သွေးမလှုခင် မသိမဖြစ် သိထားရမဲ့အချက်များ
၁) အသက် ၁၇ နှစ်ပြည့်ပြီးသူများ ဖြစ်ရပါမည်။ တစ်ချို့နိုင်ငံများတွင် မိဘခွင့်ပြုချက်နှင့် အသက် ၁၆ နှစ်ပြည့်ပြီးလျှင် လှူဒါန်းလို့ရပါသည်။ အသက် ၆၀ ကျော်လျှင် လှူဒါန်းခွင့် မပြုတော့ပါ။
၂) ကိုယ်အလေးချိန် ပေါင်၁၁၀ ထက် ကျော်သူများဖြစ်ရပါမည်။
၃) သွေးပေါင်ချိန် အလွန်အမင်း တက်နေသူများလှူဒါန်းခွင့် မရှိပါ။
၄) အဖျားရှိနေသူများ လှူဒါန်းခွင့်မရှိပါ။ အဖျားပျောက်ပြီး သုံးပတ်ကြာမှ လှူဒါန်းခွင့်ရှိပါသည်။
၅) သွေးအားနည်း နေသူများလှူဒါန်းခွင့်မရှိပါ။ သွေးတွင်း haemoglobin level 12.5 g/dl ထက်ကျော်မှ လှူးဒါန်းခွင့် ရှိပါသည်။
၆) လိင် အပေါ်အပါး လိုက်စားသူများ လှူဒါန်းခွင့်မရှိပါ။ လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါရှိသူများ ရောဂါ ပျောက်ကင်းမှသာ လှူဒါန်းခွင့်ရှိပါသည်။
၇) မူးယစ်ဆေး သုံးစွဲနေသူများလှူဒါန်းခွင့်မ ရှိပါ။
၈) ကူးစက်ရောဂါဖြစ်သော HIV, hepatitis B ပိုး၊ Hepatitis C ပိုး ရှိသူများ၊ ကာလသားရောဂါနှင့် ငှက်ဖျားရောဂါပိုးရှိသူများလှူဒါန်းခွင့် မရှိပါ။
၉) သွေးမတိတ်ရောဂါ၊ ပန်းနာရောဂါရှိသူတွေ လှူဒါန်းခွင့် မရှိပါ။
၁၀) နှလုံးရောဂါ၊ အသည်းရောင်အသားဝါ ရောဂါနှင့် အသည်းရောဂါရှိသူများ နှင့်
ကျောက်ကပ်ရောဂါ ရှိသူများ လှူဒါန်းခွင့် မရှိပါ။
၁၁) အမျိုးသမီးများရာသီသွေးလာနေလျှင်လည်း လှူလို့ရပါသည်။ သို့သော် အများအားဖြင့် ရာသီသွေးရပ်သွားမှ ပြန်လှူခိုင်းတတ်ပါသည်။
၁၂) ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေး နို့တိုက်နေချိန်များတွင် လှူဒါန်းလို့မရပါ။
၁၃) အကြီးစားခွဲစိတ်ကုသမှူလုပ်ထားလျှင်လည်း အနည်းဆုံး ခြောက်လ သို့မဟုတ် ဆရာဝန်ညွန်ကြားမှ လှူဒါန်းရပါမည်။
၁၄) အမျိုးသမီးများ ကိုယ်ဝန်တားဆေးများ သောက်သုံးနေလျှင်လည်း လှူဒါန်းလို့ရပါသည်။
၁၅) သို့သော် ပိုးသတ်ဆေးနှင့် ဆီးချိုထိုးဆေး insulin များထိုးထားလျှင် လှူဒါန်းလို့မရပါ။ ဆရာဝန်နှင့် တိုင်ပင်၍ လှူဒါန်းခွင့်ပြုမှ လှူဒါန်းရပါမည်။
၁၄) အရက် သောက်ပြီး ၄၈ နာရီကျော် မှ လှူဒါန်းခွင့် ပြုပါသည်။
၁၅) တစ်နှစ်အတွင်း Tatto ထိုးထားသူများ လှူဒါန်းခွင့် မပြုပါ။
၁၆) တုပ်ကွေးရောဂါနှင့် အသက်ရှူလမ်ကြောင်းဆိုင်ရာ ရောဂါများနှင့် ဝမ်းပျက် ဝမ်းလျော ဖြစ်ဖူးထားပါကလည်း ပြန်လည် ကျန်းမာလာမှ လှူဒါန်းခွင့်ရှိပါသည်။ ရောဂါလက္ခဏာများ ပျောက်ကင်းပြီး တစ်ပတ်နေမှ လှူဒါန်းခွင့်ရှိပါသည်။
၁၇) ဆီးချိုရှိသူများတွင် သွေးတွင်း သကြားဓာတ် ထိန်း နိုင်ပါက လှူဒါန်းလို့ရပါသည်။
၁၈) သွေးမလှူခင် အစာစား ထားရပါမည်။ အရည်များ များ သောက်ထားရပါမည်။
Dr.အေးမိစံ