(Zawgyi)
“နင္ဘာလို႔ ဝက္သားေတြ အမ်ားႀကီးစားေနတာလဲ”
မိမိုး တစ္ေယာက္ အိၿငိမ္း၏ ထမင္းခ်ိဳင့္ကို ငုံ႔ၾကည့္ကို လွမ္းေမးလိုက္သည္။ ထမင္းခ်ိဳင့္ထဲတြင္ ဝက္သားသုံးထပ္သားဟင္းႏွင့္ အာလူးေၾကာ္။ မိမိုးတို႔ အိမ္က ဝက္သားမစား။ ၾကက္သားႏွင့္ ငါးပုစြန္သာစားသည္။ မိမိုးကေတာ့ဝက္သားဟင္းကို အၿမဲလိုလိုစားေနတတ္သည္။
“ငါက ဝခ်င္တာကိုး။ ဒါေၾကာင့္ ဝက္သားေတြ စားေနတာ။”
အိၿငိမ္းတစ္ေယာက္ ထမင္းစားေနရင္း မ်က္လႊာကို ပင့္ကာၾကည့္ရင္း ျပန္ေျဖလိုက္သည္။ အိၿငိမ္းတစ္ေယာက္ သူငယ္ခ်င္းေတြလို ကိုယ္ခႏၶာ ေလး ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးျဖစ္ခ်င္သည္။ မိမိုးတို႔ဆိုလွ်င္ ၀၀ကစ္ကစ္ေလးမို႔ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲ။ အဝတ္အစားေလးဝတ္ထားတာက အစ ၾကည့္ေကာင္းသည္။ မိမိမွာသာ ဘာဝတ္ဝတ္ ဝါးျခမ္းျပားကို အဝတ္ပတ္ထားသည့္ ပုံစံမ်ိဳး။ တကၠသိုလ္ေက်ာင္းသူမို႔ သူမ်ားေတြလိုမ်ိဳး ရႈိးထုတ္ခ်င္သည္။ သို႔ေသာ္ ကိုယ္ေတြ ရႈိးဘယ္ေလာက္ထုတ္ထုတ္ မိမိုးတို႔ေလာက္ ၾကည့္မေကာင္း။ အရပ္ေလး ၅ ေပ ၃ လက္မကို ေပါင္ ၉၀ ပဲရွိသည္။ ပိန္သည့္အဆင့္ထက္ကို ေက်ာ္၍ ကမၼဌာန္း႐ုပ္ေတာင္ ေပါက္ေနသည္ဟုထင္သည္။ သူမ်ားေတြဆိုလွ်င္ ပိန္ခ်င္လြန္းလို႔ ညစား မစားဘူးလို႔ ေျပာၾကသည္။ ကိုယ္ေတြမွာ ညစာကို အဝအၿပဲစားတာေတာင္ ဝမလာ။
“နင္အေဖနဲ႔ အေမလည္းပိန္တယ္ေနာ္။”
မိမိုးတစ္ေယာက္ ထမင္းစားရင္း လွမ္းေမးျပန္သည္။
“ဟုတ္တယ္။ အေဖနဲ႔ အေမလည္း ပိန္တယ္။ ငါ့အကိုနဲ႔အမလည္း ပိန္တယ္”
မိမိုးတစ္ေယာက္ စားလက္စထမင္းကို ရပ္ၿပီး မ်က္လုံးျပဴးကာ လွမ္းၾကည့္လိုက္သည္။
“တစ္မိသားစုလုံးပိန္မွေတာ့ နင္ဘယ္ေလာက္စားစား ဝမလာႏိုင္ဘူး အိၿငိမ္း”
“နင္ ငါ့ကို စိတ္ဓာတ္က်ေအာင္ မေျပာနဲ႔မိမိုး”
အိၿငိမ္းတစ္ေယာက္ မိမိုးကို မ်က္ေစာင္းထိုးရင္း ျပန္ေျပာလိုက္သည္။
