fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်နေချိန် ခွဲစိတ်မှု ခံယူလို့ရလား

131
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/10/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ခွဲစိတ်စရာတစ်ခုခု ကြုံလာခဲ့ရင် ကိုယ်ဝန်ကြီးနဲ့ ခွဲလို့ရပါ့မလား ခွဲလိုက်ရင်ကလေးကို ထိမှာလား မခွဲစိတ်ဘဲ ထားရင်ရော ကိုယ်ဝန်တောက်လျှောက်အဆင်ပြေပါ့မလား ဆိုပြီး စိုးရိမ်ပူပန်နေရတဲ့ အခါတွေ ရှိတတ်ကြပါတယ် ။
ကိုယ်ဝန်ဆောင်ကာလဆိုတာ ကိုးလလွယ် ဆယ်လဖွား ဆိုတဲ့ ဆိုရိုးစကားရှိပါတယ် ကိုယ်ဝန်သည်တစ်ယောက်မှာ ကိုယ်ဝန်ဆောင်ချိန်ကို အပိုင်းသုံးပိုင်းခွဲခြားထားပါတယ် တစ်ပိုင်းကို သုံးလဆီ ကြာပါတယ် ပထမသုံးလ ဒုတိယသုံးလ တတိယသုံးလရယ်လို့ ခွဲခြားထားပါတယ် ။
ကိုယ်ဝန်ဆောင်သူတွေအတွက် ပထမသုံးလဟာ ကလေးငယ်လေးစတင်ဖြစ်လာတဲ့အချိန်ပါ လူကောင်လေးဖြစ်လာတဲ့အပြင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးလည်း ဒီပထမသုံးလထဲမှာ အကုန်ဖြစ်လာတာပါ ကိုယ်ဝန်သည်အများစုက ကိုယ်ဝန်စရှိရှိခြင်းမှာ သတိမထားမိတတ်ဘဲ ကိုယ်ဝန်တစ်လလောက်ရောက်မှ ကိုယ်ဝန်ရှိနေမှန်း သိတတ်ကြပါတယ် ဒုတိယသုံးလနဲ့ တတိယသုံးလမှာတော့ အကုန်ပြီးပြည့်စုံနေတဲ့ ကလေးလေးက ဗိုက်ထဲမှာဆက်ပြီးကြီးထွားနေတာပါ ။

