fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးသွားတတ်သလား         

 

သည်းခြေအိတ်ထုတ်လိုက်ရရင် ရူးသွားတတ်သလား

သည်းခြေထုတ်ပစ်ရသည်မှာ သည်းခြေကျောက်တည်ခြင်းကြောင့်အခြားနည်းလမ်းများနှင့်ကုသရျ် မရတော့သောအခါ သည်းခြေရောင်ရမ်းပြီး နာကျင်မူသက်သာစေရန် ဖြစ်ပါတယ်။ထိုအခါ သည်းခြေအိတ်မရှိလျှင် ရူးနိုင်လား ဆိုသော အယူအဆအမှားက မေးခွန်းအဖြစ်Ondrမှာမေးကြပါတယ်။
သည်းခြေအိတ်ထုတ်ခြင်းသည် အများအားဖြင့် အချို့သောအန္တရာယ်များ။ဆိုးကျိုးများရှိနိုင်သော်လည်း အောင်မြင်မူရာခိုင်နူန်းများသောခွဲစိတ်မူဖြစ်ပါတယ်။

(1)ဘာကြောင့်သည်းခြေထုတ်ရသလဲ?
သည်းခြေအိတ်ဆိုသည်မှာ ညာဘက်ခြမ်းအသည်းအောက်တွင်ရှိပြီးသစ်တော်သီးပုံကဲ့သို့ သည်းခြေရည်ထုတ်သော အင်္ဂါတစ်ခုဖြစ်ပါတယ်။သည်းခြေရည်သည် အဆီများခြေဖျက်ရန်ကူညီမူပေးသောအရည်ဖြစ်ပါတယ်။
-သည်းခြေကျောက်တည်ခြင်း
-ရေတိုနှင့်နာတာရှည်သည်းခြေရောင်ရမ်းခြင်း
-သည်းခြေပြွန်ကျောက်တည်ခြင်း စသည့်တို့တွင် ဆေးဝါးဖြင့်ကုသရန်မပျောက်သောအခါ သည်းခြေအိတ်ထုတ်ရန်လိုအပ်လာနိုင်ပါတယ်။သည်းခြေအိတ်မရှိလျှင်လည်းကျန်းမာသောနေထိုင်မူကိုပြန်လည်ရရှိနိုင်ပါတယ်။
သည်းခြေအိတ်ထုတ်ခြင်းခွဲစိတ်မူ
-မှန်ပြောင်းဖြင့် သည်းခြေအိတ်ထုတ်ခြင်း
-ဗိုက်ဖွင့်ခွဲစိတ်ထုတ်ခြင်း စသည့်ဖြင့်နည်းလမ်းများရှိပါတယ်။

(2)ပြန်လည်ကောင်းမွန်မူ
သည်းခြေအိတ်ထုတ်ပစ်ပြီးနောက် နာလန်ထစကောင်းမွန်မူသည် ခွဲစိတ်မုူအခြေအနေအပေါ်တွင်များစွာမူတည်ပါတယ်။ခွဲစိတ်ဒဏ်ရာအနာကို ပိုးမဝင်အောင်ဂရုစိုက်နေထိုင်သင့်ပါတယ်။မှန်ပြောင်းဖြင့်သည်းခြေအိတ်ထုတ်ခြင်းသည် ဆေးရုံတက်နေထိုင်မူရက် နည်းပါတယ်။ပြင်းထန်သောလူပ်ရှားမူကို ၂ပတ်ခန့်ရှောင်ပြီးနောက် မူလအနေအထားသို့အလျင်အမြန်ပြန်လည်ရောက်ရှိနိုင်ပါတယ်။ဗိုက်ဖွင့်ခွဲစိတ်မူသည် ဆေးရုံတက်ရက်ကြာနိုင်သလ်ု မူလနေထိုင်မူပုံစံပြန်လည်ရရှိရန်၆ပတ်မှ၈ပတ်ထိ အချိန်ယူရပါတယ်။

(3)တွေ့ကြုံရနိုင်သောဆိုးကျိုးများ
ခွဲစိတ်မူသည် အမှားကင်းပြီး အောင်မြင်ရန်ရာခိုင်နူန်းများသော်လည်း အချို့ဖြစ်နိုင်သောဆိုးကျိုးများမှာ
-မေ့ဆေးအန္တရာယ်များ
-ပိုးဝင်ခြင်း
-သွေးထွက်ခြင်း
-ရောင်ရမ်းခြင်း
-သည်းခြေလျံခြင်း
-သည်းခြေပြွန်ထိခိုက်ခြင်း
-အသည်း။အူနှင့် သွေးကြောထိခိုက်ခြင်း
-ခြေထောက်သွေးခဲခြင်းစသည့်အပြင် သည်းခြေထုတ်ခြင်းနောက်ဆက်တွဲရောဂါပါ ရနိုင်ချေရှိပါတယ်။သည်းခြေအိတ်ထုတ်ပြီးသော်လည်း နာခြင်း။အော့အန်ခြင်း။လေမလည်ခြင်း။ဝမ်းလျောခြင်းနှင့်အသားဝါခြင်း စသည့်တို့ဖြစ်လာပါက ဆရာဝန်နှင့်အမြန်ုပြန်ပြသင့်ပါတယ်။

(4)သည်းခြေထုတ်ပြီး မည်သို့ စားသောက်သင့်သလဲ
သည်းခြေထုတ်ပြီး ပထမရက်များတွင် အရည်နှင့်အစာပျော့ပျော့သာစားသုံးပါ။အပူအစပ်။အဆီအစိမ့်အစာများမှလွဲရျ် အမျှင်ဓာတ်ကြွယ်ဝသောအစာအစားများစားပါ။သည်းခြေအိတ်ထုတ်ခြင်းသည် သေချာဂရုမစိုက်သောကြောင့် ပိုးကူစက်ခြင်းနှင့်အခြားဆိုးကျိုးများရှိနိုင်သော်လည်း သည်းခြေပျက်ရျ် ရူးနိုင်သည်မှာ မှန်ကန်သောအယူအဆလုံးဝမဟုတ်ပါ။

 

ဆက်စပ် ဆောင်းပါးများ