fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ပန္းေသပန္းညႇိဳးေရာဂါ

629
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/03/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)

ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ၾကတာ ေတာ္ေတာ္စုံၿပီျဖစ္ေပမယ့္ အေရးႀကီးဆုံးျပႆနာ၊ တစ္နည္းေျပာရရင္ျဖစ္ပြားမႈ အမ်ားဆုံးျပႆနာကို ေသေသခ်ာခ်ာမေဆြးေႏြးျဖစ္ခဲ့ေသးဘူး ဆရာ။
ဘာျပႆနာကိုမ်ား ေျပာတာပါလိမ့္။

ကုသမႈအေၾကာင္းေတြေဆြးေႏြးဖူးေပမယ့္ အေသးစိပ္မေဆြးေႏြးမိလို႔ပါ။ အမ်ိဳးသားမ်ားႀကဳံေတြ႕ေနၾကရတဲ့ ပန္း ေသပန္းညႇိဳးျပႆနာပါဆရာ။ ပထမဦးဆုံးပန္းေသပန္းညႇိဳးျခင္းဆိုတာရဲ႕ အဓိပၸါယ္ကစၿပီးေဆြးေႏြးခ်င္ပါတယ္ ဆရာ။
ေကာင္းပါၿပီဗ်ာ။ ပန္းေသပန္းညႇိဳးပန္းၾကာရွည္မလန္းဆန္းျခင္းဆိုတာက လိင္ဆက္ဆံမႈျပဳရာမွာ ေက် နပ္ဖြယ္ရာအဆင့္အထိ လိင္အဂၤါေတာင့္တင္းမာေက်ာမႈမရွိျခင္း (သို႔) ေတာင့္တင္းမႈကိုထိန္းမထားႏိုင္ျခင္းလို႔ အဓိပၸါယ္ဖြင့္ပါတယ္။ အဂၤလိပ္လိုေတာ့ Erectile Dysfunction လို႔သုံးစြဲေလ့ရွိပါတယ္။

ဆရာေျပာတဲ့ Erectile Dysfunction ေပါ့။ အဲဒါဘာေၾကာင့္ျဖစ္တာလဲဆိုတာလည္း ရွင္းျပေပးပါဦး။
ပန္းေသပန္းညႇိဳးပန္းၾကာရွည္မလန္းဆန္းႏိုင္တဲ့ အေၾကာင္းေတြကေတာ့ အမ်ားႀကီးပါပဲဗ်ာ။ ကြၽန္ေတာ္ အမွတ္စဥ္ထိုးၿပီး ေရတြက္ျပမယ္ဗ်ာ။

(က) ေသြးလႊတ္ေၾကာနဲ႔ဆိုင္တဲ့ ျပႆနာ
ေသြးခ်ိဳ၊ ဆီးခ်ိဳေရာဂါ
ေသြးတိုးေရာဂါ
ေသြးမွာကိုလက္စထေရာမ်ားျခင္း
ေဆးလိပ္ေသာက္ျခင္း
(ခ) အာ႐ုံေၾကာဆိုင္ရာျပႆနာမ်ား
ထိခိုက္ဒဏ္ရာရျခင္း
ေသြးခ်ိဳ၊ ဆီးခ်ိဳေရာဂါ
အရက္အလြန္အကြၽံေသာက္ျခင္း
ဝမ္းဗိုက္ေအာက္ပိုင္းခြဲစိပ္ကုသမႈခံယူျခင္း
အာဟာရခ်ိဳ႕တဲ့ျခင္း
(ဂ) စိတ္ပိုင္းဆိုင္ရာျပႆနာမ်ား
ပူပင္ေသာကမ်ားလြန္းျခင္း
စိတ္က်ေဝဒနာ
(ဃ) ေဟာ္မုန္းဓာတ္ခ်ိဳ႕ယြင္းမႈျပႆနာမ်ား
တက္စတိုစတီ႐ုန္းေဟာ္မုန္းနည္းျခင္း
ပ႐ိုလက္တင္ Prolactin ေဟာ္မုန္းမ်ားျခင္း
(င) ေဆးဝါမ်ားၾကာရွည္မွီဝဲျခင္း
ေသြးဖိအားက်ေစေသာ ေဆးမ်ား
စိတ္က်ေဝဒနာကုေဆးမ်ား
အျခားေဆးဝါးတခ်ိဳ႕

