fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

HMB နှင့် ကြွက်သား ဆုံးရှုံးမှုကို ကာကွယ်ခြင်း

HMB and prevention of muscle loss
162
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/11/2022
in ကျန်းမာစေသော အစားအစာ
1 min read
A A

အားကစားတွေ နေ့စဥ်ပုံမှန်လုပ်နေလျက်နဲ့ ကြွက်သားတွေထင်သလောက်မကြီးထွားမသန်မာလာဘူးဆိုရင် သင့်မှာလိုအပ်နေတာ HMB ဆိုတဲ့ဓာတ်တစ်မျိုးဖြစ်ပါလိမ့်မယ်။ ပရိုတင်းအားဖြည့်စာတွေအကြောင်းကို လူတော်တော်များများကြားဖူးကြမှာဖြစ်ပေမယ့် HMB ကရရှိတဲ့ကြွက်သားကျန်းမာရေးကောင်းကျိုးတွေကိုတော့ လူတွေသိပ်သတိမထားမိကြပါဘူး။

•HMB ကခန္ဓာကိုယ်အတွက်ဘာကောင်းကျိုးရလဲ?

HMB ဆိုတာ ကြွက်သားဆုံးရှုံးမှုပမာဏကို လျှော့ချပေးပြီး ကြွက်သားတွေကျန်းမာကြံ့ခိုင်စေဖို့အတွက် အထောက်အကူပြုပေးတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် သွေးတွင်းအဆီဓာတ်လျော့ကျစေခြင်း၊ ကိုယ်ခံအားကောင်းမွန်စေခြင်း၊ ခံနိုင်ရည်ရှိလာခြင်း၊ အနာအကျက်မြန်စေခြင်း စတဲ့ကောင်းကျိုးများစွာလည်း ရရှိစေပါတယ်။

•HMB ကိုလူ့ခန္ဓာကိုယ်တွင်းမှာ ထုတ်လုပ်နိုင်လား?

စားသုံးလိုက်တဲ့အစားစာတွေထဲမှာပါဝင်တဲ့ ပရိုတင်းဓာတ်တွေထဲမှအချို့ကို ခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ အမိုင်နိုအက်စစ်တစ်မျိုးဖြစ်တဲ့ Leucine အဖြစ်ပြောင်းလဲဖြိုခွဲပါတယ်။ ရရှိလာတဲ့leucine ထဲကမှပမာဏအနည်းငယ်ကတော့ HMB အဖြစ်သို့ ထပ်ဆင့်ပြောင်းလဲပါတယ်။ တစ်နေ့ကို HMB ၀.၅ဂရမ်ခန့်သာ ခန္ဓာကိုယ်တွင်းမှာထုတ်လုပ်ပါတယ်။

•HMB ကိုဘယ်လိုအစားအစာတွေကနေရနိုင်လဲ?

HMB ကို ရေခူ၊ ပန်းဂေါ်ဖီ၊ ထောပတ်သီး၊ အသား၊ ကြက်ဥ၊ နွားနို့စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကနေရနိုင်ပါတယ်။

•HMB ပမာဏတစ်နေ့ဘယ်လောက်လိုလဲ?

တစ်နေ့ကို ၃ ဂရမ်လောက်ရရှိဖို့လိုပါတယ်။ သို့ပေမယ့် အစားအစာကနေ HMB ၁.၅ဂရမ်ခန့်ရနိုင်ဖို့ အတွက်ဆိုရင်တောင် ကြက်ဥအလုံး ၅၀ခန့် စားသုံးနိုင်ဖို့လိုပါတယ်။ ပရိုတင်းပမာဏ အလွန်မြင့်မားတဲ့ အစားအစာတွေကို စားသုံးမှသာ ခန္ဓာကိုယ်မှ HMB ပမာဏအနည်းငယ်ကို ထုတ်လုပ်ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် HMB ကိုလုံလောက်စွာရရှိနိုင်ဖို့ အစားအစာတွေအပြင် ပြင်ပမှဖြည့်စွက်စာများသောက်သုံးကြရတာဖြစ်ပါတယ်။

•HMB ကကြွက်သားဆုံးရှုံးမှုကို ဘယ်လိုကာကွယ်ပေးတာလဲ?

လူ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကြွက်သားပရိုတင်းတွေဟာ နေ့စဥ်နဲ့အမျှ တည်ဆောက်ခြင်း၊ ဖြိုခွဲခံရခြင်းတို့ တစ်လှည့်စီဖြစ်ပေါ်နေတာဖြစ်ပါတယ်။ တည်ဆောက်တဲ့ပမာဏနဲ့ ဖြိုခွဲခံရတဲ့ပမာဏဟာ မျှတနေဖို့လိုပါတယ်။ လူတစ်ယောက်ဟာ အသက်အရွယ်ကြီးမြင့်လာရင်၊ ဖျားနာပြီးလှုပ်ရှားမှုနည်းလာရင် သို့မဟုတ် နာတာရှည်ရောဂါဖြစ်လာရင် ကြွက်သားပရိုတင်းဖြိုခွဲခံရတဲ့ပမာဏဟာ တည်ဆောက်တဲ့ပမာဏထက် သိသိသာသာပိုမိုများပြားလာပါတယ်။ ရလဒ်အနေနဲ့ ကြွက်သားအားနည်းပြီး ကောင်းစွာမလှုပ်ရှားနိုင်တာ၊ အမောမခံနိုင်တာ စတာတွေကြုံတွေ့လာရပါတယ်။ HMBကတော့ ကြွက်သားပရိုတင်းတည်ဆောက်ခြင်းကို အားပေးပြီး ဖြိုခွဲခြင်းကိုတားဆီးပေးခြင်းအားဖြင့် ကြွက်သားဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

HMB ပမာဏလုံလောက်စွာပါဝင်တဲ့ဖြည့်စွက်စာသောက်သုံးခြင်းနဲ့အတူ နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးပါက ကြွက်သားကျန်းမာကြံ့ခိုင်ရေးအတွက် များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။

Previous Post

ညဘက် ကျောအောင့်တဲ့အခါ

Next Post

အပျိုအအို ခွဲခြားလို့ရလား?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

7 months ago
262
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

7 months ago
265
Sugar and cancer

သကြားနှင့် ကင်ဆာ

7 months ago
255
The importance of protein to strengthen the body's muscles

ခန္ဓာကိုယ်ကြွက်သားတွေသန်မာဖို့ ပရိုတင်းရဲ့အရေးပါပုံ

8 months ago
269
I want to eat and not lose my beauty

စားချင်တာစားပြီး အလှမပျက်စေဖို့

8 months ago
237
The secret of pumpkin to lose weight

ဝိတ်ကျစေမယ့် ရွှေဖရုံသီးရဲ့ လျှို့ဝှက်ချက်

9 months ago
155

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာပြဿနာ ဖြစ်ပွားရသည့် အကြောင်းအရင်းများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျိုအအို ခွဲခြားလို့ရလား?

လူကြီးတွေကိုယ်ခံအားကောင်းစေမယ့် အာဟာရဓာတ်များ

How to strengthen your immune system in winter

ဆောင်းရာသီမှာ ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.