fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ


271
VIEWS
05/10/2018
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဘောလုံးကန်ရင်းနဲ့ ဘာကြောင့် သေနိုင်လဲ

ရုပ်ရှင်သရုပ်ဆောင်မင်းသွေးတစ်ယောက် ဘောလုံးကန်ရင်းက ခဏနားပြီး ရေသောက်တဲ့အချိန်မှာ လဲကျသွားခဲ့ပြီး ဆေးရုံကိုပို့ခဲ့ပေမဲ့ အသက်ဆုံးရှုံးသွားခဲ့တာ အားလုံးသိပြီး ဖြစ်ကြမှာပါ။ထူးခြားတာတစ်ခုက မင်းသွေးရဲ့ ဖြစ်စဉ်နဲ့ တစ်ရက်ထဲမှာပဲ မြစ်ကြီးနားမှာ ဘောလုံးသမားလေးနှစ်ဦး ဘောကန်တာကနေပဲ ဆေးရုံမှာတစ်ယောက် လမ်းမှာတစ်ယောက် သေဆုံးခဲ့သေးတာပါပဲ။ပွဲစဉ်တွေတော့ မတူဘူးလို့ သိရပါတယ်။မင်းသွေးလို celebrity တစ်ယောက်အပါအဝင် လူသုံးယောက် တစ်ရက်ထဲမှာ ဘောလုံးကန်ရင်း အသက်ဆုံးရှုံးခဲ့တာကြောင့် ဒီကိစ္စဟာ လူစိတ်ဝင်စားမှုအတော်မြင့်တက်ခဲ့ပါတယ်။

စာရေးသူအတွက် ဒီကိစ္စဟာ ၂၀၀၃ ခုနှစ်တုန်းက ပြင်သစ်မှာလုပ်ခဲ့တဲ့ တိုက်ကြီးများဖလားအကြိုဗိုလ်လုပွဲစဉ်မှာ ကွင်းအတွင်းရုတ်တရက် လဲကျပြီးသေဆုံးသွားခဲ့ရတဲ့ ကင်မရွန်းဘောလုံးအသင်းကွင်းလယ်လူ ဗီဗီယန်ဖိုးရဲ့ ဝမ်းနည်းဖွယ်အဖြစ်ဆိုးကို ပြန်ပြောင်းသတိရစေပါတယ်။အဲဒီအချိန်က ဗီဗီယန်ဖိုးရဲ့ အသက်ဟာ ၂၈ နှစ်အရွယ်သာ ရှိသေးတာမို့ ဘောလုံးသမားတစ်ယောက်ရဲ့ အကောင်းဆုံးအချိန်ကို ရောက်ရှိနေခဲ့တာပါ။ဒါကြောင့် သူ့ရဲ့အဖြစ်ဆိုးဟာ ကြေကွဲစရာဖြစ်ခဲ့သလို  အားကစားလောကအတွက် ခေါင်းလောင်းထိုးသံတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးစေတဲ့အကြောင်းအရင်းတွေထဲက လူသိအများဆုံးတစ်ခုကတော့ နှလုံးသွေးကြောပိတ်ခြင်းပါ။နှလုံးသွေးကြောလေးတွေ ပိတ်နေတဲ့အခါ နှလုံးကြွက်သားတွေဆီ လုံလောက်တဲ့ သွေးနဲ့ အောက်ဆီဂျင် မရောက်ရှိနိုင်တော့ပါဘူး။ဒါကြောင့် နှလုံးကြွက်သားတွေ တဖြည်းဖြည်း ပုပ်လာပြီး နောက်ဆုံးလုံးဝ အလုပ်မလုပ်တော့တဲ့အဆင့်ကို ရောက်ရှိသွားတဲ့အခါ နှလုံးခုန်ရပ်ပြီး ရုတ်တရက်သေဆုံးတတ်ပါတယ်။ဒါကို heart attack ဒါမှမဟုတ် myocardial infarction လို့ ခေါ်ပါတယ်။ဒီလိုဖြစ်နိုင်တဲ့အခြေအနေကို ECG,ECHO နဲ့ သွေးစစ်တာတွေကနေတဆင့် ကြိုတင်သိနိုင်သလို လူငယ်တွေမှာလည်း အလွန်ဖြစ်ခဲလှပါတယ်။အထူးသဖြင့် မင်းသွေးတို့ ဗီဗီယန်ဖိုးတို့လို ကျန်းကျန်းမာမာကြံ့ကြံ့ခိုင်ခိုင် အားကစားနဲ့မပြတ်တဲ့ လူငယ်တွေမှာ ဖြစ်နိုင်ချေ ပိုပြီးနည်းပါးပါတယ်။

