အမျိုးသမီးများအနေနဲ့ သက်၃၅နှစ်ကျော်လာတာနဲ့ မျိုးပွားနိုင်တဲ့အခြေအနေ၊ ကိုယ်ဝန်ဆောင်နိုင်သောအခြေအနေ နည်းပါးလာပြီး ကိုယ်ဝန်ဆောင်ရန်ခက်ခဲလာနိုင်ပါတယ်။ ဒါ့ပြင် မိခင်ရောကလေးပါ ကျန်းမာကောင်းမွန်မူသည် စိတ်မချရတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။
အသက် ၂၀ နဲ့ ၃၅ ကြားဖြစ်နေခဲ့လျှင် ကလေးမွေးရန် အသင့်တော်ဆုံးအရွယ်ရောက်နေပါပြီ။ လေ့လာချက်များအရ အသက်၃၅နှစ်ကျော်မှ ကလေးမွေးဖွားလျှင် ကျန်းမာရေးဆိုးကျိုးများကြုံတွေ့လာနိုင်တယ်လို့ တွေ့ရှိရပါတယ်။
အမျိုးသမီးအများစုဟာ မိသားစုပြီးပြည့်စုံမူရှိမှသာ ကလေးမွေးဖွားရန်စိတ်ကူးကြပြီး အသက်၃၀ကျော်ထိ စောင့်စားကြပါတယ်။ငွေကြေးအခြေအနေနဲ့ အိမ်ပိုင်ဆိုင်မှုအထိ ရည်မှန်းထားသောကြောင့်နောက်ကျတတ်ပါတယ်။
ယနေ့ခေတ်လို အမျိုးသမီးတွေ အမျိုးသားတွေနဲ့တန်းတူလုပ်ကိုင်မူစွမ်းရည်ရှိလာသောအခါ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုရန်နောက်ကျသောကြောင့် ကလေးမွေးဖွားတဲ့အသက်အရွယ်လည်းနေုာက်ကျတတ်ပါတယ်။ မိသားစုရည်မှန်းချက်ထားရှိတတ်သောကြောင့် စောစီးစွာကလေးမွေးဖွားရန် တွန့်ဆုတ်နေတတ်ပါတယ်။ ဒါကြောင့် အသက်၃၅နှစ်ကျော်မှကိုယ်ဝန်ဆောင်သူအရေအတွက်များပြားလာပါတယ်။
အမျိုးသမီးများအနေနဲ့ သက်၃၅နှစ်ကျော်လာတာနဲ့ မျိုးပွားနိုင်တဲ့အခြေအနေ၊ ကိုယ်ဝန်ဆောင်နိုင်သောအခြေအနေ နည်းပါးလာပြီး ကိုယ်ဝန်ဆောင်ရန်ခက်ခဲလာနိုင်ပါတယ်။ ဒါ့ပြင် မိခင်ရောကလေးပါ ကျန်းမာကောင်းမွန်မူသည် စိတ်မချရသောအခြေအနေဖြစ်လာနိုင်ပါတယ်။
အသက်ကြီးမှကိုယ်ဝန်ဆောင်သောကြောင့် မိမိခင်ပွန်းသည်ရဲ့သုက်ပိုးအခြေအနေဟာလည်း အကောင်းဆုံးအနေအထားမဟုတ်ပါဘူး။ အသက်ကြီးတဲ့ဖခင်ကနေမွေးတဲ့ကလေးဟာလည်း မွေးရာပါ မျိုးရိုးဗီဇရောဂါများပါလာနိုင်ပါတယ်။
အများစုက အသက်ငယ်ရွယ်သူများကိုယ်ဝန်ဆောင်လျှင်ကြုံတွေ့နိုင်သောရောဂါများသာအာရုံစိုက်တတ်ကြပြီး သက်လတ်ပိုင်းကိုယ်ဝန်ဆောင်သူများကို သတိမထားမိကြပါ။
အသက် ၃၅နှစ်အထက် ကိုယ်ဝန်ဆောင်သည်များအနေဖြင့်ကြုံတွေ့နိုင်သောအခက်အခဲများမှာ
(၁) မွေးရာပါချို့ယွင်းချက်ရှိသောကလေးမွေးခြင်း
အသက်ကြီးမှကိုယ်ဝန်ဆောင်လျှင် ဗီဇချို့ယွင်းခြင်းကြောင့် Down Syndrome ကလေးမွေးဖွားမူနှုန်းမြင့်တက်နိုင်ပါတယ်။အသက်၃၅နှစ်ကျော်လျှင် ၄၀၀တွင်၁ယောက်နူန်းဖြစ်နိုင်ပါတယ်။
(၂)ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်ဆောင်ကာလပထမ ၁၃ ပတ်အတွင် းကိုယ်ဝန်ပျက်ကျမူအများဆုံးဖြစ်နိုင်ပါတယ်။
(၃)သွေးပေါင်တက်ခြင်းနှင့်ဆီးချိုတက်ခြင်း
အသက်ကြီးမှကိုယ်ဝန်ဆောင်ခြင်းဟာ သွေးတိုး၊ ဆီးချိုဖြစ်နိုင်ပြီး အကျိုးဆက်အနေနဲ့ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးကြီးထွားမူပြဿနာတွေနဲ့ မွေးဖွားစဉ်အခက်အခဲတွေ ရင်ဆိုင်ရနိုင်ပါတယ်။
(၄)အချင်းရှေ့ရောက်ခြင်း
အချင်းအနေအထားမမှန်ခြင်းကြောင့် မွေးဖွားစဉ်သွေးသွန်ခြင်းနှင့်လမစေ့ဘဲကလေးမွေးခြင်းစသည်တို့ဖြစ်နိုင်ပါတယ်။
(၅)လမစေ့ခြင်းနဲ့ ပေါင်မပြည့်တဲ့ကလေးမွေးခြင်း
အသက်ကြီးမှကိုယ်ဝန်ဆောင်လျှင် ၃၇ပတ်မတိုင်ခင်ကလေးမွေးခြင်းနဲ့ ၅ပေါင်၅အောင်စအောက်ပေါင်မပြည့်ဘဲမွေးခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အသက်၃၅နှစ်ကျော်မှကိုယ်ဝန်ဆောင်လျှင်
-ကိုယ်ဝန်မယူခင်ကပင် ကျန်းမာစွာနေထိုင်ပါ။
-ကိုယ်ဝန်စောစောအပ်ပါ။
-ကိုယ်ဝန်ဆောင်အားဆေးသောက်ပါ။
-ကျန်းမာသောအစားအစာများ စားပါ။
-အဝလွန်ခြင်းနဲ့ ပေါင်မပြည့်ခြင်းမဖြစ်ရအောင်ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းလုပ်ပါ။
-ကောင်းမွန်စွာအနားယူပါ။
Author: Dr. ပြည့်ရှင်း