fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ချက်ကနေ ကျွံတဲ့အူ

851
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/01/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ချက်ကနေ ကျွံတဲ့အူ

အူကျွံတယ်၊ အူကျတယ်ဆိုတာဟာ ဝမ်းဗိုက်အတွင်းထဲက အူ သို့မဟုတ် ကလီစာအစိတ်အပိုင်းတခုခုဟာ သူရှိရမယ့်နေရာကနေ အားနည်းနေတဲ့ ဝမ်းဗိုက်ကြွက်သားနေရာကို ဖြတ်ပြီး တခြားနေရာကို တိုးထွက်လာခြင်း ဖြစ်ပါတယ်။

အူကျွံခြင်းဟာ အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်နိုင်ပါတယ်။

အူကျွံခြင်းအဖြစ်များတဲ့ နေရာတွေကတော့ ပေါင်ခြံကြား၊ ပေါင်အပေါ်အတွင်းဘက်၊ ခွဲထားတဲ့အမာရွတ်၊ ချက်နဲ့ ချက်တဝိုက် စတဲ့နေရာတွေဖြစ်ပါတယ်။

အခုတခေါက်ဆောင်းပါးမှာတော့ ချက်နေရာကနေ အူကျွံခြင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ။်

ချက်နေရာကနေ အူကျွံခြင်းကို ဆေးပညာအရ umbilical hernia လို့ခေါ်ပါတယ်။

မွေးကင်းစ ကလေးတွေမှာ အဖြစ်များပါတယ်။

ကလေးလေးတွေ သန္ဓေသားဘဝနဲ့ မိခင်သားအိမ်ထဲမှာရှိစဉ် ချက်ကြိုးက သားအိမ်နံရံမှာရှိတဲ့ အချင်းမှ ထွက်လာပြီး သန္ဓေသားရဲ့ ဝမ်းဗိုက်နေရာကနေ သန္ဓေသားကိုယ်ထဲဝင်ရောက်ကာ သန္ဓေသားလိုအပ်တဲ့ အစာအာဟာရနဲ့ အောက်စီဂျင်တွေကို ထောက်ပံ့ပေးပါတယ်။

ကလေးမွေးလို့ ချက်ကြိုးဖြတ်ပြီးနောက်မှာ ချက်ကြိုးရဲ့ လုပ်ငန်းဆောင်တာတွေ မရှိတော့တဲ့အတွက် ချက်ကြိုးဝင်ရောက်ခဲ့တဲ့ ကလေးရဲ့ ဝမ်းဗိုက်နေရာဟာ ဝမ်းဗိုက်ကြွက်သားတွေနဲ့ပိတ်သွားပြီး ချက်အဖြစ်နဲ့ကျန်ခဲ့ရပါတယ်။

ဒါကပုံမှန်ပါပဲ။

တချို့ကလေးတွေမှာကျ ချက်ကြိုးဖြတ်ပြီးနောက်မှာ ချက်ကြိုးဝင်ရောက်ခဲ့တဲ့ ဝမ်းဗိုက်နေရာကကြွက်သားတွေဟာ ပြီးပြည့်စုံစွာမပိတ်တာမျိုးလည်းရှိပါတယ်။

အဲ့အခါမှာ ဝမ်းဗိုက်အတွင်းထဲက အူ သို့မဟုတ် ကလီစာတွေဟာ အပြည့်အဝမပိတ်တဲ့ကြွက်သားနေရာမှတဆင့် ကျွံထွက်လာပြီး umbilical hernia ခေါ် ချက်နေရာမှ အူကျွံခြင်းဖြစ်လာပါတယ်။

ချက်နေရာမှအူကျွံတာဟာ လမစေ့ဘဲမွေးတဲ့ ကလေးတွေ၊ ပေါင်မပြည့်ဘဲမွေးတဲ့ ကလေးတွေမှာ အဖြစ်များလေ့ရှိပါတယ်။

