fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းအသစ်အပေါ် သူနာပြုကျောင်းသူ ကျောင်းသားများ ကန့်ကွက်

51
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/03/2017
in ကျန်းမာရေးသတင်းများ
A A

ဖေဖော်ဝါရီ ၁ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောညွှန်ကြား ချက်တွင် ကျောင်းကို သုံးနှစ်ပြည့်မီ အောင်မတက်ပါက လျော်ကြေးပေးရန်၊ ကျောင်းပြီး၍ အစိုးရ လုပ်ငန်းခွင်တွင် လုပ်သက်သုံးနှစ် မပြည့်ဘဲ အလုပ်ထွက်ပါက လိုင်စင်မထုတ်ပေးရန်နှင့် လိုင်စင် မရှိသောသူနာပြုတွေကို ပုဂ္ဂလိကဆေးရုံများတွင် အလုပ်ခန့်ထားခြင်းမပြုရန်က စည်းကမ်းချက်အသစ် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အပေါ် ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသား များသမဂ္ဂနှင့် သူနာပြုတက္ကသိုလ် ကျောင်းသားများ ခုနစ်ရာခန့်က မတ်လ ၁၅ ရက်တွင် ရန်ကုန် မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ကြရာတွင် ကျောင်းပြီးပါက လိုင်စင်ချက်ချင်း ထုတ်ပေးရန်၊ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ညွှန်ကြားချက်တွေကို ချက်ချင်းရုပ်သိမ်းပေးရန်နဲ့ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥပဒေတွင်ပါရှိသော သူနာပြုများအား အကာအကွယ်ပေး ရန်ဆိုတဲ့အချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးရန်ဟူ၍ အချက်သုံးချက်တောင်း ဆိုခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်ပြီး မတ်လ ၁၆ ရက်မှာတော့ နေပြည်တော်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူတွေက အစိုးရဆေးရုံတို့တွင် တာဝန်ထမ်းဆောင်သည့် သူနာပြုနည်းပါးနေသည့်အတွက် ၆ လကနေ ၃နှစ်ကို ပြောင်းလဲလိုက်ရ ခြင်းဖြစ်တယ်လို့ ဝန်ကြီးဌာနက ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ယခင်နှစ်များတွင် တစ်နှစ်လျှင် သူနာ ပြုဦးရေ ၁၅၀၀ ခန့် မွေးထုတ်ပေးနေရာကနေ ဦးရေ ၂၂၀၀ ခန့် မွေးထုတ်နိုင်ရန် အစီအစဉ် ချမှတ် ထားပြီးဖြစ်ကြောင်း၊ သူနာပြု သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ရန်လည်း စတင် ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ဥပဒေနည်းဥပဒေများဖြင့် အာဆီယံအဆင့်မီစေရန် ပံ့ပိုးသွားဖို့ရှိတယ်လို့ ဒေါက် တာမြင့်ဟန်က မတ်လ ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သူနာပြု ဆရာမတစ်ဦးကတော့ တိကျရေရာတဲ့အဖြေမျိုးကို မရသေးဘူးလို့ ဆိုပါတယ်။ သူနာပြုကျောင်းသူ၊ ကျောင်းသားတွေရဲ့တောင်းဆိုချက်ကိုနားထောင်ပြီး သူတို့ရဲ့လိုလားချက်တွေကို ညှိနှိုင်းဆောင် ရွက်ပေးမှာဖြစ်ပြီး သူနာပြုနဲ့ သားဖွားကိစ္စရပ်တွေအတွက် ဆက်သွယ်ဆောင်ရွက်ရန် ပညာရှင် ခုနစ်ဦးပါတဲ့အဖွဲ့ကို တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။

Previous Post

ဣတ္ထိယတို့အကြောင်း တစေ့တစောင်း

Next Post

ဆံပင်ကျွတ်ခြင်းပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သွေးတွင်းသကြားဓာတ်တည်ငြိမ်စေရန် ထိန်းချုပ်ခြင်း

3 years ago
948

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.7k

ဆီးချိုသွေးချိုရောဂါမဖြစ်ဖို့သတိထားရမယ့် ရှေ့ပြေးဆီးချိုရောဂါ

4 years ago
804

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်လျှင်

4 years ago
3.8k

ကြွက်သားနာကျင်နေပြီဆိုလျှင်

4 years ago
2.3k

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

4 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆံပင်ကျွတ်ခြင်းပြဿနာ

သင့်မျက်စိကို ဂရုစိုက်ပါ

အသက်အန္တရာယ်ထိခိုက်စေနိုင်သော သားအိမ်ပြင်ပသန္ဓေတည်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.