သူတို့လို ငယ်ရွယ်ဖျတ်လတ်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေ အားကစားသမားတွေ ခုလို ရုတ်တရက်နှလုံးခုန်ရပ်သွားတာကိုတော့ Sudden cardiac arrest လို့ ခေါ်ပါတယ်။ဒီလို သေဆုံးတဲ့သူတွေကို ရင်ခွဲစစ်ဆေးတဲ့အခါ အများစုရဲ့ နှလုံးသွေးကြောတွေဟာ ဘာပြဿနာမှမတွေ့ရပဲ အကောင်းအတိုင်းပဲ ရှိနေတာကို တွေ့ရတတ်ပါတယ်။ခုလို သေဆုံးမှုအများစုဟာ စောစောပိုင်းမှာလည်း ဘာလက္ခဏာဆို ဘာလက္ခဏာမှ မပြတတ်ကြပါဘူး။မူးဝေထိုင်းမှိုင်းလာတာတွေ မိုက်ခနဲ မိုက်ခနဲဖြစ်သွားတတ်တာတွေ နှလုံးခုန်အရမ်းမြန်လာတာတွေအစရှိတဲ့ လက္ခဏာတွေဟာ လဲကျမသေဆုံးခင် စက္ကန့်ပိုင်းအလိုလောက်မှသာ ခံစားရတတ်ပါတယ်။မရှိမဖြစ်လိုအပ်တဲ့နေရာတွေကို သွေးရောက်အောင် နှလုံးကနေမပို့ပေးနိုင်တော့တာကြောင့် အချိန်မှီမှီ လုံလောက်တဲ့ကုသမှု မခံယူနိုင်ရင်  လျင်မြန်စွာပဲ သေဆုံးသွားနိုင်ပါတယ်။

ဒီလို ငယ်ငယ်ရွယ်ရွယ်သန်သန်မာမာတွေ အားကစားသမားတွေ ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးစေနိုင်တဲ့ အကြောင်းတချို့တော့ရှိပါတယ်။အဲ့ထဲကမှ ဒီလိုသေတဲ့လူတွေကို  ရင်ခွဲကြည့်တဲ့အခါ တချို့မှာ  Hypertrophic Cardiomyopathy လို့ခေါ်တဲ့ နှလုံးကြွက်သားထူနေတဲ့အခြေအနေတစ်ခု ရှိနေတာကို တွေ့ရပါတယ်။အဲ့ရောဂါဟာ စောစောကပြောခဲ့တဲ့ ကင်မရွန်းဘောလုံးသမား ဗီဗီယန်ဖိုးကို အသက်၂၈ အရွယ်မှာ ကွင်းထဲလဲကျသေဆုံးစေခဲ့တဲ့ တရားခံပါပဲ။ဒါပေမဲ့ ရင်ခွဲစစ်ဆေးမှုအတော်များများမှာတော့ နှလုံးဟာ ပုံမှန်အတိုင်းကောင်းမွန်နေတာတွေ့ရတတ်ပါတယ်။ဒီအခြေအနေကိုတော့ Autopsy negative unexplained deaths တွေအဖြစ် သတ်မှတ်ပါတယ်။အဖြေလည်းမတွေ့ ရှင်းပြလို့လည်းမရတဲ့ သေဆုံးမှုလို့ ဘာသာပြန်နိုင်ပါတယ်။ကိုယ့်ဆွေမျိုးသားချင်း ငယ်ငယ်ရွယ်ရွယ် သန်တုန်းမြန်တုန်းလူတစ်ယောက်ကို ခုလို ဘာဖြစ်လို့ဖြစ်မှန်း ရေရာသေချာမသိရပဲ စွန့်လွှတ်လိုက်ရတာဟာ ကျန်ရစ်သူမိသားစုဘက်ကတွေးကြည့်ရင် အတော်လေး လက်ခံဖို့ခက်တဲ့ကိစ္စတစ်ခုပါပဲ။ကိုယ်ချင်းစာကြည့်ကြနိုင်ပါတယ်။

