(Zawgyi)
ေဒၚခင္တုတ္တစ္ေယာက္ အလုပ္မ်ားေနၿပီ။ သမီး ကေလးေမြးေတာ့မည္ဆိုေတာ့ လိုအပ္သည္မ်ားကို ျပင္ဆင္ေနရသည္။ ကေလးေနဖို႔ အခန္းကိုလည္းျပင္ဆင္ရသည္။ သမီးေဆး႐ုံသြားလွ်င္ ယူသြားရမည့္ ပစၥည္းမ်ားကိုလည္း ႀကိဳတင္ထည့္ထားရသည္။ ေဆး႐ုံအတြက္ တင္မက အိမ္အတြက္ပါႀကိဳတင္ ျပင္ဆင္ေနရသည္။ ေျမးဦးေလးရေတာ့မည္ျဖစ္သည့္အတြက္ ေဒၚခင္တုတ္တစ္ေယာက္ ေပ်ာ္႐ႊင္ေနသည္။ သက္ဦး အ႐ူးဆိုသည့္အတိုင္း သမီးတို႔လင္မယား ႐ူးမ႐ူးေတာ့မသိ ေဒၚခင္တုတ္တစ္ေယာက္ ေျမးဦး ရေတာ့မည္မို႔ ႐ူးေနသည္မွာ အမွန္ပင္။ ၂ ပတ္ေလာက္ကတည္းက အမ်ိဳးမ်ားကို လွည့္ၿပီး ဖုန္းဆက္ထားရသည္။
သမီးေမြးေတာ့မည့္အေၾကာင္း။ သူငယ္ခ်င္းမ်ားကို လည္း message ပို႔ထားသည္။ သမီးေမြးရင္ ေျမးကေလးကို လာၾကည့္ဖို႔ဖိတ္ထားသည္။ ေဆး႐ုံတြင္ ဧည့္သည္မ်ားလာရင္ ေကြၽးေမြးရန္ အတြက္လည္း အေအး ေကာ္ဖီကစလို႔ မုန႔္မ်ိဳးစုံထည့္သြားရသည္။ ကေလးလာၾကည့္ေသာ ဧည့္သည္မ်ားကို ဧည့္ဝတ္ေက်ပြန္ရန္အတြက္ အိမ္မွာကတည္းက ႀကိဳတင္ျပင္ဆင္ထားသည္။ သမီးကေတာ့ ကိုယ္ဝန္ ေန႔ေစ့လေစ့ႀကီးမို႔ အေမသေဘာအတိုင္းသာ လႊတ္ထားလိုက္သည္။ သမီးက ဆရာဝန္ႀကီးေမြးဖို႔ ျပင္ဆင္ထားသည္ထက္ ၁၀ ရက္ေလာက္ ေစာေမြးသည္။ ေဒၚခင္တုတ္တို႔ ႀကိဳတင္ျပင္ဆင္ထားသည္မို႔သာ အဆင္ေျပေတာ့သည္။
သမီးဗိုက္နာသည္ဆိုသည္ႏွင့္ ေဆး႐ုံသို႔ အျမန္တင္ၿပီး ေျမးဦးေလးကို ေမြးလိုက္သည္။ ဘယ္သူကိုမွ ဖုန္းဆက္ အေၾကာင္းၾကားမေနေတာ့ပဲ သမီးေမြးခန္းထဲဝင္ခါနီး ဓာတ္ပုံေလး႐ိုက္၍ facebook တင္လိုက္သည္။ Facebook ေက်းဇူးေၾကာင့္ လူတစ္ေယာက္ခ်င္းကို အေၾကာင္းၾကားေနစရာမလိုပဲ လူအမ်ားႀကီးကို အသိေပးၿပီးသားျဖစ္သြားသည္။ ေမြးခန္းထဲက ထြက္လာေသာ သမီးေလးက ပင္ပန္းႏြမ္းနယ္ေနပုံရသည္။ အနားယူဖို႔လည္းလိုအပ္သည္။ ေျမးေလးက နည္းနည္းေစာေမြးသည္ကလြဲလို႔ က်န္းက်န္းမာမာရွိသည့္အတြက္ ေဒၚခင္တုတ္တစ္ေယာက္ ဝမ္းသာရသည္။