ကိုယ်ဝန်သည်တစ်ယောက်မှာ ခွဲစိတ်စရာကိစ္စ ကြုံလာရရင် ခွဲသင့်လားမခွဲဘဲစောင့်ရမလားဆိုတာ ခွဲရမယ့်ကိစ္စက အသက်အန္တရာယ်နဲ့ဆိုင်တဲ့ အရေးပေါ်ကိစ္စလားဆိုတာရယ် ဘယ်နေရာမှာရောဂါဖြစ်နေတာလဲဆိုတာရယ် ကိုယ်ဝန်ဆောင်နေတဲ့လ ဘယ်လထဲရောက်နေလဲဆိုတာရယ်ပေါ် မူတည်ပါတယ် ။
အသက်အန္တရာယ်ရှိနိုင်တဲ့ ဘယ်အရေးပေါ်ကိစ္စမဆို ကိုယ်ခန္ဓာအတွင်းဘယ်နေရာမှာဖြစ်စေ ကိုယ်ဝန်ဘယ်အချိန်ဖြစ်နေပါစေ မခွဲဘဲထားလို့မရပါဘူး အခုချိန်မခွဲလိုက်ရင် အမေအသက်အန္တရာယ်ရှိစေတာက ဗိုက်ထဲကကလေးပါ အသက်အန္တရာယ်ရှိစေနိုင်လို့ပါ ခွဲစိတ်ကုသလိုက်တာက အမေအသက်ရော ကလေးအသက်ရောကို ကယ်တင်လိုက်တာဖြစ်နိုင်သလို တစ်ဦးတစ်ယောက်ရဲ့အသက်ကိုပဲ ရွေးပြီး ကယ်လိုက်ရတာလည်းဖြစ်နိုင်ပါတယ် ကလေးကိုပဲရွေးပြီးကယ်တင်လိုက်ဖို့ကတော့ ဗိုက်ထဲကကလေးက နေ့စေ့လစေ့ဖြစ်ဖို့လိုပါတယ် ။
အရေးပေါ်ကိစ္စတွေလို့ဆိုထားတာတာတွေမှာ မတော်တဆဖြစ်မှုတွေကနေဖြစ်လာတဲ့ နောက်ဆက်တွဲအသက်အန္တရာယ်ရှိစေတဲ့ကိစ္စတွေ အဓိကပါပါတယ် တစ်ခြားရောဂါတွေအနေနဲ့ကတော့ အူအတက်ပေါက်ခြင်းတွေ အူပိတ်ခြင်းတွေ သားအိမ်ကွဲတာတွေ သားဥအိမ်ရေအိတ်အလုံးတွေကွဲထွက်တာမျိုးတွေ စသဖြင့်ပါ ။
အရေးပေါ်အခြေအနေမဟုတ်ဘဲ စောင့်လို့ရတဲ့ ရောဂါတွေမှာဆိုရင်တော့ ဆေးပေးပြီးထိန်းထားတတ်ကြတယ် ဆရာဝန်အများစုက ကိုယ်ဝန်မှာ မလိုအပ်ဘဲ ဘာခွဲစိတ်မှုမှ မလုပ်ပါဘူး ဒီကြားထဲကမှ မဖြစ်မနေခွဲဖို့လိုလာပြီဆိုရင်တော့ ခွဲရမှာပါ ဒီနေရာမှာတော့ ရောဂါကဘယ်မှာဖြစ်နေတာလဲကို ပြန်ကြည့်ပါတယ် ။
ကိုယ်ဝန်ဆောင်နေတဲ့သားအိမ်မှာ ဖြစ်တာမဟုတ်ဘဲ တစ်ခြားနေရာမှာ ဖြစ်နေတဲ့ ရောဂါတွေက ကိုယ်ဝန်သည်အမေ ခွဲစိတ်တဲ့ဒဏ်ကို ခံနိုင်တယ်ဆို ခွဲလို့ရပါတယ် ခွဲစိတ်မှုကြောင့် အမေရောကလေးရော ထိခိုက်မှုမရှိဖို့တော့ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုတတ်ပါတယ် ။
တစ်ချို့ ကိုယ်ဝန်သည်တွေမှာ ကိုယ်ဝန်မရခင်တည်းကဖြစ်စေ ကိုယ်ဝန်ရပြီးမှဖြစ်စေ အာထရာဆောင်းရိုက်ရင်း သားအိမ်မှာဖြစ်စေ သားဥအိမ်မှာဖြစ်စေ အလုံးတွေ့တာမျိုးတွေ ရှိတတ်တယ် ကိုယ်ဝန်မတိုင်ခင်ကတည်းက ရှိနေတာဆိုရင် ကိုယ်ဝန်ရလာတဲ့အခါ အာထရာဆောင်းပြန်ရိုက်ဖို့လိုပါတယ် ။
