fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

ကြွက်သားနာကျင်နေပြီဆိုလျှင်

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/08/2021
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

ကြွက်သားနာကျင်ခြင်းဆိုတာ

ကြွက်သားနာကျင်ခြင်းသည် လူတိုင်းနီးပါးတစ်ချိန်မဟုတ်တစ်ချိန်တွင် ဖြစ်ပွားဖူးသည့် အဖြစ်များသော ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါသည်။

ခန္ဓာကိုယ်၏ နေရာတိုင်းနီးပါးတွင် ကြွက်သားများတည်ရှိနေပြီး ထိုကြွက်သားများ အားလုံးသည် နာကျင်မှုဝေဒနာကို ဖြစ်ပေါ်ခံစားရနိုင်သော်လည်း ထိုကြွက်သားများကို နာကျင်မှုဖြစ်စေသည့် အကြောင်းရင်းများမှာမူ တစ်ခုနှင့်တစ်ခု မတူညီနိုင်ပေ။

 

ကြွက်သားနာကျင်မှုဖြစ်စေသော အဖြစ်အများဆုံးအကြောင်းရင်းများ

ကြွက်သားနာကျင်မှုကို ဖြစ်စေသော အဖြစ်များသည့် အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ခန္ဓာကိုယ်၏တစ်နေရာ သို့မဟုတ် တစ်ခုထက်ပိုသောနေရာတွင် ကြွက်သားတင်းအားများ အလွန်အမင်း ဖြစ်ပေါ်စေခြင်းကြောင့်လည်းကောင်း၊
  • ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်သောအခါ ကြွက်သားများကိုအလွန်အမင်း အသုံးပြုလှုပ်ရှားကစားခြင်းကြောင့်လည်းကောင်း၊
  • ကိုယ်ကာယ အားစိုက်ပြီးလုပ်ရသောအလုပ် သို့မဟုတ် လေ့ကျင့်ခန်းများပြုလုပ်နေစဉ် ကြွက်သားများဒဏ်ရာရရှိသွားခြင်းကြောင့်လည်းကောင်း၊
  • သွေးပူလေ့ကျင့်ခန်း၊ အကြောလျှော့လေ့ကျင့်ခန်းများ မပြုလုပ်ဘဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်မိသောကြောင့်လည်းကောင်း ကြွက်သားနာကျင်မှုများဖြစ်ပွားနိုင်ပါသည်။

တစ်ခါတစ်ရံ ကြွက်သားနာကျင်ခြင်းသည် အခြားကျန်းမာရေးဆိုင်ရာပြဿနာများကြောင့်လည်း ဖြစ်ပွားတတ်ပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • တုပ်ကွေး၊ ပိုလီယို သို့မဟုတ် အခြားဗက်တီးရီးယား ကူးစက်ရောဂါများကြောင့် ကြွက်သားနာကျင်ခြင်း
  • ကြွက်သားမျှင်များကို နာကျင်မှုဖြစ်စေသည့် Fibromyalgia ရောဂါကြောင့် ကြွက်သားနာကျင်ခြင်း (အဆိုပါရောဂါတွင် ကြွက်သားနာကျင်ခြင်းသည် သုံးလနှင့်အထက် ကြာမြင့်တတ်ပါသည်)
  • နာတာရှည်ပင်ပန်းနွမ်းနယ်နာကျင်ခြင်း လက္ခဏာစု (Chronic Fatigue Syndrome) ကြောင့် ကြွက်သားနာကျင်ခြင်း
  • ကြွက်သားနှင့် တွယ်ဆက်တစ်ရှူးများ ရောင်ရမ်းမှုကြောင့် ကြွက်သားနာကျင်ခြင်း (Myofascial pain syndrome)
  • ခန္ဓာကိုယ်၏ ခုခံအားစနစ်က ခန္ဓာကိုယ်အတွင်းရှိဆဲလ်များ၊ တစ်ရှူးများကို မှားယွင်းတိုက်ခိုက်သော Lupus, Dermatomyositis နှင့် Polymyositis ကဲ့သို့သော Autoimmune ရောဂါများကြောင့် ကြွက်သားနာကျင်ခြင်း
  • Statins၊ ACE inhibitors၊ Cocaine ကဲ့သို့သောအချို့သောဆေးဝါးများ အသုံးပြုခြင်းကြောင့် ကြွက်သားနာကျင်ခြင်း
  • သိုင်းရွိုက် ဟော်မုန်းနည်းပါးခြင်း၊ များပြားခြင်း ပြဿနာများကြောင့် ကြွက်သားနာကျင်ခြင်း
  • ပိုတက်ဆီယမ် ပမာဏနည်းပါးနေသောကြောင့် ကြွက်သားနာကျင်ခြင်း စသည်တို့ကြောင့် ကြွက်သားနာကျင်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။


