fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်အသားလုံး

261
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/02/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

သက္လတ္ပိုင္းအမ်ိဳးသမီးေတြမွာ တခ်ိဳ႕ေတြလစဥ္ဓမၼတာမ်ားေနလို႔၊ တခ်ိဳ႕ကဗိုက္ထဲပူလာသလိုလိုျဖစ္ေနလို႔၊ တခ်ိဳ႕ကဓမၼတာလာစဥ္ အရမ္းကိုက္ခဲတတ္လို႔ ဆိုၿပီး သားဖြားမီးယပ္ဆရာဝန္ျပကာ TV ဓာတ္မွန္ (Ultrasound) ႐ိုက္တဲ့အခါ သားအိမ္မွာအသားလုံးေတြ႕ရတတ္ၾကတယ္။ သားအိမ္အသားလုံးက ကင္ဆာမ ဟုတ္ပါဘူး။ အသက္ (၃၅) ႏွစ္ကေန (၄၅) ႏွစ္ဝန္းက်င္ေတြ ျဖစ္တတ္တယ္။ အပ်ိဳႀကီးေတြ၊ ကေလးမရေသး တဲ့သူေတြမွာပိုျဖစ္တတ္တယ္။

သားအိမ္အသားလုံးက ဓမၼတာကိုမ်ားေစတယ္။ ရက္လည္းၾကာေစတယ္။ တစ္ခါတစ္ေလရာသီလာရင္ ကိုက္ခဲ ေစႏိုင္တယ္။ အလုံးေၾကာင့္ေတာ့အၿမဲမနာတတ္ဘူး။ အလုံးႀကီးရင္ ဗိုက္ပိုပူလာမယ္။ အစာမေၾကသလို၊ ဆီး ဝမ္းခ်ဳပ္သလို၊ ေသြးေၾကာထုံးသလိုခံစားရတတ္တယ္။ ေသြးဆင္းမ်ားတာေၾကာင့္ ေသြးအားနည္းမယ္။ အဲ့သည့္ အခါ မူးေမာ္ရင္တုန္ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ႏုံးေနျခင္း၊ ရင္ဘတ္ေအာင့္ျခင္းေတြျဖစ္ ႏိုင္တယ္။ အသားလုံးေၾကာင့္လည္း ကေလးရဖို႔ခက္ခဲႏိုင္တယ္။

သားအိမ္အသားလုံးျဖစ္ရင္ TV ဓာတ္မွန္မျဖစ္မေန႐ိုက္ရတယ္။ အ႐ြယ္လည္းသိႏိုင္တယ္။ အလုံးက သားအိမ္ အသားထဲျမႇဳပ္ေနတာလားလည္း သိႏိုင္ တယ္။ ဒါေတြေပၚမူတည္ၿပီး ကုသပုံကြာတတ္တယ္။ အလုံးလည္းေသး တယ္။ ဘာျပႆနာမွမေပးရင္ ေစာင့္ၾကည့္လို႔ရတယ္။ ေသြးဆင္းမ်ားရင္ ေသြးအားနည္းရင္ေတာ့ သံဓာတ္အား ျဖည့္ေဆးေတြေသာက္ရတယ္။ လိုအပ္ရင္ ေသြးပါသြင္းရတတ္တယ္။ ဘယ္လိုျဖည့္ျဖည့္ ေသြးဆင္းပိုမ်ားလာ တယ္။ ေသြးအားေတြအရမ္းနည္းတယ္ဆိုရင္ေတာ့ ခြဲဖို႔စဥ္းစားရတတ္တယ္။

ခြဲတဲ့အခါ အလုံးပဲထုတ္မွာလား၊ သားအိမ္ပါထုတ္မွာလားဆိုတာ လူနာရဲ႕အသက္၊ အိမ္ေထာင္ရွိ၊ မရွိ သားသမီး ရွိမရွိ၊ ရွိခဲ့ရင္လည္း ေယာက်္ားေလးမိန္းကေလး စုံ၊ မစုံ အလုံးရဲ႕အ႐ြယ္၊ ေရာဂါလကၡဏာေတြသိဖို႔လိုတယ္။ အသက္ငယ္တယ္၊ အိမ္ေထာင္မရွိဘူး၊ ကေလးမရွိေသးဘူး။ ကေလးရွိေပမယ့္        ေယာက်္ားေလး၊ မိန္းကေလးမစုံ ေသးဘူး။ အလုံးလည္းေသးတယ္ဆို အလုံးကိုပဲထုတ္ပါတယ္။ မဟုတ္ရင္ေတာ့ သားအိမ္ပါထုတ္ရတတ္တာ လည္းရွိပါတယ္။

