fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စိတ်ဖြေဖျောက်မှုနှင့် ကျန်းမာရေး

74
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

မိဘႏွင့္ သားသမီးၾကား လိင္ပိုင္းဆိုင္ရာကိစၥေဆြးေႏြးရာတြင္ အခက္အခဲမ်ားစြာ ရွိႏိုင္သည္။ ထို႔ေၾကာင့္ မိခင္က သမီးအား၊ ဖခင္က သားအား လိင္ပိုင္းဆိုင္ရာ ဗဟုသုတမ်ားကို သိသင့္သိထိုက္ပါက ပညာေပး ေျပာၾကားရန္ လိုအပ္မည္ျဖစ္ပါသည္။ ကြၽန္ေတာ္ဆရာဝန္ျဖစ္စက ဆရာဝန္ႀကီးတစ္ဦးက ေျပာဖူးသည္။ သူ႔အေနျဖင့္ သူ၏ သားသမီးမ်ားကို လိင္ပိုင္းဆိုင္ရာ က်န္းမာေရးပညာေပးေဆြးေႏြးမႈ Sexual Health Education ကို သူကိုယ္တိုင္ ေဆာင္႐ြက္ေပးသည္ဟု ဆိုပါသည္။ ဥပမာအားျဖင့္ သူ၏ သားမ်ားကို စိတ္ဆႏၵေျဖေဖ်ာက္မႈ Masturbation အေၾကာင္းရွင္းျပသည္ဟု ဆိုသည္။

ဆႏၵေျဖေဖ်ာက္မႈမွာ နားအဝင္႐ိုင္းသည္ဟု ဆိုႏိုင္ေသာ္လည္း အ႐ြယ္ေရာက္ၿပီးခ်ိန္မွစ၍ မကင္းႏိုင္သည့္ကိစၥျဖစ္သည္။ ဇီဝကမၼျဖစ္စဥ္တစ္ရပ္ဟုပင္ ေျပာႏိုင္ပါသည္။ သို႔ေသာ္ ဆႏၵေျဖေဖ်ာက္မႈကို မေကာင္းေသာကိစၥတစ္ရပ္အျဖစ္ သေဘာထားကာ လူႀကီးမ်ားက မျပဳလုပ္သင့္ေၾကာင္း ဆုံးမခဲ့သည္။ ေရွးလူႀကီးသူမမ်ားက ဆိုဆုံးမရာတြင္ ေျခာက္လွန႔္မႈမ်ားပါတတ္သည္။ ကြၽန္ေတာ္တို႔ ငယ္ငယ္က အဓိပၸာယ္အတိအက် မသိေသာ္လည္း ေၾကာက္၍ မလုပ္ရဲေသာ ကိစၥမ်ားရွိသည္။ ညေနပိုင္း ေနဝင္ရီသေရာအခ်ိန္ တူတူပုန္းတမ္း ကစားလွ်င္ နတ္ဝွတ္တတ္သည္။ စေလာင္းဖုံး ႏွစ္ခ်ပ္တီးလွ်င္ က်ားကိုက္တတ္သည္။ တံစက္ၿမိတ္ေအာက္ ပက္လက္အိပ္လွ်င္ ထမင္းလုံးတေစၦ ေျခာက္ခံရတတ္သည္။ (ညအိပ္မက္ဆိုးမက္တတ္သည္) စသည့္ တားျမစ္ဆုံးမစကားမ်ားမွာ အမွန္စင္စစ္ အႏၲရယ္ကို ကာကြယ္လို၍ ေျခာက္လွန႔္တားျမစ္ျခင္းမ်ား ျဖစ္ၾကသည္။