ပန္းေသပန္းညႇိဳးေဝဒနာက အသက္ႀကီးလာတာနဲ႔အမွ် ပိုမ်ားလာတယ္လို႔သိရပါတယ္ ဆရာ။ ျဖစ္ပြားႏႈန္းေလး လည္းသိပါရေစဦး။
အမ်ိဳးသားမ်ားရဲ႕ ၅၀ ရာခိုင္ႏႈန္းဟာ သူ႔ဘဝတစ္ေလ်ာက္မွာပန္းေသပန္းညႇိဳးပန္းၾကာရွည္မလန္းတဲ့ေ၀ ဒနာ ခံစားခဲ့ၾကရတယ္လို႔ ဆိုပါတယ္။ အသက္ ၄၀ အ႐ြယ္ေလာက္မွာ ၄၀ ရာခိုင္ႏႈန္းဟာ ပန္းေသပန္းညႇိဳးျဖစ္ ၾကရတယ္လို႔ သိရပါတယ္။ အသက္ ၇၀အ႐ြယ္ေရာက္ၿပီဆိုရင္ျဖင့္ ၇၀ ရာခိုင္ႏႈန္းေလာက္အထိ ပန္းေသပန္း ညႇိဳးျဖစ္လာတတ္ပါတယ္။

ပန္းေသပန္းညႇိဳးေဝဒနာကို ဘယ္လိုမ်ားကုသႏိုင္ပါသလဲ ဆရာ။
ပန္းေသပန္းညႇိဳးပန္းမလန္းမႈကို ကုသရာမွာ အၾကမ္းသေဘာအေနနဲ႔သုံးမ်ိဳးခြဲျခားၾကည့္လို႔ရပါတယ္။ ပ ထမတစ္မ်ိဳးက ေသာက္ေဆးနဲ႔ကုသျခင္း၊ ဒုတိယတစ္မ်ိဳးက ထိုးေဆးနဲ႔ကုသျခင္းနဲ႔ တတိယတစ္မ်ိဳးကေတာ့ခြဲ စိပ္ကုသျခင္းဆိုၿပီး သုံးမ်ိဳးေတြ႕ရမွာပါ။

ဘယ္ကုသနည္းကအေကာင္းဆုံးျဖစ္ႏိုင္ပါသလဲ။ ဘယ္ကုသနည္းကိုေ႐ြးခ်ယ္သင့္ပါသလဲ။
ဒါကေတာ့ အတိအက်ေျပာဖို႔ခက္ပါတယ္။ လူပုဂၢိဳလ္တစ္ဦးခ်င္းစီေပၚမွာ မူတည္ပါတယ္။ တစ္ေယာက္ အတြက္ေကာင္းေပမယ့္ အျခားတစ္ေယာက္အတြက္အဆင္ေျပခ်င္မွ ေျပမွာပါ။ ေနာက္ၿပီးအားသာခ်က္၊ အား နည္းေတြကိုလည္း ထည့္သြင္းစဥ္းစားရမွာပါ။ အဓိကေျပာျပတဲ့သုံးခုအျပင္ အျခားနည္းလမ္းေတြလဲရွိပါတယ္။ ေသြးေၾကာက်ယ္ေစတဲ့ လိမ္းေဆးေတြရွိတယ္။ ေလဟာနယ္ျပဳုလုပ္ၿပီး ေတာင့္တင္းေအာင္ျပဳလုပ္တာမ်ိဳးလည္း ရွိတယ္။ ပစၥည္းအတုထည့္သြင္းတာမ်ိဳးလည္းရွိပါတယ္။ စိတ္ပိုင္းဆိုင္ရာ အားေပးကူညီမႈလည္း လိုအပ္တဲ့အ ေထာက္အကူျပဳကုထုံးျဖစ္ပါတယ္။

