fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ်ခံအားစနစ် ကောင်းမွန်စေမည့် အပြုအမူများ

34
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/03/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အကောင်းမြင်စိတ်ထားရှိပါ
အရာရာကို အကောင်းမြင်စိတ်ထားရှိလျှင် ခန္ဓာကိုယ်ခုခံအား ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိထားသည်။ ခက်ခဲ ကြမ်းတမ်းသော အရာများနှင့် ရင်ဆိုင်ရပါက အကောင်းမြင်စိတ်ထားရှိပြီး ရင်ဆိုင်ဖြေရှင်းလျှင် ပိုမို အောင်မြင်နိုင်ကြောင်း သိရသည်။ ဖြစ်ပြီးသွားသည့်အရာများကို မလုပ်လိုက်ရလေခြင်းဟု တသသပြန်လည် မတူးဆွသင့်ပေ။ အရာရာကို အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုပြီး ပျော်ရွှင်စွာနေထိုင်ခြင်းသည် ခုခံအားကို ကောင်းမွန်စေနိုင်သည်။

မကြာခဏ ရယ်မောပါ
မကြာခဏ ရယ်မောခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကျန်းမာရေးကောင်းမွန်စေနိုင်သည်။ သုတေသန များအရ ဟာသရှင်ရှင်ကားများကြည့်ပြီး ကျယ်လောင်စွာ ရယ်မောပေးခြင်းသည် ခုခံအားစနစ်ပိုမို ကောင်းမွန်စေနိုင်ကြောင်း သိရသည်။ ထို့ကြောင့် သူငယ်ချင်းများနှင့်အတူ မကြာခဏရယ်မောပေးသင့်သည်။

အိမ်မွေးတိရစ္ဆာန်မွေးမြူပါ
အိမ်မွေးတိရစ္ဆာန်မျာသည် လူသားများ၏ အကောင်းဆုံးသူငယ်ချင်း မိတ်ဆွေအဖော်မွန်ဖြစ်သည်ဟု လက်ခံ ထားကြသည်။ ခွေးကဲ့သို့သော အိမ်မွေးတိရစ္ဆာန်များသည် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ရန်နှင့် ကျန်းမာရေး ကောင်းမွန်စေမည့် အရာများပြုလုပ်ရန် ကူညီပေးသည်။ အိမ်မွေးတိရစ္ဆာန်မွေးမြူထားကြသူများတွင် သွေးဖိအားနှင့် သွေးတွင်းကိုလက်စထရောအဆင့်များ ကျဆင်းစေပြီး နှလုံးကျန်းမာရေးကောင်းမွန်နိုင်ကြောင်း တွေ့ရှိထားသည်။ ခွေးများသည် ကလေးငယ်များ၏ ခုခံအားတုန့်ပြန်မှုကိုလည်း ကူညီအထောက်အပံ့ ပေးနိုင်သည်။

စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေနိုင်ကြောင်း သုတေသန များအရ သိရသည်။ ထို့ကြောင့် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သည့် အကြောင်းအရင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါသည်။ ခုခံအားစနစ်တိုးမြှင့်စေနိုင်ရန်အတွက် မိမိကြိုက်နှစ်သက်သည့် အရာများကို ပြုလုပ်ပေးသင့်ပြီး စိတ်ကို သက်တောင့်သက်သာထားကာ အနားယူသင့်သည်။

သူငယ်ချင်းအပေါင်းအသင်းထားပါ
သူငယ်ချင်းအပေါင်းအသင်းသည် လူတစ်ယောက်အတွက် အလွန်အရေးပါကြောင်း လက်ခံထားကြပြီး ဖြစ်ပါသည်။ သူငယ်ချင်းမိတ်ဆွေများပြားပြီး လူမှုဆက်ဆံရေးကောင်းမွန်သည့် သူများထက် အသက်ပိုရှည် စေနိုင်ကြောင်း သုတေသနများအရ သိရှိရသည်။ မိမိစိတ်ဝင်စားသည့် သင်တန်းများတက်ခြင်း၊ စေတနာ့ဝန်ထမ်းအဖြစ် ပရဟိတလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် သူငယ်ချင်းမိတ်ဆွေများရရှိကာ ကျန်းမာရေး ကောင်းမွန်စေပြီး ကိုယ်ခံအားကောင်းမွန်စေနိုင်သည်။

အိပ်စက်ချိန်လုံလောက်စွာ ထားရှိပါ
အိပ်ရေးမဝပါက ကိုယ်ခံအားစနစ်ကောင်းမွန်စေနိုင်မည် မဟုတ်ပေ။ အရွယ်ရောက်ပြီးသူများတွင် တစ်နေ့လျှင် အိပ်စက်ချိန် ခုနှစ်နာရီမှ ကိုးနာရီအထိထားရှိရန်လိုအပ်သည်။ အိပ်စက်ချိန်မှန်စေရန် ပုံမှန်အချိန်မှန် အိပ်စက်ခြင်း၊ ကဖင်းဓာတ်နှင့် အရက်များကို အိပ်ခါနီးတွင် ရှောင်ကြဉ်ခြင်း၊ အိပ်ခန်းကို အေးမြနေအောင် ထားရှိခြင်း၊ အိပ်ခါနီး၌ တစ်နေ့တာပြုလုပ်ခဲ့သော အကြောင်းအရာများကို ပြန်လည်မစဉ်းစားဘဲ စိတ်ကို လျှော့ချထားပေးသင့်သည်။