ရာသီမ်ားတာကို ထိန္းဖို႔ကေတာ့ေဟာ္မုန္းေဆးေတြ ေသာက္ရတတ္တယ္။ သားအိမ္အသားလုံးက ေနာက္ပိုင္း မွာပိုးဝင္တာ၊ ခိုက္မိတာ၊ ေသြးထြက္တာစတာေတြေတာ့ ျဖစ္တတ္တယ္။ အလုံးကေန ေတာက္ေလွ်ာက္နာလာ တတ္တယ္။ ဒါဆိုခြဲဖို႔လိုတတ္တယ္။

ကိုယ္ဝန္ေဆာင္မွာ သားအိမ္အသားလုံးလည္းတြဲျဖစ္ႏိုင္တယ္။ အလုံးႀကီးရင္ႀကီးသလို ဒုကၡေပးႏိုင္တယ္။ ကိုယ္ ဝန္ပ်က္က်ျခင္း၊ ကေလးနဲ႔အခ်င္းေနအထားမမွန္ျခင္း၊ အခ်ိန္မတိုင္ခင္ေစာေမြးျခင္း၊ ေမြးရခက္ျခင္း၊ ေမြးၿပီးေသြး သြန္ျခင္း၊ သားအိမ္ေကာင္းေကာင္းျပန္မဝပ္ျခင္း စတာေတြျဖစ္ႏိုင္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သားအိမ္မွာအသားလုံးတည္ရင္ေတာ့ သားဖြားမီးယပ္ဆရာဝန္ေတြနဲ႔ ေသခ်ာတိုင္ပင္ကုသဖို႔ လိုပါ တယ္။

Author – Dr. CST

(Unicode)

သက်လတ်ပိုင်းအမျိုးသမီးတွေမှာ တချို့တွေလစဉ်ဓမ္မတာများနေလို့၊ တချို့ကဗိုက်ထဲပူလာသလိုလိုဖြစ်နေလို့၊ တချို့ကဓမ္မတာလာစဉ် အရမ်းကိုက်ခဲတတ်လို့ ဆိုပြီး သားဖွားမီးယပ်ဆရာဝန်ပြကာ TV ဓာတ်မှန် (Ultrasound) ရိုက်တဲ့အခါ သားအိမ်မှာအသားလုံးတွေ့ရတတ်ကြတယ်။ သားအိမ်အသားလုံးက ကင်ဆာမ ဟုတ်ပါဘူး။ အသက် (၃၅) နှစ်ကနေ (၄၅) နှစ်ဝန်းကျင်တွေ ဖြစ်တတ်တယ်။ အပျိုကြီးတွေ၊ ကလေးမရသေး တဲ့သူတွေမှာပိုဖြစ်တတ်တယ်။

သားအိမ်အသားလုံးက ဓမ္မတာကိုများစေတယ်။ ရက်လည်းကြာစေတယ်။ တစ်ခါတစ်လေရာသီလာရင် ကိုက်ခဲ စေနိုင်တယ်။ အလုံးကြောင့်တော့အမြဲမနာတတ်ဘူး။ အလုံးကြီးရင် ဗိုက်ပိုပူလာမယ်။ အစာမကြေသလို၊ ဆီး ဝမ်းချုပ်သလို၊ သွေးကြောထုံးသလိုခံစားရတတ်တယ်။ သွေးဆင်းများတာကြောင့် သွေးအားနည်းမယ်။ အဲ့သည့် အခါ မူးမော်ရင်တုန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ နုံးနေခြင်း၊ ရင်ဘတ်အောင့်ခြင်းတွေဖြစ် နိုင်တယ်။ အသားလုံးကြောင့်လည်း ကလေးရဖို့ခက်ခဲနိုင်တယ်။