ဆႏၵေျဖေဖ်ာက္မႈမွာ အႏၲရာယ္မရွိေသာ္ျငားလည္း လူႀကီးမ်ားကိုယ္တိုင္ အစဥ္အဆက္ယုံၾကည္ခဲ့ေသာ အမွားမ်ားေၾကာင့္ လူငယ္မ်ားအားလည္း ေျခာက္လွန႔္စကားမ်ားျဖင့္ ေျပာဆိုဆုံးမေနၾကဆဲျဖစ္သည္။ အယူအဆမ်ားမွာ သာစဥ္ေျမးဆက္ အမွန္တကယ္ဟု ထင္မွတ္ေနခဲ့ၾကသည္။ ဆႏၵေျဖေဖ်ာက္မႈမွာ က်န္းမာေရးလုံးဝထိခိုက္ေစေသာ အရာမဟုတ္ပါ။ ဇီဝကမၼျဖစ္စဥ္တစ္ရပ္သာ ျဖစ္ၾကာင္း အခိုင္အမာေျပာၾကားလိုပါသည္။ သုတ္ရည္က ေသြးက ျဖစ္လာတာ။ ဒါေၾကာင့္ ဆႏၵေျဖေဖ်ာက္လို႔ သုတ္ထြက္ရင္ အားနည္းေစ တယ္။ အႀကိမ္ႀကိမ္လုပ္မယ္ဆိုရင္ ေသြးခမ္းေျခာက္သြားႏိုင္တယ္။ ေသႏိုင္တယ္။ ဆႏၵေျဖေဖ်ာက္မႈေၾကာင့္ ႐ူးသြပ္သြားႏိုင္တယ္။ ဝက္ၿခံေတြ ပိုထြက္လာမယ္၊ ဆံပင္ကြၽတ္မယ္။ ႏွလုံးေရာဂါျဖစ္ႏိုင္တယ္၊ ဉာဏ္ရည္နိမ့္က်သြားမယ္။ မွတ္ဉာဏ္ခ်ိဳ႕တဲ့သြားမယ္။ အတက္ေရာဂါျဖစ္ႏိုင္တယ္။ ႂကြက္ႏို႔ေတြ၊ အသားမာေတြ ေပါက္လာလိမ့္မယ္။ ခႏၶာကိုယ္အားအင္ ယုတ္ေလ်ာ့လာမယ္။ လက္ဖဝါးမွာ အေမြးအမွင္ေတြ ေပါက္လာမယ္။

အထက္တြင္ ေဖာ္ျပခဲ့ေသာ အခ်က္မ်ားမွာ ဆႏၵေျဖေဖ်ာက္မႈေၾကာင့္ ျဖစ္ႏိုင္သည္။ ျဖစ္တတ္ သည္။ ျဖစ္လိမ့္မည္ဟု လူတခ်ိဳ႕၏ ယူဆခ်က္မ်ားျဖစ္သည္။ အားလုံးမွာ အမွန္တကယ္မဟုတ္ေသာ အယူအဆမွားမ်ားသာျဖစ္သည္။ ေယာက်ာ္းေလး သို႔မဟုတ္ မိန္းကေလးမ်ား အ႐ြယ္ေရာက္ခ်ိန္တြင္ ခႏၶာကိုယ္၌ ႐ုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚလာသကဲ့သို႔၊ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈမ်ားလည္း ေတြ႕ရမည္ျဖစ္သည္။ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈတြင္ ေဆးပညာသေဘာအရ Increase in Libido လိင္ဆႏၵခံလိုစိတ္ မသိမသာ ေပၚလာျခင္း၊ ပိုမ်ားလာျခင္းမွာ ေျပာင္းလဲမႈတစ္ခုပင္ျဖစ္သည္။ ထို႔အျပင္ ဆန႔္က်င္ဘက္လိင္အေပၚ စိတ္ဝင္စားမႈ Intrest in Opposite Sex လည္းျဖစ္လာပါသည္။ ထို႔ေၾကာင့္ စိတ္ဆႏၵျဖစ္ေပၚလာခ်ိန္တြင္ ကိုယ္တိုင္ဆႏၵေျဖေဖ်ာက္မႈမ်ိဳး ျပဳလုပ္လာတတ္ၾကသည္။ အ႐ြယ္ေရာက္ၿပီးစအခ်ိန္တြင္ တစ္ပတ္လွ်င္တစ္ႀကိမ္ သို႔မဟုတ္ ႏွစ္ႀကိမ္ ဆႏၵေျဖေဖ်ာက္မႈျပဳလုပ္တတ္ ၾကပါသည္။ ဆႏၵေျဖေဖ်ာက္မႈေၾကာင့္ ပန္းေသ၊ ပန္းညႇိဳးျဖစ္တတ္သည္။ အိမ္ေထာင္ျပဳေသာအခါ သားသမီးမရႏိုင္ဘဲ ျဖစ္သြားတတ္သည္။ ၿမဳံသြားတတ္သည္။ အျပစ္က်ဴးလြန္ရာေရာက္သည္။ စသည့္ အယူအဆအမွားမ်ားလည္း ေတြ႕ရႏိုင္ပါေသးသည္။ ဆႏၵေျဖေဖ်ာက္မႈႏွင့္ ပတ္သက္၍ သုေတသနပညာရွင္မ်ားက ေလ့လာမႈမ်ားစြာ ျပဳလုပ္ခဲ့ၾကသည္။ ဆႏၵေျဖေဖ်ာက္ျခင္းမွာ လူငယ္လူ႐ြယ္မ်ားသာ ျပဳလုပ္ျခင္းမဟုတ္ဘဲ အသက္အ႐ြယ္မေ႐ြး ျပဳလုပ္တတ္ ၾကသည္ဟုဆိုပါသည္။