ညေနပိုင္းေလာက္ေရာက္ေတာ့ ေဆြမ်ိဳးမ်ားႏွင့္ ေဒၚခင္တုတ္ သူငယ္ခ်င္းမ်ား ကေလးလာၾကည့္ရင္း သမီးအခန္းထဲတြင္ ဧည့္သည္မ်ား မ်ားေနသည္။ ေဒၚခင္တုတ္တို႔က ဒီလိုမ်ိဳး အေပါင္းအသင္းဆန႔္တာ။ ေဆြႀကီးမ်ိဳးႀကီးထဲကမို႔ ဧည့္သည္မ်ား မ်ားေနျခင္းျဖစ္သည္။ ကိုယ့္အုပ္စုႏွင့္ ကိုယ္ ဓာတ္ပုံ႐ိုက္၍ Facebook ေပၚသို႔တင္ရသည္မွာလည္း အေမာ။ သမီးက ႏို႔သိပ္မထြက္လို႔ ကေလးက ႏို႔မဝျဖစ္ေနေသးသည္။ နီတာရဲ ကေလးေလးကို လုခ်ီေနၾကသည္။ ကိုယ္ေတာင္ ၾကာၾကာမခ်ီရေသး။ အမ်ိဳးေတြ လက္ေပၚတြင္ ကေလးက လွည့္လည္ ေနသည္။ ေပ်ာ္စရာေတာ့ေကာင္းသည္။ လူေတြအမ်ားႀကီးႏွင့္ တဝုန္းဝုန္း။ ဓာတ္ပုံေတြ႐ိုက္လို႔ေကာင္းေနတုန္း ဆရာဝန္မႀကီး round လွည့္တာႏွင့္ ဧည့္သည္မ်ားကို အျပင္ခဏထြက္ခိုင္းထားရသည္။
“ဧည့္သည္ေတြလား” လို႔ ဆရာဝန္မႀကီးက လွမ္းေမးလိုက္သည္။
“ဟုတ္ကဲ့ပါ သမီးနဲ႔ေျမးေလးကိုလာၾကည့္ၾကတာပါ” ေဒၚခင္တုတ္တစ္ေယာက္ အလွ်င္အျမန္ေျဖၾကားလိုက္သည္။ မိမိကိုယ္ကိုလည္း ဆရာဝန္မႀကီးေရွ႕တြင္ ဂုဏ္ယူစြာေျပာလိုက္သည္။
ဆရာဝန္မႀကီးမွ သမီးကို စမ္းသပ္ၾကည့္သည္။ သမီးေနလို႔ေကာင္းလားလို႔ေမးေနသည္။
“သမီးေခါင္းေတြမူးေနတယ္”
“ေခါင္းမူးရင္ အိပ္ေနလိုက္ပါ။ ”
ဆရာဝန္မႀကီးမွ ေဒၚခင္တုတ္ဖက္ကိုလွည့္၍
“ဧည့္သည္ေတြက မ်ားလွခ်ည္းလား။ အေမလည္း ကေလးေမြးဖူးတာပဲ ကေလးေမြးၿပီးတဲ့မိခင္တစ္ေယာက္ဟာ ဒီအခ်ိန္မွာ အရမ္းပင္ပန္းေနမွာေလ။ လာသမွ် ဧည့္သည္ကို လည္း ဧည္မခံႏိုင္ဘူး။ မိခင္တစ္ေယာက္အေနနဲ႔ ဒီအခ်ိန္မွာ ေအးေအးေဆးေဆး အနားယူခ်င္မွာေပါ့။ အခန္းက်ဥ္းက်ဥ္းေလးထဲမွာ ဧည့္သည္ေတြ အမ်ားႀကီးရွိေနၿပီး စကားေတြေျပာေနၾကတာဟာ ကေလးအေမကို ႏွိပ္စက္ေနတာနဲ႔အတူတူပဲ။”
ဆရာဝန္မႀကီးမွ ေဒၚခင္တုတ္တို႔ လင္မယားကို ဆူေနေလၿပီ။ ဧည့္သည္မ်ားကို အျပင္ခဏထြက္ခိုင္းထားလို႔သာ ေတာ္ေတာ့သည္။ ေတာ္ၾကာ ဆရာဝန္မႀကီးေျပာစကားမ်ားၾကားေနရင္ စိတ္ဆိုးေနၾကဦးမည္။
