fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

မင်းဂွတ်သီးနဲ့ သကြား တူတူစားလို့ရသလား?

can we eat mangosteen with sugar
4.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/05/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

မင်းဂွတ်သီးကို အင်္ဂလိပ်လို Mangosteen လို့ခေါ်ပါတယ်။

ရုက္ခဗေဒနာမည်ကတော့ Garcinia mangostana ဖြစ်ပါတယ်။

မင်းဂွတ်သီးရဲ့ မူရင်းဒေသကတော့ မလေးရှားနိုင်ငံ ဖြစ်ပါတယ်။

မမှည့်ခင်မှာ မင်းဂွတ်သီးရဲ့ အခွံအရောင်ဟာ အစိမ်းရောင်ရှိပြီး မှည့်တဲ့အခါမှာ ခရမ်းရင့်ရောင်ရှိပါသည်။

မင်းဂွတ်သီးကိုစားတဲ့အခါ အခွံကို လက်ဖနောင့်လေး နှစ်ခုနဲ့ညှစ်ခွဲကာ အထဲကအတွင်းသားအဖြူလေးတွေကို စားပါတယ်။

မင်းဂွတ်သီးရဲ့ အရသာကတော့ ချိုပါတယ်။ ဒါပေမယ့် အရမ်းချိုတာမျိုးမဟုတ်ဘဲ အနည်းငယ်ချဉ်တာလေးပါ ရောနေပါတယ်။

မင်းဂွတ်သီး လှိုင်လှိုင်ပေါများတဲ့ ရာသီကတော့ မိုးရာသီဖြစ်ပါတယ်။

မင်းဂွတ်သီးဟာ အသီးတွေရဲ့ဘုရင်မ (Queen of fruit) လို့တင်စားခေါ်ဝေါ်ရလောက်အောင် သူ့မှာကျန်းမာရေး အထောက်အကူပြုတဲ့အချက်တွေ အများကြီးရှိပါတယ်။

မင်းဂွတ်သီးဟာ အအေးစာဖြစ်တဲ့အတွက် အပူကန်လို့ဖြစ်တဲ့ယားနာ၊ အလုံးအကျိတ်၊ မိတ်ဖုတွေ အပူများလို့ နှာခေါင်းသွေးလျှံတာတွေ၊ ရင်ပူတာတွေကို ပျောက်ကင်းသက်သာစေပါနိုင်ပါတယ်။ ဒါကြောင့် အပူစာဖြစ်တဲ့ ဒူးရင်းသီးစားပြီးရင် မင်းဂွတ်သီးစားပေးရခြင်း ဖြစ်ပါတယ်။

မင်းဂွတ်သီးမှာ အမျှင်ဓါတ်၊ နိုင်ယာစင်၊ ဖောလစ်အက်စစ်၊ ဗီတာမင်ဘီ၊ စီ၊ ကယ်လ်ဆီယံ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓါတ် စတဲ့ ဓါတ်တွေများစွာပါဝင်ပါတယ်။ တခြားသစ်သီးတွေမှာ ပါလေ့သိပ်မရှိတဲ့ Xanthone ခေါ် ဓါတ်ပစ္စည်းတမျိုးလည်းကြွယ်ဝစွာပါပါတယ်။

အမျှင်ဓါတ်နဲ့ ဗီတာမင်စီဓါတ် ကြွယ်ဝစွာပါရှိတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းကင်းစေကာ ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။ Xanthone ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မင်းဂွတ်သီးဟာ သကြားနဲ့မတည့်ဘူးလို့ လူအများက ထင်မြင်ယူဆကြပေမယ့် နောက်ပိုင်းသုတေသနတွေအရ ဒါဟာမှားတဲ့ထင်မြင်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။

နိုင်ငံတချို့မှာဆိုရင် မင်းဂွတ်သီးကို သကြားတို့၊ ပျားရည်တို့နဲ့ရောပြီး ဖျော်ရည်ဖျော်သောက်တာမျိုးတောင် ရှိပါတယ်။

မင်းဂွတ်သီးဟာ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တဲ့အစွမ်းလည်းရှိလို့ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့လည်း စားလို့ရတဲ့ အသီးဖြစ်ပါတယ်။ မင်းဂွတ်သီးရဲ့ အခွံကလည်း အသုံးဝင်ပါသေးတယ်။ အရေပြားပေါ်မှာ အနာဖြစ်တာ၊ အင်ပြင်ထွက်တာ၊ မိတ်ထွက်တာတွေအတွက် မင်းဂွတ်သီးအခွံကို သွေးလိမ်းပါက သက်သာပျောက်ကင်းနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ မင်းဂွတ်သီးကို ကုန်ကြမ်းအနေနဲ့အသုံးပြုပြီး ဆေးဝါးတွေလည်း ထုတ်လုပ်လာကြပါတယ်။

Author: Dr 528

Previous Post

က​လေး​မီးဖွားပြီး​ သွေးအားနည်းခြင်း

Next Post

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

3 years ago
457
HMB and prevention of muscle loss

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

3 years ago
207
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

3 years ago
383
Sugar and cancer

သကြားနှင့် ကင်ဆာ

3 years ago
382
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

3 years ago
445
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

3 years ago
327

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
ways to naturally regulate female hormones

အမျိုးသမီးဟော်မုန်းတွေ သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့နည်းလမ်းများ

natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

mobile phone use and neck problems

မိုဘိုင်းဖုန်းသုံးခြင်းနှင့် လည်ပင်းအရိုးအဆစ် ပြဿနာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.