“နင့္ကို စိတ္ဓာတ္က်ေအာင္ ငါေျပာတာမဟုတ္ဘူး။ မ်ိဳး႐ိုးက ပိန္ရင္ နင္လည္းပိန္မွာပဲ။ ဘယ္ေလာက္စားစား ဝလာမွာမဟုတ္ဘူး။ နင္ဝခ်င္ရင္ gym သြားကစားမွျဖစ္မွာ။ Gym မွာ ဆရာေတြနဲ႔ စနစ္တက် ကစားရမယ္။ ဒါမွ နင့္ခႏၶာကိုယ္ ၾကည့္ေကာင္းလာမယ္။ ဒီလိုမ်ိဳးသာ အစားေတြကို နင္းကန္စားေနရင္ နင္ ဝမလာပဲ ေသြးေၾကာထဲမွာ အဆီေတြ စုလာမယ္။ ၿပီးရင္ ႏွလုံးေသြးေၾကာက်ဥ္းတာေတြျဖစ္လာႏိုင္တယ္။ အစားစားတာမ်ားၿပီး ေနာက္ဆုံး ႏွလုံးေသြးေၾကာပိတ္တာေတြ ဆီးခ်ိဳေရာဂါေတြရလာလိမ့္မယ္”
မိမိုးတစ္ေယာက္ စိတ္ရွည္ရွည္ႏွင့္ ရွင္းျပေနသည္။
“နင္က ဘယ္လိုလုပ္သိတာလဲ” အိၿငိမ္းတစ္ေယာက္ မယုံတစ္ဝက္ ယုံတစ္ဝက္ႏွင့္ ျပန္ၿပီးေမးခြန္းထုတ္လိုက္သည္။
“ငါ့ အကို ရည္းစားက ဆရာဝန္မေလ။ သူငါ့ကို ရွင္းျပထားတာ။ ဝခ်င္လို႔ အစားေတြအမ်ားႀကီးစားေနတာက သိပ္ကိုမွားယြင္းတဲ့ အယူအဆတဲ့။ အျပင္ပိုင္းမွာ ဝမလာပဲ အဆီအေနနဲ႔ ေသြးေၾကာေတြမွာ စုေနတတ္တယ္တဲ့။ အဲဒါဆိုရင္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အသက္ေသဆုံးႏိုင္တယ္တဲ့”
“ဟုတ္လား။”
မ်က္ႏွာငယ္ေလးႏွင့္ ျပန္ေျပာရွာေသာ အိၿငိမ္းကို သနားမိသည္။
“Gym ေဆာ့ရင္ ဝမွာလား မိမိုး”
“ေသခ်ာတာေပါ့။ ဝလာတာထက္စာရင္ နင့္ကိုယ္ခႏၶာ ေကာက္ေၾကာင္းေပၚလာမယ္။ နင္ပိုၿပီး သြက္လက္လာမယ္။ က်န္းမာလာမယ္”
“ငါတစ္ေယာက္တည္းပ်င္းတယ္ နင္လိုက္ခဲ့ပါလား။ နင္လည္းအတူတူလိုက္ေဆာ့ပါလား”
“ငါလည္း လိုက္ကစားရမယ္။ ဟုတ္လား။”
မိမိုးတစ္ေယာက္ အလန႔္တၾကားျပန္ေမးလိုက္သည္။
“ေအးေလ။ လိုက္ခဲ့ပါ သယ္ရင္းရယ္။ နင္က နည္းနည္းေလးဝေနေတာ့ weight
နည္းနည္းေလ်ာ့လိုက္။ငါက ဝေအာင္ ကစားမယ္”
“အင္းပါဟယ္” စိတ္ပ်က္အားေလ်ာ့သံႏွင့္ ျပန္ေျဖလိုက္သည္။
အိၿငိမ္းတို႔က ဇြဲေတာ့ အလြန္ေကာင္းသည္။ ညေနတိုင္း မိမိုးကို အခ်ိန္မွန္လာေခၚကာ
Gym အတူတူ သြားကစားၾကသည္။ ၆ လေလာက္ၾကာေတာ့ အိၿငိမ္းတစ္ေယာက္ သူလိုခ်င္ေသာ ကိုယ္ခႏၶာမ်ိဳး ပိုင္ဆိုင္သြားသည္။ မိမိုးလည္းကိုယ္ရည္နည္းနည္းစစ္သြားသည္။ သူငယ္ခ်င္းေတြက ပိုလွလာသည္ဟု ဝိုင္းေျပာၾကသည္။ ဒီလို ပုံစံမ်ိဳးရဖို႔ ဘယ္ေလာက္ေတာင္ ပင္ပင္ပန္းပန္းႏွင့္ ေလ့က်င့္ခဲ့တာကိုေတာ့ မည္သူမွသိမည္မထင္။ မိမိုးတို႔သူငယ္ခ်င္းႏွစ္ေယာက္ကလည္း မည္သူ႔ကိုမွ အသိမေပး။ဒီကိစၥလွ်ိဳ႕ဝွက္ထားရမည္။
Author: Dr.ACM
(Unicode)
