fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသည်းကင်ဆာအကြောင်း

209
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/09/2020
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အသည်းကင်ဆာကို အင်္ဂလိပ်လို Liver Cancer လို့ခေါ်ပါတယ်။

ဆေးပညာအရတော့ Hepatocellular Carcinoma လို့ခေါ်ပါတယ်။အမျိုးသားတွေမှာဖြစ်ပွားနှုန်းပိုများပါတယ်။အသည်းကင်ဆာအကြောင်းမပြောမီ အရင်ဆုံး အသည်းအကြောင်းအနည်းငယ်ပြောပြလိုပါတယ်။အသည်းဆိုတာဟာ ဝမ်းဗိုက်ပိုင်းရဲ့ညာဘက်အပေါ်ခြမ်း(ညာဘက်နံရိုးအောက်နား)မှာတည်ရှိသော ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။

အသည်းကို Hepatocytes ဆိုတဲ့အသည်းဆဲလ်ပေါင်းများစွာနဲ့ဖွဲ့စည်းထားပါတယ်။အသည်းရဲ့အဓိကလုပ်ငန်းတွေအနေနဲ့ကတော့သွေးထွက်ရင် သွေးတိတ်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့တခြားဖြစ်စဉ်တွေမှာ လိုအပ်တဲ့ ပရိုတင်းတွေထုတ်လုပ်ပေးတာ၊အဆီများတဲ့အစာတွေကိုချေဖျက်ရာမှာ အထောက်အကူပြုတဲ့သည်းခြေရည်ကို သည်းခြေပြွန်ကတဆင့် အူသိမ်ထဲကို ထုတ်လုပ်ပေးတာစားသောက်လိုက်တဲ့အစားအသောက်တွေထဲမှာပါတဲ့လူကိုဒုက္ခပေးနိုင်သော ဓါတုပစ္စည်းတွေ၊ခန္ဓာကိုယ်ကနေမလိုအပ်တော့တဲ့စွန့်ပစ်ပစ္စည်းတွေ ဟော်မုန်းတွေကို ချေဖျက်စွန့်ထုတ်ပေးတာPortal Vein ကနေတဆင့် အစာအိမ်နဲ့အူလမ်းကြောင်းကနေ သူ့ဆီလာတဲ့သွေးတွေကို သန့်စင်စစ်ထုတ်ပေးတာ စသဖြင့်အများကြီးပါ။ခြုံပြောရရင် အသည်းဟာလူတွေအသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတခုဖြစ်ပါတယ်။

အသည်းကင်ဆာ ဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ သေချာမသိရသေးပါ။သို့သော် အသည်းကင်ဆာကိုဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့အများကြီးရှိပါတယ်။

အဲ့ဒါတွေကတော့

မျိုးရိုးလိုက်တာ

အသည်းရောင်အသားဝါဘီပိုး၊စီပိုးကူးစက်ခံရတာကနေတဆင့် အသည်းခြောက်ရောဂါဖြစ်နေတာ

နာတာရှည်အသည်းရောင်ရောဂါရှိတာ

အရက်သောက်ရာကနေတဆင့်အသည်းခြောက်ရောဂါဖြစ်နေတာ

အဝလွန်ပြီးအသည်းအဆီဖုံးနေတာ

Haemochromatosis ခေါ် သံဓါတ်တွေသွေးထဲမှာများနေတဲ့ ရောဂါရှိတာ

မွေးရာပါ Wilson’s disease နဲ့ Alpha 1 antitrypsin deficiency ရောဂါတွေရှိတာ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဆီးချိုရောဂါရှိတာ

Aflatoxin(မှိုအဆိပ်ပါသော) မှိုစွဲထားသော ငရုတ်သီး၊မြေပဲ၊ဆန်၊ပြောင်းစေ့ တွေကို ကြိတ်ထားတဲ့ ငရုတ်သီးမှုန့်၊မြေပဲမှုန့်၊ပြောင်းမှုန့်၊ဆန်မှုန့်တွေ ကို ရေရှည် သို့မဟုတ် မကြာခဏစားမိတာ

စသဖြင့်ပါ။

ဒါတွေအပြင် တခြားကိုယ်ခန္ဓာအစိတ်ပိုင်းမှာဖြစ်တဲ့ကင်ဆာကနေ အသည်းကိုပျံ့ပြီး အသည်းကင်ဆာဖြစ်တာမျိုးလည်းရှိပါတယ်။