“ကေလးက ေန႔မေစ့ပဲေမြးထားတဲ့ ကေလး။ အခုေတာ့ ကေလးကိုလည္း တစ္ေယာက္တစ္လွည့္ ခ်ီၾကည့္ေနၾကတယ္။ ကေလးေပါက္စကို လူတကာကို ဘာလို႔ေပးခ်ီေနရတာလဲ။ ဆရာမကလည္း ဘာမွ မေျပာဘူးလား။ ကေလးငယ္ငယ္ေလးကို ခ်ီၾကည့္ေနတာကို” ေဘးမွာရပ္ေနေသာ ဆရာမကိုေတာင္ လွမ္းၿပီး ဆူလိုက္သည္။
“ကေလးကို ခ်ီမယ္ဆိုရင္ ကေလးခ်ီမည့္သူက လက္ကို ဆပ္ျပာနဲ႔စင္ၾကယ္စြာေဆးရမယ္။ ၿပီးရင္ ပိုးသတ္ေဆးရည္ ဒါမွမဟုတ္ အရက္ျပန္ကို လက္မွာ သုတ္လိမ္းၿပီးမွ ကေလးကို ကိုင္ရတယ္။ အခု ကေလးကိုင္ေနတဲ့သူေတြ လက္ေဆးၾကလား။ ကေလးကို လက္မေဆးပဲ ကိုင္ေနၾကတယ္မလား” ေဒၚခင္တုတ္တစ္ေယာက္ မ်က္လြာေလးခ်ကာ နားေထာင္ေနရသည္။
သားမက္ျဖစ္သူမွ ေယာကၡမ အျဖစ္ကိုၾကည့္ၿပီးက်ိတ္ေပ်ာ္ေနပုံရသည္။ ကေလးကို လူတကာခ်ီေနသည္ကိုအေဖလုပ္သူက မႀကိဳက္။ မႀကိဳက္ေပမဲ့လည္း ေယာကၡမကို အာမခံရဲ။ ဆရာဝန္မႀကီးဆူေနသည္ကို ႀကိတ္ ဝမ္းသာေနသည္။
“ေမြးစကေလးဆိုတာမ်ိဳးကို သန႔္ရွင္းသပ္ရပ္ၿပီးပိုးမႊားကင္စင္တဲ့ ေနရာမွာထားရတာ။ အခုလာတဲ့ဧည့္သည္ေတြမွာ ဘာေရာဂါမွ မရွိပါဘူးလို႔ ဘယ္သူ အာမခံႏိုင္မလဲ။ တီဘီေရာဂါပိုးမ်ားရွိတဲ့သူဆိုရင္ ကေလးကို ကူးမယ္။ တျခားလက္ကဆင့္ ကူးစက္ေရာဂါေတြကူးစက္ႏိုင္တယ္။ အားလုံးကို ကြၽန္မေျပာခ်င္တာကေတာ့ ကေလးကို လာၾကည့္တဲ့ ဧည့္သည္ေတြအားလုံးကိုျပန္ခိုင္းလိုက္ပါ။ ေနာက္လာမည့္ ဧည့္သည္ေတြကိုလည္း မလာပါနဲ႔ဦးလို႔ ေျပာထားလိုက္ပါ။ ကေလးနည္းနည္းႀကီးလာတဲ့အခါမွ လာၾကည့္ပါလို႔မွာထား။ ဧည့္သည္ေတြ ခဏခဏလာရင္ ကေလးလည္းမအိပ္တတ္ဘူး။ ဒါအျပင္ ကေလးအေမလည္း ေန႔လည္ေန႔ခင္း နားနားေနေနမေနရဘူး။ ဘယ္သူအတြက္မွ ေကာင္းက်ိဳးမရွိပါဘူး။”
“ဟုတ္ကဲ့ပါ ေဒါက္တာ”
ေဒၚခင္တုတ္ သမက္ႏွင့္ သမီးအေရွ႕တြင္ အေျပာခံလိုက္ရသည့္အတြက္ ေအာင့္သက္သက္ေတာ့ျဖစ္သြားပုံရသည္။ ဧည့္သည္မ်ားကို ဘယ္လို ႏွင္ရမည္လည္းမေျပာတတ္။ ေနာက္လာမည့္သူမ်ားကိုလည္း မလာပါႏွင့္ဦးလို႔ ဘယ္လိုေျပာရမည္လဲ။ ေယာက်ာ္းကိုသာ ရွင္ ဒီကိစၥတာဝန္ယူလို႔ေျပာလိုက္သည္။
