ကလေးက ဘာလို့ခဏခဏလန့်ငိုနေတာလဲ
ကလေးငယ် အိပ်နေစဉ် ကလေးငယ်ထငိုသည်ကို ကြုံဖူးပါသလား? ကလေးဘာလို့ငိုလဲ ဆိုပြီး အဖြေရှာမရ စိတ်ရှုပ်စရာပါ။ မွေးစကလေးငယ်နှင့် မူကြိုအရွယ်ကလေးငယ်များ အိပ်နေစဉ် ငိုယိုခြင်းသည် မိဘများအတွက် စိန်ခေါ်မှုတစ်ရပ်ပါ။ ကလေးအများစုငိုခြင်းသည် အများအားဖြင့် အထွေအထူး စိတ်ပူစရာမရှိပါ။ စိုးရိမ်မှု အကြောင်းရင်းတစ်စုံတရာကြောင့် ဖြစ်ခဲပါတယ်။ ကလေးငယ် ၃၀% က အိပ်နေရင်းငိုတတ်ပါတယ်။
ဘာလို့အိပ်နေစဉ် ကလေးငိုသလဲ?
မွေးစကလေးငယ်နှင့် ကလေးငယ်များသည် အိပ်နေစဉ် သွားကြိတ်ခြင်း၊ ငိုခြင်း၊ မဲ့ခြင်းများပြုလုပ်တတ်ပါတယ်။ အရမ်းငယ်သော ကလေးငယ်များသည် အိပ်နေရာမှ နိုးလာလျှင် ရုတ်တရက်ထငိုတတ်ပါတယ်။ အရမ်းငယ်သော ကမျေားသည် ငိုခြင်းအားဖြင့် ပတ်ဝန်းကျင်နှင့် ဆက်သွယ်သည့် သဘောပြုလုပ်ပါတယ်။ မကြာခဏငိုပြီး အိပ်နေစဉ်လည်း ငိုတတ်ပါတယ်။ ကငေယ်တွင် ဖျားနာခြင်းမရှိဘဲ ငိုခြင်းသည် စိုးရိမ်စရာမရှိပါ။ ရင်ခွင်ပိုက်ကလေးငယ်မှစ ကလေးကြီးများတွင် အိပ်နေစဉ် အထိတ်တလန့် အိပ်မက်မက်သောကြောင့်ဖြစ်စေ အသံတစ်ုခုခုကြားရသည်ဖြစ်စေ အိပ်နေစဉ် ထငိုတတ်ပါတယ်။ အိပ်မက်ဆိုးများကို နှစ်ခြိုက်စွာ အိပ်ပျော်နေချိန် မက်တတ်ပါတယ်။
ကလေးအငိုတတ်ရန် မည်သို့ ပြုလုပ်သင့်သလဲ?
– အိပ်နေရာမှ ရုတ်တရက် ကလေးထငိုလျှင် ကလေးကို အိပ်ရာမှ ပွေ့ချီပါ။ အိပ်ရာမှ နိုးအောင်ပြုလုပ်ပါ။
– ဆက်တိုက်ငိုလျှင် ညင်သာသောအသံဖြင့် အငိုတိတ်ရန် ကြိုးစားပါ။
– ကလေးငယ် ကျောကုံးနှင့် ဗိုက်ကို ညင်သာစွာ ပွတ်ပေးပါ။
– နို့စို့အရွယ်ကလေးငယ်ကို နို့တိုက်ပါ။ နို့စို့လျှင် အငိုတိတ်နိုင်ပါတယ်။
အချို့ကလေးငယ်သည် အသံတိုးတိုးငိုနေရာမှ သိသာစွာ ငိုကြွေးတတ်ပါတယ်။ ကလေငယ်သည်
ဖျားနာခြင်းဖြစ်စေ သွားနာခြင်းဖြစ်စေ တခုခုခံစားရ၍ ငိုခြင်းသည် အိပ်ရာနိုးသည်အထိ ငိုတတ်ပါတယ်။
ဘယ်လိုအခါ ဆရာဝန်ပြရမလဲ?
