတယ်။ စီးကရက် တစ်လိပ်စာ ဟာ shisha တစ်ရှိုက်စာ နဲ့ သွားညီနေပါတယ်။ shisha ဟာ ပုံမှန် ရှုရင် တစ်နာရီခန့်ကြာမြင့်တတ်ပါတယ်။ တစ်နာရီ ရှုရင် စီးကရက် အလိပ် ၁၀၀ စာနဲ့သွားညီပါတယ်။ shisha မှာ nicotine၊ ကာဗွန်မိုနောက်ဆိုဒ် ၊ heavy metals သတ္တုဓာတ် များဖြစ်တဲ့ arsenic၊ ခဲ၊ တို့ပါဝင်တာကြောင့် သုံးစွဲသူ ရှုမိသူတွေမှာ စီးကရက် သောက်သူများကဲ့သို့ပင် နှလုံးရောဂါ၊ကင်ဆာ၊ အဆုတ်ရောဂါ၊ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရောဂါပြင်းပြင်းထန်ထန်ရနိုင်ပါတယ်။
အဓိက က အမျိုးသမီးများမှာသာမက အမျိုးသားတွေမှာလညး် သုတ်ပိုးကောင်ရည်ကျဆင်းခြင်း၊ ကလေး မှာ genetic မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေ ရလာနိုင်ပါတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်မှာဆိုရင် ရောဂါပိုးများဝင်ရောက်နိုင်ပါတယ် ခန္တာကိုယ်က ကိုယ်ခံအားကျဆင်းနေချိန်မှာ ဖြစ်နိုင်ပါတယ်၊ အငွေ့ထဲမှာပါတဲ့ metals တွေ က မိခင်နို့မှာ ပါဝင်လာပြီး ကလေးဆီကို ကူးစက်နိုင်ပါတယ်။ နောက်ပြီး အဆုတ်ရောဂါ၊ သွေးခဲလွန်ခြင်း ပြသာနာများ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် shisha အငွေ့ကို တိုက်ရိုက်ဖြစ်စေ ၊ တစ်ခြားလူမှဖြစ်စေ ရှုရှိုက်မိရင် ရင်သွေးငယ်မှာ စောမွေးခြင်း၊ အသေမွေးခြင်း၊ ပေါင်မပြည့်ခြင်းများဖြစ်နိုင်ကြောင်း အသိပေးရေးသားလိုက်ပါတယ်။
ကျန်းမာကြပါစေ
Dr Lynn