fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေအတွက် အိမ်ဦးနတ် သဘောကျစေမဲ့ လေ့ကျင့်ခန်း

3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/11/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမ်ိဳးသမီးေတြအတြက္ အိမ္ဦးနတ္ သေဘာက်ေစမဲ့ ေလ့က်င့္ခန္း

Kegel’s Exercise(ကီဂ်ယ္ေလ႔က်င္႔ခန္း) ဟာ အခုေနာက္ပိုင္းမွာ ေခတ္စားလာတဲ႔ ေလ႔က်င္႔ခန္း တမ်ိဳးျဖစ္ပါတယ္။

ဒါေၾကာင္႔ဒီတပတ္မွာ ကီဂ်ယ္ေလ႔က်င္႔ခန္းအေၾကာင္းသိသေလာက္ေရးသားတင္ျပခ်င္ပါတယ္။

ကီဂ်ယ္ေလ႔က်င္႔ခန္းဆိုတာက တင္ပဆံုကြင္းၾကြက္သားေလ႔က်င္႔ခန္း ျဖစ္ပါတယ္။

ဆီးအိမ္(Bladder)၊အစာေဟာင္းအိမ္(Rectum) ၊ဆီးပို႔ျပြန္ေတြဟာ တင္ပဆံုကြင္းထဲမွာရွိပါတယ္။

ဒါ႔အျပင္ အမ်ိဳးသမီးေတြမွာဆိုရင္ တင္ပဆံုကြင္းထဲမွာ သားအိမ္၊မိန္းမကိုယ္ စတဲ႔မ်ိဳးပြားအဂၤါေတြလည္းရွိပါတယ္။

ဒီအဂၤါအစိတ္အပိုင္းေတြအားလံုးကို တင္ပဆံုကြင္းထဲမွာ ျမဲေနေအာင္ တင္ပဆံုကြင္းၾကြက္သားေတြကထိန္းေပးထားပါတယ္။

ဒီတင္ပဆံုကြင္းၾကြက္သားေတြဟာ အသက္အရြယ္ၾကီးလာလို႔ေသာ္လည္းေကာင္း၊ခဏခဏခြဲစိတ္ရလို႔ေသာ္လည္းေကာင္း၊ေခ်ာင္းခဏခဏေရရွည္ဆိုးတာမ်ိဳးေၾကာင္႔ေသာ္လည္းေကာင္း၊၀မ္းခဏခဏခ်ဳပ္လို႔ညွစ္ရလို႔ေသာ္လည္းေကာင္း၊အမ်ိဳးသမီးေတြမွာဆို ကေလးေမြးရလို႔ေသာ္လည္းေကာင္း စတဲ႔အေၾကာင္းေတြေၾကာင္႔ အားနည္းလာတတ္ပါတယ္။

အဲ႔လိုအားနည္းလာတဲ႔အခါမွာ တင္ပဆံုကြင္းထဲမွာရွိတဲ႔အဂၤါေတြကို ေကာင္းစြာ ဆြဲထိန္းမထားနိုင္ေတာ႔တာေၾကာင္႔ ဆီးအိမ္က်တာ၊အစာအေဟာင္းအိမ္က်တာ၊ဆီးမထိန္းနိုင္တာေတြျဖစ္နိုင္ပါတယ္။

ဒါ႔အျပင္ အမ်ိဳးသမီးေတြမွာဆိုရင္ သားအိမ္က်တာ၊မိန္းမကိုယ္ၾကြက္သားေတြအားေပ်ာ႔တဲ႔အတြက္ လိင္ဆက္ဆံေဖာ္မွာ အိမ္ေထာင္ေရးသုခမရတာ စတဲ႔ဆိုးက်ိဳးေတြပါျဖစ္နိုင္ပါတယ္။

ကီဂ်ယ္ေလ႔က်င္႔ခန္းဆိုတဲ႔ တင္ပဆံုကြင္းၾကြက္သားေလ႔က်င္႔ခန္းလုပ္ျခင္းျဖင္႔ အေၾကာင္းေၾကာင္းေၾကာင္႔ တင္ပဆံုကြင္းၾကြက္သားေတြအားနည္းျပီးျဖစ္တဲ႔ ဒီဆိုးက်ိဳးေတြကို ကာကြယ္နိုင္ပါတယ္။

