fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home သွားနှင့် ခံတွင်း ကျန်းမာရေး

ပါးစပ်ထဲမှာ ခါးခါးနေတာ ဘာလို့လဲ

8.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/08/2021
in သွားနှင့် ခံတွင်း ကျန်းမာရေး
1 min read
A A

“ဗိုင်းရပ်စ် သို့မဟုတ် ဗက်တီးရီးယားပိုးဝင်ပြီး အာသီးရောင်တာ၊ ထိပ်ကပ်နာဖြစ်တာ၊ အအေးမိပြီး နှာစေးနှာပိတ်ဖြစ်တာတွေဟာ သင့်ရဲ့ အရသာခံနိုင်တဲ့စွမ်းရည်နဲ့ အနံ့ခံနိုင်တဲ့စွမ်းရည်ကို ထိခိုက်စေပါတယ်။”

လူတိုင်းလူတိုင်း ပါးစပ်အရသာမကောင်းတာ တစ်ခါတလေ ဖြစ်ဖူးကြမှာပါ။

ပါးစပ်အရသာမကောင်းဘူးဆိုတာ ပါးစပ်ထဲမှာ အခါးမစားထားဘဲနဲ့ ခါးနေတာ (Bitter Taste) သို့မဟုတ် သံအရသာလို သတ္ထုအရသာလိုမျိုးကြီး (Metallic Taste) ဖြစ်နေတာပါ။

အများအားဖြင့်တော့ အဲဒီဖြစ်တဲ့အခါမှာ သွားတိုက်လိုက်တာဖြစ်ဖြစ် သို့မဟုတ် ပလုတ်ကျင်းလိုက်ရင် ပျောက်သွားတတ်ပါတယ်။

သို့သော် တချို့တွေမှာ ပါးစပ်အရသာမကောင်းတာ၊ ပါးစပ်ထဲ ခါးသလိုမျိုးကြီးဖြစ်နေတာက တော်တော်နဲ့ မပျောက်တာမျိုး ရှိပါတယ်။

ဒီလိုဖြစ်တာကြာလာတာနဲ့အမျှ ဖြစ်တဲ့သူဟာ စားချင်သောက်ချင်စိတ် လျော့နည်းလာကာ အစားသောက်ပျက်လာပြီး အာဟာရချို့တဲ့ လာနိုင်ပါတယ်။

ဒါကြောင့် ပါးစပ်အရသာမကောင်းဖြစ်တာ ကြာလာပြီဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။

ပါးစပ်အရသာမကောင်းခြင်းကို ဖြစ်စေပြီး အစားသောက်ပျက်ခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ သိသလောက်တင်ပြင်ရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။

 

၁။ အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း (Respiratory Tract Infection)

ဗိုင်းရပ်စ် သို့မဟုတ် ဗက်တီးရီးယားပိုးဝင်ပြီး အာသီးရောင်တာ၊ ထိပ်ကပ်နာဖြစ်တာ၊ အအေးမိပြီး နှာစေးနှာပိတ်ဖြစ်တာတွေဟာ သင့်ရဲ့ အရသာခံနိုင်တဲ့စွမ်းရည်နဲ့ အနံ့ခံနိုင်တဲ့စွမ်းရည်ကို ထိခိုက်စေပါတယ်။

အဲဒီအခါ ပါးစပ်အရသာ မကောင်းဖြစ်လာပြီး အစာစားချင်စိတ် နည်းလာနိုင်ပါတယ်။ ဒါ့ပြင် ပိုးသတ်ဆေး (ပဋိဇီဝဆေး) များဟာလည်း ပါးစပ်အရသာခါးစေပြီး အစားသောက်ပျက်စေနိုင်ပါတယ်။

 

၂။ ဖျားခြင်း

ဖျားပြီး ကိုယ်အပူချိန်အရမ်းတက်တဲ့အခါ ကိုယ်တွင်းရှိရေနဲ့ ဆားဓာတ်ခန်းခြောက်လာပါတယ်။

အဲဒီအခါမှာ ပါးစပ်အရသာ မကောင်းဖြစ်လာပြီး အစာစားချင်စိတ် နည်းလာနိုင်ပါတယ်။

 

၃။ ပါးစပ်ခြောက်သွေ့ခြင်း (Dry Mouth)

ပါးစပ်ခြောက်သွေ့တယ်ဆိုတာက ကျွန်တော်တို့ရဲ့ တံတွေးဂလင်း (Salivary Glands) တွေက အကြောင်းတစ်ခုခုကြောင့် တံတွေးအလုံအလောက် ထုတ်မပေးနိုင်တဲ့အခါ ပါးစပ်ထဲမှာ ခြောက်သွေ့ပြီး စေးကပ်ကပ်ဖြစ်သလို ခံစားရတာပါ။