ေဆးဝါးမ်ားအေၾကာင္းအရင္ေျပာျပေပးဦး ဆရာ။
ေဆးဝါးေတြကေတာ့ အမ်ားႀကီးရွိတာေပါ့ဗ်ာ။ Sildanafil ေဆးဝါးေပါ့ဗ်ာ။ လိင္မဆက္ဆံမီနာရီဝက္၊ တစ္နာရီႀကိဳတင္ေသာက္ၿပီး လိင္ဆက္ဆံရင္ လိင္အဂၤါေတာင့္တင္းမႈကို အားေပးႏိုင္ပါတယ္။ ေဆးကေတာ့ ထုတ္လုပ္တဲ့ကုမၸဏီအလိုက္ အမည္အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ ေဆးပမာဏအေနနဲ႔ ၂၅၊ ၅၀၊ ၁၀၀ မီလီဂရမ္အမ်ိဳး မ်ိဳးရွိတယ္။ ႏွစ္ေပါင္းမ်ားစြာကစတင္ၿပီး သုံးစြဲခဲ့ၾကတယ္။ ေဆးတစ္မ်ိဳးကေတာ့ Yohmibine ေဆးပါ။ ေဆးပမာ ဏ ၅ မီလီဂရမ္ ဒါမွမဟုတ္ ၁၅ မီလီဂရမ္လိုအပ္ႏိုင္ပါတယ္။ တခ်ိဳ႕သုေတသနပညာရွင္မ်ားက Yohmibine ဟာအမွန္တကယ္ပန္းလန္းေစႏိုင္တာ မဟုတ္ဘူး။ စိတ္ပိုင္းဆိုင္ရာ ျမႇင့္တင္ေပးတဲ့သေဘာသာျဖစ္တယ္လို႔ ဆို ပါတယ္။ တခ်ိဳ႕တိုင္းရင္းေဆး၊ ေဆးဖက္ဝင္အပင္ေတြအသုံးျပဳမႈလည္း ရွိပါတယ္။ သူ႔အတိုင္းတာနဲ႔သူ႔စြမ္းအင္ ထက္ျမက္မႈရွိၾကတယ္လို႔ သိရပါတယ္။

ထိုးေဆးအေနနဲ႔ အသုံးျပဳတတ္ၾကတာ Alpastadil ေဆး၊ Papaverine ေဆးနဲ႔ Phentolamnie ေဆး တို႔ပါ။ Alpastadil ေဆးကေတာ့ ၅ မိုက္ခ႐ိုဂရမ္၊ ၁၀ မိုက္ခ႐ိုဂရမ္၊ ၂၀ မိုက္ခ႐ိုဂရမ္ဆိုၿပီး သုံးမ်ိဳးထုတ္လုပ္ေလ့ ရွိပါတယ္။ ထိုးေဆးျဖစ္တဲ့အတြက္ ကြၽမ္းက်င္မႈလိုအပ္ပါတယ္။ ေသာက္ေဆးနဲ႔ယွဥ္ရင္ အႏၲရာယ္မ်ားပါတယ္။
လိင္အဂၤါလန္းဆန္းေစဖို႔အတြက္ ေသာက္ေဆးလည္းမဟုတ္ဘူး။ ထိုးေဆးလည္းမဟုတ္ဘူး။ အျခား ေဆးတစ္မ်ိဳးရွိေသးတယ္။ ဆီးလမ္းေၾကာင္း (ဆီးႁပြန္) Urethra ထဲထည့္ေပးရတယ္။ Medicated Urethral System for Erection “MUSE” လို႔ေခၚပါတယ္။ ပေရာ့စတာဘလင္ဒင္ Prostaglandin ေဆးလုံးငယ္ေလးေတြ ပါ။ ဒီေဆးလုံးငယ္ေလးေတြကို ဆီးႁပြန္ထဲထည့္ေပးလိုက္႐ုံပါပဲ။ လိင္အဂၤါၾကာရွည္လန္းဆန္းေစႏိုင္တယ္။ ေဆး ကိုလည္း ၁၂၅၊ ၂၅၀၊ ၅၀၀၊ ၁၀၀၀ မိုက္ခ႐ိုဂရမ္စသျဖင့္ ပါဝင္တဲ့ေဆးလုံးငယ္ေလးေတြအျဖစ္ ထုတ္လုပ္ပါ တယ္။