လုပ္ပံုလုပ္နည္းကလည္း သိပ္မခက္ပါဘူး။

အရင္ဆံုး တင္ပဆံုကြင္းၾကြက္သားကို ခံစားသိဖို႔လိုပါတယ္။အဲ႔လိုခံစားသိဖို႔အတြက္ ဆီးသြားတဲ႔အခါမွာ ဆီးမကုန္ခင္ ဆီးခဏေအာင္႔(ဆီးခဏရပ္)နိုင္ေအာင္ လုပ္ၾကည္႔ပါ။အဲ႔လိုလုပ္ၾကည္႔လို႔ရျပီ (ဆီးမကုန္ခင္ ဆီးခဏရပ္ေအာင္ ဘယ္နားကၾကြက္သားညွစ္တင္ရမလဲဆိုတာကို ခံစားသိျပီ ) ဆိုရင္ ကီဂ်ယ္ေလ႔က်င္႔ခန္းစလုပ္လို႔ရပါျပီ။

ကီဂ်ယ္ေလ႔က်င္႔ခန္းဆိုတာဟာ

ဆီးသြားေနစဥ္ ဆီးခဏရပ္ေအာင္ညွစ္ရတဲ႔ၾကြက္သားကို ဆီးသြားခ်ိန္မဟုတ္တဲ႔ တျခားအခ်ိန္ေတြမွာ ညွစ္လိုက္ေလွ်ာ႔လိုက္လုပ္ျခင္းျဖင္႔ ၾကြက္သားသန္မာေအာင္ေလ႔က်င္႔ေပးတဲ႔ ေလ႔က်င္႔ခန္းျဖစ္ပါတယ္။

စစလုပ္ျခင္းမွာ

လွဲေနရင္းနဲ႔လုပ္ပါ။

ၾကြက္သားကိုတၾကိမ္ညွစ္ရင္ ၂စကၠန္႔ေလာက္ပဲညွစ္ထိန္းပါ။

ျပန္ေလွ်ာ႔ပါ။ျပီးရင္၅စကၠန္႔ေလာက္နားျပီး ေနာက္တၾကိမ္ ျပန္ညွစ္ထိန္းပါ။

ညွစ္တဲ႔အခ်ိန္မွာအသက္ေအာင္႔မထားပါနဲ႔။အသက္ကိုပံုမွန္ရႈဖို႔လိုပါတယ္။၀မ္းဗိုက္ၾကြက္သားကိုပါ ထည္႔မညွစ္မိေအာင္ဂရုစိုက္ပါ။

ဒီလိုညွစ္ထိန္းလိုက္ေလွ်ာ႔လိုက္နဲ႔  ၈ ၾကိမ္ မွ ၁၀ ၾကိမ္ ျပည္႔ေအာင္လုပ္ပါ။

တေန႔ကို မနက္တခါ ေန႔လယ္တခါ ညတခါ စုစုေပါင္း ၃ခါ လုပ္ပါ။တခါတခါလုပ္တိုင္း ညွစ္တာေလွ်ာ႔တာကို ၈ၾကိမ္ မွ ၁၀ၾကိမ္ျပည္႔ေအာင္လုပ္ဖုိ႔လိုပါတယ္။

တျဖည္းျဖည္းနဲ႔ ၾကြက္သားညွစ္ထိန္းတဲ႔အခ်ိန္ကို ၂စကၠန္႔ကေန ၁၀စကၠန္႔ေလာက္ထိညွစ္နိုင္ေအာင္ၾကိဳးစားပါ။

ေလ႔က်င္႔ခန္းလုပ္တာၾကာလာတာနဲ႔အမွ် ကြ်မ္းက်င္လာျပီး ေနာက္ပိုင္းမွာ သပ္သပ္အခ်ိန္ေပးစရာမလိုဘဲ ထိုင္ေနရင္း၊ဖုန္းသံုး၊တီဗီၾကည္႔ေနရင္း၊အလုပ္လုပ္ေနရင္း နဲ႔လည္း လုပ္နိုင္လာပါလိမ္႔မယ္။

အဆံုးသတ္အေနနဲ႔ေျပာရရင္ ကီဂ်ယ္ေလ႔က်င္႔ခန္းဟာ လြယ္ကူရိုးရွင္းတဲ႔ေလ႔က်င္႔ခန္းျဖစ္ေပမယ္႔ ရနိုင္တဲ႔အက်ိဳးေက်းဇူးေတြကေတာ႔ မ်ားျပားၾကီးမားလွပါတယ္။အမ်ိဳးသားေရာ အမ်ိဳးသမီးပါလုပ္လို႔ရတဲ႔ ေလ႔က်င္႔ခန္းျဖစ္ပါတယ္။

