fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ္ေခါင္းကင္ဆာ

80
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/02/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ျမန္မာႏိုင္ငံမွာ အမ်ိဳးသမီးေတြသားအိမ္ေခါင္းကင္ဆာျဖစ္ႏႈန္းက တိုးတက္လာပါတယ္။ သားအိမ္ေခါင္းကင္ဆာ ေၾကာင့္အေသအေပ်ာက္လဲမ်ားလာပါတယ္။ ဒီေရာဂါက ႀကိဳတင္ကာကြယ္လို႔ရပါတယ္။ မျဖစ္ခင္မွာ ေဆာင္ရန္ ေရွာင္ရန္ေတြေသခ်ာလုပ္ရင္ ေရာဂါကိုကာကြယ္ႏိုင္မွာပါ။

သားအိမ္ေခါင္းကင္ဆာက ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာပါ။ Human Papilloma Virus လို႔ေခၚပါတယ္။ ဒီဗိုင္းရပ္စ္ ပိုးအမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕က ကင္ဆာမျဖစ္ဘူး။ လိင္အဂၤါေတြ ပါးစပ္နဲ႔၊ ခႏၶာကိုယ္ေတြ၊ စအိုပတ္လည္ေတြ မွာႂကြက္ႏို႔ျဖစ္ေစတတ္တယ္။ တခ်ိဳ႕က်ေတာ့ ကင္ဆာျဖစ္တယ္။ အမ်ိဳးသားေတြမွာလည္း လိင္တံကင္ဆာျဖစ္ ေစႏိုင္တယ္။

သားအိမ္ေခါင္းကင္ဆာအျဖစ္မ်ားတာကေတာ့ အသက္ ၅၀ နဲ႔ ၆၀ ၾကားေတြပါ။ ဒါေပမယ့္ အခုေနာက္ပိုင္းအ သက္ ၄၀ ေအာက္ေတြပါျဖစ္လာၾကတယ္။ ဘယ္လိုလူေတြျဖစ္လဲဆိုရင္ လိင္စတင္ဆက္ဆံတဲ့ အသက္အ႐ြယ္ ေစာတဲ့သူေတြ၊ လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြ ျဖစ္ပါတယ္။
သားအိမ္ေခါင္းကင္ဆာက အစမွာ ဘာလကၡဏာမွမျပတတ္ဘူး။ ေနာက္ပိုင္းေတြမွာ အတူေနတဲ့အခါနာက်င္ တာ၊ အတူေနၿပီးေသြးဆင္းတာ၊ ပုံမွန္ရာသီခ်ိန္မဟုတ္ဘဲ ေသြးဆင္းတာ၊ ဝမ္းညႇစ္ရင္ မိန္းမကိုယ္ကေသြးဆင္း တာ၊ ေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းတာေတြျဖစ္ႏိုင္တယ္။ အျဖဴရည္လည္းဆင္းႏိုင္တယ္။ အဲဒီအျဖဴရည္မွာ ေသြး ေရာင္ပါႏိုင္မယ္။ အနံ႔နံမယ္။ အရည္ပစ္ပစ္ေတြလည္း ဆင္းႏိုင္တယ္။

အဲဒီလိုေတြႀကဳံရရင္ သားဖြားမီးယပ္ဆရာဝန္ကို ျပဖို႔လိုပါတယ္။ သားအိမ္ေခါင္းခြၽဲေျမႇးလည္း စစ္သင့္တယ္။ အိမ္ေထာင္သည္ေတြ ဘာေရာဂါလကၡဏာမွမျပခဲ့ရင္ေတာင္ သားအိမ္ေခါင္းခြၽဲေျမႇးစစ္ထားသင့္တယ္။ စစ္တဲ့အ ေျဖေပၚမူတည္ၿပီး ျပန္စစ္ဖို႔လိုတယ္။ တခ်ိဳ႕လည္း သုံးႏွစ္တစ္ခါစစ္ရတယ္။

