fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

အပျော်မှအပျက်သို့မဖြစ်စေလိုပါ

မြန်မာနိုင်ငံတွင်ပျော်ပွဲရွှင်ပွဲများသည် ဘာသာတစ်ခုချင်းစီ၏ အလေးထားရတဲ့အထိမ်းအမှတ်နေ့တို့ဖြင့်စုံလင်လှသည်။ ဆယ့်နှစ် လရာသီတိုင်းတွင် ပွဲလမ်းသဘင်ရှိနိုင်သည်။ နိုင်ငံနှင့်ဆိုင်သော ဘာသာနှင့်ဆိုင်သောအခါကြီး ရက်ကြီးများရှိသည်။
ပွဲလမ်းသဘင်၊ ရုံးပိတ်ရက်၊ အားလပ်ရက်များတာတွေက အေးချမ်းပျော်ရွှင်စွာဖြတ်သန်းကြရင် အလွန်ကောင်းပါသည်။ ဘုရား သွားကျောင်းတက်တာဖြစ်ဖြစ်၊ မိသားစုလိုက်သူငယ်ချင်းအုပ်စုလိုက်ခရီးထွက်ခြင်း၊ လည်ပတ် ခြင်းပဲဖြစ်ဖြစ်၊ အိမ်မှာပဲအနား ယူတာဖြစ်ဖြစ် အေးချမ်းပျော်ရွှင်စွာနေထိုင်တယ်ဆို ကျန်းမာရေးနဲ့လည်းညီညွှတ် ပါတယ်။

ဒီလိုမဟုတ်ဘဲပျော်ပွဲရွှင်ပွဲနဲ့ အခါကြီးရက်ကြီးတွေမှာ အပျော်လွန်ပြီးသောက်စားမူးယစ်တာတွေပါလာတဲ့အခါမှာ အပျက်တွေပါ ဖြစ်လာရပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ကြပါတယ်။ နိုင်ငံရဲ့အရေး ကြီးတဲ့နေ့တိုင်းက နိုင်ငံသား တိုင်းနဲ့ဆိုင်ပါတယ်။ လူမျိုးဘာသာမခွဲခြားပါဘူး။ ဒီလိုပဲ ဘာသာတစ်ခုချင်းစီရဲ့အခါကြီးရက်ကြီးတိုင်းဟာလည်း နိုင်ငံသားတိုင်း ပါဝင်ဆင်နွဲခွင့်ရှိပါတယ်။ ဥပမာပြောရရင် သင်္ကြန်ဟာမြန်မာနှစ်ကူး ပါ။ လူတိုင်းပါဝင်ခွင့်ရှိပါတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးချိန် လည်းဒီလိုပါပဲ။ ဒီပါဝလီလည်းဒီလိုပါပဲ။ ပွဲနေ့တိုင်း မှာလူတိုင်းနဲ့ဆိုင်ပါတယ်။

လူငယ်တို့ဘာသာဘာဝပျော်လို့ရပါတယ်။ နည်းနည်းပါးပါး သောက်စားလို့ရပါတယ်။ ဒါပေမယ့်ကိုယ်ရဲ့ limit ကိုသိဖို့လိုပါတယ်။ ငါတော့မူးနေပြီထင်ရင် အမြန်ဆုံးအိမ်ပြန်ဖို့လိုပါတယ်။ မူးလာတဲ့အခါ စိတ်ဆတ်တယ်။ အထိမခံဘူး။ ရန်တွေဖြစ်မယ်။ စိန်ခေါ် ယှဉ်ပြိုင်တာတွေပါလာမယ်။ အသက်အန္တရာယ်တွေပါ ထိခိုက်လာနိုင် တယ်။

မြန်မာနိုင်ငံမှာက ပွဲလမ်းသဘင်ဆိုလုံခြုံရေးပိုလိုတာတယ်။ ဆေးရုံတွေ ဆေးခန်းတွေအင်အားဖြည့်ထားရတယ်။ ဒါကြီးကဓ လေ့ထုံးစံလိုဖြစ်နေတယ်။ ပုံမှန်အားဖြင့်အေးအေးဆေးဆေး နေတတ်တဲ့သူတွေတောင်ပွဲနေ့ တွေမှာသောက်စားမိရင်ဖြစ်ဖြစ်၊ မသောက်စားထားရင်ဖြစ်ဖြစ် စိတ်တွေကကြွနေတတ်ကြတယ်။ အဲလိုအခါမှာ အရင်ကတည်းကစိတ်ဆတ်တတ်ရင် သောက်စား ထားမိရင် ကိုယ့်ဖက်ကပြဿနာမရှာရင်တောင်တစ်ဖက်လူက ကြည့်လို့၊ စကားပြောရင့်လို့၊ ပြဿနာရှာလို့ဆိုပြီး ရန်ဖြစ်စကား များတတ်ကြတယ်။ စကားများရုံမက လက်ပါ တာတွေ၊ လက်နက်ပစ္စည်းပါတာတွေ၊ ချိန်းပြီးထိုးကြတာတွေဖြစ်လာတယ်။ ကား တွေပြိုင်မောင်းကြတယ်။ အဲလိုအချိန်မှာအသိစိတ်တွေ ပျောက်နေတတ်ကြတယ်။ တခြားဘာကိုမှ မစဉ်းစားတတ်ကြတော့ဘူး။

ပွဲလမ်းသဘင်တွေ အခါကြီးရက်ကြီးတွေကဆက်ရှိနေကြဦးမှာပါ။ ဒါပေမယ့် အပျော်ကနေအပျက်ဖက်ကိုမရောက်ဖို့ကတော့ လူ တစ်ဦးချင်းစီကထိန်းသွားဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ထိန်းပေးဖို့လိုပါတယ်။ ခဏတာစိတ်အလိုလိုက်တာ တွေကြောင့် နောင်တရရမယ့်အဖြစ်မျိုးတွေကိုမဖြစ်စေချင်ပါဘူး။
ပွဲနေ့ကြီးတွေ အခါကြီးရက်ကြီးတွေမှာ စိတ်အေးချမ်းသာစွာနဲ့ဖြတ်သန်းနိုင်ဖို့ ပျော်ရွှင်နိုင်ဖို့ဆိုတာလူတိုင်းမှာ တာဝန်ရှိပါတယ်။ တာဝန်ရှိသူတွေနဲ့ လုံခြုံရေးတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ အသိရှိရှိနဲ့ ပျော်ရွှင်လို့ရပါ တယ်။ အသိစိတ်မပျောက်သွား အောင်ထိန်းဖို့ လိုပါတယ်။ အပျော်ကနေအပျက်မဖြစ်သွားစေဖို့ပါ။

Author: Dr. CST

ဆက်စပ် ဆောင်းပါးများ