ကီဂ်ယ္ေလ႔က်င္႔ခန္းလုပ္ျခင္းျဖင္႔

ဆီးအိမ္က်တာ၊ဆီးမထိန္းနိုင္တာ စတဲ႔ဆီးလမ္းေၾကာင္းဆိုင္ရာျပသာနာေတြ၊အမ်ိဳးသားေတြမွာဆိုရင္ သုတ္လႊတ္ျမန္တဲ႔ျပသာနာေတြ၊

အမ်ိဳးသမီးေတြမွာဆိုရင္ သားအိမ္က်တာ၊အစာေဟာင္းအိမ္က်တာ၊မိန္းမကိုယ္ၾကြက္သားအားနည္းျပီး ဆက္ဆံေဖာ္ကို အိမ္ေထာင္ေရးသုခမေပးနိုင္တာေတြ ကို သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။

Dr 528

Unicode Version

အမျိုးသမီးတွေအတွက် အိမ်ဦးနတ် သဘောကျစေမဲ့ လေ့ကျင့်ခန်း

Kegel’s Exercise(ကီဂျယ်လေ့ကျင့်ခန်း) ဟာ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ လေ့ကျင့်ခန်း တမျိုးဖြစ်ပါတယ်။

ဒါကြောင့်ဒီတပတ်မှာ ကီဂျယ်လေ့ကျင့်ခန်းအကြောင်းသိသလောက်ရေးသားတင်ပြချင်ပါတယ်။

ကီဂျယ်လေ့ကျင့်ခန်းဆိုတာက တင်ပဆုံကွင်းကြွက်သားလေ့ကျင့်ခန်း ဖြစ်ပါတယ်။

ဆီးအိမ်(Bladder)၊အစာဟောင်းအိမ်(Rectum) ၊ဆီးပို့ပြွန်တွေဟာ တင်ပဆုံကွင်းထဲမှာရှိပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေမှာဆိုရင် တင်ပဆုံကွင်းထဲမှာ သားအိမ်၊မိန်းမကိုယ် စတဲ့မျိုးပွားအင်္ဂါတွေလည်းရှိပါတယ်။

ဒီအင်္ဂါအစိတ်အပိုင်းတွေအားလုံးကို တင်ပဆုံကွင်းထဲမှာ မြဲနေအောင် တင်ပဆုံကွင်းကြွက်သားတွေကထိန်းပေးထားပါတယ်။

ဒီတင်ပဆုံကွင်းကြွက်သားတွေဟာ အသက်အရွယ်ကြီးလာလို့သော်လည်းကောင်း၊ခဏခဏခွဲစိတ်ရလို့သော်လည်းကောင်း၊ချောင်းခဏခဏရေရှည်ဆိုးတာမျိုးကြောင့်သော်လည်းကောင်း၊ဝမ်းခဏခဏချုပ်လို့ညှစ်ရလို့သော်လည်းကောင်း၊အမျိုးသမီးတွေမှာဆို ကလေးမွေးရလို့သော်လည်းကောင်း စတဲ့အကြောင်းတွေကြောင့် အားနည်းလာတတ်ပါတယ်။

အဲ့လိုအားနည်းလာတဲ့အခါမှာ တင်ပဆုံကွင်းထဲမှာရှိတဲ့အင်္ဂါတွေကို ကောင်းစွာ ဆွဲထိန်းမထားနိုင်တော့တာကြောင့် ဆီးအိမ်ကျတာ၊အစာအဟောင်းအိမ်ကျတာ၊ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေမှာဆိုရင် သားအိမ်ကျတာ၊မိန်းမကိုယ်ကြွက်သားတွေအားပျော့တဲ့အတွက် လိင်ဆက်ဆံဖော်မှာ အိမ်ထောင်ရေးသုခမရတာ စတဲ့ဆိုးကျိုးတွေပါဖြစ်နိုင်ပါတယ်။

ကီဂျယ်လေ့ကျင့်ခန်းဆိုတဲ့ တင်ပဆုံကွင်းကြွက်သားလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အကြောင်းကြောင်းကြောင့် တင်ပဆုံကွင်းကြွက်သားတွေအားနည်းပြီးဖြစ်တဲ့ ဒီဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။

လုပ်ပုံလုပ်နည်းကလည်း သိပ်မခက်ပါဘူး။

အရင်ဆုံး တင်ပဆုံကွင်းကြွက်သားကို ခံစားသိဖို့လိုပါတယ်။အဲ့လိုခံစားသိဖို့အတွက် ဆီးသွားတဲ့အခါမှာ ဆီးမကုန်ခင် ဆီးခဏအောင့်(ဆီးခဏရပ်)နိုင်အောင် လုပ်ကြည့်ပါ။အဲ့လိုလုပ်ကြည့်လို့ရပြီ (ဆီးမကုန်ခင် ဆီးခဏရပ်အောင် ဘယ်နားကကြွက်သားညှစ်တင်ရမလဲဆိုတာကို ခံစားသိပြီ ) ဆိုရင် ကီဂျယ်လေ့ကျင့်ခန်းစလုပ်လို့ရပါပြီ။