သားအိမ္ေခါင္းကင္ဆာက ျဖစ္တဲ့အဆင့္ေပၚမူတည္ၿပီး ေရာဂါဘယ္ေလာက္ျပန႔္ေနလဲဆိုတာရယ္၊ ကုသလို႔ရမ ရ၊ အသက္ရွင္ႏႈန္းေတြ မွန္းရပါတယ္။ သားအိမ္ေခါင္းကင္ဆာမွာ ခြဲစိပ္ဖို႔လိုလာၿပီဆိုရင္ လူနာရဲ႕အသက္နဲ႔ အ ျခားေသြး၊ ဆီး၊ ဓာတ္မွန္ေတြလုပ္ၿပီး ခြဲဖို႔သင့္ေတာ္မေတာ္ျပန္ၾကည့္တယ္။ ႀကိဳတင္ျပင္ဆင္စရာေတြ လုပ္ရ တယ္။ ဘာေၾကာင့္လဲဆိုရင္ သားအိမ္ေခါင္းကင္ဆာအတြက္ ခြဲစိပ္မႈကအႀကီးစား ခြဲစိပ္မႈပါ။ သားအိမ္၊ သားဥ အိမ္၊ သားအိမ္ေခါင္း၊ မိန္းမကိုယ္ရဲ႕တခ်ိဳ႕အစိတ္အပိုင္းေတြ၊ အက်ိတ္ေတြ၊ တခ်ိဳ႕တစ္သွ်ဴးေတြအကုန္ ထုတ္ရ ပါတယ္။ ေသြးထြက္မ်ားတတ္လို႔ ေသြးလည္းသြင္းရတတ္တယ္။

ခြဲၿပီးတဲ့အခါ ဓာတ္ကင္တာနဲ႔ေဆးသြင္းတာေတြ ဆက္လုပ္ဖို႔လိုတယ္။ ခြဲစိပ္တာေၾကာင့္၊ ဓာတ္ကင္တာေၾကာင့္၊ ေဆးသြင္းတာေတြေၾကာင့္လည္း လူနာမွာေနာက္ဆက္တြဲ အက်ိဳးဆက္ေတြခံစားရတတ္တယ္။ သားအိမ္ေခါင္း ကင္ဆာကလည္း ကုတဲ့အခါ တစ္ခါတည္းကုထားတာပိုေကာင္းတယ္။ မဟုတ္ရင္ ကင္ဆာဆဲလ္ေတြအျခားေန ရာေတြျပန႔္ႏိုင္တယ္။ ဒါေၾကာင့္ သားအိမ္ေခါင္းကင္ဆာက မျဖစ္ခင္ႀကိဳတင္ကာကြယ္ထားဖို႔ အေရးႀကီးပါတယ္။

အခုေနာက္ပိုင္း ကာကြယ္ေဆးေတြေပၚလာတယ္။ မိန္းကေလးေတြဆို ေမြးကတည္းကထိုးႏိုင္ဖို႔ေတာင္ စီစဥ္ေန ၾကတယ္။ အပ်ိဳေတြမွာ ကာကြယ္ေဆးထိုးထားရင္ သားအိမ္ေခါင္းခြၽဲေျမႇးပစ္စရာမလိုဘူး။ အိမ္ေထာင္ရွိသူနဲ႔ လိင္ဆက္ဆံဖူးသူေတြကေတာ့ သုံးႏွစ္တစ္ခါေလာက္ သားအိမ္ေခါင္းခြၽဲေျမႇးစစ္ထားသင့္တယ္။ အမ်ိဳးသားေတြ လည္း ကာကြယ္ေဆးထိုးထားလို႔ ရပါတယ္။ ကာကြယ္ေဆးေတြ ဘယ္လိုထိုးထိုးအေရးႀကီးဆုံးက လိင္ဆက္ဆံ ေဖာ္မမ်ားဖို႔ပါ။ အမ်ိဳးသားေရာ၊ အမ်ိဳးသမီးေရာ တစ္ဦးနဲ႔တစ္ဦးသစၥာရွိမယ္၊ အေပ်ာ္အပါးမမက္ဘူးဆိုရင္ သား အိမ္ေခါင္းကင္ဆာျဖစ္ႏႈန္းကလည္း ေလ်ာ့က်လာပါလိမ့္မယ္။