အိမ္ေထာင္မရွိသူမ်ားသာ မိမိကိုယ္တိုင္ ဆႏၵေျဖေဖ်ာက္မႈျပဳလုပ္ၾကသည္ဟု ထင္ေနတတ္ၾကသည္။ အိမ္ေထာင္ရွိသူမ်ားလည္း ကိုယ္တိုင္ဆႏၵေျဖေဖ်ာက္မႈ ျပဳလုပ္တတ္ၾကပါသည္။ အသက္အ႐ြယ္ႀကီးသူမ်ား (ဥပမာ-အသက္ ၆၀ ေက်ာ္သူမ်ား) ပင္လွ်င္ ကိုယ္တိုင္ဆႏၵေျဖေဖ်ာက္မႈ ျပဳလုပ္ၾကဆဲျဖစ္ေၾကာင္းေတြ႕ရသည္။ ေဆးပညာရႈေထာင့္မွၾကည့္လွ်င္ ဆႏၵေျဖေဖ်ာက္မႈ၏ ေကာင္းက်ိဳးမ်ားစြာကို ေတြ႕ရႏိုင္သည္။ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူစက္ေရာဂါမ်ားကို ကာကြယ္ရာေရာက္ပါသည္။ အေပ်ာ္အပါး လိုက္စားလွ်င္ ေရာဂါမ်ား ကူးစက္ခံရႏိုင္သည္။ ဆႏၵေျဖေဖ်ာက္မႈမွ ေရာဂါမရႏိုင္ေပ။ ဆစ္ဖလစ္၊ ဂႏိုေရာဂါ (ဆီးပူေညာင္းက်)၊ လိင္အဂၤါေရယုန္၊ ႂကြက္ႏို႔၊ အသည္းေရာင္ေရာဂါဘီႏွင့္ စီ၊ HIV/AIDS စသည့္ ေရာဂါမ်ားမွ လိင္ဆက္ဆံမႈမွတစ္ဆင့္ ကူးစက္ႏိုင္ပါသည္။ လိင္ဆက္ဆံမႈေၾကာင့္ျဖစ္ေစ၊ စိတ္ဆႏၵေျဖေဖ်ာက္မႈေၾကာင့္ျဖစ္ေစ၊ ဆႏၵျပည့္ဝၿပီးေျမာက္မႈ Orgasm ရႏိုင္သည္။ စိတ္ေျဖေဖ်ာက္ျခင္းျဖင့္ ဆႏၵျပည့္ဝမႈ ရရွိျခင္းေၾကာင့္ အမ်ိဳးသမီးမ်ားအေပၚ ေစာ္ကားမႈ၊ မလိုခ်င္ဘဲ ကိုယ္ဝန္ရရွိမႈ၊ ကိုယ္ဝန္ဖ်က္ခ်မႈစသည့္ မလိုလားအပ္ေသာ လူမႈေရး ျပႆနာမ်ားလည္း ကင္းေဝးေစႏိုင္မည္ျဖစ္ပါသည္။ ဆႏၵေျဖေဖ်ာက္မႈေၾကာင့္ လိင္အဂါမ်ၤားသို႔ ေသြးလွည့္ပတ္စီးဆင္းမႈမွာ ပိုမိုေကာင္းေစသျဖင့္ က်န္းမာေရးကိုပင္ အေထာက္အကူျဖစ္ေစသည္။ အခ်ဳပ္အားျဖင့္ ဆႏၵေျဖေဖ်ာက္မႈသည္ ဇီဝကမၼျဖစ္စဥ္တစ္ရပ္ျဖစ္ၿပီး က်န္းမာေရးကို   ထိခိုက္ေစမည္မဟုတ္ပါေၾကာင္း တင္ျပလိုက္ေပသည္။

