ပူစပ်ပူစပ်စားသူများ အသက်ပိုရှည်ပြီ
ပူပူစပ်စပ်ကြိုက်သောသူများအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။သုတေသနပြုချက်အသစ်အရ အစပ်ကြိုက်သူများသည် အသက်ပိုရှည်ကြောင်း စမ်းသပ်တွေ့ရှိကြောင်း ဆေးပညာသတင်းအသစ်ဖြစ်ပါတယ်။
အမေရိကန်န်ုင်ငံရှိ လူပေါင်း ၁၆၀၀၀ကျော်ကိုလေ့လာတွေ့ရှိချက်အရ အပူအစပ်စားသူများသည် မစားသူများထက်အသက်၁၈နှစ်ကျော်ခန့် အသက်ထိခိုက်စေသောအကြောင်းရင်းများကို ဖြစ်ပွားမူနည်းပါတယ်။Vermont ဆေးကောလိပ်မှလေ့လာတွေ့ရှိချက်အရ ငရုတ်ပင်မျိုးစိတ်အမျိုးမျိုးပေါ်မူတည်ရျ် အစပ်ပမာဏကွဲပြားပါတယ်။ငရုတ်ပင်တွင်ပါဝင်သော capsaicin ဓာတ်သည် ကျန်းမာရေးအတွက်အထောက်အကူပြုသောဓာတ်ပါဝင်ပါတယ်။capsaicinသည် ရင်သားကင်ဆာဖြစ်မူကိုဟန့်တားစေပြီးအစောပိုင်းစမ်းသပ်ချက်များတွင် အူမကြီးကင်ဆာဖြစ်မူကိုလျော့ချပေးကြောင်း တွေ့ရှိထားပါတယ်။
2015 The BMJတွင်ရေးသားထားသောသုတေသနစာတမ်းအရ အစပ်စားသူများသည် အသက်အန္တရာယ်ထိခိုက်မူလျော့ချပေးနိုင်ကြောင်းရေးသားထားပါတယ်။ထို့ကြောင့်ပုံမှန်အစပ်စားသူများသည် အသက်ရှည်ရှည်ပိုနေနိုင်ကြောင်းတွေ့ရှိထားပါတယ်။
၁၉၈၈မှ၁၉၉၄နှစ်အတွင်း အသပ်၁၈နှစ်အထက်လူ ၁၆၁၇၅ယောက်ခန့်ကို လေ့လာတွေ့ရှိချက်အရ အပူအစပ်စားသူများသည် အသက်အန္တရာယ်ဖြစ်စေသောအကြောင်းအရာများကို ၁၃ရာခိုင်နူန်းထိလျော့စေကြောင်းရေးသားထားပါတယ်။အပူအစပ်စားခြင်းကြောင့် လူ့သက်တမ်းရှည်ရခြင်းမှာ ငရုတ်သီးတွင်ပါသောcapasinကြောင့်ဖြစ်ပါတယ်။Capasinသည် အဝလွန်ခြင်းကိုထိန်းပေးပြီးအဆီဓာတ်ကိုလည်းလျော့ချပေးပါတယ်။အဝလွန်ခြင်းကိုကာကွယ်သောကြောင့် နှလုံး။သွေးတိုးနှင့်ဆီးချိုဖြစ်မူကိုလည်းကာကွယ်ပေးပါတယ်။
သင်မသိသေးသောအပူအစပ်စားခြင်းအကျိုးကိုလည်းဖော်ပြလိုက်ပါတယ်။
(1)ကိုယ်အလေးချိန်ကျခြင်း
ပူစပ်သောအစာများသည် ဝိတ်ချရာတွငါသင့်တော်သောအစာပင်ဖြစ်ပါတယ်။ဇီဝဖြစ်စဉ်ကိုမြနိစေပါတယ်။Capsaicinသည် ကိုယ်အပူချိန်ကိုထိန်းညှိပြီးကယ်လိုရီအပိုလောင်ကျွမ်းမူကိုအားပေးပါတယ်။
(2)နှလုံးကျန်းမာရေး
အပူအစပ်စားသူများသည် နှလုံးရောဂါဖြစ်ပွားမူနှင့်လေဖြတ်ခြင်းကိုလျော့ကျစေပါတယ်။သွေးတွင်းအဆီဓာ် LDLဆိုးကျိုးကိုလျော့စေပြီးရောင်ရမ်းမူသက်သာစေပါတယ်။
(3)သွေးပေါင်ကျခြင်း
ဗီတာမင် အေနှင့်စီသည် နှလုံးကြွက်သားများတောင့်တင်းစေပါတယ်။ငရုတ်ရဲ့အပူဓာတ်သည်သွေးလည်ပတ်မူကိုကောင်းစေပါတယ်။ထို၂ချက်ကြောင့် သွေးပေါင်မတက်အောင်ထိန်းပေးပါတယ်။
(4)စိတ်ဖိဆီးမူလျော့ကျခြင်း
အပူအစပ်စားခြင်းသည် စိတ်ဖိဆီးမူနှင့်စိတ်ဓာတ်ကျခြင်းကို လျော့ကျစေသောဟော်မုန်းများကို ထုတ်ပေးပါတယ်။အပူအစပ်စားခြင်းသည် အစာစားချင်စိတ်ကိုဖြစ်စေပါတယ်။
(5)အားအင်ပြည့်စေခြင်း
နာလန်ထစ လူမမာသည် အပူအစပ်စားခြင်းဖြင့် အားအင်ပြည့်ဖြိုးစေပြီ အမြန်ဆုံးနာလန်ထစေရန် အားပြည့်စေပါတယ်။
ငရုတ်သီးအစပ်စားခြင်းသည် အသက်ပိုရှည်ပြီးကျန်းမာရေးကောင်းကျိုးများရှိသော်လည်း အဆိုပါငရုတ်သီးမူန့်ပြုလုပ်ရာတွင် ဆိုးဆေးများဖြင့်ပြုလုပ်ခြင်းနှသ့်ငရုတ်သီးခြောက်မိူစွဲမူမရှိအောင်ထားသိုခြင်းများကိုတော့ အထူးဂရုပြုသင့်ပါတယ်။အစာအိမ်ရောင်ရမ်းမူရှိသူများ ။လိပ်ခေါင်းရောဂါ။ သည်းခြေရောင်ရမ်းသူများ။ပန်ကရိယရောဂါရှိသူများအနေဖြင့် အပူအစပ်စားခြင်းကို အထူးရှောင်ရှားသင့်ပါတယ်။
Dr. ၿပည့္ရွင္း