လေ့ကျင့်ခန်းပြုလုပ်ပါ
လေ့ကျင့်ခန်းပြုလုပ်းပေးခြင်းသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်သည့် ရိုးရှင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းသည် စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်ပြီး အရိုးပွခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအချို့ကို လျှော့ချပေးနိုင်သည်။ တစ်နေ့လျှင် မိနစ်သုံးဆယ်ခန့်လေ့ကျင့်ခန်းပြုလုပ်ပေးပါက ကျန်းမာရေးကောင်းကျိုး ရရှိစေနိုင်သည်။ လေ့ကျင့်ခန်းသည် အပြင်းအထန်ပြုလုပ်ရမည့် လေ့ကျင့်ခန်းမျိုးဖြစ်ရန်မလိုပါ။ ယောဂကျင့်ခြင်း စသည့် အပေ့ါစားလေ့ကျင့်ခန်းများ လုပ်နိုင်ရင်ပင် လုံလောက်ပါသည်။

ရောင်စုံဟင်းသီးဟင်းရွက်များနှင့် သစ်သီးစားသုံးပါ
ရောင်စုံပါရှိသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် Antioxidants စုံလင်စွာပါရှိကြသည်။ ၎င်းသည် ဆဲလ်များကို ပျက်စီးစေနိုင်သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သည်။ ထို့အပြင် ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်ပြီး ကျန်းမာရေးကောင်းစေနိုင်သည်။ ထို့ကြောင့် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ဖရဲ၊ သဘောၤသီး၊ သခွားမွှေး၊ မုန်လာဥနီ၊ ကီဝီ၊ ပန်းမုန်လာစိမ်း၊ ပန်းငရုတ်သီးအစိမ်းနှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်သည်။

မကြာခဏလက်ဆေးပါ
လက်တွင် မျက်စိနှင့် မမြင်နိုင်သော ရောဂါပိုးမွှားများရှိနေတတ်သည်။ ထိုရောဂါပိုးမွှားရှိနေတတ်သည်။ ထိုရောဂါပိုးမွှားများ ခန္ဓာကိုယ်တွင်းဝင်ရောက်မှုကြောင့် နာမကျန်းဖြစ်ခြင်းများဖြစ်တတ်သည်။ ခုခံအား ကျဆင်းနေပါက ရောဂါပိုးများ အလွယ်တကူဝင်ရောက်နိုင်သည်။ ထို့ကြောင့် လက်ကို မကြာခဏ ဆပ်ပြာ၊ ရေနှင့် ဆေးပေးသင့်သည်။ လက်သန့်ဆေးရည်ကိုလည်း အသုံးပြုနိုင်ပါသည်။

အရက်သောက်သုံးမှုကို လျှော့ချပါ
အရက်သောက်သုံးခြင်းသည် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ပါတီပွဲတော်များတွင် အဓိကအရာအဖြစ် တွေ့ရှိနေရသည်။ အရက်ကို အများအပြားသောက်သုံးပေးပါက ခန္ဓာကိုယ်ခုခံအားကို ကျဆင်းစေပြီး အလွယ် တကူဖျားနာစေနိုင်ပါသည်။ ထို့ကြောင့် အရက်သောက်သုံးမှုကို လျှော့ချပေးသင့်ပါသည်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
ဆေးလိပ်သောက်ခြင်းသည် ကိုယ်ခံအားစနစ်ကို ကျစေပြီး ကျန်းမာရေးဆိုးကျိုးများစွာ ရရှိစေနိုင်ပါသည်။ ထို့အပြင် ကိုယ်တိုင်ဆေးလိပ်သောက်သူမဟုတ်သော်လည်း ဆေးလိပ်ငွေ့ကို ရှူရှိုက်မိပါကလည်း ကျန်းမာရေး ထိခိုက်စေနိုင်သောကြောင့် ဆေးလိပ်သောက်နေသူများတွေ့ပါက ဝေးဝေးသွားနေသင့်ပါသည်။

Author: ဟိန်းဇာနည် (ဆေး – ၂) HealthCare Journal (Vol:-8, No-6)

Previous Post

အလှပျက်သော ငါးမျက်စိနဲ့ အသားမာ

Next Post

အပျော်မှအပျက်သို့မဖြစ်စေလိုပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
123

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
595

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျော်မှအပျက်သို့မဖြစ်စေလိုပါ

မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတို့၏ အချစ်ကို အလိုရှိသော်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.