fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

နှင်းခူရောဂါ ကုရလွယ်သလား

2.9k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/11/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

နွင္းခူေရာဂါ ကုုရလြယ္သလား

နွင္းခူေရာဂါဟာ အေရျပားေရာဂါတမ်ိဳးျဖစ္ပါတယ္။ခႏၶာကိုယ္ရဲ႕ မည္သည္႔ေနရာမွာမဆိုျဖစ္နိုင္ပါတယ္။ အမ်ားဆံုးျဖစ္ေလ႔ရွိတဲ႔ေနရာေတြကေတာ႔ မ်က္ႏွာ၊လည္ပင္း၊ေျခ၊လက္ ေနရာေတြပါ။စစခ်င္းမွာ  အေရျပားေျခာက္ေသြ႔ျပီး ယားနာကြက္ေတြျဖစ္ပါတယ္။ထိုယားနာကြက္ေလးေတြဟာ ယားတဲ႔အတြက္ ကုတ္မိတဲ႔အခါမွာ အေရျပားေပၚမွာ အနီျပင္အဖုအပိန္႔နဲ႔ အရည္တစိုစိုေတြျဖစ္လာပါတယ္။ယားလိုက္ကုတ္လိုက္ အနီျပင္ အဖုအပိန္႔ထျပီး အရည္တစိုစိုျဖစ္လိုက္နဲ႔ ၾကာလာတဲ႔အခါ ျဖစ္တဲ႔ေနရာရွိအေရျပားက အေၾကးခြံအကြက္လို ထူျပီးမာလာကာ နဂိုအတိုင္း ျပန္မက်က္နို္င္ေတာ႔ပါဘူး။အဲ႔လိုအေျခအေနကိုႏွင္းခူလို႔ေခၚပါတယ္။

နွင္းခူျဖစ္တဲ႔အခါ ျဖစ္တဲ႔အေရျပားအနာကေျခာက္ေသြ႔ေနတာမ်ိဳးလည္းရွိသလို နီရဲေရာင္ရမ္းျပီး စိုစိုစိစိနဲ႔ျဖစ္ေနတာမိ်ဳးလည္းရွိပါတယ္။ေျခာက္ေသြ႔ေနတာဆိုရင္ နွင္းခူေျခာက္လို႔ေခၚျပီး စိုေနရင္ေတာ႔ နွင္းခူအစို လို႔ေခၚပါတယ္။ႏွင္းခူျဖစ္ရတဲ႔အေၾကာင္းရင္းအတိအက်ကိုေတာ႔ ခုထိေသခ်ာမသိေသးပါ။ျဖစ္နိုင္တဲ႔အေၾကာင္းရင္းေတြကေတာ႔ မ်ိဳးရိုးလိုက္တာ၊မိမိနဲ႔ဓါတ္မတည္႔တဲ႔အစားေသာက္၊အရာ၀တၳဳပစၥည္း၊အေငြ႔အမႈန္စတာေတြကို စားေသာက္မိ၊ထိမိ၊ရႈမိရာမွ မိမိရဲ႕ခုခံအားစနစ္ကအလြန္အကြ်ံတံု႕ျပန္တာစိတ္ဖိစီးမႈမ်ားတာ၊အပူဒဏ္အေအးဒဏ္ေတြနဲ႔အေရျပားထိေတြ႔မႈမ်ားတာ၊အသားအေရအစိုဓါတ္နည္းျပီး အသားေျခာက္တာစတဲ႔အေၾကာင္းေတြေၾကာင္႔ျဖစ္နိုင္ပါတယ္။

ႏွင္းခူျဖစ္လာပါက အေရျပားဆရာ၀န္နဲ႔ အျမန္ဆံုးျပသင္႔ပါတယ္။ဘာလို႔လဲဆိုေတာ႔ နွင္းခူေရာဂါက ေနာက္ဆက္တြဲအေနနဲ႔ အေရျပားပိုး၀င္ျပီးအနာျဖစ္တာ၊မ်က္စိအျမင္အာရံုထိခိုက္တာ၊အိပ္မေပ်ာ္တာ စတဲ႔ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္နိုင္လို႔ပါ။နွင္းခူကုသရာမွာေသာက္ေဆး၊လိမ္းေဆးေတြနဲ႔ကုသတာအျပင္ ခုေနာက္ပိုင္းမွာ အလင္းနဲ႔ကုသတာ(နွင္းခူအနာမ်ားကို UVB  ဓါတ္ေရာင္ျခည္မီးလံုးနဲ႔ကုသတာ)ေတြလည္းရွိပါတယ္။

