fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ဘယ်အချိန် ဗိုက်သွားအပ်ရမလဲ

197
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/03/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ဘယ်အချိန် ဗိုက်သွားအပ်ရမလဲ

မည်သည့် အသက်အရွယ်ပင်ဖြစ်စေ အိမ်ထောင်သည် အမျိုးသမီးတဦး ပုံမှန်ရာသီမပေါ်တိုင်း ဆီးစစ်ကြည့်ရန်လိုပြီး ကိုယ်ဝန်ရှိသည်ဟု သိသည်နှင့် ပထမဦးဆုံးနှင့် အရေးအကြီးဆုံးဖြစ်သည့် ဗိုက်အပ်ခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။ ဗိုက်အပ်သည်ဟု အလွယ်ပြောနေကြသည့် ကိုယ်ဝန်အစောပိုင်း ကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆေးဝါးများ အကြံပြု တိုက်ကျွေးခြင်းသည် ကိုယ်ဝန်ဆောင် ကာလတလျောက် မိခင်ကော ရင်သွေးပါ ကျန်းကျန်းမာမာ ရှိစေရန်နှင့် ရင်သွေးငယ်အား ရောဂါဘယ ကင်းရှင်းစွာဖြင့် လူ့လောကထဲ ဝင်လာနိုင်စေရေး အလွန်ပင် အရေးကြီးလှသည့် အဆင့်တဆင့်ပင်ဖြစ်သည်။

ဘယ်အချိန်မှာ ဗိုက်သွားအပ်ရမလဲ

ကိုယ်ဝန်ရှိကြောင်း သိလျှင်သိခြင်း နီးစပ်ရာ သားဖွားခန်း၊ ဆေးခန်း၊ ဆေးရုံနှင့် အခြားသော ကျန်းမာရေးဌာနများတွင် အမြန်ဆုံး သွားရောက်၍ ကိုယ်ဝန်ဆောင် စမ်းသတ်စစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ဗိုက်အပ်သည်ဟုဆိုရာတွင် မိမိ၏ ကလေးကို အမှန်တကယ် မွေးဖွားပေးနိုင်မည့် အခြေအနေရှိသည့် ကျန်းမာရေးဝန်ထမ်း (သားဖွားဆရာမ (သို့) ပါရဂူ)နှင့် ဦးစွာ ပြသနိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း ခရီးလွန်နေချိန်များတွင် နီးစပ်ရာ ကျန်းမာရေးဌာနတွင် သွားရောက်ပြသကာ လိုအပ်သလို တိုင်ပင်ပြီး အကြံပြုချက်များ ရယူရမည်ဖြစ်သည်။

ဗိုက်သွားအပ်ရင် ဘာတွေလုပ်နိုင်သလဲ

ပထမဆုံးအကြိမ် ဗိုက်အပ်ချိန်တွင် မိမိ၏ ကျန်းမာရေးအခြေအနေနှင့် လက်ရှိ ကလေး၏ အခြေအနေ၊ ကိုယ်ဝန်နှင့်ပတ်သတ်သည့် ပုံမှန်အတိုင်း ဖြစ်ပွားတတ်သည့် လက္ခဏာများ၊ ပုံမှန်မဟုတ်သည့် ရောဂါအခြေအနေများ၊ ဆေးဝါးများအကြောင်းနှင့် အခြားသော ကိုယ်ဝန်နှင့် ပတ်သတ်သည့် မိမိသိလိုသည်များ တိုင်ပင်ဆွေးနွေး နိုင်မည်ဖြစ်သည်။ ထို့အပြင် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံများနှင့် လိုအပ်သော ကာကွယ်ဆေးများနှင့် ပတ်သတ်၍လည်း အကြံပြုချက်များ ရယူနိုင်မည်ဖြစ်သည်။

မွေးဖွားမည့်ခန့်မှန်းရက်ကို စောလျင်စွာသိရှိနိုင်ခြင်း

စောလျင်စွာ ဗိုက်အပ်ခြင်းဖြင့် ရာသီပေါ်ရက်စွဲများကို မှန်ကန်စွာ သိရှိနိုင်သေးသလို မွေးဖွားမည့် ခန့်မှန်းရက်ကို စောလျင်စွာ သိရှိနိုင်သဖြင့် ကလေးမီးဖွားရန်အတွက် ပြင်ဆင်ရမည့် ကိစ္စရပ်များနှင့် ပတ်သတ်၍ အိပ်ထောင်ဖက်နှင့် ကြိုတင် တွက်ချက် တိုင်ပင်ထားနိုင်သည်။

ဆေးဝါးများနှင့် ပတ်သတ်၍ တိုင်ပင်နိုင်ခြင်း

အထူးသဖြင့် ကိုယ်ဝန်အစောပိုင်းကတည်းက မဖြစ်မနေ သောက်ထားသင့်သည့် အားဆေးမျိုးဖြစ်သည့် Folic acid အားဆေးများ၊ သံဓာတ်အားဖြည့်ဆေးများနှင့် ပတ်သတ်၍ အကြံပြု ပြောကြားပေးနိုင်ပြီး လိုအပ်သည့် ပမာဏကိုလည်း တပါတည်း ညွှန်ကြား ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် လက်ရှိ ရောဂါအခံတခုခုကြောင့် သောက်သုံး နေရသည့် ဆေးဝါးများ ရှိပါကလည်း ကိုယ်ဝန်နှင့် သင့်တော်ခြင်းရှိ/မရှိနှင့် အခြား ရွေးချယ်သောက်သုံးနိုင်သည့် ဆေးများနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး နိုင်မည်ဖြစ်သည်။

