ကိုယ်ဝန်ဆောင် ချိန်ှဗိုက် အကြောပြတ်ခြင်း
ကိုယ်ဝန်ဆောင် ချိန် မှာ အဖြစ်များတာ ၊ အမျိုးသမီး အများစု စိတ်ညစ်ရတာက ဗိုက်ကြောပျက်တာပါ ။ ဟုတ်ပါတယ် ကိုယ်ဝန်မဆောင်ခင် ရရှိထားတဲ့ လှပတဲ့ ကိုယ့်ရဲ့ ဗိုက်သားဖွေးဖွေးလေးမှာ အခုတော့ အမာရွတ်တွေ ကျန်ခဲ့မှာကို ဘယ်သူမှ မကြိုက်ကြပါဘူး ။ သက်ဦးကိုယ်ဝန်ဆိုရင် ပိုဆိုးပါသေးတယ်။ အဖြစ်များတာလည်း အသက်ငယ်တဲ့ သူတွေ ပထမဆုံးကိုယ်ဝန်ဆောင်ရင် ပိုပြီး အဖြစ်များပါတယ်။ ဒါကလည်း ခန့်မှန်းရခက်တဲ့ အထဲ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဘယ်သူမှာဖြစ်မယ်၊ ဘယ်အချိန်မှာ ဖြစ်မယ်ဆိုတာ တတ်အပ်မပြောနိုင်ပါဘူး။ အဖြစ်များဆုံး အချိန်က ကိုယ်ဝန် 7-8 လ မြောက်လောက်မှာ အများဆုံး အကြောပျက်တာတွေ့ရတတ်ပါတယ်။
ဖြစ်လာရင် ဘယ်လို လုပ်ရမလဲ ထက် မဖြစ်ခင်က ကြိုတင် ကာကွယ်တာ အထိရောက်ဆုံး ဖြစ်ပါတယ် ။ ဖြစ်ပြီးသွားရင် ပျောက်အောင် ကုရခက်ပါတယ်။ အဓိကအရေးကြီးဆုံးကတော့ stress စိတ်ဖိစီးမှုတွေများ တာကို အတတ်နိုင်ဆုံး လျော့ချရပါတယ်၊ ကိုယ်ဝန်ဆောင်ချိန်မှာ ပူပန်စရာတွေ များတာဟာ မိခင်ရော ကလေး အတွက် မကောင်း ပါဘူး။ နောက်တစ်ခုက အာဟာရပြည့်အောင်စားသောက်ဖို့ပါ၊ အစားရှောင်တာတွေ မလုပ်သင့်ပါဘူး၊ ရှောင်ရမှာတွေက သတ်သတ်ရှိပါတယ်။ ပြသနာအပေးဆုံးက အဆီပါ ဟုတ်ပါတယ်။ ဝမ်းဗိုက်မှာ ပုံမှန်ထက်လျင်မြန်စွာ အဆီတွေစုလာခြင်းဟာ အရေးပြား အလွှာ dermis ထဲက collagen အမျှင်အလွှာကို တင်းပြီး ပျက်သွားစေပါတယ်။ ဒါ့ကြောင့် အဆီ အထူးသဖြင့် ပြန်ကြော်ဆီတွေ ၊ တိရစ္ဆာန် ဆီတွေကို ရှောင် ရပါတယ်။ ဟင်းသီးဟင်းရွက်ဆီ နဲ့ ငါးကရတဲ့ ဆီက ကောင်းပါတယ်။
နေ့စဉ်စားသုံးမှုများတဲ့ အထဲက အဓိကရှောင်ရမှာက သကြားပါ။ ဟုတ်ပါတယ် သကြားကို ပုံမှန်လိုတာထက်ပိုစားရင် ၊ ဆေးလိပ်သောက်ရင်၊ ခရမ်းလွန်ရောင်ခြည် နဲ့ ထိတွေ့မှုများရင် ၊ ကဖင်းဓာတ်များတဲ့ ကော်ဖီသောက်သုံးခြင်း နဲ့ အရက်သောက်သုံးခြင်းတွေက ခန္တာကိုယ်မှာ ဒီလို stretch mark လို့ခေါ်တဲ့ အကြောပျက်တာတွေ ကို ပိုဖြစ်စေတယ်လို့ သုတေသီတွေက ပြောထားပါတယ်။
ဘာတွေနဲ့ ကုလိုရလဲ ဆိုရင်? မဖြစ်ခင်က ကြိုပြီး ရေများများသောက်တာ၊ အိပ်ရေးဝဝအိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အဆိုဓာတ်ထိန်းပေးတဲ့ moisturizer လိမ်းပေးပြီး နှိပ်နယ်ပေးတာ၊ နောက်ပြီး exfoliate လုပ်ပြီးအရေပြားပေါ်က ဆဲလ်သေတွေဖယ်ရှားနိုင်ပါတယ်။ ရှားစောင်းလပ်ပတ် gel လိမ်းလို့လဲရတယ်လို့ဆိုကြပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းမှာတော့ ပိုပြီး ထိရောက်တဲ့ လေဆာကုထုံး၊ peeling လုပ်ခြင်း၊ အဆီထုတ်ခြင်း liposcution နည်းတွေနဲ့ ပြန်လည် လှပအောင်လုပ်ဆောင်နိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
ကျန်းမာလှပကြပါစေ
Dr. Lynn