Author: ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)

(Unicode)

မိဘနှင့် သားသမီးကြား လိင်ပိုင်းဆိုင်ရာကိစ္စဆွေးနွေးရာတွင် အခက်အခဲများစွာ ရှိနိုင်သည်။ ထို့ကြောင့် မိခင်က သမီးအား၊ ဖခင်က သားအား လိင်ပိုင်းဆိုင်ရာ ဗဟုသုတများကို သိသင့်သိထိုက်ပါက ပညာပေး ပြောကြားရန် လိုအပ်မည်ဖြစ်ပါသည်။ ကျွန်တော်ဆရာဝန်ဖြစ်စက ဆရာဝန်ကြီးတစ်ဦးက ပြောဖူးသည်။ သူ့အနေဖြင့် သူ၏ သားသမီးများကို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာပေးဆွေးနွေးမှု Sexual Health Education ကို သူကိုယ်တိုင် ဆောင်ရွက်ပေးသည်ဟု ဆိုပါသည်။ ဥပမာအားဖြင့် သူ၏ သားများကို စိတ်ဆန္ဒဖြေဖျောက်မှု Masturbation အကြောင်းရှင်းပြသည်ဟု ဆိုသည်။

ဆန္ဒဖြေဖျောက်မှုမှာ နားအဝင်ရိုင်းသည်ဟု ဆိုနိုင်သော်လည်း အရွယ်ရောက်ပြီးချိန်မှစ၍ မကင်းနိုင်သည့်ကိစ္စဖြစ်သည်။ ဇီဝကမ္မဖြစ်စဉ်တစ်ရပ်ဟုပင် ပြောနိုင်ပါသည်။ သို့သော် ဆန္ဒဖြေဖျောက်မှုကို မကောင်းသောကိစ္စတစ်ရပ်အဖြစ် သဘောထားကာ လူကြီးများက မပြုလုပ်သင့်ကြောင်း ဆုံးမခဲ့သည်။ ရှေးလူကြီးသူမများက ဆိုဆုံးမရာတွင် ခြောက်လှန့်မှုများပါတတ်သည်။ ကျွန်တော်တို့ ငယ်ငယ်က အဓိပ္ပာယ်အတိအကျ မသိသော်လည်း ကြောက်၍ မလုပ်ရဲသော ကိစ္စများရှိသည်။ ညနေပိုင်း နေဝင်ရီသရောအချိန် တူတူပုန်းတမ်း ကစားလျှင် နတ်ဝှတ်တတ်သည်။ စလောင်းဖုံး နှစ်ချပ်တီးလျှင် ကျားကိုက်တတ်သည်။ တံစက်မြိတ်အောက် ပက်လက်အိပ်လျှင် ထမင်းလုံးတစ္ဆေ ခြောက်ခံရတတ်သည်။ (ညအိပ်မက်ဆိုးမက်တတ်သည်) စသည့် တားမြစ်ဆုံးမစကားများမှာ အမှန်စင်စစ် အန္တရယ်ကို ကာကွယ်လို၍ ခြောက်လှန့်တားမြစ်ခြင်းများ ဖြစ်ကြသည်။

