ကလေးငယ်များဆေးကုသနေစဉ် ဆေးတိုက်လို့ ခက်တတ်တာ သဘာ၀ ပါပဲ။ ကလေးနေမကောင်းလို့ ဆရာဝန်နဲ့ပြသရတဲ့အခါ တိုက်ကျွေးဖို့ ဆေးဝါးတွေ ညွှန်ကြားတယ်။ ဆေးနဲ့ပတ်သက်ပြီး အသေးစိတ်သိသင့်တဲ့ အချက်များ ဆရာဝန်ထံ မေးမြန်းဖို့လိုမယ်။ တိုက်ကျွေးရမယ့်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ သိထားဖို့ လိုသလို နောက်ဆက်တွဲပြဿနာများကို သိထားဖို့လိုပါတယ်။ ဆေးကို အရင်တိုက် ပြီးမှ အစာကျွေးမှာလား၊ အစာစားပြီး နာရီဝက်ကျော်ကြာမှ ဆေးတိုက်မှာလား ဆိုတာ ဆရာဝန်ကို သေချာမေးဖို့ လိုအပ်ပါတယ်။
ကလေးငယ်များအတွက်ဆေးဝါးအများစုဟာချို့တဲ့ အရည်ပုံစံဖြစ်ပြီး ဇွန်း (သို့) အစက်ချပိုက်ငယ်ကတစ်ဆင့်အလွယ်တကူတိုက်ကျွေးနိုင်တယ်။ ဇွန်းနဲ့တိုက်ရင် မျိုချရသက်သာသလို အစက်ချပိုက်ငယ် တစ်ဆင့် အလွယ်တကူ တိုက်ကျွေးနိုင်တယ်။ ကလေးငယ်အတွက် အဆင်ပြေဖို့လိုတယ်။ ငယ်ငယ်နဲ့ ဆေးမကြောက်သွားဖို့ စနစ်တကျ တိုက်ရမယ်။တချို့က ငြင်းဆန်ရင် နှာခေါင်းပိတ်တစ်ကိုယ်လုံး ချုပ်ပြီး ဇွန်းနဲ့ပါးစပ်ထဲလောင်းထည့်ကာ နှာခေါင်းမှာ ရုတ်တရက်မဖွင့်သေးဘဲ ပါးစပ်နဲ့ အသက်ရှူစေတယ်။ ဆေးဝင်သွားဖို့ အရေးကြီးပါတယ်။
ငယ်ရွယ်လွန်းရင် လူကြီးတစ်ယောက်တည်းနဲ့မရလို့ နှစ်ယောက်တိုက် သင့်တယ်။ သားကြီးသမီးကြီးတွေ ခေါ်ထား၊ ဆေးတိုက်မယ်ဆိုရင် ခေါင်းလေးထောင် ပွေ့ပြီးအလိုက်သင့်တိုက်ရမယ်။ အသက်ရှူလမ်းကြောင်းထဲ ဆေးမရောက်သွားအောင် ဆောင်ရွက်ရမယ်။
ဆေးထည့်ဇွန်းကို သန့်စင်အောင် ပိုးမွှားကင်းစင်အောင် သေသေချာချာ ပြုတ်ဆေးပြီးမှ ဆေးကိုထည့် အနေအထားမှန်ပါမှ ကလေးခေါင်းကိုမြှင့်ပြီး ဆေးတိုက်ရမယ်။ ကလေးပါးစပ်ဟနေဖို့ မေ့ဆေးကို အောက်ဘက် အသာအယာ ဆွဲချပစ်ရမယ်။
ဆေးထည့်တဲ့ဇွန်းကို ကလေးပါးစပ်ထဲထည့်ပြီး ဇွန်းလေးနဲ့ ကလေးရဲ့ အောက်နှုတ်ခမ်းကို အကူအညီ ပေးနိုင်ရမယ်။ ဇွန်းကိုင်တဲ့လက်ကို မြှင့်တင်ပေး လိုက်ရင် ဇွန်းထဲက ဆေးရည်တွေ ကလေးပါးစပ်ထဲရောက်သွားမှာပါ။
ပိုက်>ပန်ငယ်နဲ့တိုက်နည်းက ကလေးကို ဇွန်းနဲ့ဆေးတိုက်ရင် ချီနည်းအတိုင်း ချီပြီး အစက်ချပိုက်ကလေးက သတ်မှတ်ထားတဲ့ဆေးရည်ကိုစုပ်ယူရမယ်။ အစက်ချ ပိုက်ကို ဟနေတဲ့ ကလေးပါးစပ်ရဲ့ ထောင့်နေရာမှာ ထားပြီး ကလေးပါးစပ်အတွင်း အစက်ချတိုက်ကျွေးဖို့ဖြစ်တယ်။ အခြားနည်းမှာ ကလေးဆေးတိုက်ဖို့ လိုအပ်တဲ့ ပမာဏကို သန့်ရှင်းတဲ့ခွက်ထဲထည့်၊ ဆေးကြောထားတဲ့လက်နဲ့ယူပြီး ကလေး ပါးစပ်ထဲ ခွံ့ပေးခြင်းဖြစ်တယ်။ လိုအပ်ရင် ပလတ်စတစ်ဆေးထိုး >ပန်တစ်ချောင်းနဲ့ ထည့်ရမယ်။
ကလေးကြီးရင် ဆေးပြားနဲ့တိုက်ကျွေးရမယ်။ ကလေးဟာဆေးပြားရဲ့ ခါးတဲ့ အရသာကို မခံစားမီ ရေနဲ့သောက်ပြီး ဆေးလုံးကို ဗိုက်ထဲရောက်အောင် တိုက်ရမယ်။ ကလေးကအများကြီးသောက်ရမှာ ကြောက်ပြီးအလစ်မှာ ဆေးများသွန်ပစ်တတ်လို့ သတိရှိရမယ်။ ဆေးပြားများကို ကြိတ်ခြေပြီး အမှုန့်ဖြစ်မှ ရေနဲ့ဖျော်ပြီး တိုက်ကျွေး နိုင်တယ်။
ကလေးငယ်ဆေးတိုက်ရင် အကူရဖို့ တစ်ယောက်ခေါ်ထားသင့်တယ်။ တစ်ယောက်တည်းရှိရင် ကလေးကို လက်နဲ့ဖယ်ခွာခြင်း ကင်းအောင် မြန်မြန်တိုက်ဖို့ လိုတယ်။ ကလေးပါးစပ်ထဲ တိုက်ရိုက်ဝင်သင့်တယ်။ ပါးစပ်ကို ပြန်ပိတ်ဖို့ လက်နဲ့ ညင်သာအောင် ပိတ်ပေးရမယ်။ ကလေးကြီးများမှာ လိုအပ်ရင် နှာခေါင်းပိတ်ပြီး ဖျော်ထားတဲ့ ဆေးရည်ကို ပါးစပ်ထဲ ရေနှင့်အတူထည့်ပြီး မျိုချပြီးမှ လက်ကို လွှတ် သင့်တယ်။
Author: Dr.LT