အလွန်ခံရခက်သော နို့ချောင်းပိတ်ဝေဒနာ
မိခင်များအနေဖြင့် မိမိရင်သွေးငယ် မွေးဖွားပြီးသည်နှင့်စိတ်လူပ်ရှားရင်ခုန်မူအပြည့်ခံစားနေရတတ်ပါတယ်။မိမိဘဝလည်း မိခင်အဖြစ်တမျိုးတမည်စတင်ပြောင်းလဲမူကိုကြုံတွေ့ရပါတယ်။ကလေးအတွက် မိခင်ဝမ်းမှကျွတ်သည်နှင့်လိုအပ်သောအာဟာရရရှိစေရန် မိခင်နို့တိုက်ကျွေးခြင်းဖြင့် ဘဝကိုစတင်ရပါတယ်။ထိုအခါ အများအားဖြင့်ဖြစ်လေ့ရှိသော နို့ချောင်းပိတ်ဝေဒနာကို မခံစားရအောင် မည်သို့ကာကွယ်ရမည်ကိုသိရှိရန်လိုအပ်ပါတယ်။
(1)နို့ချောင်းမပိတ်အောင်ကာကွယ်ရန်
နို့တိုက်မိခင်များသည် နို့ချောင်းပိတ်ကာ ပိုးဝင်ရျ် နို့အုံတစ်ခုလုံးရောင်ရမ်းမူရောဂါသည် အလွန်ခံရဆိုးသောဝေဒနာဆိုးတစ်ခုဖြစ်ပါတယ်။နို့ချောင်းပိတ်ခြင်းကာကွယ်ရန်
-အတွင်းခံဘော်လီကြပ်ကြပ်ဝတ်ခြင်းရှောင်ကျဉ်ပါ။
-အင်္ကျီအဝတ်အစားကြပ်ကြပ်ဝတ်ခြင်းရှောင်ကျဉ်ပါ။
-တဘက်တည်းစောင်းအိပ်ခြင်း ရှောင်ကျဉ်ပါ။
-ကလေးငယ်ကို အချိန်မှန်နို့တိုက်ပါ။နို့နှစ်ဘက် မျှတိုက်ပါ။
-ကလေးငယ်ကိုအချ်န်မှန်နို့မတိုက်မိလျှင် နို့ကိုညှစ်ထုတ်ပါ။
-နို့တိုက်နည်း မှန်ကန်စွာဖြင့် ကလေးနို့တိုက်ပါ။
(2)သတိပြုဖွယ် လက္ခဏာများ
နို့အုံရောင်ရမ်းကိုက်ခဲမူ ဖြစ်လာစေနိုင်သောလက္ခဏာများမှာ
-နို့သီးခေါင်း တင်းသောဝေဒနာခံစားရခြင်း
-နို့သီးခေါင်းတဝိုက် နီရဲနာကျင်သောလက္ခဏာများခံစားရခြင်း
-နို့ချောင်းပိတ်သောအနေဖြင့် နီသောသွေးကြောပေါ်ခြင်း
-နို့အုံကိုအထိမခံနိုင်အောင်နာကျင်ကိုက်ခဲခြင်း
-အလုံးအကျိတ်စမ်းမိခြင်း
-မိခင်သည် ဖျားခြင်း။ကိုက်ခဲခြင်း။ချမ်းတုန်ခြင်း စသည်တို့ဖြစ်ပါတယ်။
(3)နို့ချောင်းပိတ်ပြီး နို့အုံရောင်ခြင်းသက်သာစေသော နည်းလမ်းများမှာ
-အနားယူပြီး နို့တိုက်ပါ
နို့ချောင်းပိတ်ဝေဒနာခံစားရပါက ဦးစွာအနားယူပါ။ထို့နောက်အိပ်ရာပေါ်တွင် အနားယူလျက် မိမိရင်သွေးငယ်အားနို့တိုက်ပါ။ကလေးရဲ့စုပ်အားကြောင့် နို့ချောင်းပိတ်ခြင်းသက်သာလာစေနိုင်ပါတယ်။
-အပူနှင့်အအေး
နာကျင်မူသက်သာစေရန် အပူနှင့်အအေးနှစ်မျိုးလုံးသုံးပါ။နို့ချောင်းပိတ်ရျ် နာကျင်ကိုက်ခဲနေသော နို့အုံကို ရေနွေးအိတ်ဖြင့် ၁၅ မိနစ်မှ ၃၀မိနစ် ကပ်ထားပါ။ထို့နောက် နည်းမှန်လမ်းမှန် နို့ကိုညှစ်ထုတ်ပါ။ညှစ်ထုတ်ပြီးနောက် ရောင်ရမ်းမူသက်သာစေရန် ရေခဲကပ်ပါ။ထို့နောက် ရေနွေးစိမ်ရေချိုးပါ။
-နှိပ်နယ်ခြင်း
နို့ချောင်းပိတ်ခြင်း သက်သာစေရန် ရင်သားကိုစက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ထို့အခါ နို့ချောင်းပိတ်ခြင်းပွင့်လာရန် အထောက်အကူများစွာရရှိစေပါတယ်။
-ရေများများသောက်ပါ
နို့အုံရောင်ရမ်းမူကို ပျောက်စေရန် ရေများများသောက်ပါ။ရေသောက်ခြင်းဖြင့် နို့ထွက်များကာပိုးကူးစက်မူသက်သာစေနိုင်ပါတယ်။
-ကြက်သွန်ဖြူအစွမ်း
ကြက်သွန်ဖြူသည် ရောဂါပိုးကိုတ်ုက်ထုတ်နိုင်စွမ်းရှိပါတယ်။ကြက်သွန်ဖြူအနည်းငယ် ထောင်းသောက်ပါ။
-ဗီတာမင်စီ
ကိုယ်ခံအားကောင်းပြီး ပိုးကူးစက်မူသက်သာစေရန် ဗီတာမင်စီကိုနေ့စဉ်သောက်ပါ။
-အာဟာရပြည့်စုံစွာစားပါ
မိခင်သည် ကိုယ်ခံအားကောင်းစေရန် အစာရှောင်ခြင်းမပြုလုပ်ဘဲ အာဟာရမျှတစွာစားသုံးပါ။
-အကိုက်အခဲပျောက်ဆေး
နာကျင်မူသက်သာစေရန် အိမ်သုံးအကိုက်အခဲပျောက်ဆေး ဥပမာ ပါရာစီတမောသောက်သုံးပါ။လိုအပ်ပါက နီးစပ်ရာ ဆရာဝန်နှင့်အမြန်ဆုံးကုသမူခံယူပါ။
Dr.ပြည့်ရှင်း