(Zawgyi)
ကေလးငယ္မ်ား၏ ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈႏွင့္ပတ္သက္ၿပီး မိဘမ်ား ဗဟုသုတျဖစ္ဖြယ္ တင္ျပ ေပးထားပါသည္။
႐ုပ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈ ေျခာက္လအ႐ြယ္
– အထိန္းမဲ့ထိုင္ႏိုင္သည္။
– အစားအစာဝါးစားတတ္သည္။
– ကစားစရာမ်ားကို လက္ဖဝါးသုံး၍ ကိုင္တြယ္ေဆာ့ကစားတတ္သည္။
– အသံျပဳရာဘက္သို႔ လွည့္ၾကည့္တတ္သည္။
– အရာဝတၳဳကို ပိုမိုျမင္ႏိုင္ရန္ ခႏၶာကိုယ္ေ႐ြ႕လ်ားျခင္းျပဳတတ္သည္။
ခုႏွစ္လအ႐ြယ္
– အရာဝတၳဳမ်ားကို လက္အား ခြက္သ႑ာန္ျပဳ၍ ကိုင္တြယ္ႏိုင္သည္။
– လက္ႏွစ္ဘက္ကို တစ္ၿပိဳင္နက္ အသုံးျပဳတတ္လာသည္။
ရွစ္လအ႐ြယ္
– ေလးဘက္စတင္သြားလာသည္။
– လက္ေကာက္ဝတ္လႈပ္ရွားမႈျဖင့္ လက္ကို သုံးတတ္လာသည္။
(ဥပမာ – လက္လႈပ္ရမ္းျခင္း)
ကိုးလအ႐ြယ္
-လက္ညႇိဳးႏွင့္ လက္မသုံး၍ အရာဝတၳဳမ်ားကို ကိုင္တတ္လာသည္။
-ပစၥည္းတစ္ခုအား ယူ၍ အျခားသူအား ေပးတတ္သည္။
-ကိုင္တြယ္စရာတစ္ခုအား အမွီျပဳ၍ ရပ္ႏိုင္လာသည္။
၁၀လ အ႐ြယ္
-မိနစ္အနည္းငယ္ၾကာေအာင္ မတ္တပ္ရပ္ႏိုင္သည္။
-ရပ္ရာမွ ျပန္ထိုင္ႏိုင္သည္။
-လက္ျပေဝ့ရမ္းႏႈတ္ဆက္တတ္သည္။
၁၁လ အ႐ြယ္
– ေသးငယ္ေသာပစၥည္းမ်ားကို လက္မႏွင့္ လက္ညႇိဳးသုံး၍ ေကာက္ယူတတ္သည္။ ျပန္ခ်တတ္သည္။
– ခြက္ကိုင္၍ အရည္/ ေရ ေသာက္တတ္သည္။ ဇြန္းကိုင္၍ စားတတ္လာသည္။
၁၂လ အ႐ြယ္
-ေလးဘက္လ်င္ျမန္စြာ သြားႏိုင္သည္။
-လက္ခုပ္တီးတတ္သည္။
-ေ႐ြ႕လ်ားေနေသာပစၥည္းမ်ားေနာက္ မ်က္စိလ်င္ျမန္စြာ လိုက္ၾကည့္တတ္သည္။
စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးမႈ
ေျခာက္လအ႐ြယ္
-ၿပဳံးျပတတ္သည္။ မိဘ သို႔မဟုတ္ ေခ်ာ့ျမဴသူအား အာ႐ုံစူးစိုက္မိေစရန္ျဖစ္၏
-သင္က ဝွက္လိုက္ေသာ ကစားစရာပစၥည္းကို ရွာတတ္သည္။
-ျမင္ေတြ႕ေနက်လူမ်ားကို မွတ္မိႏိုင္သည္။
-အနီးကပ္ေနသူမ်ားႏွင့္ ရင္းႏွီးမႈရွိေနၿပီျဖစ္၏။
-အသံကို ထိန္းတတ္ၿပီျဖစ္၏။
-အသံကို ထိန္းတတ္ၿပီျဖစ္၏။
-အသံကို တုပတတ္သည္။ ေလမႈတ္ထုတ္ျပလွ်င္ အတုျပဳ မႈတ္ထုတ္တတ္သည္။
ခုႏွစ္လအ႐ြယ္
-ခြဲခြာမႈအတြက္ စိုး႐ြံ႕မႈျပတတ္သည္။
-စကားေျပာဆိုသံကို အတုျပဳတတ္လာ၏။
ရွစ္လအ႐ြယ္
-၆၀ စင္တီမီတာ အကြာအေဝးရွိ အရာဝတၳဳ၏ အ႐ြယ္အစားကို ဆုံးျဖတ္ႏိုင္သည္။