အရမ်းရှားပေမဲ့ ရုတ်တရက်နှလုံးခုန်ရပ်စေတဲ့ အကြောင်းတချို့ ရှိပါသေးတယ်။မွေးရာပါနှလုံးသွေးကြောပုံမှန်မဖြစ်တဲ့အခြေအနေမျိုးမှာဆိုရင် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တဲ့အခါ နှလုံးသွေးကြောလေးတွေ ပြားသွားတတ်ပါတယ်။ဒီအခါ နှလုံးဆီသွေးမရောက်တော့ပဲ နှလုံးခုန်ရပ်သွားနိုင်ပါတယ်။နောက်တခုကတော့ မျိုးရိုးလိုက်တတ်တဲ့ Long QT Syndrome ဆိုတာပါ။သူကတော့ နှလုံးခုန်နှုန်းမမှန်တာ အရမ်းကိုမြန်နေတာတွေ ဖြစ်စေပြီး ရုတ်တရက်သတိလစ်ကာ နှလုံးခုန်ရပ်သွားစေတတ်ပါတယ်။ဒီအခြေအနေကိုတော့ ECG ရိုက်တဲ့အခါ သတိထားမိနိုင်ပါတယ်။

မှုခင်းဆေးပညာရှင်တွေရဲ့အဆိုအရ ရုတ်တရက်နှလုံးခုန်ရပ်သေဆုံးမှုကို Unexpected Death လို့ဆိုပါတယ်။မျက်မြင်သက်သေတွေရှိတဲ့အခါမျိုးမှာ ဖြစ်စဉ်အစကနေ တစ်နာရီအတွင်းသေဆုံးသွားတာကို ဆိုလိုတာဖြစ်ပြီး  မျက်မြင်သက်သေမရှိတဲ့အခါမျိုးမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းအကောင်းပကတိမြင်ခဲ့ရာကနေ ခုလိုသေတာကို ဆိုလိုပါတယ်။

ရုတ်တရက်နှလုံးခုန်ရပ်ပြီးသေဆုံးမှုအများစုဟာ အားကစားသမားတွေမှာ ဖြစ်ပွားလေ့ရှိတာကို တွေ့ရပါတယ်။ယောကျာ်းလေးတွေမှာ ပိုမိုတွေ့ရှိရတတ်ပါတယ်။ကမ္ဘာပေါ်မှာ တစ်နှစ်ကို အားကစားသမားအယောက် ၅သောင်းမှာ တစ်ယောက်ဟာ ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးနေတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။မြန်မာပြည်မှာ အခုဖြစ်သွားတဲ့ ဘောလုံးကန်တာကနေ တစ်ရက်ထဲသုံးယောက်သေဆုံးတာဟာလည်း ထူးခြားမှုတစ်ခုလို့ ပြောလို့ရပါတယ်။