ဒါဆိုရင္ေသာက္ေဆးေတြ၊ ထိုးေဆးေတြ သြင္းေဆးေတြကပမာဏမ်ိဳးစုံ အ႐ြယ္အစားမ်ိဳးစုံဆိုေတာ့ ဘယ္ပမာ ဏကိုသုံးစြဲရမယ္ဆိုတာေလး ေဆြးေႏြးေပးပါဦးဆရာ။
ဒါက ကြၽန္ေတာ္ၫႊန္ျပလို႔မရဘူး။ သုံးစြဲမယ့္သူက မိမိဘာေဆးနဲ႔သင့္မယ္။ ဘယ္ေလာက္ပမာဏသုံးစြဲ သင့္တယ္ဆိုတာကို ဆရာဝန္နဲ႔ႀကိဳတင္ေဆြးေႏြးၿပီးမွ သုံးသင့္တာေလ။ တစ္ဦးခ်င္းစီအလိုက္စဥ္းစားရမယ့္အ ခ်က္ေတြရွိတယ္။ အသက္အ႐ြယ္၊ က်န္းမာေရးအေျခအေနပူးတြဲေရာဂါရွိ၊ မရွိစသျဖင့္ေပါ့ဗ်ာ။
ေဆးေတြကအႏၲရာယ္မရွိဘူးလား။ စိတ္ခ်ရပါ့မလား။
ေဆးတိုင္းကေတာ့ သူ႔အတိုင္းအတာတစ္ခုအထိ စြမ္းေဆာင္ေပးႏိုင္ၾကပါတယ္။ ေဆးဆိုတာေတာ့လဲ ေဘးထြက္ဆိုးက်ိဳးဆိုတာေတြရွိတာေပါ့။ ဒါေတြကို ဗဟုသုတအျဖစ္သိထားဖို႔လိုတာေပါ့ဗ်ာ။ အထူးသျဖင့္ ကိုယ္ သုံးစြဲတဲ့ေဆးနဲ႔ပတ္သက္ၿပီး ျပည့္ျပည့္စုံစုံသိထားရင္ေတာ့ ပိုေကာင္းတာေပါ့။

ေဆးမသုံးစြဲသင့္သူေတြေကာ ရွိႏိုင္မလား၊ မသုံးစြဲသင့္တဲ့အေျခအေနေပါ့ ဆရာရယ္။
ဒါလည္းရွိတာေပါ့ဗ်ာ။ ဥပမာ Sildenafil ေဆးဆိုပါေတာ့ ႏွလုံးေရာဂါရွိလို႔ ႏိုက္ထရိတ္ပါတဲ့ေဆးေတြမွီ ဝဲေနရင္ Sildenafil ေဆးမသုံးစြဲသင့္ဘူး အႏၲရာယ္ရွိတယ္။
ဆရာေျပာခဲ့တဲ့အထဲမွာေပါ့။ အျခားကုနည္းေတြလည္း ပါသြားပါေသးတယ္။ နည္းနည္းေလာက္ရွင္းျပေပးပါဦး လား။
ပန္းေသပန္းညႇိဳးကုသရာမွာ ေဟာ္မုန္းအစားထိုးကုသနည္းဆိုတာလည္းရွိတယ္။ ေဟာ္မုန္းဓာတ္ခ်ိဳ႕တဲ့ လို႔ပန္းေသပန္းညႇိဳးပန္းမလန္းတာျဖစ္ရင္ ေဟာ္မုန္းအစားထိုးနည္းက အေကာင္းဆုံးျဖစ္မွာေပါ့ဗ်ာ။ ေလဟာနယ္ ျပဳၿပီးကုတဲ့နည္း Vancuum Deivces လို႔ေခၚတယ္။ လိင္အဂၤါထဲကိုေသြးေတြစီးဝင္လာေအာင္ ေလဟာနယ္ျပဳ လုပ္ၿပီးစုပ္ယူတာ။ လိင္အဂၤါမွာ ေသြးေတြျပည့္လာလို႔ေတာင့္တင္းလာေတာ့ လိင္အဂၤါအရင္းမွာရာဘာကြင္းစြပ္ ၿပီးေသြးေတြျပန္မထြက္သြားေအာင္ ထိန္းထားေပးတာ။ အဲဒီနည္းလည္း သုံးႏိုင္တာေပါ့။

ခြဲစိပ္ကုသျခင္းဆိုတာကေရာ ဘယ္လိုနည္းမ်ိဳးပါလဲ။
ဒါကေတာ့ဗ်ာ။ လိင္အဂၤါ ႀကီးထြားလာဖို႔ ပစၥည္းအတုထည့္ေပးတာမ်ိဳး၊ ေသြးေၾကာေတြကိုခြဲစိပ္ျပဳျပင္ တာမ်ိဳးေတြပါ။

