နို့တိုက်မိခင်တွေ ကော်ဖီသောက်လို့ ရလား
မနက်ပိုင်းကော်ဖီတစ်ခွက်သောက်ခြင်းဟာ “အိပ်စက်ခြင်းနာရီ” ကို ချို့တဲ့စေတယ်။ ကော်ဖီက ကလေးအပေါ် သက်ရောက်မှုရှိမှာ စိုးရိမ်ကြပါတယ်။ ကော်ဖီကို နို့တိုက်မိခင်တွေ အလွန်အကျွံမသောက်ရင် ထိခိုက်မှုမရှိပါဘူး။ နို့တိုက်မိခင်တွေအတွက် ကော်ဖီသောက်ခြင်းရဲ့ အကျိုးအပြစ်နဲ့ ကဖင်းဓာတ်ရဲ့ အခြားအရင်းအမြစ်တွေကို ဖော်ပြလိုက်ပါတယ်။ လူတွေက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကော်ဖီမသောက်ရန် (သို့) လျော့သောက်ရန် အကြံပြုတတ်သည်။ ကော်ဖီတွင်ပါဝင်သည့် ‘ကဖင်း’ ဓာတ်သည် ချက်ကြိုးမှတဆင့် မိခင်နို့ ၊ မိခင်နို့မှတဆင့် ရင်သွေးဆီရောက်သွားနိုင်ပါတယ်။
မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ အားအလွန်ကုန်ပြီး အစောပိုင်းမွေးကာစတွင် ကလေး ပုံမှန် မအိပ်တတ်သေးသောကြောင့် အကြိမ်များများ နိုးနေတတ်လို့ ညဘက်အိပ်ရေးပျက်ရပါတယ်။ ဒေါက်တာသောမတ်စ်ဟေလာ (Dr. Thomas Hele) “ဆေးဝါးနှင့် မိခင်နို့” အကြောင်း ရေးသားရာမှ “ကဖိန်း” ဓာတ်က အပြစ်(ပြစ်ချက်) နည်းတယ်လို့ ဆိုပါသည်။ မိခင်သောက်တဲ့ကော်ဖီရဲ့(၁ရာခိုင်နှုန်း)သာနို့မှတဆင့်ရင်သွေးထံရောက်သွားတတ်ပြီးရင်သွေးကိုဘေးဥပါဒ်မဖြစ်စေ နိုင်ဘူးဟူ၍ ဆိုထားပါသည်။ ဒါပေမဲ့ မိခင်နို့တိုက်ကျွေးသူ မိခင်များအနေဖြင့်တစ်နေ့တွင် ကော်ဖီ (၃၀၀) မီလီဂရမ်ထက် ပိုမသောက်သင့်ဘူးလို့ “ရောဂါထိန်းချုပ်ရေး ၊ ကြိုတင်ကာကွယ်ရေး ဗဟို (CDC) ကဆိုပါသည်။ တစ်နေ့ ကော်ဖီ (၂-၃) ခွက်ထက် ပိုမသောက်ရဘူးလို့ ဆိုပါသည်။
ကော်ဖီရဲ့ အကျိုး ၊ အပြစ်တွေလဲ ရှိပါသည်။ ၂၀၁၂ ခုနှစ် ဘရာဇီးလ် နိုင်ငံက ကလေး ၈၈၅ ယောက် လေ့လာခဲ့ရာ ကော်ဖီပိုသောက်တဲ့ မိခင်တွေဟာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်နိုင်ခြင်း ၊ မအိပ်နိုင်ခြင်း ဖြစ်စေတယ်လို့ဆိုပါသည်။ တစ်ချို့က ကော်ဖီသောက်ခွင့်ကို မိသားစုဆရာဝန်များနှင့် တိုင်ပင်သင့်သည်ဟု ဆိုပါသည်။ အကျိုးရလဒ်ကတော့ မိခင်နို့ပိုထွက်ပါသည်။ မိခင်နို့ရည်ကတစ်ဆင့် ‘ကဖင်း’ ဓာတ် အကြွင်းအကျန်ကို ရင်သွေးက ရရှိနေမှာပဲ ဖြစ်ပါတယ်။ အခြားရနိုင်သည့် နည်းလမ်းက အားဖြည့် (ကဖင်းပါ) အချိုရည်များ ၊ အမည်း ၊ အစိမ်း နှင့် အဖြူ လက်ဖက်ရည်များ ၊ ကိုကာကိုလာဖျော်ရည်များ ၊ ချောကလက်များတို့ ဖြစ်သည်။ အကယ်၍ မိခင်က ကော်ဖီကြိုက်သည့်သူ ဖြစ်ပါက ကလေးမထိခိုက်လောက်သည့် ပမာဏ {နေ့စဉ် ကော်ဖီ (၂-၃)ခွက် ကော်ဖီ (၃၀၀) မီလီဂရမ်ထက်ပိုပြီး မသောက်ဖို့ ဆုံးဖြတ်ထားရမှာဖြစ်ပါတယ်။
Dr. Lynn