“မင္းဧည့္သည္ေတြကို ငါလည္း မ်က္ေစ့ေနာက္ေနတာ။ ဆရာဝန္မႀကီးေျပာမွပဲ မင္းလဲရေတာ့တယ္။ ေနာက္လည္း ဘယ္သူ႔ကိုမွ ကေလးလာမၾကည့္ခိုင္းနဲ႔ဦး။ ကေလးက ေစာလည္းေမြးထားတာ။ ကေလးကို ေရာဂါပိုးေတြကူးစက္လိမ့္မယ္”
“အင္းပါေတာ္”
ေဒၚခင္တုတ္တစ္ေယာက္ ေယာက်္ားအားမ်က္ေစာင္းထိုးလိုက္သည္။ သမီးျဖစ္သူလည္း ခုမွ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ဧည့္သည္ေတြ လာေနသည့္အတြက္ ေကာင္းေကာင္းမအိပ္ရေသး။ အခုမွ ေအးေအးေဆးေဆးနားရေတာ့မည္။ သားမက္ျဖစ္သူကလည္း အခန္းထဲတြင္ လူရွင္းသြားမွ ကေလးကို ခ်ီခြင့္ရေတာ့သည္။ ကိုယ့္ကေလးကိုေတာင္ ဧည့္သည္ေတြႏွင့္ လုခ်ီေနရသည့္အျဖစ္မ်ိဳး။
“Facebook ေပၚကပဲ အားလုံးကိုလွမ္းေတာင္းပန္ရမွာပဲ ကေလးလာမၾကည့္ပါနဲ႔ဦးလို႔” ဆိုကာ ဖုန္းကို ေကာက္ကိုင္၍ status အသစ္ေကာက္တင္လိုက္ေပသည္။ ဘာ status မ်ားတင္ထားမည္နည္းဟု သိခ်င္စိတ္ႏွင့္ သားမက္ျဖစ္သူလည္း ဖုန္းကို ဖြင့္ၾကည့္ရန္ ေကာက္ကိုင္လိုက္ေပသည္။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
ဒေါ်ခင်တုတ်တစ်ယောက် အလုပ်များနေပြီ။ သမီး ကလေးမွေးတော့မည်ဆိုတော့ လိုအပ်သည်များကို ပြင်ဆင်နေရသည်။ ကလေးနေဖို့ အခန်းကိုလည်းပြင်ဆင်ရသည်။ သမီးဆေးရုံသွားလျှင် ယူသွားရမည့် ပစ္စည်းများကိုလည်း ကြိုတင်ထည့်ထားရသည်။ ဆေးရုံအတွက် တင်မက အိမ်အတွက်ပါကြိုတင် ပြင်ဆင်နေရသည်။ မြေးဦးလေးရတော့မည်ဖြစ်သည့်အတွက် ဒေါ်ခင်တုတ်တစ်ယောက် ပျော်ရွှင်နေသည်။ သက်ဦး အရူးဆိုသည့်အတိုင်း သမီးတို့လင်မယား ရူးမရူးတော့မသိ ဒေါ်ခင်တုတ်တစ်ယောက် မြေးဦး ရတော့မည်မို့ ရူးနေသည်မှာ အမှန်ပင်။ ၂ ပတ်လောက်ကတည်းက အမျိုးများကို လှည့်ပြီး ဖုန်းဆက်ထားရသည်။
သမီးမွေးတော့မည့်အကြောင်း။ သူငယ်ချင်းများကို လည်း message ပို့ထားသည်။ သမီးမွေးရင် မြေးကလေးကို လာကြည့်ဖို့ဖိတ်ထားသည်။ ဆေးရုံတွင် ဧည့်သည်များလာရင် ကျွေးမွေးရန် အတွက်လည်း အအေး ကော်ဖီကစလို့ မုန့်မျိုးစုံထည့်သွားရသည်။ ကလေးလာကြည့်သော ဧည့်သည်များကို ဧည့်ဝတ်ကျေပွန်ရန်အတွက် အိမ်မှာကတည်းက ကြိုတင်ပြင်ဆင်ထားသည်။ သမီးကတော့ ကိုယ်ဝန် နေ့စေ့လစေ့ကြီးမို့ အမေသဘောအတိုင်းသာ လွှတ်ထားလိုက်သည်။ သမီးက ဆရာဝန်ကြီးမွေးဖို့ ပြင်ဆင်ထားသည်ထက် ၁၀ ရက်လောက် စောမွေးသည်။ ဒေါ်ခင်တုတ်တို့ ကြိုတင်ပြင်ဆင်ထားသည်မို့သာ အဆင်ပြေတော့သည်။
