fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမာရွတ် တကယ်ပျောက်ချင်ရင် ..

1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/11/2018
in အမျိုးသမီး ကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

အမာရွတ် တကယ်ပျောက်ချင်ရင် ..

.တစ်ခုလောက် မေးခွင့်ပြုပါ။ လူကြီးမင်းရဲ့ ခန္ဓာကိုယ်မှာ အမာရွတ် ဘယ်နှစ်ခုလောက်ရှိပါသလဲ။

“တစ်ခုမှမရှိဘူး စင်းလုံးချောပဲ” ဆိုရင်တော့ လူကြီးမင်းဟာ အတော့်ကို ထူးထူးဆန်းဆန်း လူတစ်ယောက်ဖြစ်နေပါပြီ။ ဘာလို့လည်းဆိုတော့  ပျမ်းမျှအနေနဲ့ လူတစ်ယောက်မှာ အမာရွတ်သုံးခုလောက်တော့ ရှိတတ်ကြပါတယ်လို့ သုတေသနတချို့က ပြောပြနေလို့ပါ။

မှန်ပါတယ်။ အမာရွတ်ဆိုတာ လူတော်တော်များများမှာ ရှိတတ်ကြတဲ့ အရာတစ်ခုပါပဲ။ မြင်ရတဲ့နေရာမှာရှိနိုင်သလို  မမြင်ရတဲ့နေရာမှာလည်း ရှိနိုင်ပါတယ်။ သေးသေးလေးဖြစ်နိုင်သလို အကြီးကြီးတွေလည်း ဖြစ်နိုင်တယ်။

ဒီတော့ ” ဒီအမာရွတ်တွေ ဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုပုံစံတွေရှိနိုင်သလဲ။ အမာရွတ်တွေ ပျောက်အောင် လုပ်လို့ရသလား။ ဘယ်လို လုပ်ရသလဲ” အစရှိတာတွေနဲ့ ပတ်သက်ပြီး သိထားသင့်ပါတယ်။

ဘာလို့ဆိုတော့ တချို့သောအမာရွတ်တွေဟာ ကိုယ့်ရဲ့အလှအပကို ပျက်စေယုံသာမက လမ်းမထွက်ရဲလောက်တဲ့အထိတောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုကို ဖျက်ဆီးပစ်နိုင်တာမို့ပါပဲ။

၁။ ဘာလို့ အမာရွတ်တွေ ဖြစ်ရတာလဲ

အမာရွတ်တွေရဲ့ ၃၄ % လောက်ဟာ နေ့စဉ်ကြုံတွေ့ရနိုင်တဲ့ ထိခိုက်ရှနာတွေ အသေးစားအပူလောင်တာတွေကြောင့် ဖြစ်ပါတယ်။ တခြားအမာရွတ်ဖြစ်စေတဲ့အကြောင်းတွေကတော့ ခွဲစိတ်မှုတွေခံယူရတာကြောင့် (၂၀%) ထိခိုက်ဒဏ်ရာရမှုတွေကြောင့် (၁၅%) ကိုယ့်ဆန္ဒအရ ခွဲစိတ်မှုခံယူတာကနေ (၁၅%) အလှအပဆိုင်ရာခွဲစိတ်မှုတွေကနေ (၁၀%) နဲ့ မှဲ့တွေဖယ်ရှားတာမျိုးကနေ (၆%) တို့ ဖြစ်ပါတယ်။

၂။ အမာရွတ် ဘယ်နှစ်မျိုးရှိသလဲ

ပုံမှန်အမာရွတ်အစပိုင်းမှာ အနည်းငယ်ရောင်ရမ်းပြီး အနက်ရောင်သမ်းနေပါမယ်။ အချိန်ကြာလာတာနဲ့အမျှ အရောင်လည်းကျသွားပြီး မှိန်သွားတာမို့ ကြည့်ရဆိုးတဲ့အဆင့်ထိတော့ မရောက်တာများပါတယ်။ ချိုင့်ဝင်သော အမာရွတ်သူကတော့ အရေပြားပေါ်မှာ အချိုင့်တွေအပေါက်တွေအဖြစ်နဲ့ တွေ့ရပါမယ်။ ဝက်ခြံထွက်ပြီးတဲ့အခါ ရေကျောက်ပေါက်ပြီးတဲ့အခါမျိုးတွေမှာ တွေ့နိုင်ပါတယ်။