နောင်တချိန်  ဖြစ်ရင်လည်းဖြစ်မယ်  ဖြစ်ချင်မှလည်းဖြစ်မဲ့ နှလုံးကြွက်သားပြဿနာကို ကြံ့ခိုင်မှုအပြည့်နဲ့ကျန်းမာနေတဲ့အားကစားသမားတွေမှာ စစ်ဆေးဖို့ဆိုတာ စရိတ်စကလည်း ထောင်းလှတာမို့ အင်္ဂလန်လို နိုင်ငံမျိုးမှာတောင် National Policy နဲ့ မလုပ်နိုင်သေးပါဘူး။ကျနော်တို့ မြန်မာပြည်လို အဘက်ဘက်က နိမ့်ကျနေတဲ့တိုင်းပြည်တခုမှာတော့ အခုလိုတိုင်းသိပြည်သိ cele တစ်ယောက် ရုတ်တရက်နှလုံးခုန်ရပ်သေဆုံးတာကနေ ဒီကိစ္စအပေါ် လူထုသတိပြုမိလာအောင် awareness ရလာအောင် အရင်လုပ်ဆောင်သင့်ပါတယ်။သာမန်လူတွေကြားထဲမှာ အရေးပေါ်အသက်ကယ်ဆယ်နည်း CPR ကို ဒီ့ထက်ပိုပြီး တွင်တွင်ကျယ်ကျယ် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။နောက်များမှာတော့ အားကစားကွင်းတွေ Gym တွေ နဲ့ Public areas တွေမှာ ရုတ်တရက်နှလုံးရပ်ခဲ့ရင် Shock ရိုက်ပြီး ပြန်နှိုးနိုင်တဲ့ တခါသုံး Automated Defibs စက်လေးတွေ ထားနိုင်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

လေ့ကျင့်ခန်းမပြတ်လုပ်နေတဲ့ အားကစားသမားတွေမှာ ဒီလိုဖြစ်တတ်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ရင် နှလုံးကြွက်သားတွေ ထူလာမယ်လို့တော့ ယူဆလို့ မဖြစ်ပါဘူး။ဒီလို ဆက်စပ်မှုရှိတယ်လို့လည်း လောက်လောက်လားလား သက်သေပြထားတာမျိုး မရှိသေးပါဘူး။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့်  ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေရှိတာမို့ လေ့ကျင့်ခန်းလုပ်ကြဖို့ပဲ အကြံပေးလိုပါတယ်။တကယ်တော့   ငယ်ရွယ်သန်မာတဲ့လူငယ်တွေ ရုတ်တရက်နှလုံးရပ်သေဆုံးခြင်းဟာ ပြောခဲ့တဲ့အတိုင်းပဲ အနည်းငယ်မျက်လှည့်ဆန်နေဆဲမို့ ဒီလိုဖြစ်ရပ်တွေဟာ ထပ်ဖြစ်နေနိုင်သေးပါတယ်။ဒီထဲမှာမှ မင်းသွေးတို့ ဗီဗီယန်ဖိုးတို့ မြစ်ကြီးနားကဘောသမားလေးနှစ်ယောက်တို့ဟာ ကံကြမ္မာရဲ့ရက်စက်စွာ မျက်လှည့်ပြခြင်းကို ခံခဲ့ရသူတွေမို့ မိသားစုတွေနဲ့ထပ်တူ ကိုယ်ချင်းစာဝမ်းနည်းမိကြောင်း ပြောကြားလိုက်ရပါတယ်။

Dr.Kaung

Previous Post

ညဂျူတီဆင်းရတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများ           

Next Post

သေရာပါနိုင်တဲ့ အမာရွတ်များ (Keloids)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
602

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သေရာပါနိုင်တဲ့ အမာရွတ်များ (Keloids)

" ကိုယ်ဝန်အစောပိုင်း ( ပထမ ၃လ ) လက္ခဏာများ "

အနာပဆုပ်ကို ဘယ်လိုအခြေအနေမှာ အချိန်မဆွဲဘဲ ဆေးခန်းပြသင့်သလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.