“နင်ဘာလို့ ဝက်သားတွေ အများကြီးစားနေတာလဲ”
မိမိုး တစ်ယောက် အိငြိမ်း၏ ထမင်းချိုင့်ကို ငုံ့ကြည့်ကို လှမ်းမေးလိုက်သည်။ ထမင်းချိုင့်ထဲတွင် ဝက်သားသုံးထပ်သားဟင်းနှင့် အာလူးကြော်။ မိမိုးတို့ အိမ်က ဝက်သားမစား။ ကြက်သားနှင့် ငါးပုစွန်သာစားသည်။ မိမိုးကတော့ဝက်သားဟင်းကို အမြဲလိုလိုစားနေတတ်သည်။
“ငါက ဝချင်တာကိုး။ ဒါကြောင့် ဝက်သားတွေ စားနေတာ။”
အိငြိမ်းတစ်ယောက် ထမင်းစားနေရင်း မျက်လွှာကို ပင့်ကာကြည့်ရင်း ပြန်ဖြေလိုက်သည်။ အိငြိမ်းတစ်ယောက် သူငယ်ချင်းတွေလို ကိုယ်ခန္ဓာ လေး ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်ချင်သည်။ မိမိုးတို့ဆိုလျှင် ၀၀ကစ်ကစ်လေးမို့ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ အဝတ်အစားလေးဝတ်ထားတာက အစ ကြည့်ကောင်းသည်။ မိမိမှာသာ ဘာဝတ်ဝတ် ဝါးခြမ်းပြားကို အဝတ်ပတ်ထားသည့် ပုံစံမျိုး။ တက္ကသိုလ်ကျောင်းသူမို့ သူများတွေလိုမျိုး ရှိုးထုတ်ချင်သည်။ သို့သော် ကိုယ်တွေ ရှိုးဘယ်လောက်ထုတ်ထုတ် မိမိုးတို့လောက် ကြည့်မကောင်း။ အရပ်လေး ၅ ပေ ၃ လက်မကို ပေါင် ၉၀ ပဲရှိသည်။ ပိန်သည့်အဆင့်ထက်ကို ကျော်၍ ကမ္မဌာန်းရုပ်တောင် ပေါက်နေသည်ဟုထင်သည်။ သူများတွေဆိုလျှင် ပိန်ချင်လွန်းလို့ ညစား မစားဘူးလို့ ပြောကြသည်။ ကိုယ်တွေမှာ ညစာကို အဝအပြဲစားတာတောင် ဝမလာ။
“နင်အဖေနဲ့ အမေလည်းပိန်တယ်နော်။”
မိမိုးတစ်ယောက် ထမင်းစားရင်း လှမ်းမေးပြန်သည်။
“ဟုတ်တယ်။ အဖေနဲ့ အမေလည်း ပိန်တယ်။ ငါ့အကိုနဲ့အမလည်း ပိန်တယ်”
မိမိုးတစ်ယောက် စားလက်စထမင်းကို ရပ်ပြီး မျက်လုံးပြူးကာ လှမ်းကြည့်လိုက်သည်။
“တစ်မိသားစုလုံးပိန်မှတော့ နင်ဘယ်လောက်စားစား ဝမလာနိုင်ဘူး အိငြိမ်း”
“နင် ငါ့ကို စိတ်ဓာတ်ကျအောင် မပြောနဲ့မိမိုး”
အိငြိမ်းတစ်ယောက် မိမိုးကို မျက်စောင်းထိုးရင်း ပြန်ပြောလိုက်သည်။