ႏွင္းခူျဖစ္တဲ႔အခါေရမခ်ိဳးဘဲမေနပါနဲ႔။တရားလြန္လည္းမခ်ိဳးပါနဲ႔။တေန႔တခါခ်ိဳးပါ။ဆပ္ျပာေမႊးေတြမသံုးပါနဲ႔။ေရခ်ိဳးျပီးတဲ႔အခါ အစိုဓါတ္ပါေသာခရင္မ္(Moisturizer cream)တမ်ိဳးမ်ိဳးလိမ္းေပးပါ။ယားတဲ႔အခါအတတ္နိင္ဆံုး မကုတ္မိေအာင္ေနပါ။လက္သည္းတိုတိုညွပ္ပါ။စိတ္ဖိစီးမႈနည္းေအာင္ေနပါ။အစာကိုေကာင္းေကာင္းစားျပီး ကိုယ္လက္ေလ႔က်င္႔ခန္းလည္းလုပ္ပါ။

ႏွင္းခူေရာဂါျဖစ္နိုင္ေျခနည္းေအာင္ကေတာ႔ ေအာက္ပါအခ်က္မ်ားကိုလိုက္နာပါ။

အသားအေရမေျခာက္ေသြ႔ေအာင္ဂရုစိုက္ပါ။

ေရမ်ားမ်ားေသာက္ပါ။လတ္ဆတ္ျပီး အရည္ရႊမ္းတဲ႔ဟင္းသီးဟင္းရြက္ သစ္သီး၀လံေတြမ်ားမ်ားစားပါ။

အခန္းတြင္းေျခာက္ေသြ႔မေနေအာင္ ေရေငြ႔ေပးစက္(ေလထုကိုအစိုဓါတ္ရေအာင္လုပ္ေပးနိုင္တဲ႔စက္)ကိုအသံုးျပဳပါ။

ဆိုးေဆးေတြ၊အေမႊးနံ႕ေတြ မပါတဲ႔ ဆပ္ျပာအေပ်ာ႔စားေတြကိုပဲသံုးပါ။

အသားေရကို အေအးဒဏ္ အပူဒဏ္ေတြနဲ႔မထိမိေအာင္ဂရုစိုက္ပါ။

ေအးျမျပီးေလ၀င္ေလထြက္ေကာင္းတဲ႔ ခ်ည္ထည္ေတြပဲ၀တ္ပါ။

ဘာေၾကာင္႔ယားယားမကုတ္မိပါေစနဲ႔။ယားတဲ႔အခါ ကုတ္မဲ႔အစား ေရေအးဖတ္ကပ္တာ၊Caladyl lotion လိမ္းတာလုပ္ပါ။

စိတ္ညစ္မခံပါနဲ႔။စိတ္ဖိစီးမႈေတြ သူငယ္ခ်င္းေတြနဲ႔စကားေျပာျခင္း၊အပန္းေျဖခရီးထြက္ျခင္း၊သီခ်င္းဆိုျခင္းစတာေတြလုပ္ျခင္းျဖင္႔ေလွ်ာ႔ခ်ပါ။

Dr 528

Unicode Version

နှင်းခူရောဂါ ကုရလွယ်သလား

နှင်းခူရောဂါဟာ အရေပြားရောဂါတမျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ အများဆုံးဖြစ်လေ့ရှိတဲ့နေရာတွေကတော့ မျက်နှာ၊လည်ပင်း၊ခြေ၊လက် နေရာတွေပါ။စစချင်းမှာ  အရေပြားခြောက်သွေ့ပြီး ယားနာကွက်တွေဖြစ်ပါတယ်။ထိုယားနာကွက်လေးတွေဟာ ယားတဲ့အတွက် ကုတ်မိတဲ့အခါမှာ အရေပြားပေါ်မှာ အနီပြင်အဖုအပိန့်နဲ့ အရည်တစိုစိုတွေဖြစ်လာပါတယ်။ယားလိုက်ကုတ်လိုက် အနီပြင် အဖုအပိန့်ထပြီး အရည်တစိုစိုဖြစ်လိုက်နဲ့ ကြာလာတဲ့အခါ ဖြစ်တဲ့နေရာရှိအရေပြားက အကြေးခွံအကွက်လို ထူပြီးမာလာကာ နဂိုအတိုင်း ပြန်မကျက်နိုင်တော့ပါဘူး။အဲ့လိုအခြေအနေကိုနှင်းခူလို့ခေါ်ပါတယ်။