မိမိကလေးငယ် ညတိုင်းငိုခြင်းသည် ဆရာဝန်ပြရန် လိုအပ်သလား? ငိုခြင်းအပြင်
– နာကျင်မှုခံစားရခြင်း
– ကလေးအိပ်တတ်သော အကျင့်ပုံစံပြောင်းလဲခြင်း
– ရက်အတန်ကြာအမြဲငိုခြင်းအပြင် အခြားအမူအကျင့်များပါ ပြောင်းလဲခြင်း
– အစာကျွေးခြင်း အခက်အခဲများ ဥပမာအမြဲနို့မဝခြင်းတို့ ဖြစ်ပါက ဆေးခန်းပြပါ။
ကလေးငယ်ရဲ့အိပ်ခြင်း
ပုံမှန်အိပ်ချိန်
ကလေးများတွင် ပုံမှန်အိပ်သည့်ပုံစံရယ် မရှိပါ။ ကလေးအသက် ၃ နှစ်ကျော်လာသည်နှင့် အိပ်ခြင်းပုံစံအလျင် အမြန်ပြောင်းတတ်ပါတယ်။ ကလေးများသည် လူကြီးများထက် အိပ်ချိန်တိုတောင်းပါတယ်။ မကြာခဏ အိပ်တတ်ပါတယ်။
မွေးစမှတလအရွယ်
အိပ်ချိန်သည် အချိန်ကြာမြင့်တတ်ပါတယ်။ အိပ်နေစဉ် ငိုခြင်းသည် အများအားဖြင့် ဖြစ်လေ့ဖြစ်ထ အမြဲရှိပါတယ်။ သဘာဝအလင်းရောင်နှင့် ထိတွေ့ပေးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ခြင်းဖြစ်စေနိုင်ပါတယ်။
ကလေးအသက် တလနှင့် သုံးလ
အဆိုပါ အသက်အရွယ်သည် ပုံမှန်အိပ်ချိန်ကို စတင်နေသော အချိန်ဖြစ်ပြီး အိပ်လည်းငို၊ နိုးလည်းငို၊ ဆာလည်းငိုတတ်ပါတယ်။
ကလေး ၃ လမှ ၇ လအရွယ်
အဆိုပါ အသက်အရွယ်တွင် ကလေးသည် ညဘက်အိပ်ချိန် ပိုရှည်နိုင်လာပါတယ်။ တနေ့ နေ့ဘက်တကြိမ် ညဘက်တကြိမ်ပဲ အိပ်တတ်ပါတယ်။
ကလေး ၇ လမှ ၁ နှစ်
ကလေးအသက်တနှစ်အရွယ်သည် နေ့ဘက်အိပ်ချိန်နည်းလာတတ်ပါတယ်။
ကလေးအသက်တစ်နှစ်အထက်ကလေးများ
ကလေးအိပ်ချိန်များသည် ကလေးဖျားနာခြင်းကြောင့် ပြောင်းလဲတာမျိုး ရှိပါတယ်။ ကလေးငယ်များသည် ညဘက်အိပ်ပြီး တခါတရံ မနက် ၃ နာရီတွင် လန့်နိုးတတ်ပြီး တညလုံးလည်း ကစားတတ်ပါတယ်။
အိပ်ခြင်းသည် ကလေးအသက်လငယ်စဉ်နှင့် အသက်အရွယ်လိုက် အရေးကြီးပါတယ်။ ကလေးငယ်စဉ် ကလေးအသက် ကိုယ်ပူချိန်နှင့် အိပ်နေစဉ် သက်တောင့်သက်သာရှိရန် လိုအပ်ပါတယ်။ အများအားဖြင့် အိပ်နေစဉ်ငိုခြင်းသည် အန္တရာယ်ရှိသော စိုးရိမ်စရာကိစ္စရပ်တစ်ခုတော့ မဟုတ်ပါ။ ကလေးအိပ်သည့် ပုံစံထူးခြားစွာ ပြောင်းလဲမႈရှိခဲ့လျှင် အိပ်နေစဉ်ငိုခြင်းကို သေချာရှာဖွေသင့်ပါတယ်။
Dr.Pyae Shin