-“ဘဘ”၊ “မမ” ေခၚတတ္လာသည္။
ကိုးလအ႐ြယ္
-မိမိႏွစ္သက္သူကို ၿပဳံးျပတတ္သည္။ လိုလားေသာအၿပဳံးမ်ိဳးျဖစ္၏။
-တုံ႔ျပန္မႈေျပာတတ္လာသည္။
-သူ႔အားေျပာေသာစကား၏ ေနာက္ဆုံးစကားလုံးကို ထုတ္ေျပာဆိုတတ္သည္။
-စကားစုမ်ား ေျပာဆိုလာတတ္သည္။
၁၀လ အ႐ြယ္
-လြယ္ကူေသာ ကစားမႈမ်ိဳးကို ကစားလာႏိုင္သည္။
၁၁လ အ႐ြယ္
-“အေဖ”၊ “အေမ” တို႔ကို မွန္ကန္စြာ ေခၚလာႏိုင္သည္။
-စကားေျပာဆိုေသာ အသံမ်ား စုစည္းလာတတ္သည္။
-စာအုပ္မ်ားအေပၚ စိတ္ဝင္စားမႈ ျပသလာသည္။
၁၂လ အ႐ြယ္
-နာမည္ေခၚလွ်င္ တုံ႔ျပန္မႈျပဳလာတတ္သည္။
-လြယ္ကူေသာ ၫႊန္ၾကားမႈမ်ိဳးကို လိုက္နာလုပ္ေဆာင္လာတတ္သည္။
-ပုံေဖာ္ကစားနည္းမ်ိဳး ကစားလာႏိုင္သည္။
-မိမိကိုယ္မိမိ မွန္ၾကည့္၍ ႏွစ္သက္ေသာ အမူအရာမ်ိဳး ျပလာသည္။
-လူစိမ္းသူစိမ္းမ်ားႏွင့္ ေတြ႕ဆုံေသာအခါ ေၾကာက္႐ြံ႕မႈ ၊ ပူပန္မႈ အမူအရာမ်ား ျပဳလုပ္လာႏိုင္သည္။
-အျခားသူမ်ားလုပ္သကဲ့သို႔ လိုက္ပါလုပ္ေဆာင္လာႏိုင္သည္။
-လိုအပ္ခ်က္မ်ားကို အမူအရာႏွင့္ ျပသတတ္လာသည္။
Author – ေဒါက္တာေအးေက်ာ္
(Unicode)
ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်ပတ်သက်ပြီး မိဘများ ဗဟုသုတဖြစ်ဖွယ် တင်ပြ ပေးထားပါသည်။
ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ခြောက်လအရွယ်
– အထိန်းမဲ့ထိုင်နိုင်သည်။
– အစားအစာဝါးစားတတ်သည်။
– ကစားစရာများကို လက်ဖဝါးသုံး၍ ကိုင်တွယ်ဆော့ကစားတတ်သည်။
– အသံပြုရာဘက်သို့ လှည့်ကြည့်တတ်သည်။
– အရာဝတ္ထုကို ပိုမိုမြင်နိုင်ရန် ခန္ဓာကိုယ်ရွေ့လျားခြင်းပြုတတ်သည်။
ခုနှစ်လအရွယ်
– အရာဝတ္ထုများကို လက်အား ခွက်သဏ္ဍာန်ပြု၍ ကိုင်တွယ်နိုင်သည်။
– လက်နှစ်ဘက်ကို တစ်ပြိုင်နက် အသုံးပြုတတ်လာသည်။
ရှစ်လအရွယ်
– လေးဘက်စတင်သွားလာသည်။
– လက်ကောက်ဝတ်လှုပ်ရှားမှုဖြင့် လက်ကို သုံးတတ်လာသည်။
(ဥပမာ – လက်လှုပ်ရမ်းခြင်း)
ကိုးလအရွယ်
-လက်ညှိုးနှင့် လက်မသုံး၍ အရာဝတ္ထုများကို ကိုင်တတ်လာသည်။
-ပစ္စည်းတစ်ခုအား ယူ၍ အခြားသူအား ပေးတတ်သည်။
-ကိုင်တွယ်စရာတစ်ခုအား အမှီပြု၍ ရပ်နိုင်လာသည်။
၁၀လ အရွယ်
-မိနစ်အနည်းငယ်ကြာအောင် မတ်တပ်ရပ်နိုင်သည်။
-ရပ်ရာမှ ပြန်ထိုင်နိုင်သည်။