သားအိမ်အသားလုံးဖြစ်ရင် TV ဓာတ်မှန်မဖြစ်မနေရိုက်ရတယ်။ အရွယ်လည်းသိနိုင်တယ်။ အလုံးက သားအိမ် အသားထဲမြှုပ်နေတာလားလည်း သိနိုင် တယ်။ ဒါတွေပေါ်မူတည်ပြီး ကုသပုံကွာတတ်တယ်။ အလုံးလည်းသေး တယ်။ ဘာပြဿနာမှမပေးရင် စောင့်ကြည့်လို့ရတယ်။ သွေးဆင်းများရင် သွေးအားနည်းရင်တော့ သံဓာတ်အား ဖြည့်ဆေးတွေသောက်ရတယ်။ လိုအပ်ရင် သွေးပါသွင်းရတတ်တယ်။ ဘယ်လိုဖြည့်ဖြည့် သွေးဆင်းပိုများလာ တယ်။ သွေးအားတွေအရမ်းနည်းတယ်ဆိုရင်တော့ ခွဲဖို့စဉ်းစားရတတ်တယ်။

ခွဲတဲ့အခါ အလုံးပဲထုတ်မှာလား၊ သားအိမ်ပါထုတ်မှာလားဆိုတာ လူနာရဲ့အသက်၊ အိမ်ထောင်ရှိ၊ မရှိ သားသမီး ရှိမရှိ၊ ရှိခဲ့ရင်လည်း ယောကျ်ားလေးမိန်းကလေး စုံ၊ မစုံ အလုံးရဲ့အရွယ်၊ ရောဂါလက္ခဏာတွေသိဖို့လိုတယ်။ အသက်ငယ်တယ်၊ အိမ်ထောင်မရှိဘူး၊ ကလေးမရှိသေးဘူး။ ကလေးရှိပေမယ့်        ယောကျ်ားလေး၊ မိန်းကလေးမစုံ သေးဘူး။ အလုံးလည်းသေးတယ်ဆို အလုံးကိုပဲထုတ်ပါတယ်။ မဟုတ်ရင်တော့ သားအိမ်ပါထုတ်ရတတ်တာ လည်းရှိပါတယ်။

ရာသီများတာကို ထိန်းဖို့ကတော့ဟော်မုန်းဆေးတွေ သောက်ရတတ်တယ်။ သားအိမ်အသားလုံးက နောက်ပိုင်း မှာပိုးဝင်တာ၊ ခိုက်မိတာ၊ သွေးထွက်တာစတာတွေတော့ ဖြစ်တတ်တယ်။ အလုံးကနေ တောက်လျှောက်နာလာ တတ်တယ်။ ဒါဆိုခွဲဖို့လိုတတ်တယ်။

ကိုယ်ဝန်ဆောင်မှာ သားအိမ်အသားလုံးလည်းတွဲဖြစ်နိုင်တယ်။ အလုံးကြီးရင်ကြီးသလို ဒုက္ခပေးနိုင်တယ်။ ကိုယ် ဝန်ပျက်ကျခြင်း၊ ကလေးနဲ့အချင်းနေအထားမမှန်ခြင်း၊ အချိန်မတိုင်ခင်စောမွေးခြင်း၊ မွေးရခက်ခြင်း၊ မွေးပြီးသွေး သွန်ခြင်း၊ သားအိမ်ကောင်းကောင်းပြန်မဝပ်ခြင်း စတာတွေဖြစ်နိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် သားအိမ်မှာအသားလုံးတည်ရင်တော့ သားဖွားမီးယပ်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ကုသဖို့ လိုပါ တယ်။

Author – Dr. CST

Previous Post

ရေလားမီးလား ရောဂါ

Next Post

လက်သည်း ကိုက်တာ ဘယ်လိုလုပ်ရပါ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
610
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်သည်း ကိုက်တာ ဘယ်လိုလုပ်ရပါ့

ဝက်သက်ရောဂါနှင့် အယူအဆများ

HIV နဲ့ကိုယ်ဝန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.