တကယ္လို႔လိင္အဂၤါေကာင္းစြာမေတာင့္တင္းႏိုင္ဘူးဆိုရင္ စစ္ေဆးဖို႔ေရာလိုအပ္ပါေသးလား။
လိုတာေပါ့ဗ်ာ။ လိင္အဂၤါေတာင့္တင္းမႈျပႆနာျဖစ္ေစတဲ့အေၾကာင္းေတြ ေျပာတုန္းကေရာဂါအမည္ ေတြမွတ္မိဦးမွာပါ။ ဒီေရာဂါေတြရွိ၊ မရွိစစ္ေဆးသင့္တာေပ့ါ။ ေသြးဖိအားတိုင္းရမယ္။ ေသြးခ်ိန္ရမယ္။ ေသြးနဲ႔ဆီး မွာသၾကားဓာတ္ပါဝင္မႈ စစ္ေဆးသင့္တယ္။ ေသြးမွာ ေဟာ္မုန္းဓာတ္အေျခအေနလည္းစစ္သင့္တယ္။ တက္စ တိုစတီ႐ုန္း၊ ပ႐ိုလက္တင္၊ အက္ဖ္အက္စ္အိပ္ခ်္ FSH (Follicular Stimulating Hormone) အယ္လ္အိပ္ခ်္ LH (Leuteinizing Hormone) စတဲ့ေဟာ္မုန္းေတြ ဘယ္ေလာက္ရွိေနတယ္ဆိုတာစစ္ေဆးၾကည့္သင့္တယ္။ ေသြး မွာအဆီဓာတ္ပါဝင္မႈစစ္ေဆးတာကအစေပါ့ဗ်ာ အေထြေထြက်န္းမာေရးစစ္ေဆးႏိုင္ရင္ေတာ့ အေကာင္းဆုံး ေပါ့။

Author: ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)

(Unicode)

ကျွန်တော်တို့ဆွေးနွေးခဲ့ကြတာ တော်တော်စုံပြီဖြစ်ပေမယ့် အရေးကြီးဆုံးပြဿနာ၊ တစ်နည်းပြောရရင်ဖြစ်ပွားမှု အများဆုံးပြဿနာကို သေသေချာချာမဆွေးနွေးဖြစ်ခဲ့သေးဘူး ဆရာ။
ဘာပြဿနာကိုများ ပြောတာပါလိမ့်။

ကုသမှုအကြောင်းတွေဆွေးနွေးဖူးပေမယ့် အသေးစိပ်မဆွေးနွေးမိလို့ပါ။ အမျိုးသားများကြုံတွေ့နေကြရတဲ့ ပန်း သေပန်းညှိုးပြဿနာပါဆရာ။ ပထမဦးဆုံးပန်းသေပန်းညှိုးခြင်းဆိုတာရဲ့ အဓိပ္ပါယ်ကစပြီးဆွေးနွေးချင်ပါတယ် ဆရာ။
ကောင်းပါပြီဗျာ။ ပန်းသေပန်းညှိုးပန်းကြာရှည်မလန်းဆန်းခြင်းဆိုတာက လိင်ဆက်ဆံမှုပြုရာမှာ ကျေ နပ်ဖွယ်ရာအဆင့်အထိ လိင်အင်္ဂါတောင့်တင်းမာကျောမှုမရှိခြင်း (သို့) တောင့်တင်းမှုကိုထိန်းမထားနိုင်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ အင်္ဂလိပ်လိုတော့ Erectile Dysfunction လို့သုံးစွဲလေ့ရှိပါတယ်။

ဆရာပြောတဲ့ Erectile Dysfunction ပေါ့။ အဲဒါဘာကြောင့်ဖြစ်တာလဲဆိုတာလည်း ရှင်းပြပေးပါဦး။
ပန်းသေပန်းညှိုးပန်းကြာရှည်မလန်းဆန်းနိုင်တဲ့ အကြောင်းတွေကတော့ အများကြီးပါပဲဗျာ။ ကျွန်တော် အမှတ်စဉ်ထိုးပြီး ရေတွက်ပြမယ်ဗျာ။

(က) သွေးလွှတ်ကြောနဲ့ဆိုင်တဲ့ ပြဿနာ
သွေးချို၊ ဆီးချိုရောဂါ
သွေးတိုးရောဂါ
သွေးမှာကိုလက်စထရောများခြင်း
ဆေးလိပ်သောက်ခြင်း
(ခ) အာရုံကြောဆိုင်ရာပြဿနာများ
ထိခိုက်ဒဏ်ရာရခြင်း
သွေးချို၊ ဆီးချိုရောဂါ
အရက်အလွန်အကျွံသောက်ခြင်း
ဝမ်းဗိုက်အောက်ပိုင်းခွဲစိပ်ကုသမှုခံယူခြင်း
အာဟာရချို့တဲ့ခြင်း
(ဂ) စိတ်ပိုင်းဆိုင်ရာပြဿနာများ
ပူပင်သောကများလွန်းခြင်း
စိတ်ကျဝေဒနာ
(ဃ) ဟော်မုန်းဓာတ်ချို့ယွင်းမှုပြဿနာများ
တက်စတိုစတီရုန်းဟော်မုန်းနည်းခြင်း
ပရိုလက်တင် Prolactin ဟော်မုန်းများခြင်း
(င) ဆေးဝါများကြာရှည်မှီဝဲခြင်း
သွေးဖိအားကျစေသော ဆေးများ
စိတ်ကျဝေဒနာကုဆေးများ
အခြားဆေးဝါးတချို့