သမီးဗိုက်နာသည်ဆိုသည်နှင့် ဆေးရုံသို့ အမြန်တင်ပြီး မြေးဦးလေးကို မွေးလိုက်သည်။ ဘယ်သူကိုမှ ဖုန်းဆက် အကြောင်းကြားမနေတော့ပဲ သမီးမွေးခန်းထဲဝင်ခါနီး ဓာတ်ပုံလေးရိုက်၍ facebook တင်လိုက်သည်။ Facebook ကျေးဇူးကြောင့် လူတစ်ယောက်ချင်းကို အကြောင်းကြားနေစရာမလိုပဲ လူအများကြီးကို အသိပေးပြီးသားဖြစ်သွားသည်။ မွေးခန်းထဲက ထွက်လာသော သမီးလေးက ပင်ပန်းနွမ်းနယ်နေပုံရသည်။ အနားယူဖို့လည်းလိုအပ်သည်။ မြေးလေးက နည်းနည်းစောမွေးသည်ကလွဲလို့ ကျန်းကျန်းမာမာရှိသည့်အတွက် ဒေါ်ခင်တုတ်တစ်ယောက် ဝမ်းသာရသည်။
ညနေပိုင်းလောက်ရောက်တော့ ဆွေမျိုးများနှင့် ဒေါ်ခင်တုတ် သူငယ်ချင်းများ ကလေးလာကြည့်ရင်း သမီးအခန်းထဲတွင် ဧည့်သည်များ များနေသည်။ ဒေါ်ခင်တုတ်တို့က ဒီလိုမျိုး အပေါင်းအသင်းဆန့်တာ။ ဆွေကြီးမျိုးကြီးထဲကမို့ ဧည့်သည်များ များနေခြင်းဖြစ်သည်။ ကိုယ့်အုပ်စုနှင့် ကိုယ် ဓာတ်ပုံရိုက်၍ Facebook ပေါ်သို့တင်ရသည်မှာလည်း အမော။ သမီးက နို့သိပ်မထွက်လို့ ကလေးက နို့မဝဖြစ်နေသေးသည်။ နီတာရဲ ကလေးလေးကို လုချီနေကြသည်။ ကိုယ်တောင် ကြာကြာမချီရသေး။ အမျိုးတွေ လက်ပေါ်တွင် ကလေးက လှည့်လည် နေသည်။ ပျော်စရာတော့ကောင်းသည်။ လူတွေအများကြီးနှင့် တဝုန်းဝုန်း။ ဓာတ်ပုံတွေရိုက်လို့ကောင်းနေတုန်း ဆရာဝန်မကြီး round လှည့်တာနှင့် ဧည့်သည်များကို အပြင်ခဏထွက်ခိုင်းထားရသည်။
“ဧည့်သည်တွေလား” လို့ ဆရာဝန်မကြီးက လှမ်းမေးလိုက်သည်။
“ဟုတ်ကဲ့ပါ သမီးနဲ့မြေးလေးကိုလာကြည့်ကြတာပါ” ဒေါ်ခင်တုတ်တစ်ယောက် အလျှင်အမြန်ဖြေကြားလိုက်သည်။ မိမိကိုယ်ကိုလည်း ဆရာဝန်မကြီးရှေ့တွင် ဂုဏ်ယူစွာပြောလိုက်သည်။