Author – Dr. CST

(Unicode)

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေသားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းက တိုးတက်လာပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကြောင့်အသေအပျောက်လဲများလာပါတယ်။ ဒီရောဂါက ကြိုတင်ကာကွယ်လို့ရပါတယ်။ မဖြစ်ခင်မှာ ဆောင်ရန် ရှောင်ရန်တွေသေချာလုပ်ရင် ရောဂါကိုကာကွယ်နိုင်မှာပါ။

သားအိမ်ခေါင်းကင်ဆာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ Human Papilloma Virus လို့ခေါ်ပါတယ်။ ဒီဗိုင်းရပ်စ် ပိုးအများကြီးရှိပါတယ်။ တချို့က ကင်ဆာမဖြစ်ဘူး။ လိင်အင်္ဂါတွေ ပါးစပ်နဲ့၊ ခန္ဓာကိုယ်တွေ၊ စအိုပတ်လည်တွေ မှာကြွက်နို့ဖြစ်စေတတ်တယ်။ တချို့ကျတော့ ကင်ဆာဖြစ်တယ်။ အမျိုးသားတွေမှာလည်း လိင်တံကင်ဆာဖြစ် စေနိုင်တယ်။

သားအိမ်ခေါင်းကင်ဆာအဖြစ်များတာကတော့ အသက် ၅၀ နဲ့ ၆၀ ကြားတွေပါ။ ဒါပေမယ့် အခုနောက်ပိုင်းအ သက် ၄၀ အောက်တွေပါဖြစ်လာကြတယ်။ ဘယ်လိုလူတွေဖြစ်လဲဆိုရင် လိင်စတင်ဆက်ဆံတဲ့ အသက်အရွယ် စောတဲ့သူတွေ၊ လိင်ဆက်ဆံဖော်များတဲ့သူတွေ ဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာက အစမှာ ဘာလက္ခဏာမှမပြတတ်ဘူး။ နောက်ပိုင်းတွေမှာ အတူနေတဲ့အခါနာကျင် တာ၊ အတူနေပြီးသွေးဆင်းတာ၊ ပုံမှန်ရာသီချိန်မဟုတ်ဘဲ သွေးဆင်းတာ၊ ဝမ်းညှစ်ရင် မိန်းမကိုယ်ကသွေးဆင်း တာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာတွေဖြစ်နိုင်တယ်။ အဖြူရည်လည်းဆင်းနိုင်တယ်။ အဲဒီအဖြူရည်မှာ သွေး ရောင်ပါနိုင်မယ်။ အနံ့နံမယ်။ အရည်ပစ်ပစ်တွေလည်း ဆင်းနိုင်တယ်။

အဲဒီလိုတွေကြုံရရင် သားဖွားမီးယပ်ဆရာဝန်ကို ပြဖို့လိုပါတယ်။ သားအိမ်ခေါင်းချွဲမြှေးလည်း စစ်သင့်တယ်။ အိမ်ထောင်သည်တွေ ဘာရောဂါလက္ခဏာမှမပြခဲ့ရင်တောင် သားအိမ်ခေါင်းချွဲမြှေးစစ်ထားသင့်တယ်။ စစ်တဲ့အ ဖြေပေါ်မူတည်ပြီး ပြန်စစ်ဖို့လိုတယ်။ တချို့လည်း သုံးနှစ်တစ်ခါစစ်ရတယ်။