သားအိမ်မှာ အလုံးဖြစ်တာက ကိုယ်ဝန်ကို ထိခိုက်စေနိုင်လားဆိုတာက မေးစရာပါ ဒီသားအိမ်အလုံးရဲ့ အရွယ်နဲ့ ဖြစ်နေတဲ့ သားအိမ်အလွှာပေါ်မူတည်ပါတယ် အလုံးရဲ့ အရွယ်ကကြီးတယ် တစ်ဖြည်းဖြည်းလည်းကြီးလာတယ်ဆိုရင် ကိုယ်ဝန်အတွက် အန္တရာယ် ရှိနိုင်တာကြောင့် ခွဲဖို့လိုတတ်ပါတယ် ခွဲဖို့လိုပြီဆိုရင်တော့ ဒီအလုံးကသားအိမ်ရဲ့ ဘယ်အလွှာမှာရှိနေတာလဲကို ပြန်ကြည့်ပါတယ် ။
သားအိမ်ထဲကအသားလုံးက သားအိမ်အလွှာ အပေါ်ယံတင်ဆိုရင်တော့ အလုံးကိုပဲသီးသန့်ထုတ်ဖို့ လွယ်ကူပါတယ် ဒါဆိုရင်တော့ သားအိမ်ကိုခွဲစိတ်ရတာဖြစ်တာကြောင့် ကိုယ်ဝန်ဒုတိယ သုံးလထဲမှာပဲ ခွဲလေ့ရှိပါတယ် ပထမသုံးလမှာ ကလေးစတင်ဖြစ်နေတာကြောင့် ခွဲလေ့မရှိကြပါဘူး ကိုယ်ဝန်ဆောင်ကာလ တတိယသုံးလအတွင်းမှာလည်း ကလေးမွေးဖွားခါနီးဖြစ်လာတာကြောင့် သိပ်ပြီးခွဲလေ့မရှိကြပါဘူး ။
သားအိမ်အလွှာအောက်ထဲထိနစ်မြုပ်နေတယ်ဆိုရင်တော့ ခွဲရတာခက်နိုင်ပါတယ် အလုံးထုတ်ဖို့တစ်ခုတည်းမဖြစ်နိုင်ဘဲ သားအိမ်ပါ ထုတ်ရတာမျိုးအထိဖြစ်တတ်ပါတယ် ဒါမျိုးအခြေအနေမှာတော့ ကလေးမွေးရင်းနဲ့မှ တစ်ခါတည်း ခွဲလေ့ရှိတတ်ကြပါတယ် ။
သားအိမ်ထဲဖြစ်နေတဲ့ အသားလုံးကသေးတယ် ကိုယ်ဝန်ကိုလည်း ဘာပြဿနာမှမဖြစ်စေဘူးဆိုရင်တော့ ကလေးမွေးပြီးနောက်ပိုင်းမှ ခွဲဖို့လိုမလိုပြန်ပြီး စစ်ဆေးလေ့ရှိကြပါတယ် ။
သားဥအိမ်အလုံးတွေရေအိတ်တွေက ပုံမှန်အားဖြင့်တော့ ခွဲစိတ်ဖို့ မလိုတတ်ပါဘူး ဒါပေမယ့် အလုံးနဲ့ရေအိတ်အရွယ် ပမာဏက ကြီးလွန်းတယ်ဆိုရင်တော့ ကိုယ်ဝန်ကို ထိခိုက်စေနိုင်တာကြောင့် ခွဲကြရတာမျိုးလည်းရှိပါတယ် ဒါမျိုးခွဲမယ်ဆိုရင်တော့ ကိုယ်ဝန်ရဲ့ ဒုတိယသုံးလအချိန်အပိုင်းအခြားမှာ ခွဲလို့ရသလို ကလေးမွေးရင်းနဲ့မှ ခွဲကြတာလည်း ရှိတတ်ပါတယ် ။
ဒါကတော့ ကိုယ်ဝန်ဆောင်စဉ်အချိန်ကာလတစ်ခုမှာ အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ဖို့ လိုအပ်လာခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ အတွေးတွေကို အထောက်အကူဖြစ်စေဖို့ အတွက်ပါ ။

Dr. CST

Previous Post

ငှက်သိုက်ရဲ့ ရာဇဝင်၊ အသုံးဝင်ပုံ နှင့် ကျန်းမာရေး

Next Post

ခဏခဏ “အင်ပြင်” ထတတ်တာ ဘာကြောင့်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခဏခဏ "အင်ပြင်" ထတတ်တာ ဘာကြောင့်လဲ

မွေးကင်းစကလေး ခေါင်းရိတ်ရင် ဘာဖြစ်တတ်လဲ

အရေးပေါ်တားဆေးသုံးတော့မယ်ဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.