-လက်ပြဝေ့ရမ်းနှုတ်ဆက်တတ်သည်။
၁၁လ အရွယ်
– သေးငယ်သောပစ္စည်းများကို လက်မနှင့် လက်ညှိုးသုံး၍ ကောက်ယူတတ်သည်။ ပြန်ချတတ်သည်။
– ခွက်ကိုင်၍ အရည်/ ရေ သောက်တတ်သည်။ ဇွန်းကိုင်၍ စားတတ်လာသည်။
၁၂လ အရွယ်
-လေးဘက်လျင်မြန်စွာ သွားနိုင်သည်။
-လက်ခုပ်တီးတတ်သည်။
-ရွေ့လျားနေသောပစ္စည်းများနောက် မျက်စိလျင်မြန်စွာ လိုက်ကြည့်တတ်သည်။
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု
ခြောက်လအရွယ်
-ပြုံးပြတတ်သည်။ မိဘ သို့မဟုတ် ချော့မြူသူအား အာရုံစူးစိုက်မိစေရန်ဖြစ်၏
-သင်က ဝှက်လိုက်သော ကစားစရာပစ္စည်းကို ရှာတတ်သည်။
-မြင်တွေ့နေကျလူများကို မှတ်မိနိုင်သည်။
-အနီးကပ်နေသူများနှင့် ရင်းနှီးမှုရှိနေပြီဖြစ်၏။
-အသံကို ထိန်းတတ်ပြီဖြစ်၏။
-အသံကို ထိန်းတတ်ပြီဖြစ်၏။
-အသံကို တုပတတ်သည်။ လေမှုတ်ထုတ်ပြလျှင် အတုပြု မှုတ်ထုတ်တတ်သည်။
ခုနှစ်လအရွယ်
-ခွဲခွာမှုအတွက် စိုးရွံ့မှုပြတတ်သည်။
-စကားပြောဆိုသံကို အတုပြုတတ်လာ၏။
ရှစ်လအရွယ်
-၆၀ စင်တီမီတာ အကွာအဝေးရှိ အရာဝတ္ထု၏ အရွယ်အစားကို ဆုံးဖြတ်နိုင်သည်။
-“ဘဘ”၊ “မမ” ခေါ်တတ်လာသည်။
ကိုးလအရွယ်
-မိမိနှစ်သက်သူကို ပြုံးပြတတ်သည်။ လိုလားသောအပြုံးမျိုးဖြစ်၏။
-တုံ့ပြန်မှုပြောတတ်လာသည်။
-သူ့အားပြောသောစကား၏ နောက်ဆုံးစကားလုံးကို ထုတ်ပြောဆိုတတ်သည်။
-စကားစုများ ပြောဆိုလာတတ်သည်။
၁၀လ အရွယ်
-လွယ်ကူသော ကစားမှုမျိုးကို ကစားလာနိုင်သည်။
၁၁လ အရွယ်
-“အဖေ”၊ “အမေ” တို့ကို မှန်ကန်စွာ ခေါ်လာနိုင်သည်။
-စကားပြောဆိုသော အသံများ စုစည်းလာတတ်သည်။
-စာအုပ်များအပေါ် စိတ်ဝင်စားမှု ပြသလာသည်။
၁၂လ အရွယ်
-နာမည်ခေါ်လျှင် တုံ့ပြန်မှုပြုလာတတ်သည်။
-လွယ်ကူသော ညွှန်ကြားမှုမျိုးကို လိုက်နာလုပ်ဆောင်လာတတ်သည်။
-ပုံဖော်ကစားနည်းမျိုး ကစားလာနိုင်သည်။
-မိမိကိုယ်မိမိ မှန်ကြည့်၍ နှစ်သက်သော အမူအရာမျိုး ပြလာသည်။
-လူစိမ်းသူစိမ်းများနှင့် တွေ့ဆုံသောအခါ ကြောက်ရွံ့မှု ၊ ပူပန်မှု အမူအရာများ ပြုလုပ်လာနိုင်သည်။
-အခြားသူများလုပ်သကဲ့သို့ လိုက်ပါလုပ်ဆောင်လာနိုင်သည်။
-လိုအပ်ချက်များကို အမူအရာနှင့် ပြသတတ်လာသည်။
Author – ဒေါက်တာအေးကျော်