ဆရာဝန်မကြီးမှ သမီးကို စမ်းသပ်ကြည့်သည်။ သမီးနေလို့ကောင်းလားလို့မေးနေသည်။
“သမီးခေါင်းတွေမူးနေတယ်”
“ခေါင်းမူးရင် အိပ်နေလိုက်ပါ။ ”
ဆရာဝန်မကြီးမှ ဒေါ်ခင်တုတ်ဖက်ကိုလှည့်၍
“ဧည့်သည်တွေက များလှချည်းလား။ အမေလည်း ကလေးမွေးဖူးတာပဲ ကလေးမွေးပြီးတဲ့မိခင်တစ်ယောက်ဟာ ဒီအချိန်မှာ အရမ်းပင်ပန်းနေမှာလေ။ လာသမျှ ဧည့်သည်ကို လည်း ဧည်မခံနိုင်ဘူး။ မိခင်တစ်ယောက်အနေနဲ့ ဒီအချိန်မှာ အေးအေးဆေးဆေး အနားယူချင်မှာပေါ့။ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဧည့်သည်တွေ အများကြီးရှိနေပြီး စကားတွေပြောနေကြတာဟာ ကလေးအမေကို နှိပ်စက်နေတာနဲ့အတူတူပဲ။”
ဆရာဝန်မကြီးမှ ဒေါ်ခင်တုတ်တို့ လင်မယားကို ဆူနေလေပြီ။ ဧည့်သည်များကို အပြင်ခဏထွက်ခိုင်းထားလို့သာ တော်တော့သည်။ တော်ကြာ ဆရာဝန်မကြီးပြောစကားများကြားနေရင် စိတ်ဆိုးနေကြဦးမည်။
“ကလေးက နေ့မစေ့ပဲမွေးထားတဲ့ ကလေး။ အခုတော့ ကလေးကိုလည်း တစ်ယောက်တစ်လှည့် ချီကြည့်နေကြတယ်။ ကလေးပေါက်စကို လူတကာကို ဘာလို့ပေးချီနေရတာလဲ။ ဆရာမကလည်း ဘာမှ မပြောဘူးလား။ ကလေးငယ်ငယ်လေးကို ချီကြည့်နေတာကို” ဘေးမှာရပ်နေသော ဆရာမကိုတောင် လှမ်းပြီး ဆူလိုက်သည်။
“ကလေးကို ချီမယ်ဆိုရင် ကလေးချီမည့်သူက လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာဆေးရမယ်။ ပြီးရင် ပိုးသတ်ဆေးရည် ဒါမှမဟုတ် အရက်ပြန်ကို လက်မှာ သုတ်လိမ်းပြီးမှ ကလေးကို ကိုင်ရတယ်။ အခု ကလေးကိုင်နေတဲ့သူတွေ လက်ဆေးကြလား။ ကလေးကို လက်မဆေးပဲ ကိုင်နေကြတယ်မလား” ဒေါ်ခင်တုတ်တစ်ယောက် မျက်လွာလေးချကာ နားထောင်နေရသည်။
သားမက်ဖြစ်သူမှ ယောက္ခမ အဖြစ်ကိုကြည့်ပြီးကျိတ်ပျော်နေပုံရသည်။ ကလေးကို လူတကာချီနေသည်ကိုအဖေလုပ်သူက မကြိုက်။ မကြိုက်ပေမဲ့လည်း ယောက္ခမကို အာမခံရဲ။ ဆရာဝန်မကြီးဆူနေသည်ကို ကြိတ် ဝမ်းသာနေသည်။