အသည်းကင်ဆာဖြစ်ပြီဆိုရင် ခံစားရနိုင်မယ့် ရောဂါလက္ခဏာတွေကတော့

မျက်လုံးဝါတာ၊အသားဝါတာ

ဗိုက်မှာရေဖျဉ်းဆွဲပြီးဗိုက်ပူလာတာ

အရေပြားမှာသွေးခြေဥလွယ်တာ၊ပြင်းပြင်းထန်ထန်ထိခိုက်တာမျိုးမရှိဘဲ အညိုအမဲတွေစွဲလွယ်တာ

ဝမ်းဗိုက်ညာဘက်အပေါ်ခြမ်း(အသည်းနေရာ)မှာအောင့်တာနာတာ

ကင်ဆာရောဂါတွေမှာဖြစ်လေ့ရှိတဲ့အတိုင်း

ရင်ပြည့်ပြီးပျို့အန်တာ

အစားအသောက်ပျက်တာ

သိသိသာသာပိန်လာတာ၊ကိုယ်အလေးချိန်ကျလာတာ

စသဖြင့်ခံစားရနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေခံစားရတိုင်း အသည်းကင်ဆာလို့တော့ စမ်းသပ်စစ်ဆေးမှုတွေမလုပ်ဘဲ တပ်အပ်ပြောမရပါ။

အသည်းကင်ဆာဟုတ်မဟုတ် သေချာအောင်ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေလုပ်ကြည့်ဖို့လိုပါတယ်။

အသည်းကင်ဆာဟုတ်မဟုတ် သိရန် လုပ်နိုင်တဲ့စစ်ဆေးမှုတွေကတော့

သွေးစစ်တာ(Serum Alpha Feto Protein ပမာဏာစစ်တာ)

အာထရာဆောင်းရိုက်တာ(USG Abd)

ကွန်ပျူတာဓါတ်မှန် ခေါ် စီတီစကန်ရိုက်တာ(CT scan)

သံလိုက်ဓါတ်မှန် ခေါ် အမ်အာအိုင်ရိုက်တာ(MRI)

အသည်းကနေအသားစယူစစ်ဆေးတာ(Liver Biopsy) တွေလုပ်နိုင်ပါတယ်။

အသည်းကင်ဆာဖြစ်ပြီလို့အဖြေထွက်ခဲ့ပါက ရောဂါအခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ကုသတာ(Surgery)၊ကင်ဆာဆေးသွင်းကုသတာ(Chemotherapy)၊ဓါတ်ရောင်ခြည်နဲ့ကုသတာ(Radiotherapy)၊ကင်ဆာဆဲလ်များကို အပူပေးပြီးဖျက်ဆီးတာ(Radiofrequency ablation)
ကင်ဆာဆဲလ်များကို အေးခဲစေခြင်းဖြင့် ဖျက်ဆီးတာ(Cryoablation)၊

အီသနောထိုးပြီးကင်ဆာဆဲလ်တွေကိုဖျက်ဆီးတာ(Percutaneous ethanol injection)စတဲ့နည်းအမျိုးမျိုးနဲ့ကုသတာတွေရှိပါတယ်။လိုအပ်ပါက နှစ်နည်း၊သုံးနည်းပေါင်းကုသတာတွေလည်းရှိပါတယ်။

ခွဲစိတ်ကုသတဲ့အခါမှာ

အသည်းတစိတ်တပိုင်းလှီးထုတ်ရတာလည်းရှိနိုင်သလို အသည်းတခုလုံးအစားထိုးကုသတာမျိုးလည်းရှိပါတယ်။

အသည်းကင်ဆာဖြစ်ပွားနိုင်ခြေနည်းအောင်ကတော့

အရက်၊ဆေးလိပ်ရှောင်ပါ။

အဝမလွန်ပါစေနဲ့။ကိုယ်အလေးချိန်ကို ထိန်းပါ။လေ့ကျင့်ခန်းလုပ်ပါ။

အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးထိုးထားပါ။

ဆိုးဆေးပါသောအစားစာများကိုရှောင်ပါ။

တနှစ်တခါလောက်ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပါ။ လို့ တိုက်တွန်းအကြံပြုလိုက်ရပါတယ်။

Author: Dr. 528

Previous Post

အချင်းရှေ့ရောက်ခြင်း

Next Post

ရင်ပူတာကို သက်သာအောင် ဘာတွေလုပ်မလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်ပူတာကို သက်သာအောင် ဘာတွေလုပ်မလဲ?

သားသားမီးမီးတွေမှာ ကယ်ဆီယမ်ဓါတ်ချို့တဲ့နေရင် ........

ထိခိုက်ရှနာဒဏ်ရာများကို အကောင်းဆုံးဘယ်လိုကုသမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.