ကီဂျယ်လေ့ကျင့်ခန်းဆိုတာဟာ

ဆီးသွားနေစဉ် ဆီးခဏရပ်အောင်ညှစ်ရတဲ့ကြွက်သားကို ဆီးသွားချိန်မဟုတ်တဲ့ တခြားအချိန်တွေမှာ ညှစ်လိုက်လျှော့လိုက်လုပ်ခြင်းဖြင့် ကြွက်သားသန်မာအောင်လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

စစလုပ်ခြင်းမှာ

လှဲနေရင်းနဲ့လုပ်ပါ။

ကြွက်သားကိုတကြိမ်ညှစ်ရင် ၂စက္ကန့်လောက်ပဲညှစ်ထိန်းပါ။

ပြန်လျှော့ပါ။ပြီးရင်၅စက္ကန့်လောက်နားပြီး နောက်တကြိမ် ပြန်ညှစ်ထိန်းပါ။

ညှစ်တဲ့အချိန်မှာအသက်အောင့်မထားပါနဲ့။အသက်ကိုပုံမှန်ရှုဖို့လိုပါတယ်။ဝမ်းဗိုက်ကြွက်သားကိုပါ ထည့်မညှစ်မိအောင်ဂရုစိုက်ပါ။

ဒီလိုညှစ်ထိန်းလိုက်လျှော့လိုက်နဲ့  ၈ ကြိမ် မှ ၁၀ ကြိမ် ပြည့်အောင်လုပ်ပါ။

တနေ့ကို မနက်တခါ နေ့လယ်တခါ ညတခါ စုစုပေါင်း ၃ခါ လုပ်ပါ။တခါတခါလုပ်တိုင်း ညှစ်တာလျှော့တာကို ၈ကြိမ် မှ ၁၀ကြိမ်ပြည့်အောင်လုပ်ဖို့လိုပါတယ်။

တဖြည်းဖြည်းနဲ့ ကြွက်သားညှစ်ထိန်းတဲ့အချိန်ကို ၂စက္ကန့်ကနေ ၁၀စက္ကန့်လောက်ထိညှစ်နိုင်အောင်ကြိုးစားပါ။

လေ့ကျင့်ခန်းလုပ်တာကြာလာတာနဲ့အမျှ ကျွမ်းကျင်လာပြီး နောက်ပိုင်းမှာ သပ်သပ်အချိန်ပေးစရာမလိုဘဲ ထိုင်နေရင်း၊ဖုန်းသုံး၊တီဗီကြည့်နေရင်း၊အလုပ်လုပ်နေရင်း နဲ့လည်း လုပ်နိုင်လာပါလိမ့်မယ်။

အဆုံးသတ်အနေနဲ့ပြောရရင် ကီဂျယ်လေ့ကျင့်ခန်းဟာ လွယ်ကူရိုးရှင်းတဲ့လေ့ကျင့်ခန်းဖြစ်ပေမယ့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့ များပြားကြီးမားလှပါတယ်။အမျိုးသားရော အမျိုးသမီးပါလုပ်လို့ရတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

ကီဂျယ်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်

ဆီးအိမ်ကျတာ၊ဆီးမထိန်းနိုင်တာ စတဲ့ဆီးလမ်းကြောင်းဆိုင်ရာပြသာနာတွေ၊အမျိုးသားတွေမှာဆိုရင် သုတ်လွှတ်မြန်တဲ့ပြသာနာတွေ၊

အမျိုးသမီးတွေမှာဆိုရင် သားအိမ်ကျတာ၊အစာဟောင်းအိမ်ကျတာ၊မိန်းမကိုယ်ကြွက်သားအားနည်းပြီး ဆက်ဆံဖော်ကို အိမ်ထောင်ရေးသုခမပေးနိုင်တာတွေ ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Dr 528

Previous Post

အစာအိမ်သမားတွေအတွက်  နနွင်း

Next Post

ကလေးနို့ဖြတ်ခြင်းအနုပညာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးနို့ဖြတ်ခြင်းအနုပညာ

အခံရခက်တဲ့ နာတာရှည်အရေပြားရောဂါ(Psoriasis)

ရင်ကွဲနာကျတယ်ဆိုတာ တကယ်ရှိလို့လား (Broken Heart Syndrome)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.