fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ရာသီသွေးကပြောတဲ့ ကျန်းမာရေး

2.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/11/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

မိန်းကလေးတွေ အရွယ်ရောက်လာပြီဆို ရှောင်လွှဲလို့မရတာက ဓမ္မတာလာခြင်းပါပဲ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သွေးမဆုံးခင်အချိန်ထိ လစဉ်ကြုံတွေ့ရနိုင်တဲ့ ကိစ္စပေါ့။ အရပ်စကားအရတော့ ရာသီလာတယ် သွေးဆင်းတယ် စသဖြင့်ပြောကြပြီး English လိုတော့  Menstruation ခေါ်ပါတယ်။

ပုံမှန်အားဖြင့် ဒီလိုရာသီလာနေတဲ့အချိန်မှာ အမျိုးသမီးတွေဟာ ဗိုက်အောင့်တာ ကိုယ်လက်နာကျင်ကိုက်ခဲတာ စိတ်အထိအရှလွယ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါတွေက ပုံမှန်ဖြစ်လေ့ရှိတာတွေဖြစ်ပြီး
ရာသီသွေးဆင်းလို့ပြီးတဲ့အခါ သက်သာသွားကြပါတယ်။ ဒါပေမဲ့ တခါတလေ ရာသီသွေးဟာ ပုံမှန်ဆင်းရမဲ့ရက် မဆင်းတာမျိုး  ပုံမှန်ပမာဏထက် နည်းတာများတာမျိုးတွေ ရှိတတ်သလို ပုံမှန်ရှိရမဲ့အရောင်မျိုး မရှိတာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးရဲ့ ပုံမှန်အရောင်နဲ့ ပုံမှန်မဟုတ်တဲ့အရောင်တွေအကြောင်း ပြောပြသွားပါမယ်။

(၁) အနီရဲရဲ

တကယ်တော့ ရာသီလာတယ်ဆိုတာ သားအိမ်နံရံကအလွှာတွေ ကွာကျတာကို ပြောတာပါပဲ။ သန္ဓေသားလောင်းလေး ငြိတွယ်ဖို့  လိုအပ်တဲ့အာဟာရတွေ ရရှိဖို့ သားအိမ်နံရံဟာ နီနီရဲရဲ ထူထူထဲထဲနဲ့ ခပ်စိုစိုလေး ရှိနေပါလိမ့်မယ်။

လာတွယ်ကပ်မဲ့ သန္ဓေသားမရှိတဲ့အခါမှာ သားအိမ်နံရံသားလေးတွေဟာ နီနီရဲရဲသွေးတွေအဖြစ်နဲ့ တဖြေးဖြေးကွာကျပါတယ်။ ဒါကို ရာသီလာတယ် ခေါ်တာပေါ့။ ဒါကြောင့် ပုံမှန် ရာသီသွေးဟာ နီနီရဲရဲလေး ဖြစ်နေပါလိမ့်မယ်။

(၂) အနီဖျော့ဖျော့ (သို့မဟုတ်) ပန်းရောင်

ကျန်းမာတဲ့သွေးဖြစ်ဖို့ အနီရောင်သွေးဆဲလ်တွေ လုံလုံလောက်လောက် ပါဝင်ဖို့လိုပါတယ်။ တကယ်လို့ သင့်ရာသီသွေးက အနီဖျော့ဖျော့ (သို့) ပန်းရောင် ဖြစ်နေခဲ့ရင် သင့်မှာ သွေးအားနည်းရောဂါ  အာဟာရမပြည့်တာ ဒါမှမဟုတ် အစာအိမ်လမ်းကြောင်းပြဿနာတွေ ရှိနေနိုင်ပါတယ်။

(၃) အညိုရောင် (သို့မဟုတ်) သံချေးရောင်

တကယ်လို့ ရာသီသွေးအရောင်က ညိုညိုညစ်ညစ်အရောင် ဖြစ်နေခဲ့ရင်တော့ သင့်ခန္ဓာကိုယ်အပူချိန်မြင့်တက်နေတဲ့ သဘောပါပဲ။ တကယ်လို့ ရာသီလာခါစ အချိန်မှာ ဖျားနာပြီး ကိုယ်တွေပါပူနေခဲ့ရင် ဒီလိုအရောင်မျိုးတွေ့ရနိုင်ပါတယ်။

(၄) ပြာနှမ်းနှမ်းအရောင်

သူကတော့ ပြောင်းပြန်ပါ။ ခန္ဓာကိုယ်အပူချိန် အလွန်အမင်းကျဆင်းတဲ့အခါမျိုးမှာ ရာသီသွေးဟာ ခုလို အရောင်မျိုး ရှိနေနိုင်ပါတယ်။ အာ့လိုအခါမျိုးမှာ နာကျင်မှုကို ပိုမိုခံစားရတတ်ပြီး သွေးခဲတွေပါ တွေ့မြင်ရတတ်ပါတယ်။ ပုံမှန်ကိုယ်အပူချိန်ရောက်တဲ့အခါ သွေးအရောင်ဟာ ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပြီး ကိုက်ခဲမှုတွေလည်း သက်သာသွားပါလိမ့်မယ်။

(၅) မည်းညစ်ညစ်အရောင်

ဖြစ်ခဲပေမဲ့  ဒီလို ရာသီသွေးအရောင်ဆိုရင်တော့ ဒါဟာ ဂရုစိုက်ရမဲ့ကိစ္စတစ်ခုပါပဲ။ သွေးဟာ အရမ်းပျစ်ခဲစေးကပ်တဲ့အခါ အမည်းရောင်လို ဖြစ်သွားတတ်ပါတယ်။ နာကျင်ကိုက်ခဲမှုတွေ ခံစားရမှာဖြစ်သလို အခဲတွေပုံစံနဲ့လည်း ရှိနေပါလိမ့်မယ်။ ဒါမျိုးအရောင်ကိုတော့ သားအိမ်အသားလုံးဖြစ်ဖူးတဲ့ အမျိုးသမီးတွေ Endometriosis ဖြစ်ဖူးတဲ့အမျိုးသမီးတွေမှာ တွေ့နိုင်ပါတယ်။

အထက်ပါ  ရာသီသွေးအရောင်အမျိုးမျိုးအနက် ပုံမှန်အရောင်မှလွဲပြီးတော့ အခြားအရောင်တွေဆင်းခဲ့ရင် ကလေးရနိုင်ခြေကို နည်းပါးစေတတ်ကြောင်းလေ့လာတွေ့ရှိထားပါတယ်။

Dr.KG

Previous Post

ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာ

Next Post

ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ်

ဆေးသောက်လို့  မပျောက်တဲ့  ဂရင်ဂျီနာ 

အဆီကျိတ်ဆို ဘယ်အချိန် ခွဲသင့်သလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.