“မွေးစကလေးဆိုတာမျိုးကို သန့်ရှင်းသပ်ရပ်ပြီးပိုးမွှားကင်စင်တဲ့ နေရာမှာထားရတာ။ အခုလာတဲ့ဧည့်သည်တွေမှာ ဘာရောဂါမှ မရှိပါဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ တီဘီရောဂါပိုးများရှိတဲ့သူဆိုရင် ကလေးကို ကူးမယ်။ တခြားလက်ကဆင့် ကူးစက်ရောဂါတွေကူးစက်နိုင်တယ်။ အားလုံးကို ကျွန်မပြောချင်တာကတော့ ကလေးကို လာကြည့်တဲ့ ဧည့်သည်တွေအားလုံးကိုပြန်ခိုင်းလိုက်ပါ။ နောက်လာမည့် ဧည့်သည်တွေကိုလည်း မလာပါနဲ့ဦးလို့ ပြောထားလိုက်ပါ။ ကလေးနည်းနည်းကြီးလာတဲ့အခါမှ လာကြည့်ပါလို့မှာထား။ ဧည့်သည်တွေ ခဏခဏလာရင် ကလေးလည်းမအိပ်တတ်ဘူး။ ဒါအပြင် ကလေးအမေလည်း နေ့လည်နေ့ခင်း နားနားနေနေမနေရဘူး။ ဘယ်သူအတွက်မှ ကောင်းကျိုးမရှိပါဘူး။”
“ဟုတ်ကဲ့ပါ ဒေါက်တာ”
ဒေါ်ခင်တုတ် သမက်နှင့် သမီးအရှေ့တွင် အပြောခံလိုက်ရသည့်အတွက် အောင့်သက်သက်တော့ဖြစ်သွားပုံရသည်။ ဧည့်သည်များကို ဘယ်လို နှင်ရမည်လည်းမပြောတတ်။ နောက်လာမည့်သူများကိုလည်း မလာပါနှင့်ဦးလို့ ဘယ်လိုပြောရမည်လဲ။ ယောကျာ်းကိုသာ ရှင် ဒီကိစ္စတာဝန်ယူလို့ပြောလိုက်သည်။
“မင်းဧည့်သည်တွေကို ငါလည်း မျက်စေ့နောက်နေတာ။ ဆရာဝန်မကြီးပြောမှပဲ မင်းလဲရတော့တယ်။ နောက်လည်း ဘယ်သူ့ကိုမှ ကလေးလာမကြည့်ခိုင်းနဲ့ဦး။ ကလေးက စောလည်းမွေးထားတာ။ ကလေးကို ရောဂါပိုးတွေကူးစက်လိမ့်မယ်”
“အင်းပါတော်”
ဒေါ်ခင်တုတ်တစ်ယောက် ယောကျ်ားအားမျက်စောင်းထိုးလိုက်သည်။ သမီးဖြစ်သူလည်း ခုမှ သက်ပြင်းချနိုင်တော့သည်။ ဧည့်သည်တွေ လာနေသည့်အတွက် ကောင်းကောင်းမအိပ်ရသေး။ အခုမှ အေးအေးဆေးဆေးနားရတော့မည်။ သားမက်ဖြစ်သူကလည်း အခန်းထဲတွင် လူရှင်းသွားမှ ကလေးကို ချီခွင့်ရတော့သည်။ ကိုယ့်ကလေးကိုတောင် ဧည့်သည်တွေနှင့် လုချီနေရသည့်အဖြစ်မျိုး။
“Facebook ပေါ်ကပဲ အားလုံးကိုလှမ်းတောင်းပန်ရမှာပဲ ကလေးလာမကြည့်ပါနဲ့ဦးလို့” ဆိုကာ ဖုန်းကို ကောက်ကိုင်၍ status အသစ်ကောက်တင်လိုက်ပေသည်။ ဘာ status များတင်ထားမည်နည်းဟု သိချင်စိတ်နှင့် သားမက်ဖြစ်သူလည်း ဖုန်းကို ဖွင့်ကြည့်ရန် ကောက်ကိုင်လိုက်ပေသည်။
Author – ဒေါက်တာအေးချမ်းမိုး