သားအိမ်ခေါင်းကင်ဆာက ဖြစ်တဲ့အဆင့်ပေါ်မူတည်ပြီး ရောဂါဘယ်လောက်ပြန့်နေလဲဆိုတာရယ်၊ ကုသလို့ရမ ရ၊ အသက်ရှင်နှုန်းတွေ မှန်းရပါတယ်။ သားအိမ်ခေါင်းကင်ဆာမှာ ခွဲစိပ်ဖို့လိုလာပြီဆိုရင် လူနာရဲ့အသက်နဲ့ အ ခြားသွေး၊ ဆီး၊ ဓာတ်မှန်တွေလုပ်ပြီး ခွဲဖို့သင့်တော်မတော်ပြန်ကြည့်တယ်။ ကြိုတင်ပြင်ဆင်စရာတွေ လုပ်ရ တယ်။ ဘာကြောင့်လဲဆိုရင် သားအိမ်ခေါင်းကင်ဆာအတွက် ခွဲစိပ်မှုကအကြီးစား ခွဲစိပ်မှုပါ။ သားအိမ်၊ သားဥ အိမ်၊ သားအိမ်ခေါင်း၊ မိန်းမကိုယ်ရဲ့တချို့အစိတ်အပိုင်းတွေ၊ အကျိတ်တွေ၊ တချို့တစ်သျှူးတွေအကုန် ထုတ်ရ ပါတယ်။ သွေးထွက်များတတ်လို့ သွေးလည်းသွင်းရတတ်တယ်။

ခွဲပြီးတဲ့အခါ ဓာတ်ကင်တာနဲ့ဆေးသွင်းတာတွေ ဆက်လုပ်ဖို့လိုတယ်။ ခွဲစိပ်တာကြောင့်၊ ဓာတ်ကင်တာကြောင့်၊ ဆေးသွင်းတာတွေကြောင့်လည်း လူနာမှာနောက်ဆက်တွဲ အကျိုးဆက်တွေခံစားရတတ်တယ်။ သားအိမ်ခေါင်း ကင်ဆာကလည်း ကုတဲ့အခါ တစ်ခါတည်းကုထားတာပိုကောင်းတယ်။ မဟုတ်ရင် ကင်ဆာဆဲလ်တွေအခြားနေ ရာတွေပြန့်နိုင်တယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာက မဖြစ်ခင်ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်။

အခုနောက်ပိုင်း ကာကွယ်ဆေးတွေပေါ်လာတယ်။ မိန်းကလေးတွေဆို မွေးကတည်းကထိုးနိုင်ဖို့တောင် စီစဉ်နေ ကြတယ်။ အပျိုတွေမှာ ကာကွယ်ဆေးထိုးထားရင် သားအိမ်ခေါင်းချွဲမြှေးပစ်စရာမလိုဘူး။ အိမ်ထောင်ရှိသူနဲ့ လိင်ဆက်ဆံဖူးသူတွေကတော့ သုံးနှစ်တစ်ခါလောက် သားအိမ်ခေါင်းချွဲမြှေးစစ်ထားသင့်တယ်။ အမျိုးသားတွေ လည်း ကာကွယ်ဆေးထိုးထားလို့ ရပါတယ်။ ကာကွယ်ဆေးတွေ ဘယ်လိုထိုးထိုးအရေးကြီးဆုံးက လိင်ဆက်ဆံ ဖော်မများဖို့ပါ။ အမျိုးသားရော၊ အမျိုးသမီးရော တစ်ဦးနဲ့တစ်ဦးသစ္စာရှိမယ်၊ အပျော်အပါးမမက်ဘူးဆိုရင် သား အိမ်ခေါင်းကင်ဆာဖြစ်နှုန်းကလည်း လျော့ကျလာပါလိမ့်မယ်။

Author – Dr. CST

Previous Post

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

Next Post

စိတ်ဒုက္ခတော်တော်ပေးနိုင်တဲ့ အရေပြားရောဂါတွေ (ခရုသင်း – ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဒုက္ခတော်တော်ပေးနိုင်တဲ့ အရေပြားရောဂါတွေ (ခရုသင်း - ၁)

တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း ပျော်ပျော်ရွှင်ရွှင်

တားဆေးသောက်ဆေးများ (အီစထရိုဂျင်နဲ့ ပရိုဂျပ်စတိုဂျင်တို့ပါတဲ့ Combined Oral Contraceptives)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.