လက္ခဏာအနေနဲ့ကတော့ ချက်ကလေးစူနေတာကလွဲရင် တခြားသိသာတဲ့လက္ခဏာတွေ ပြလေ့မရှိပါဘူး။

နာကျင်တာမျိုးလည်း ရှိလေ့မရှိပါ။

ကလေးငယ်ရယ်တဲ့အခါ၊ ငိုတဲ့အခါ၊ အီးညှစ်တဲ့အခါတွေမှာ ချက်ကလေးဟာ ပိုပြီးဖောင်းထွက်လာတတ်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဝမ်းဗိုက်ကြွက်သားတွေဟာ ကလေးမွေးပြီးပြီးချင်းမှာ ပြည့်စုံစွာမပိတ်လည်း နောက်ထပ်သုံးလေးနှစ်လောက်နေရင် သူ့ဘာသာသူပြည့်စုံစွာ ပြန်ပိတ်နိုင်ခြေရှိတဲ့အတွက် သုံးလေးနှစ်အရွယ်လောက်ထိ စောင့်ကြည့်တာပါပဲ။

သုံးလေးနှစ်အရွယ်လောက်မှ သူ့ဘာသာသူပြည့်စုံစွာ ပြန်မပိတ်ရင် သို့မဟုတ် စောင့်ကြည့်နေစဉ်ကာလအတွင်းမှာ ကျွံတဲ့အူက အခန့်မသင့်လို့ မစင်နဲ့ပိတ်သွားပြီး ကလေးက မခံမရပ်နိုင်အောင်နာကျင်တာ၊ အန်တာ စသဖြင့် ဖြစ်လာရင်တော့ ခွဲစိတ်ကုသမှုခံယူဖို့လိုပါတယ်။

umbilical hernia ခေါ် ချက်နေရာမှအူကျွံခြင်းဟာ လူကြီးတွေမှာလည်းဖြစ်နိုင်ခြေရှိပါတယ်။

umbilical hernia ခေါ် ချက်နေရာမှ အူကျွံခြင်းဟာ ကိုယ်အလေးချိန်များတဲ့သူတွေ၊ မကြာခဏကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေ၊ နှစ်မြွှာပူး၊ သုံးမြွှာပူမွေးတဲ့ အမျိုးသမီးတွေ၊ အကြောင်းတခုခုကြောင့် ဗိုက်ခွဲစိတ်ထားတဲ့သူတွေ၊ ရေရှည်ချောင်းဆိုးတာ မကြာခဏဖြစ်တတ်တဲ့သူတွေမှာဆိုရင် ဖြစ်နိုင်ခြေပိုများပါတယ်။

လူကြီးအရွယ်တွေမှာ ချက်ကနေအူကျွံခြင်း (umbilical hernia) ဖြစ်ပြီဆိုရင်တော့ မွေးစကလေးတွေလို သူ့ဘာသာသူပြန်ပိတ်နိုင်ခြေမရှိတဲ့အတွက် သုံးလေးနှစ်စောင့်လို့မရပါ။

ဒါ့အပြင် ဖြစ်တဲ့အခါမှာ နာကျင်တာ၊ နေရထိုင်ရခက်တာမျိုးတွေလည်း ခံစားရနိုင်တဲ့အတွက် အများအားဖြင့် ခွဲစိတ်ကုသမှုခံယူဖို့ လိုပါတယ်။

Dr 528

Previous Post

ဘယ်လိုကလေးတွေမှာ မျက်စိကင်ဆာ ဖြစ်နိုင်လဲ

Next Post

အုန်းလွဲခြင်းကို အမြန်ဆုံးသက်သာစေမဲ့နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
258

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
828

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
999
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
671

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အုန်းလွဲခြင်းကို အမြန်ဆုံးသက်သာစေမဲ့နည်းလမ်းများ

တစ်နေ့နှစ်ကြိမ်သွားမတိုက်လျှင် ပန်းသေပန်းညှိုးဖြစ်နိုင်ချေမြင့်မား

လေ့ကျင့်ခန်းမလုပ်ရင် မပျောက်တဲ့ ဒူးကြီးပေါင်းတက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.