ရောဂါများရှိလျှင်လည်း ကြိုတင်သိရှိပြင်ဆင်နိုင်ခြင်း

စောလျှင်စွာ ဗိုက်အပ်ခြင်းဖြင့် အချို့သော အမျိုးသမီးများတွင် သွေးတိုး၊ ဆီးချို၊ သွေးရောဂါများ၊ နှလုံးရောဂါနှင့် အခြားရောဂါများ ခံစားနေရခြင်းကို ကြိုတင်သိရှိနိုင်ပြီး ကုသနိုင်သည့် ရောဂါများကို စောစောကုသပျောက်ကင်းနိုင်သလို ကုသပျောက်ကင်းမှု မရှိနိုင်သည့် ရောဂါများ ခံစားနေရလျှင်လည်း လက်ရှိကိုယ်ဝန်နှင့် သင့်တော်ခြင်း ရှိ/မရှိ၊ ကိုယ်ဝန်ကြောင့် ပိုဆိုးသွားနိုင်ခြင်း ရှိ/မရှိ၊ ကိုယ်ဝန်ဆောင်ကာလတလျှောက် ဆောင်ရန်/ရှောင်ရန် များကို တပါတည်း တိုင်ပင် နိုင်မည်ဖြစ်သလို လိုအပ်လျှင် အခြားအဆင့်မြင့်ကုသမှု ပေးနိုင်သည့်နေရာများသို့ အမြန်ဆုံး ညွှန်းပို့နိုင်မည်ဖြစ်သည်။

အလုပ်အကိုင်နှင့်ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်များ သိရှိနိုင်ခြင်း

ဗိုက်အပ်သည့်အချိန်တွင် မိမိ၏ လက်ရှိ လုပ်ကိုင်နေသော အလုပ်အကိုင်နှင့် သွားလာနေရသော ခရီးအကွာအဝေးနှင့် ပတ်သတ်၍ ကိုယ်ဝန်နှင့် အဆင်ပြေခြင်း ရှိ/မရှိကိုလည်း တပါတည်း တိုင်ပင်နိုင်သည်။ အဆင်ပြေခြင်းမရှိသည့် အလုပ်အကိုင်များ ဖြစ်ခဲ့လျှင်လည်း မည်သို့သော အခြေအနေတွင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ပြသရန်လိုကြောင်း တပါတည်း မေးမြန်းနိုင်ပြီး လိုက်နာခြင်းဖြင့် မလိုလားအပ်သည့် အခြေအနေများ (ဥပမာ- ကိုယ်ဝန်ပျက်ကျခြင်းမျိုး) ကို ရှောင်ရှား နိုင်မည်ဖြစ်သည်။

ကိုယ်ဝန်ဆောင်ကာလဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများ

အန်ခြင်း၊ ခြေလက်များဖောရောင်ခြင်း၊ မျက်နှာများဖောယောင်ခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း၊ ဗိုက်နာခြင်း၊ အဖြူဆင်းခြင်း၊ သွေးဆင်းခြင်းနှင့် ခေါင်းမူးခြင်း စသည့် ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်သည့် ပြဿနာများတွင် မည်သည့်လက္ခဏာမျိုးမှာ သာမန်ဖြစ်တတ်သည့် လက္ခဏာဖြစ်ကြောင်းနှင့် မည်သည့် လက္ခဏာများသည် စိုးရိမ်ရန် လိုကြောင်းနှင့် မည်သို့သော အခြေအနေတွင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက် ပြသရန်လိုကြောင်း သိရှိသည်အထိ တိုင်ပင်ဆွေးနွေး နိုင်မည်ဖြစ်သည်။

သာမန်ကလေးမီးဖွားဖူးရုံမျှဖြင့် အထက်ဖော်ပြပါ အကြောင်းအရာများကို သိရှိ နိုင်မည်မဟုတ်သဖြင့် မိမိတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သိလျှင်သိခြင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်၍ လိုအပ်သလို တိုင်ပင်ကာ ဗိုက်သွားအပ် ကြရန် အကြံပြု ပြောကြားလိုပါသည်။
ကိုယ်ဝန်ဆောင်တိုင်း အဆင်ပြေကြပါစေ။ …………..

Dr.Tint Tal

Previous Post

ပိုလီယိုကာကွယ်ဆေး အကြောင်းသိကောင်းစရာ

Next Post

ကိုယ့်အသားရည်နဲ့ ကိုက်ညီတဲ့ skincare ပစ္စည်းတွေကို ဘယ်လို ရွေးဝယ်ကြမလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
314

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
992
Can you eat papaya during pregnancy?

ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီးစားလို့ရလား?

3 years ago
564

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ့်အသားရည်နဲ့ ကိုက်ညီတဲ့ skincare ပစ္စည်းတွေကို ဘယ်လို ရွေးဝယ်ကြမလဲ?

''အိုမာ'' ဖြစ်ချင်သလား

ဆယ်ကျော်သက်နှင့် စိတ် ၂ မျိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.