ကြွက်သားနာကျင်မှုကိုသက်သာစေရန်ပြုလုပ်ခြင်း

ကြွက်သားနာကျင်မှုကို သက်သာစေရန် အောက်ပါအတိုင်းပြုလုပ်ပေးနိုင်ပါသည်။

  • ကြွက်သားနာကျင်နေသည့်ဧရိယာကို အနားပေးပါ။
  • ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့်အကိုက်အခဲပျောက်ဆေးဝါးများကို သောက်သုံးပါ။
  • ကြွက်သားနာကျင်မှုကို သက်သာစေရနှ်နှင့် ရောင်းရမ်းမှုကိုလျော့ကျစေရန် နာကျင်သည့်ဧရိယာကို ရေခဲကပ်ပါ။
  • အကယ်၍ ၃ ရက်ခန့်အထိရေခဲကပ်သော်လည်း ပျောက်ကင်းမှုမရှိပါက ရေနွေးအိတ်ကို ပြောင်းလဲ၍ကပ်ပါ။
  • စိတ်ဖိစီးမှုများကိုလျော့ကျစေသည့် ယောဂပြုလုပ်ခြင်းနှင့် တရားထိုင်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။

 

ဘယ်အချိန်မှာ ဆရာဝန်ကိုပြသင့်သလဲ

အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။

  • အိမ်တွင် ရက်အနည်းငယ်ခန့်ကုသသော်လည်း နာကျင်မှု မပျောက်ကင်းသေးလျှင်သော်လည်းကောင်း
  • ရှင်းလင်းတိကျသည့် အကြောင်းပြချက်မရှိဘဲ ပြင်းထန်သည့်ကြွက်သားနာကျင်ခြင်း ဖြစ်ပေါ်ခဲ့လျှင်သော်လည်းကောင်း
  • ကြွက်သားနာကျင်ခြင်းနှင့်အတူ အရေပြားတွင် အကွက်များ၊ အင်ပြင်များ ထလာခဲ့လျှင်သော်လည်းကောင်း
  • ခွေးသန်း၊ ကြောင်သန်းများ အကိုက်ခံရပြီးနောက် ကြွက်သားနာကျင်ခြင်း ဖြစ်ပွားခဲ့လျှင်သော်လည်းကောင်း
  • ကြွက်သားနာကျင်ပြီးနောက် အရေပြားနီရဲလာခြင်း၊ ရောင်ရမ်းလာခြင်း ဖြစ်လာလျှင်သော်လည်းကောင်း
  • ဆေးဝါးတစ်ခုခုကိုသောက်သုံးပြီးသည့်နောက် ကြွက်သားနာကျင်ခြင်း ဖြစ်ပေါ်လာခဲ့လျှင်သော်လည်းကောင်း
  • ကြွက်သားနာကျင်ခြင်းနှင့်အတူ ကိုယ်အပူချိန်မြင့်တက်လာခဲ့လျှင်သော်လည်းကောင်း စသည့် အခြေအနေများတွင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

 

အကယ်၍ အောက်ပါအခြေအနေများဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အရေးပေါ်သွားရောက်ရန် လိုအပ်ပါသည်။

  • ကြွက်သားနာကျင်ခြင်းနှင့်အတူ ဆီးသွားသည့်ပမာဏ နည်းပါးလာခြင်း သို့မဟုတ် ဆီးမသွားနိုင်တော့ခြင်း
  • အစာနှင့်ရေ မျိုချရန် ခဲယဉ်းလာခြင်း
  • အော့အန်ခြင်း သို့မဟုတ် ကိုယ်အပူချိန်တက်လာခြင်း
  • အသက်ရှူရခက်ခဲလာခြင်း
  • ဇာတ်ကြောများတောင့်တင်းလာခြင်း
  • ကြွက်သားများအားမရှိသကဲ့သို့ ဖြစ်လာခြင်း
  • ကြွက်သားနာကျင်နေသည့်နေရာတွင် လှုပ်ရှားမှုမပြုလုပ်နိုင်ခြင်း စသည့်အခြေအနေများဖြစ်ပေါ်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်ပါသည်။

Author : Dr. မွန်

Previous Post

ဆံပင်ကျွတ်တာ များလာပြီဆိုလျှင်

Next Post

လူ့ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်အရေးပါပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

1 month ago
447

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 months ago
447

အလွှာခြားတာကောင်းလား?

4 months ago
401
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

6 months ago
304

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

6 months ago
421

Screen Time တွေကြောင့် ညအိပ်မပျော်ခြင်း

6 months ago
359

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူ့ခန္ဓာကိုယ်အတွက် ကယ်လ်ဆီယမ်ဓာတ်အရေးပါပုံ

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်လျှင်

ဆီးချိုသွေးချိုရောဂါနှင့် ရုတ်တရက်လေဖြတ်ခြင်း ဘယ်လိုဆက်စပ်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.