သားအိမ်ခြစ်ပြီး ဘယ်လောက်အကြာမှာ လိင်ဆက်ဆံလို့ရသလဲ
သားအိမ်ခြစ်သည်ဟု ဆိုရာတွင်အမျိုးသမီးများအနေဖြင့်
– ဘာလို့ခြစ်ရသလဲ ?
-ကောင်းကျိုးနှင့်ဆိုးကျိုး?
-ခြစ်ပြီးနောက် ဘယ်လိုနေထိုင်ရသလဲ ?စသည့်အချက်များကို သိချင်ကြပါလိမ့်မယ်။
သားအိမ်ခြစ်ခြင်းဆိုသည်မှာ သားအိမ်ခေါင်းကို ချဲ့ကာ သားအိမ်အတွင်းပိုင်းမကောင်းသောတစ်ရှူးအသားစများကို ခြစ်ထုတ်စုပ်ယူခြင်းကို ဆိုလိုပါတယ်။သားအိမ်ခြစ်ခြင်းသည် အသေးစားခွဲစိတ်မူတစ်ခုဟု ဆိုနိုင်ပါတယ်။သားအိမ်ခြစ်ခြင်းကို အများအားဖြင့်ကုသမူအဖြစ်အသုံးပြုသော်လည်း ရောဂါရှာဖွေမူတွင်လည်းအသုံးပြုလေ့ရှိပါတယ်။
(1) သားအိမ်ခြစ်ခြင်း ပြုလုပ်ရသောအကြောင်းရင်းများမှာ
-မူမမှန်သွေးဆင်းခြင်း သို့မဟုတ် သွေးဆင်းများခြင်း
ရာသီသွေးခဏခဏဆင်ခြင်း။သွေးဆင်းများခြင်း။သွေးဆင်းရက်ကြာခြင်းနှင့် သွေးဆုံးပြီးနောက်ပြန်ဆင်းခြင်း။
-ကင်ဆာမဟုတ်သောသားအိမ်အလုံးတည်ခြင်းကြောင့် နာကိင်ကိုက်ခဲသွေးဆင်းများနေခြင်း
-ကင်ဆာအစောပိုင်းတွင်သွေးဆင်းများခြင်း
-ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်ပျက်ကျရာတွင် သားအိမ်ထဲတွင် အချင်း သို့မဟုတ် တစ်ရှူးအသားစကျန်နေခဲ့မူကြောင့်သွေးဆင်းမူတွင် သားအိမ်ခြစ်ကုသမူမပြုလုပ်လျှင်သွေးဆင်းများက အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။
(2)သားအိမ်ခြစ်ခြင်း မပြုလုပ်သင့်သောအခြေအနေများမှာ -တင်းပါးဆုံအတွင်းပိုးဝင်ခြင်း
-သွေးမတိတ်သောရောဂါရှိသူများနှင့်
-အခြားသောနှလုံးရောဂါ။ပြင်းထန်အဆုတ်ရောဂါရှိသူများတွင် မပြုလုပ်သင့်ပါ။ပြုလုပ်ရမည်ဆိုပါက သေချာအထွေထွေအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။
(3)သားအိမ်ခြစ်ရာတွင် အများအားဖြင့် ရိုးရိုးထုံဆေး။ခါးဆစ်ရိုးထိုးဆေးနှင့် ခဏတာသတိမေ့ဆေးစသည်တို့ကိုအသုံးပြုကာ သားအိမ်ခြစ်ခြင်းပြုလုပ်ပါတယ်။
(4)သားအိမ်ခြစ်ခြင်းတွင် ကြုံတွေ့ရနိုင်သောအချက်များနှင့်နောက်ဆက်တွဲပြသနာများမှာ
-သွေးထွက်များခြင်းသည် ဖြစ်ရန်ခဲယဉ်းသောကြောင့်မတော်တဆ ခြစ်သည့်ကိရိယာသည်သားအိမ်နံရံကိုဒဏ်ရာဖြစ်ခဲ့လျှင်သွေးထွက်များခြင်း
-သေချာပိုးသတ်ထားသောကိရိယာများကိုအသုံးမပြုလျှင်ပိုးကူးစက်ခံရခြင်း
-သားအိမ်ပေါက်ခြင်းသည် ဖြစ်ရန်ခဲယဉ်းသော်လည်း ပိုးကူးစက်ခံရသောသားအိမ်သည် ကိရိယာနှင့်ထိုးမိလျှင်အလွယ်တကူပေါက်သွားနိုင်ခြင်းစသည့်အချက်များပင်ဖြစ်ပါတယ်။
(5)သားအိမ်ခြစ်ပြီးနောက်ခံစားရသောဝေဒနာများ
သားအိမ်ခြစ်ပြီးနောက် အလျင်အမြန်နာလန်ပြန်ထူနိုင်သောအခြေအနေကို ရက်တိုတိုအတွင်းရောက်ရှိပါတယ်။
-သားအိမ်ခြစ်ပြီးနောက် ရာသီလာသကဲ့သို့ ကိုက်ခဲနာကျင်တတ်ပါတယ်။အချို့က နာရီပိုင်းအတွင်းပျောက်သကဲ့သို့အချို့က ရက်အနည်းငယ်ကြာတတ်ပါတယ်။
-သားအိမ်ခြစ်ပြီးနောက် ရက်အတန်ကြာသည်အထိ သွေးအနည်းငယ်ပြန်ဆင်းတတ်ပါတယ်။
-သားအိမ်ခြစ်သည့်အခြေအနေပေါ်မူတည်ရျ် ဆေးရုံတွင်အနားယူရနိုင်သလိူ အိမ်ပြန်အနားယူနိုင်ပါတယ်။
-သားအိမ်ခြစ်ပြီးသည့်နောက် ကိုယ်အပူချိန် ၁၀၀ကျော်ခြင်း။ပြင်းထန်စွာကိုက်ခဲနာကျင်ခြင်း။သွေးဆင်းများခြင်း နှင့် အနံဆိုးထွက်ခြင်းစသည့်အခြေအနေများ ခံစားဖြစ်ပေါ်လာပါက ဆေးရုံသို့အလျင်အမြန်ပြန်လည်ပြသကုသမူခံယူသင့်ပါတယ်။
(6)သားအိမ်ခြစ်ပြီးနောက်လိုက်နာသင့်သော အချက်များမှာ
-လိင်ဆက်ဆံခြင်းကို နှစ်ပတ်ခန့်ရှောင်ပါ။အဘယ်ကြောင့်ဆိုသော် ကျယ်နေသောသားအိမ်ခေါင်းသည် ပိုးကူးစက်ဝင်လွယ်သောကြောင့် မူလအရွယ်ပြန်ရောက်ရန်ဖြစ်ပါတယ်။
-သွေးဆင်းလျှင် ဂွမ်းဖတ်ခံပါ။တန်ပူမသုံးရပါ။
-အပူအစပ်အလွန်အကျွံစားခြင်းမှအပ အစာအထွေအထူးမရှောင်ရပါ။
-နောက်ထပ်ကိုယ်ဝန်ဆောင်ရန် ၆လခန့်အချိန်ယူပါ။ထို့ထက်စောစီးစွာယူလိုပါက သားဖွားမီးယပ်အထူးကုနှင့်တိုင်ပင်ပါ။
Dr.Kyaw