ဖောင်းကြွသော အမာရွတ်သူကျတော့ အရေပြားအပေါ်မှာပါ ဖောင်းကြွမြင့်တက်လာတဲ့ အမာရွတ်မျိုးပါ။ ကော်လေဂျင်တွေ အလွန်အကျွံထွက်တာကြောင့် ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးတွေမှာ တွေ့ရပါတယ်။ ဖြစ်တဲ့နေရာကနေတော့ ရွေ့ပြီး မပွားတတ်တဲ့ အမာရွတ်မျိုးပါ။

ကီးလွိုက်သူလည်း အရေပြားပေါ်မှာ ဖောင်းကြွမြင့်တက်ပြီးပေါ်လာတဲ့ အမာရွတ်မျိုးပါပဲ။ ဒါပေမဲ့ သူက ဖြစ်တဲ့နေရာကိုပါ ကျော်ပြီး ပြန့်ပွားနိုင်တဲ့ အမာရွတ်မျိုးဖြစ်တာကြောင့် အတော်ဆိုးပါတယ်။ အချိန်ကြာလေ ကြီးလာလေလေလည်း ဖြစ်နိုင်ပြီး ခွဲထုတ်ဖြတ်ထုတ်လိုက်တာတောင် ပြန်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ကျုံ့ဝင်အမာရွတ် ဒီလိုအမာရွတ်မျိုးကိုတော့  မီးလောင်ဒဏ်ရာရပြီးတဲ့အခါ  ဒါမှမဟုတ် အမာရွတ်တွေက အဆစ်တွေကို ကျော်ဖြတ်ပြီး ဖြစ်တဲ့အခါမျိုးမှာ တွေ့ရပါတယ်။

ဒီလိုဖြစ်တဲ့အခါ ဆန့်ထုတ်နိုင်တဲ့ စွမ်းရည်လျော့ကျသွားတာကြောင့် ပုံမှန်လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ပါ အခက်အခဲတွေ ရှိတတ်ပါတယ်။ အကြောပြတ်ရာများ ဒီလိုအမာရွတ်မျိုးကို  အချိန်တိုအတွင်း ကိုယ်အလေးချိန်အရမ်းတက်သွားတဲ့အခါမျိုးမှာ တွေ့ရပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်တဲ့အခါမျိုးပါ။ အရေပြားအတွင်းထဲက တစ်ရှုးလေးတွေ အဆန့်လွန်လို့ ပြဲသွားပြီး အရေပြားပေါ်မှာ အဲ့လိုအရာလေးတွေပေါ်လာတာဖြစ်ပါတယ်။

၃။အမာရွတ် ပျောက်အောင် ဘာလုပ်မလဲ

ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အမာရွတ်တွေရှိနေပြီဆို စိတ်ထဲမှာ မသက်မသာခံစားရတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာဆို စိတ်ဓာတ်ကျတာ ယုံကြည်မှုကျဆင်းတာတွေ အဖြစ်များပါတယ်။ အဝတ်အစားဝတ်ဆင်တာကအစ ဝတ်ချင်တာမဝတ်ရဲအောင် ဖြစ်ရတာမျိုးတွေလည်း ရှိတာမို့ ဖြစ်နိုင်ရင် အမာရွတ်တွေကို ပျောက်အောင်လုပ်ချင်ကြပါတယ်။ ဒီအတွက် အကြံပေးပါမယ်။

အမာရွတ်ဆိုတာ လုံးဝပျောက်ကင်းသွားအောင် လုပ်လို့တော့ မရနိုင်ပါဘူး။ ဒါပေမဲ့ ရှိလို့ရှိမှန်း မသိအောင်  မှိန်သွားအောင် လုပ်နိုင်တဲ့နည်းလမ်းတော့ ရှိပါတယ်။ လူကြီးမင်းအနေနဲ့ လူကြီးမင်းရဲ့ မြင်အပ်မမြင်အပ်အရပ်ရပ်က အမာရွတ်အကြီးအသေးတွေ သက်သာလျော့ပါးအောင် လိမ်းဆေးတစ်ခုခုလိမ်းမယ်လို့ ဆုံးဖြတ်လိုက်တယ်ဆိုပါစို့။

ဒါဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒီ့ထက်ပိုပြီး မှန်ကန်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ဖို့ ဘယ်လိုလိမ်းဆေးမျိုးကို ရွေးချယ်သင့်တယ်ဆိုတာ အကြံပေးပါမယ်။ အမာရွတ်တွေ သက်သာလျော့ပါးဖို့ လိမ်းဆေးရွေးချယ်တဲ့နေရာမှာ ဒီအချက်တွေနဲ့ ကိုက်ညီရင် လိမ်းဆေးကောင်းလို့ ယူဆလို့ ရပါတယ်။ ဒါတွေကတော့  Vit E ပါဝင်ခြင်းနဲ့  သဘာဝသစ်ပင်ပန်းမန်များမှ ထုတ်ယူထားသော အဆီဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

Vit E ပါဝင်ခြင်း

Vit E ဟာ အသားအရေအစိုဓာတ်ကို မြှင့်တင်ပေးနိုင်တဲ့အတွက် အမာရွတ်တွေရော အနီးအနားက အရေပြားကိုပါ ကြည့်ကောင်းရှုကောင်းဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

သဘာဝသစ်ပင်ပန်းမန်များမှ ထုတ်ယူထားသော အဆီဖြစ်ခြင်း

ဓာတုဗေဒပစ္စည်းတွေထက်စာရင် သဘာဝသစ်ပင်ပန်းမန်တွေရဲ့ အဆီဟာ အရေပြားရောင်ရမ်းတာတွေကို လျော့ကျစေတဲ့အပြင် အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ ဥပမာ လာဗန်ဒါပန်း နဲ့  ရို့စ်မေရီပန်းအဆီတွေဟာ ဒဏ်ရာရထားတဲ့အရေပြားကို လျင်မြန်စွာ အနာကျက်စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါကြောင့်  ဖြစ်ခါစအမာရွတ်တွေမှာဆို အဲဒီအဆီပါတဲ့ လိမ်းဆေးမျိုး လိမ်းပေးရင် လုံးဝနီးပါးသက်သာပျောက်ကင်းစေနိုင်ပါတယ်။

နောက်ထပ်သတိထားရမဲ့အချက်ကတော့ လိမ်းဆေးအဆီရဲ့ အပျစ်အကျဲပါ။ အဆီခပ်ကျဲကျဲမျိုးကိုဆို အရေပြားက ပိုမိုစုပ်ယူနိုင်တဲ့အတွက် ဆေးအာနိသင်ကို ပိုမိုထိရောက်စေပါတယ်။ PurCellin Oil™ လို့ခေါ်တဲ့အဆီတစ်မျိုးဟာ အဆိုပါအစွမ်းသတ္တိရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့်  PurCellin Oil™ ပါတဲ့ အမာရွတ်လိမ်းဆေးအဆီမျိုး ရနိုင်ရင် အများကြီး အဆင်ပြေနိုင်ပါတယ်။

နောက်ပြီး  ဒီအဆီတွေလိမ်းတဲ့အခါမှာ အနာကျက်ပြီးတာ သေချာမှ လိမ်းဖို့လိုပါတယ်။ များသောအားဖြင့် တစ်နေ့ကို ၂ ကြိမ်နဲ့ အနည်းဆုံး ၃ လ လိမ်းပေးဖို့တော့ လိုအပ်ပါမယ်။ လိမ်းတဲ့အခါမှာလည်း အရေပြားထဲမှာ စိမ့်ဝင်အောင် စက်ဝိုင်းပုံအသာအယာနှိပ်နယ်ပြီး လိမ်းပေးသင့်ပါတယ်။

ကဲ လူကြီးမင်းရဲ့ မြင်အပ် မမြင်အပ် အရပ်ရပ်က အမာရွတ်တွေအတွက် စိတ်ညစ်နေစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ခုပြောခဲ့တဲ့အချက်တွေ အများဆုံးပါဝင်တဲ့ လိမ်းဆေးအဆီတမျိုးမျိုးသာ ပြေးရှာပြီး လိမ်းလိုက်ပါတော့။ အမာရွတ်ဆိုတာ ဘာမှမဟုတ်တော့မှန်း သိသွားပါလိမ့်မယ်။

Dr.လန်း

Previous Post

ဗိုက်မှာရှိတဲ့အဆီပိုတွေကို ဖယ်ရှားကြမယ်   

Next Post

ချိုမြိန်ဒုက္ခ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ချိုမြိန်ဒုက္ခ

မီးဖွားပြီးရင် ဒါတွေစားပါ

ခံတွင်းအနံ့ဆိုး မထွက်အောင် ဒါတွေဆောင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.