တံတွေး (Saliva) ဟာ ပါးစပ်ထဲမှာ ဗက်တီးရီးယားပိုးတွေ ပေါက်ပွားမှုကို နည်းစေပြီး စားသောက်ပြီးတဲ့အခါမှာ ပါးစပ်ထဲမှာ ကျန်ခဲ့တဲ့ အစားအစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးပါတယ်။

တံတွေးအထွက်နည်းလာတဲ့အခါ ပါးစပ်ထဲက အစားအကြွင်းအကျန်တွေကို မဖယ်ရှားနိုင်တော့ဘဲ ဗက်တီးရီးယားပိုးတွေလည်း ပိုပေါက်ပွားလာပါတယ်။

ဒီအခါမှာ ပါးစပ်အရသာမကောင်းဘဲ ပါးစပ်ထဲမှာခါးသလိုဖြစ်ကာ အစားသောက်ပျက်လာနိုင်ပါတယ်။

၄။ မှက္ခရုပေါက်ခြင်း

မှက္ခရုပေါက်တဲ့အခါ လျှာ၊ အာခေါင်၊ ပါးစောင်တွေပေါ်မှာ အဖြူဖတ်တွေဖြစ်ပြီး ထိုအဖြူဖတ်တွေက နီရဲရောင်ရမ်းနေနိုင်တဲ့အတွက် ပါးစပ်အရသာမကောင်းဖြစ်ပြီး အစားသောက်ပျက်လာနိုင်ပါတယ်။

၅။ ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိတဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲတွေ များစွာဖြစ်ပါတယ်။ အဲဒီအခါမှာ အရင်ကတစ်ခါမှ မစားတဲ့ အစားစာတွေကို ချင်ခြင်းတက်တာ၊ တချို့အနံ့တွေကို လုံးဝမခံနိုင်ဘဲ ပျို့အန်ချင်စိတ်ဖြစ်တာတွေ ဖြစ်နိုင်ပါတယ်။

သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီး အတော်များများဟာ ကိုယ်ဝန် ပထမသုံးလမှာ ပါးစပ်ထဲမှာ သံအရသာလိုလို သတ္ထုအရသာလိုလိုကြီး (Metallic taste) ခံစားရကာ ပါးစပ်အရသာ ပျက်တတ်ကြောင်း သိရပါတယ်။

၆။ သွေးဆုံးခြင်း

သွေးဆုံးတဲ့အခါကျရင်လည်း ဟော်မုန်းအပြောင်းအလဲတွေဖြစ်ပါတယ်။ အဲဒီအခါမှာပါးစပ်ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် ပါးစပ်အရသာမကောင်း ဖြစ်တတ်ပါတယ်။ ဒါ့ပြင် သွေးဆုံးတဲ့အခါမှာ လျှာထိပ်နားတစ်ဝိုက်နေရာတွေမှာ ပူစပ်ပူလောင်ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။

၇။ စားချဉ်ပြန်ခြင်း သို့မဟုတ် အစာချေရည်အထက်သို့ဆန်ခြင်းရောဂါဖြစ်ခြင်း (Gastroesophageal Reflux Disease)

စားချဉ်ပြန်ခြင်း သို့မဟုတ် အစာချေရည်အထက်သို့ဆန်ခြင်း ရောဂါဖြစ်တဲ့အခါမှာလည်း အစာချေရည်တွေက ပါးစပ်ထဲရောက်တဲ့အတွက် ပါးစပ်အရသာပျက်ကာ အစားသောက်ပျက်နိုင်ပါတယ်။

Author : Dr.528

Previous Post

အစာအိမ်ရောင်ရောဂါလက္ခဏာများနှင့် ကာကွယ်ရန်နည်းလမ်းများ

Next Post

အစာမကြေဖြစ်ခြင်းနှင့် နောက်ဆက်တွဲရောဂါပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

To choose the right toothpaste

သွားတိုက်ဆေး မှန်ကန်စွာရွေးချယ်တတ်ဖို့

3 years ago
809
Why do you have to stop going every now and then?

ဘာလို့သွားခဏ ခဏကျဉ်နေရတာလဲ?

3 years ago
629

သွားကလေးများ ကျန်းမာဖို့

3 years ago
719

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.7k

သွားရောဂါကင်းဝေးဖို့ ဘယ်လိုစားသောက်မလဲ

4 years ago
918

သွားနဲ့ ခံတွင်းကျန်းမာသန့်ရှင်းစေတဲ့ အံ့အားသင့်ဖွယ်ရာအစားအစာများ

4 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာမကြေဖြစ်ခြင်းနှင့် နောက်ဆက်တွဲရောဂါပြဿနာများ

ကလေးငယ်များ COVID-19 ကူးစက်ခံရနိုင်ခြေနှင့် ကာကွယ်ရန်နည်းလမ်းများ

လေထိုးလေအောင့်ဖြစ်ခြင်းကို သက်သာစေနိုင်မယ့်နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.