ဇီဝကကို ကလေးအမေတွေ အမေးများတာကတော့
“ဆရာရေ ၊အိမ်ကသားကလေ ည ညအိပ်ရာထဲ ဆီးပေါက် ပေါက်ချနေတာ ဘယ်လို
လုပ်ရမလဲ ။ရောဂါကြီးကြီးမားမားတော့ မရှိပါဘူးနော် ။”
ဒါကို ဆေးပညာ အရတော့ Bed wetting အိပ်ရာထဲသေးပေါက်ချခြင်း
လို့ ခေါ်နိုင်တယ် ။ပုံမှန်အားဖြင့် ၃နှစ်အောက် ကလေးများသာ အိပ်ရာထဲ သေး
ပေါက်ချလေ့ရှိပါတယ် ။ ၃နှစ်ကျော်လာတာနဲ့ အမျှ ဒီအလေ့အထဟာ လျော့နည်း
သွားပါတယ် ။
ဘယ်အချိန်မှာ သတိထားရမလဲ။
အိပ်ရာထဲ သေးမပေါက်ဘဲ ခြောက်သွေ့တဲ့ညတွေ ၆လအထိဖြတ်သန်း လာပြီးမှ ပြန်ပေါက်ရင် ၊အသက် ၇နှစ်ကျော်လာသည့်တိုင် အိပ်ရာထဲ ရှူးပေါက်နေ သေးရင် သတိထားရပါ့မယ် ။ဒါဟာ ဘာကို ပြသလဲ ဆိုရင် ဆီးထိန်းနိုင်အား လျော့တာကို ပြပါတယ် ။တစ်ခါတစ်လေကျရင် ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် သော်လည်းကောင်း ၊ရုပ်ပိုင်းဆိုင်ရာကြောင့်သော်လည်းကောင်း ၊ဆီးလမ်းကြောင်း ပိုးဝင်လို့သော်လည်းကောင်း ဖြစ်တတ်ပါသေးတယ် ။
ဘယ်အချိန်မှာ မိသားစုဆရာဝန်နဲ့ တိုင်ပင်မလဲ ။
– အသက် ၇နှစ်ကျော်လာသည့်တိုင် အိပ်ရာထဲ ရှူးပေါက် နေသေးရင်
– အိပ်ရာထဲ သေးမပေါက်တာ ၆လကြာပြီးမှ ပြန်ပေါက်ရင်
– ဆီးသွားရင် နာကျင် ၊ဖျား ၊ဆီးအရောင်မကောင်း ၊ဆီးမကြာခဏသွားရင်
မိမိ မိသားစုဆရာဝန်နဲ့ ပြသသင့်ပါတယ် ။
မိမိတို့ဘာသာ အိမ်မှာ ဘာလုပ်ထားနိုင်သလဲ ။
-ကလေးကို မဆူရ ၊မရိုက်ရ ။ကလေးအပြစ်မဟုတ်ကြောင်းကို သေချာရှင်းပြကာ
ညဘက် သေးပေါက်လိုက မိမိကို နှိုးဖို့ ဖျောင်းဖျပါ ။
-ဆုပေးတဲ့ စနစ်ကို ကျင့်သုံးပါ ။ဥပမာ-ကလေး အိပ်ရာထဲ ရှူးမပေါက်တဲ့ ညတွေ
ဆိုရင် ပြက္ခဒိန်မှာ ကြယ်ပုံလေးတွေ တပ်ပေးကာ ဘယ်နှခုရရင် ဆုချမယ်(Star
Chart) ၊ဒါမှမဟုတ် ဖန်ပုလင်းတွေထဲ ကလေးသိလွယ်တဲ့ ကြိုးကြာရုပ် ၊တော်ဖီ
လေးတွေနဲ့ ဆုချကာ သိသာထင်ရှားတဲ့ ကလေးကုတင်ဘေးနားမှာထားပေးပါ ။
တဖြည်းဖြည်း ကလေးရဲ့ ဆီးသွားတဲ့အကျင့်တွေ ပုံမှန်ဖြစ်သွားပါလိမ့်မယ်။
-ကလေးကို စောစောသိပ်ပါ။
-အိပ်ရာဝင်ခါနီး ဆီးသွားခိုင်းပါ။
-အိပ်ရာထဲ သေးပေါက်တတ်သောကလေးကြီးတွေကို ဒိုင်ယာပါ/ဆီးခံ မဝတ်ပေး
သင့် ။ဘာကြောင့်လဲဆိုရင် မိဘကို နှိုးကာ ထပ်မပေါက်တာ့လို့ပင် ။ကလေးသည်
လည်း မိဘကို တမင်နှိုးရလို့ မိမိဘာသာ သတိထားမိတဲ့ အကျင့် မရတော့ ည
ဘက်သေးပေါက်တဲ့ အကျင့်လည်း မပျောက်တော့။
-အိပ်ရာ ဝင်ခါနီး ၂နာရီအလိုလောက်ကတည်းက ဘာအရည်မှ မတိုက်သင့်ပါ။
-ညနေစောင်းတွင်လည်း ချောကလက် ၊ကိုလာ မကျွေးသင့် မတိုက်သင့်ပါ။
Author – ခေတ်သစ် ဇီဝက