ဆန္ဒဖြေဖျောက်မှုမှာ အန္တရာယ်မရှိသော်ငြားလည်း လူကြီးများကိုယ်တိုင် အစဉ်အဆက်ယုံကြည်ခဲ့သော အမှားများကြောင့် လူငယ်များအားလည်း ခြောက်လှန့်စကားများဖြင့် ပြောဆိုဆုံးမနေကြဆဲဖြစ်သည်။ အယူအဆများမှာ သာစဉ်မြေးဆက် အမှန်တကယ်ဟု ထင်မှတ်နေခဲ့ကြသည်။ ဆန္ဒဖြေဖျောက်မှုမှာ ကျန်းမာရေးလုံးဝထိခိုက်စေသော အရာမဟုတ်ပါ။ ဇီဝကမ္မဖြစ်စဉ်တစ်ရပ်သာ ဖြစ်ကြာင်း အခိုင်အမာပြောကြားလိုပါသည်။ သုတ်ရည်က သွေးက ဖြစ်လာတာ။ ဒါကြောင့် ဆန္ဒဖြေဖျောက်လို့ သုတ်ထွက်ရင် အားနည်းစေ တယ်။ အကြိမ်ကြိမ်လုပ်မယ်ဆိုရင် သွေးခမ်းခြောက်သွားနိုင်တယ်။ သေနိုင်တယ်။ ဆန္ဒဖြေဖျောက်မှုကြောင့် ရူးသွပ်သွားနိုင်တယ်။ ဝက်ခြံတွေ ပိုထွက်လာမယ်၊ ဆံပင်ကျွတ်မယ်။ နှလုံးရောဂါဖြစ်နိုင်တယ်၊ ဉာဏ်ရည်နိမ့်ကျသွားမယ်။ မှတ်ဉာဏ်ချို့တဲ့သွားမယ်။ အတက်ရောဂါဖြစ်နိုင်တယ်။ ကြွက်နို့တွေ၊ အသားမာတွေ ပေါက်လာလိမ့်မယ်။ ခန္ဓာကိုယ်အားအင် ယုတ်လျော့လာမယ်။ လက်ဖဝါးမှာ အမွေးအမှင်တွေ ပေါက်လာမယ်။

အထက်တွင် ဖော်ပြခဲ့သော အချက်များမှာ ဆန္ဒဖြေဖျောက်မှုကြောင့် ဖြစ်နိုင်သည်။ ဖြစ်တတ် သည်။ ဖြစ်လိမ့်မည်ဟု လူတချို့၏ ယူဆချက်များဖြစ်သည်။ အားလုံးမှာ အမှန်တကယ်မဟုတ်သော အယူအဆမှားများသာဖြစ်သည်။ ယောကျာ်းလေး သို့မဟုတ် မိန်းကလေးများ အရွယ်ရောက်ချိန်တွင် ခန္ဓာကိုယ်၌ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသကဲ့သို့၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလည်း တွေ့ရမည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွင် ဆေးပညာသဘောအရ Increase in Libido လိင်ဆန္ဒခံလိုစိတ် မသိမသာ ပေါ်လာခြင်း၊ ပိုများလာခြင်းမှာ ပြောင်းလဲမှုတစ်ခုပင်ဖြစ်သည်။ ထို့အပြင် ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှု Intrest in Opposite Sex လည်းဖြစ်လာပါသည်။ ထို့ကြောင့် စိတ်ဆန္ဒဖြစ်ပေါ်လာချိန်တွင် ကိုယ်တိုင်ဆန္ဒဖြေဖျောက်မှုမျိုး ပြုလုပ်လာတတ်ကြသည်။ အရွယ်ရောက်ပြီးစအချိန်တွင် တစ်ပတ်လျှင်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဆန္ဒဖြေဖျောက်မှုပြုလုပ်တတ် ကြပါသည်။ ဆန္ဒဖြေဖျောက်မှုကြောင့် ပန်းသေ၊ ပန်းညှိုးဖြစ်တတ်သည်။ အိမ်ထောင်ပြုသောအခါ သားသမီးမရနိုင်ဘဲ ဖြစ်သွားတတ်သည်။ မြုံသွားတတ်သည်။ အပြစ်ကျူးလွန်ရာရောက်သည်။ စသည့် အယူအဆအမှားများလည်း တွေ့ရနိုင်ပါသေးသည်။ ဆန္ဒဖြေဖျောက်မှုနှင့် ပတ်သက်၍ သုတေသနပညာရှင်များက လေ့လာမှုများစွာ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒဖြေဖျောက်ခြင်းမှာ လူငယ်လူရွယ်များသာ ပြုလုပ်ခြင်းမဟုတ်ဘဲ အသက်အရွယ်မရွေး ပြုလုပ်တတ် ကြသည်ဟုဆိုပါသည်။

