fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

576
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/12/2018
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

သားသားလေးမှာ ဥတစ်လုံးပါမလာခဲ့ရင်

မိမိသားငယ်လေးရဲ့ ကယ်ပယ်အိတ်ထဲတွင် ဝှေးစေ့မပါလာသည်ကို သင်သိရှိသောအခါ အထူးစိတ်ပူပန်မှု မြင့်တက်လာနိုင်ပါတယ်။ ဘာအတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို သင်သိလိုမည်မှာ မလွဲပါ။

ကိုယ်ဝန်ဆောင်ကာလ မွေးခါနီးအချိန်တွင် ရင်သွေးငယ်သည်ပြောင်းလဲမှုမျိုးစုံ ဖြစ်လာပါတယ်။ မျက်စိအိမ် ကျယ်လာပါသည်။ အရိုးအဆစ်သန်မာလာပြီး အလေးချိန် တိုးလာပါသည်။ ထို့အတူ ယောင်္ကျားလေးများတွင် ဝှေးစေ့များသည် လိင်တံနောက်ဘက်ရှိ ကပ်ပယ်အိတ်ထဲသို့ အလုံးစုံ ဆင်းပါသည်။

သို့သော် တခါတရံ ဥတလုံး သို့မဟုတ် ၂ လုံးလုံးသည် နေရာမှန်သို့ မဆင်းကြပါ။ ထိုအခြေအနေကို ဥမဆင်းသော ဝှေးစေ့ဟု ဆိုနိုင်ပါတယ်။ သားယောင်္ကျားကလေးတိုင်းဖြစ်နိုင်သော်လည်း မွေးရက်ထက် စောစောမွေးသော ကလေးများတွင် ပိုမိုဖြစ်နိုင်ချေရှိပါတယ်။ သားငယ် အသက် ၆ လထိတိုင်အောင် ဥသည်နေရာမှန်သို့ ပုံမှန်အတ်ုင်းမဆင်းလာလျှင် ခွဲစိတ်မှု ပြုလုပ်ရန် လိုပါတယ်။

ဥ မဆင်းခြင်းဖြစ်စေသော အကြောင်းရင်းများမှာ  ဆရာဝန်များမှ အသေအချာမသိနိုင်သေးပါ။ သို့သော် မျိုး ရိုးဗီဇ၊ မိခင်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်လွှမ်းမိုးမှုများကြောင့်
ဟော်မုန်းနှင့် အာရုံကြောထိခိုက်မှုများကြောင့် ဖြစ်နိုင်ပါတယ်။

သေချာသော အကြောင်းရင်း မရှိသော်လည်း ဖြစ်စေနိုင်သော အခြေအနေများမှာ
– မွေးရက်စောမွေးခြင်း
– မိသားစုအတွင်း မျိုးရိုးဗီဇပြဿနာများ
– မွေးရာပါ ရောဂါများ
– ပေါင်မပြည့်ခြင်း
– ပိုးသတ်ဆေးများထိခြင်းစသည်တို့ဖြစ်ပါတယ်။

မိခင်သည်  ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရှိခြင်း၊ အဝလွန်ခြင်းနှင့် အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့် ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုသတိထားမိနိုင်သလဲ ?

အဓိက သတိထားမိသည်မှာ ကလေးငယ်ရဲ့ ကယ်ပယ်အိတ်သည် ပြားနေတတ်ပြီး တလုံးဘဲမဆင်းလျှင် တဘက်နဲ့ တဘက်မညီပါ။ ထို့သို့ မွေးစကတည်းက ကလေးကို သေချာစမ်းသပ်ပြီး ပြဿနာတစုံတရာရှိလာပါက သေချာနားလည်တတ်ကျွမ်းသော ကလေးဆရာဝန်နှင့်ပြသစစ်ဆေးပါ။ ဥ မဆင်းသော အခြေအနေဖြစ်လာပါက အခြားသောရောဂါအခြေအနေများကိုလည်း စမ်းသပ်ရှာဖွေပါ။

– ဝှေးစေ့အပိုပါခြင်း

ဥ နေရာမှန်မဆင်းခြင်းတွင် ဝှေးစေ့အပိုပါသည်လည်း ဖြစ်နေနိုင်ပါသည်ကို စမ်းသပ်ခြင်းဖြင့်သိလာနိုင်ပါတယ်။