ပန်းသေပန်းညှိုးဝေဒနာက အသက်ကြီးလာတာနဲ့အမျှ ပိုများလာတယ်လို့သိရပါတယ် ဆရာ။ ဖြစ်ပွားနှုန်းလေး လည်းသိပါရစေဦး။
အမျိုးသားများရဲ့ ၅၀ ရာခိုင်နှုန်းဟာ သူ့ဘဝတစ်လျောက်မှာပန်းသေပန်းညှိုးပန်းကြာရှည်မလန်းတဲ့ေ၀ ဒနာ ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။ အသက် ၄၀ အရွယ်လောက်မှာ ၄၀ ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုးဖြစ် ကြရတယ်လို့ သိရပါတယ်။ အသက် ၇၀အရွယ်ရောက်ပြီဆိုရင်ဖြင့် ၇၀ ရာခိုင်နှုန်းလောက်အထိ ပန်းသေပန်း ညှိုးဖြစ်လာတတ်ပါတယ်။

ပန်းသေပန်းညှိုးဝေဒနာကို ဘယ်လိုများကုသနိုင်ပါသလဲ ဆရာ။
ပန်းသေပန်းညှိုးပန်းမလန်းမှုကို ကုသရာမှာ အကြမ်းသဘောအနေနဲ့သုံးမျိုးခွဲခြားကြည့်လို့ရပါတယ်။ ပ ထမတစ်မျိုးက သောက်ဆေးနဲ့ကုသခြင်း၊ ဒုတိယတစ်မျိုးက ထိုးဆေးနဲ့ကုသခြင်းနဲ့ တတိယတစ်မျိုးကတော့ခွဲ စိပ်ကုသခြင်းဆိုပြီး သုံးမျိုးတွေ့ရမှာပါ။

ဘယ်ကုသနည်းကအကောင်းဆုံးဖြစ်နိုင်ပါသလဲ။ ဘယ်ကုသနည်းကိုရွေးချယ်သင့်ပါသလဲ။
ဒါကတော့ အတိအကျပြောဖို့ခက်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီပေါ်မှာ မူတည်ပါတယ်။ တစ်ယောက် အတွက်ကောင်းပေမယ့် အခြားတစ်ယောက်အတွက်အဆင်ပြေချင်မှ ပြေမှာပါ။ နောက်ပြီးအားသာချက်၊ အား နည်းတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ အဓိကပြောပြတဲ့သုံးခုအပြင် အခြားနည်းလမ်းတွေလဲရှိပါတယ်။ သွေးကြောကျယ်စေတဲ့ လိမ်းဆေးတွေရှိတယ်။ လေဟာနယ်ပြုုလုပ်ပြီး တောင့်တင်းအောင်ပြုလုပ်တာမျိုးလည်း ရှိတယ်။ ပစ္စည်းအတုထည့်သွင်းတာမျိုးလည်းရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုလည်း လိုအပ်တဲ့အ ထောက်အကူပြုကုထုံးဖြစ်ပါတယ်။

ဆေးဝါးများအကြောင်းအရင်ပြောပြပေးဦး ဆရာ။
ဆေးဝါးတွေကတော့ အများကြီးရှိတာပေါ့ဗျာ။ Sildanafil ဆေးဝါးပေါ့ဗျာ။ လိင်မဆက်ဆံမီနာရီဝက်၊ တစ်နာရီကြိုတင်သောက်ပြီး လိင်ဆက်ဆံရင် လိင်အင်္ဂါတောင့်တင်းမှုကို အားပေးနိုင်ပါတယ်။ ဆေးကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက် အမည်အမျိုးမျိုးရှိနိုင်ပါတယ်။ ဆေးပမာဏအနေနဲ့ ၂၅၊ ၅၀၊ ၁၀၀ မီလီဂရမ်အမျိုး မျိုးရှိတယ်။ နှစ်ပေါင်းများစွာကစတင်ပြီး သုံးစွဲခဲ့ကြတယ်။ ဆေးတစ်မျိုးကတော့ Yohmibine ဆေးပါ။ ဆေးပမာ ဏ ၅ မီလီဂရမ် ဒါမှမဟုတ် ၁၅ မီလီဂရမ်လိုအပ်နိုင်ပါတယ်။ တချို့သုတေသနပညာရှင်များက Yohmibine ဟာအမှန်တကယ်ပန်းလန်းစေနိုင်တာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့သဘောသာဖြစ်တယ်လို့ ဆို ပါတယ်။ တချို့တိုင်းရင်းဆေး၊ ဆေးဖက်ဝင်အပင်တွေအသုံးပြုမှုလည်း ရှိပါတယ်။ သူ့အတိုင်းတာနဲ့သူ့စွမ်းအင် ထက်မြက်မှုရှိကြတယ်လို့ သိရပါတယ်။