နှင်းခူဖြစ်တဲ့အခါ ဖြစ်တဲ့အရေပြားအနာကခြောက်သွေ့နေတာမျိုးလည်းရှိသလို နီရဲရောင်ရမ်းပြီး စိုစိုစိစိနဲ့ဖြစ်နေတာမျိုးလည်းရှိပါတယ်။ခြောက်သွေ့နေတာဆိုရင် နှင်းခူခြောက်လို့ခေါ်ပြီး စိုနေရင်တော့ နှင်းခူအစို လို့ခေါ်ပါတယ်။နှင်းခူဖြစ်ရတဲ့အကြောင်းရင်းအတိအကျကိုတော့ ခုထိသေချာမသိသေးပါ။ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ မျိုးရိုးလိုက်တာ၊မိမိနဲ့ဓါတ်မတည့်တဲ့အစားသောက်၊အရာဝတ္ထုပစ္စည်း၊အငွေ့အမှုန်စတာတွေကို စားသောက်မိ၊ထိမိ၊ရှုမိရာမှ မိမိရဲ့ခုခံအားစနစ်ကအလွန်အကျွံတုံ့ပြန်တာစိတ်ဖိစီးမှုများတာ၊အပူဒဏ်အအေးဒဏ်တွေနဲ့အရေပြားထိတွေ့မှုများတာ၊အသားအရေအစိုဓါတ်နည်းပြီး အသားခြောက်တာစတဲ့အကြောင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။

နှင်းခူဖြစ်လာပါက အရေပြားဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ဘာလို့လဲဆိုတော့ နှင်းခူရောဂါက နောက်ဆက်တွဲအနေနဲ့ အရေပြားပိုးဝင်ပြီးအနာဖြစ်တာ၊မျက်စိအမြင်အာရုံထိခိုက်တာ၊အိပ်မပျော်တာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်လို့ပါ။နှင်းခူကုသရာမှာသောက်ဆေး၊လိမ်းဆေးတွေနဲ့ကုသတာအပြင် ခုနောက်ပိုင်းမှာ အလင်းနဲ့ကုသတာ(နှင်းခူအနာများကို UVB  ဓါတ်ရောင်ခြည်မီးလုံးနဲ့ကုသတာ)တွေလည်းရှိပါတယ်။

နှင်းခူဖြစ်တဲ့အခါရေမချိုးဘဲမနေပါနဲ့။တရားလွန်လည်းမချိုးပါနဲ့။တနေ့တခါချိုးပါ။ဆပ်ပြာမွှေးတွေမသုံးပါနဲ့။ရေချိုးပြီးတဲ့အခါ အစိုဓါတ်ပါသောခရင်မ်(Moisturizer cream)တမျိုးမျိုးလိမ်းပေးပါ။ယားတဲ့အခါအတတ်နိင်ဆုံး မကုတ်မိအောင်နေပါ။လက်သည်းတိုတိုညှပ်ပါ။စိတ်ဖိစီးမှုနည်းအောင်နေပါ။အစာကိုကောင်းကောင်းစားပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ပါ။

နှင်းခူရောဂါဖြစ်နိုင်ခြေနည်းအောင်ကတော့ အောက်ပါအချက်များကိုလိုက်နာပါ။

အသားအရေမခြောက်သွေ့အောင်ဂရုစိုက်ပါ။

ရေများများသောက်ပါ။လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေများများစားပါ။

အခန်းတွင်းခြောက်သွေ့မနေအောင် ရေငွေ့ပေးစက်(လေထုကိုအစိုဓါတ်ရအောင်လုပ်ပေးနိုင်တဲ့စက်)ကိုအသုံးပြုပါ။

ဆိုးဆေးတွေ၊အမွှေးနံ့တွေ မပါတဲ့ ဆပ်ပြာအပျော့စားတွေကိုပဲသုံးပါ။

အသားရေကို အအေးဒဏ် အပူဒဏ်တွေနဲ့မထိမိအောင်ဂရုစိုက်ပါ။

အေးမြပြီးလေဝင်လေထွက်ကောင်းတဲ့ ချည်ထည်တွေပဲဝတ်ပါ။

ဘာကြောင့်ယားယားမကုတ်မိပါစေနဲ့။ယားတဲ့အခါ ကုတ်မဲ့အစား ရေအေးဖတ်ကပ်တာ၊Caladyl lotion လိမ်းတာလုပ်ပါ။

စိတ်ညစ်မခံပါနဲ့။စိတ်ဖိစီးမှုတွေ သူငယ်ချင်းတွေနဲ့စကားပြောခြင်း၊အပန်းဖြေခရီးထွက်ခြင်း၊သီချင်းဆိုခြင်းစတာတွေလုပ်ခြင်းဖြင့်လျှော့ချပါ။

Dr 528

 

Previous Post

အသားအရေခြောက်သွေခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းများ

Next Post

နံနံပင် ဘာကောင်းလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နံနံပင် ဘာကောင်းလဲ

သွေးကင်ဆာ ကုလို့ပျောက်သလား

ကလေးအသေမွေးစေနိုင်တဲ့ အကြောင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.