– နေရာရွေ့နိုင်သောဝှေးစေ့

ကယ်ပယ်အိတ်အတွင်းရှိဝှေးစေ့သည် လက်နဲ့ ညစ်ကြည့်ပါက အပေါ်သို့တက်ကာ ပြန်လျော့လျှင် အောက်ပြန်ကျသည်ကို တွေ့ရှိနိုင်ပါတယ်။

ဥ နေရာမှန်မဆင်းခြင်းကြောင့် ဖြစ်စေနိုင်သော အခြေအနေများမှာ

– ကလေးမရနိုင်သော ပြဿနာများ
သုတ်ပိုးသည် ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းများထက် အပူချ်န်သည် အေးသောနေရာရှိရန် လိုအပ်သောကြောင့် ဥမဆင်းလျှင် ကလေးမရနိုင်သောပြဿနာများ ဖြစ်စေနိုင်ပါတယ်။ ပေါင်ကြားထဲတွင် ခိုနေလျှင် ပိုဆိုးတတ်ပါတယ်။ ကုသမႈသည်လည်း ကွာခြားနိုင်ပါတယ်။

– အူကျခြင်း
အူများသည် ကြွက်သားကြားများမှဖြတ်၍ ကပ်ပယ်အိတ်ထဲ တိုးဝင်လာသေ ာအခြေအနေဖြစ်ပါတယ်။

– ဒဏ်ရာရခြင်း
ဝှေးစေ့သည် နေရာမှန်မရှိသောကြောင့် ဒဏ်ရာ ပိုမိုရနိုင်ပါတယ်။

– ကင်ဆာ
ဝှေးစေ့နေရာမှန်မရှိသူများသည် ဝှေးစေ့ကင်ဆာဖြစ်ရန် ပိုမိုဖြစ်လွယ်နိုင်ပါတယ်။

– ဝှေးစေ့လိမ်ခြင်း
သုတ်ရည်ကို လိင်တံဆီသို့ပို့ပေးသော  အချောင်းတံလိမ်သွားသောအခါ အလွန်နာကျင်ပြီး ဝှေးစေ့ဆီသို့ သွေးလှည့်ပတ်မႈ မရောက်တော့ပါ။

ကုသမႈ

ကလေးငယ်အများစုသည် လအနည်းငယ်ကြာသောအခါ ကုသမႈအထွေအထူးမရှိဘဲ နေရာမှန်သို့ ရောက်ရှိနိုင်ပါတယ်။ ပုံမှန်စမ်းသပ်မႈပြုလုပ်ပြီး အသက် ၆ လထိ နေရာမှန်မရောက်ခဲ့သော် ခွဲစိတ်မႈ ပြုလုပ်ရန် ခွဲစိတ်အထူးကုနဲ့ တိုင်ပင်ပါ။

ခွဲစိတ်မႈ အဓိက ကုသမႈ တစ်ခုဖြစ်ပါတယ်။ ခွဲစိတ်မႈသည် ကလေးအသက် ၆ လနှင့် တနှစ်ကြားအတွင်း ပြုလုပ်လျှင် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ကုသမႈသည် အချိန်မှီပြုလုပ်လျှင် ကလေးမရသော ပြဿနာများ နည်းပါးနိုင်ပါတယ်။ ဟော်မုန်းနည်းဖြင့် ကုသမႈ ပြုလုပ်နိုင်သော်လည်း မထိရောက်ပါ။ ဆိုးကျိုးများနိုင်ပါတယ်။

Dr.ပြည့်ရှင်း

Previous Post

ဗိုက်ခွဲမွေးဖူးတဲ့အမျိုးသမီးတွေ  နောက်တကြိမ်ရိုးရိုးမွေးလို့ရမလား

Next Post

ကင်ဆာကို ကာကွယ်လို့ရသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
265

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
323

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
839

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
677

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကင်ဆာကို ကာကွယ်လို့ရသလား

ရာသီမလာခင် ရင်သားတွေတင်းပြီးနာတာ သက်သာစေမဲ့နည်းလမ်းများ

ပါးစပ်ကသောက်ရတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.