ထိုးဆေးအနေနဲ့ အသုံးပြုတတ်ကြတာ Alpastadil ဆေး၊ Papaverine ဆေးနဲ့ Phentolamnie ဆေး တို့ပါ။ Alpastadil ဆေးကတော့ ၅ မိုက်ခရိုဂရမ်၊ ၁၀ မိုက်ခရိုဂရမ်၊ ၂၀ မိုက်ခရိုဂရမ်ဆိုပြီး သုံးမျိုးထုတ်လုပ်လေ့ ရှိပါတယ်။ ထိုးဆေးဖြစ်တဲ့အတွက် ကျွမ်းကျင်မှုလိုအပ်ပါတယ်။ သောက်ဆေးနဲ့ယှဉ်ရင် အန္တရာယ်များပါတယ်။
လိင်အင်္ဂါလန်းဆန်းစေဖို့အတွက် သောက်ဆေးလည်းမဟုတ်ဘူး။ ထိုးဆေးလည်းမဟုတ်ဘူး။ အခြား ဆေးတစ်မျိုးရှိသေးတယ်။ ဆီးလမ်းကြောင်း (ဆီးပြွန်) Urethra ထဲထည့်ပေးရတယ်။ Medicated Urethral System for Erection “MUSE” လို့ခေါ်ပါတယ်။ ပရော့စတာဘလင်ဒင် Prostaglandin ဆေးလုံးငယ်လေးတွေ ပါ။ ဒီဆေးလုံးငယ်လေးတွေကို ဆီးပြွန်ထဲထည့်ပေးလိုက်ရုံပါပဲ။ လိင်အင်္ဂါကြာရှည်လန်းဆန်းစေနိုင်တယ်။ ဆေး ကိုလည်း ၁၂၅၊ ၂၅၀၊ ၅၀၀၊ ၁၀၀၀ မိုက်ခရိုဂရမ်စသဖြင့် ပါဝင်တဲ့ဆေးလုံးငယ်လေးတွေအဖြစ် ထုတ်လုပ်ပါ တယ်။

ဒါဆိုရင်သောက်ဆေးတွေ၊ ထိုးဆေးတွေ သွင်းဆေးတွေကပမာဏမျိုးစုံ အရွယ်အစားမျိုးစုံဆိုတော့ ဘယ်ပမာ ဏကိုသုံးစွဲရမယ်ဆိုတာလေး ဆွေးနွေးပေးပါဦးဆရာ။
ဒါက ကျွန်တော်ညွှန်ပြလို့မရဘူး။ သုံးစွဲမယ့်သူက မိမိဘာဆေးနဲ့သင့်မယ်။ ဘယ်လောက်ပမာဏသုံးစွဲ သင့်တယ်ဆိုတာကို ဆရာဝန်နဲ့ကြိုတင်ဆွေးနွေးပြီးမှ သုံးသင့်တာလေ။ တစ်ဦးချင်းစီအလိုက်စဉ်းစားရမယ့်အ ချက်တွေရှိတယ်။ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေပူးတွဲရောဂါရှိ၊ မရှိစသဖြင့်ပေါ့ဗျာ။
ဆေးတွေကအန္တရာယ်မရှိဘူးလား။ စိတ်ချရပါ့မလား။
ဆေးတိုင်းကတော့ သူ့အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်ပေးနိုင်ကြပါတယ်။ ဆေးဆိုတာတော့လဲ ဘေးထွက်ဆိုးကျိုးဆိုတာတွေရှိတာပေါ့။ ဒါတွေကို ဗဟုသုတအဖြစ်သိထားဖို့လိုတာပေါ့ဗျာ။ အထူးသဖြင့် ကိုယ် သုံးစွဲတဲ့ဆေးနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိထားရင်တော့ ပိုကောင်းတာပေါ့။