အိမ်ထောင်မရှိသူများသာ မိမိကိုယ်တိုင် ဆန္ဒဖြေဖျောက်မှုပြုလုပ်ကြသည်ဟု ထင်နေတတ်ကြသည်။ အိမ်ထောင်ရှိသူများလည်း ကိုယ်တိုင်ဆန္ဒဖြေဖျောက်မှု ပြုလုပ်တတ်ကြပါသည်။ အသက်အရွယ်ကြီးသူများ (ဥပမာ-အသက် ၆၀ ကျော်သူများ) ပင်လျှင် ကိုယ်တိုင်ဆန္ဒဖြေဖျောက်မှု ပြုလုပ်ကြဆဲဖြစ်ကြောင်းတွေ့ရသည်။ ဆေးပညာရှုထောင့်မှကြည့်လျှင် ဆန္ဒဖြေဖျောက်မှု၏ ကောင်းကျိုးများစွာကို တွေ့ရနိုင်သည်။ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူစက်ရောဂါများကို ကာကွယ်ရာရောက်ပါသည်။ အပျော်အပါး လိုက်စားလျှင် ရောဂါများ ကူးစက်ခံရနိုင်သည်။ ဆန္ဒဖြေဖျောက်မှုမှ ရောဂါမရနိုင်ပေ။ ဆစ်ဖလစ်၊ ဂနိုရောဂါ (ဆီးပူညောင်းကျ)၊ လိင်အင်္ဂါရေယုန်၊ ကြွက်နို့၊ အသည်းရောင်ရောဂါဘီနှင့် စီ၊ HIV/AIDS စသည့် ရောဂါများမှ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ လိင်ဆက်ဆံမှုကြောင့်ဖြစ်စေ၊ စိတ်ဆန္ဒဖြေဖျောက်မှုကြောင့်ဖြစ်စေ၊ ဆန္ဒပြည့်ဝပြီးမြောက်မှု Orgasm ရနိုင်သည်။ စိတ်ဖြေဖျောက်ခြင်းဖြင့် ဆန္ဒပြည့်ဝမှု ရရှိခြင်းကြောင့် အမျိုးသမီးများအပေါ် စော်ကားမှု၊ မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှု၊ ကိုယ်ဝန်ဖျက်ချမှုစသည့် မလိုလားအပ်သော လူမှုရေး ပြဿနာများလည်း ကင်းဝေးစေနိုင်မည်ဖြစ်ပါသည်။ ဆန္ဒဖြေဖျောက်မှုကြောင့် လိင်အဂါၤများသို့ သွေးလှည့်ပတ်စီးဆင်းမှုမှာ ပိုမိုကောင်းစေသဖြင့် ကျန်းမာရေးကိုပင် အထောက်အကူဖြစ်စေသည်။ အချုပ်အားဖြင့် ဆန္ဒဖြေဖျောက်မှုသည် ဇီဝကမ္မဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး ကျန်းမာရေးကို   ထိခိုက်စေမည်မဟုတ်ပါကြောင်း တင်ပြလိုက်ပေသည်။

Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

မျက်စိ ရေတိမ် အန္တရာယ် သတိပြုဖွယ်

Next Post

ဆီးချို သွေးချို ရောဂါ နှင့် အစားအစာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
610

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆီးချို သွေးချို ရောဂါ နှင့် အစားအစာ

ကလေးငယ်များဆေးကုသခြင်းဆိုင်ရာသိကောင်းစရာ

ခြေဆီထွက်တာ အဖြေရှာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.