“နင့်ကို စိတ်ဓာတ်ကျအောင် ငါပြောတာမဟုတ်ဘူး။ မျိုးရိုးက ပိန်ရင် နင်လည်းပိန်မှာပဲ။ ဘယ်လောက်စားစား ဝလာမှာမဟုတ်ဘူး။ နင်ဝချင်ရင် gym သွားကစားမှဖြစ်မှာ။ Gym မှာ ဆရာတွေနဲ့ စနစ်တကျ ကစားရမယ်။ ဒါမှ နင့်ခန္ဓာကိုယ် ကြည့်ကောင်းလာမယ်။ ဒီလိုမျိုးသာ အစားတွေကို နင်းကန်စားနေရင် နင် ဝမလာပဲ သွေးကြောထဲမှာ အဆီတွေ စုလာမယ်။ ပြီးရင် နှလုံးသွေးကြောကျဉ်းတာတွေဖြစ်လာနိုင်တယ်။ အစားစားတာများပြီး နောက်ဆုံး နှလုံးသွေးကြောပိတ်တာတွေ ဆီးချိုရောဂါတွေရလာလိမ့်မယ်”
မိမိုးတစ်ယောက် စိတ်ရှည်ရှည်နှင့် ရှင်းပြနေသည်။
“နင်က ဘယ်လိုလုပ်သိတာလဲ” အိငြိမ်းတစ်ယောက် မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ပြန်ပြီးမေးခွန်းထုတ်လိုက်သည်။
“ငါ့ အကို ရည်းစားက ဆရာဝန်မလေ။ သူငါ့ကို ရှင်းပြထားတာ။ ဝချင်လို့ အစားတွေအများကြီးစားနေတာက သိပ်ကိုမှားယွင်းတဲ့ အယူအဆတဲ့။ အပြင်ပိုင်းမှာ ဝမလာပဲ အဆီအနေနဲ့ သွေးကြောတွေမှာ စုနေတတ်တယ်တဲ့။ အဲဒါဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်သေဆုံးနိုင်တယ်တဲ့”
“ဟုတ်လား။”
မျက်နှာငယ်လေးနှင့် ပြန်ပြောရှာသော အိငြိမ်းကို သနားမိသည်။
“Gym ဆော့ရင် ဝမှာလား မိမိုး”
“သေချာတာပေါ့။ ဝလာတာထက်စာရင် နင့်ကိုယ်ခန္ဓာ ကောက်ကြောင်းပေါ်လာမယ်။ နင်ပိုပြီး သွက်လက်လာမယ်။ ကျန်းမာလာမယ်”
“ငါတစ်ယောက်တည်းပျင်းတယ် နင်လိုက်ခဲ့ပါလား။ နင်လည်းအတူတူလိုက်ဆော့ပါလား”
“ငါလည်း လိုက်ကစားရမယ်။ ဟုတ်လား။”
မိမိုးတစ်ယောက် အလန့်တကြားပြန်မေးလိုက်သည်။
“အေးလေ။ လိုက်ခဲ့ပါ သယ်ရင်းရယ်။ နင်က နည်းနည်းလေးဝနေတော့ weight
နည်းနည်းလျော့လိုက်။ငါက ဝအောင် ကစားမယ်”
“အင်းပါဟယ်” စိတ်ပျက်အားလျော့သံနှင့် ပြန်ဖြေလိုက်သည်။
အိငြိမ်းတို့က ဇွဲတော့ အလွန်ကောင်းသည်။ ညနေတိုင်း မိမိုးကို အချိန်မှန်လာခေါ်ကာ
Gym အတူတူ သွားကစားကြသည်။ ၆ လလောက်ကြာတော့ အိငြိမ်းတစ်ယောက် သူလိုချင်သော ကိုယ်ခန္ဓာမျိုး ပိုင်ဆိုင်သွားသည်။ မိမိုးလည်းကိုယ်ရည်နည်းနည်းစစ်သွားသည်။ သူငယ်ချင်းတွေက ပိုလှလာသည်ဟု ဝိုင်းပြောကြသည်။ ဒီလို ပုံစံမျိုးရဖို့ ဘယ်လောက်တောင် ပင်ပင်ပန်းပန်းနှင့် လေ့ကျင့်ခဲ့တာကိုတော့ မည်သူမှသိမည်မထင်။ မိမိုးတို့သူငယ်ချင်းနှစ်ယောက်ကလည်း မည်သူ့ကိုမှ အသိမပေး။ဒီကိစ္စလျှို့ဝှက်ထားရမည်။
Author: Dr.ACM