ဆေးမသုံးစွဲသင့်သူတွေကော ရှိနိုင်မလား၊ မသုံးစွဲသင့်တဲ့အခြေအနေပေါ့ ဆရာရယ်။
ဒါလည်းရှိတာပေါ့ဗျာ။ ဥပမာ Sildenafil ဆေးဆိုပါတော့ နှလုံးရောဂါရှိလို့ နိုက်ထရိတ်ပါတဲ့ဆေးတွေမှီ ဝဲနေရင် Sildenafil ဆေးမသုံးစွဲသင့်ဘူး အန္တရာယ်ရှိတယ်။
ဆရာပြောခဲ့တဲ့အထဲမှာပေါ့။ အခြားကုနည်းတွေလည်း ပါသွားပါသေးတယ်။ နည်းနည်းလောက်ရှင်းပြပေးပါဦး လား။
ပန်းသေပန်းညှိုးကုသရာမှာ ဟော်မုန်းအစားထိုးကုသနည်းဆိုတာလည်းရှိတယ်။ ဟော်မုန်းဓာတ်ချို့တဲ့ လို့ပန်းသေပန်းညှိုးပန်းမလန်းတာဖြစ်ရင် ဟော်မုန်းအစားထိုးနည်းက အကောင်းဆုံးဖြစ်မှာပေါ့ဗျာ။ လေဟာနယ် ပြုပြီးကုတဲ့နည်း Vancuum Deivces လို့ခေါ်တယ်။ လိင်အင်္ဂါထဲကိုသွေးတွေစီးဝင်လာအောင် လေဟာနယ်ပြု လုပ်ပြီးစုပ်ယူတာ။ လိင်အင်္ဂါမှာ သွေးတွေပြည့်လာလို့တောင့်တင်းလာတော့ လိင်အင်္ဂါအရင်းမှာရာဘာကွင်းစွပ် ပြီးသွေးတွေပြန်မထွက်သွားအောင် ထိန်းထားပေးတာ။ အဲဒီနည်းလည်း သုံးနိုင်တာပေါ့။

ခွဲစိပ်ကုသခြင်းဆိုတာကရော ဘယ်လိုနည်းမျိုးပါလဲ။
ဒါကတော့ဗျာ။ လိင်အင်္ဂါ ကြီးထွားလာဖို့ ပစ္စည်းအတုထည့်ပေးတာမျိုး၊ သွေးကြောတွေကိုခွဲစိပ်ပြုပြင် တာမျိုးတွေပါ။

တကယ်လို့လိင်အင်္ဂါကောင်းစွာမတောင့်တင်းနိုင်ဘူးဆိုရင် စစ်ဆေးဖို့ရောလိုအပ်ပါသေးလား။
လိုတာပေါ့ဗျာ။ လိင်အင်္ဂါတောင့်တင်းမှုပြဿနာဖြစ်စေတဲ့အကြောင်းတွေ ပြောတုန်းကရောဂါအမည် တွေမှတ်မိဦးမှာပါ။ ဒီရောဂါတွေရှိ၊ မရှိစစ်ဆေးသင့်တာပေ့ါ။ သွေးဖိအားတိုင်းရမယ်။ သွေးချိန်ရမယ်။ သွေးနဲ့ဆီး မှာသကြားဓာတ်ပါဝင်မှု စစ်ဆေးသင့်တယ်။ သွေးမှာ ဟော်မုန်းဓာတ်အခြေအနေလည်းစစ်သင့်တယ်။ တက်စ တိုစတီရုန်း၊ ပရိုလက်တင်၊ အက်ဖ်အက်စ်အိပ်ချ် FSH (Follicular Stimulating Hormone) အယ်လ်အိပ်ချ် LH (Leuteinizing Hormone) စတဲ့ဟော်မုန်းတွေ ဘယ်လောက်ရှိနေတယ်ဆိုတာစစ်ဆေးကြည့်သင့်တယ်။ သွေး မှာအဆီဓာတ်ပါဝင်မှုစစ်ဆေးတာကအစပေါ့ဗျာ အထွေထွေကျန်းမာရေးစစ်ဆေးနိုင်ရင်တော့ အကောင်းဆုံး ပေါ့။

Author: ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ကလေးများတွင်ဖြစ်တတ်သော အလေ့အထဆိုးများ

Next Post

ရုတ်တရက်နှလုံးအတိုက်ခံရခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
592

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
551
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.5k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

1 year ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရုတ်တရက်နှလုံးအတိုက်ခံရခြင်း

ဘဝမှာ ဒါလေးတော့ လိုတယ်

သွေးတိုးရောဂါကိုဂရုစိုက်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.