ကလေးဘယ်အချိန်လှုပ်လဲ
ကိုယ်ဝန်ဆောင်မိခင်များ စိတ်လှုပ်ရှားဆုံးအချိန်သည် မိမိရင်သွေးလေး ပထမဆုံးအကြိမ် လှုပ်ရှားမှုကို ခံစားရသော အချိန်ဖြစ်ပါတယ်။ သားဦးအမေများအနေနှင့် ကလေးလှုပ်ရှားခြင်းကို သတိထားမိဖို့ရန် မသဲကွဲပါ။ ကလေးလှုပ်ရှားလား? အစာမကြေတာလား? ဗိုက်ထဲလေများနေသလား? စသည်ဖြင့် စိတ်ရှုပ်ရတတ်ပါတယ်။
သို့သော် မိခင်များအနေဖြင့် မိမိရင်သွေးလှုပ်ရှားသည်ကို ကလေးလှုပ်သွားသည်ဟု ခံစားရနိုင်ပါတယ်။ နူးညံ့သော လှုပ်ရှားမှုများခံစားရပါက ကျန်းမာသော ကိုယ်ဝန်ဆောင်ခြင်း လက္ခဏာရှိသည်ဟု ဆိုနိုင်ပါတယ်။ ဆရာဝန်များက ကိုယ်ဝန်ရင့်လာလေလေ မိမိရင်သွေးလှုပ်ရှားမှုကို ဂရုတစိုက်သတိပြုရန် ညွှန်ကြားထားပါတယ်။ ဘာလို့အဲလိုညွှန်ကြားရသလဲဆိုတော့ ကလေးလှုပ်ရှားမှု ရုတ်တရက် သို့မဟုတ် ဖြေးဖြေးချင်း နည်းလာခြင်းသည် ကလေးအတွက် စိုးရိမ်စရာအနေအထားတစ်ခုကြောင့်ဟု ယူဆရနိုင်သောကြောင့်ုဖြစ်ပါတယ်။
ကလေးလှုပ်ခြင်း
ကိုယ်ဝန်ဆောင်မိခင် ခံစားရသော လှုပ်ရှားမှုမှန်သမျှကို ကလေးလှုပ်ခြင်းဟု ဆိုပါတယ်။
ပထမ ၁၈ ပတ်မှ ၂၀ ပတ်သည် မိခင်အနေဖြင့် ကလေးလှုပ်ရှားမှုကို ခံစားရခြင်းမရှိနိုင်ပါ။ သတိလည်းမထားမိပါ။ ထိုကဲ့သို့ လနုစအချိန်တွင် ကလေးသည်လည်း ကြီးထွားမှုမရှိသေးဘဲ လုံလောက်သော အားမရှိသောကြောင့် လှုပ်ရှားမှုများကို သတိထားမိဖွယ်မရှိပါ။
သို့သော်ကိုယ်ဝန်ဆောင်သော အကြိမ်အရေအတွက်ကြောင့်လည်း သတိထားမိခြင်း မမိခြင်းအပေါ် သက်ဆိုင်ပါတယ်။ သားဦးကိုယ်ဝန်ဆောင်သောသူများသည် ကိုယ်ဝန် ၂၅ ပတ်အထိ ကလေးလှုပ်မလှုပ် သေချာသတိထားနားလည်ခံစားမှု မရှိသေးပါ။ သားနှောင်းကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ကိုယ်ဝန် ၁၃ ပတ်ခန့်စောပေမယ့် ကလေးလှုပ်ရှားမှုကို သေချာခံစားရနိုင်ပါတယ်။
အခြားသောအချက်များဖြစ်တဲ့ အချင်းအနေအထား၊ အမွှာပူးနှင့် မိခင်ကိုယ်အလေးချိန် စသည်တို့သည်လည်း ကလေးပထမအကြိမ်လှုပ်ရှားမှု သိမသိအပေါ်သက်ရောက်မှုရှိပါတယ်။ ဥပမာ အချင်းအရှေ့ရောက်နေသော ကလေးသည် အနောက်ရောက်သောကလေးထက် လှုပ်ရှားမှုကိုသိရန် နောက်ကျတတ်ပါတယ်။ ကလေးတစ်ဦးထက် ပို၍လွယ်ထားသော မိခင်သည် စောစီးစွာလှုပ်ရှားမှုကိုခံစားရပါတယ်။
ဘယ်လိုခံစားရသလဲ?
ကလေးလှုပ်သည်ဟူသော ခံစားမှုသည် တစ်ဦးနှင့်တစ်ဦး မတူညီပါ။
– လေနာကဲ့သို့ ခံစားရခြင်း
– အစာအိမ်ထဲတွင် လိပ်ပြာတိုးသကဲ့သို့ တဖျတ်ဖျတ်ဖြစ်ခြင်း
– ကန်ခြင်း
– လေပူဖောင်း ပေါက်သကဲ့သို့ ခံစားရခြင်း
– ရေပွက်ကဲ့သို့ ပွက်သကဲ့သို့ ခံစားရခြင်းစသည်ဖြင့် ခံစားချက်မျိုးစုံခံစားရနိုင်ပါတယ်။
ကလေးတိုးခြင်းသည် ကိုယ်ဝန်ရဲ့နေရာမျိုးစုံ အားမျိုးစုံဖြင့် ခံစားရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အများစုသည် ဗိုက်အလယ်တွင် အများအားဖြင့်လှုပ်သည်ကို ခံစားရတတ်ပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ရင့်လေလေ ကလေးတိုးသည်မှာ အားပြင်းလေဖြစ်ပါတယ်။ နောက်ဆုံးတွင် အခြားသူများ စမ်းသပ်ကိုင်တွယ်သည်နှင့် ကလေးတိုးခြင်းကို ချက်ချင်းတွေ့ထိခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အစောပိုင်းကာလအတွင်း ကလေးအခြေအနေသိရှိရန် အာထရာဆောင်းရိုက်ကြည့်လျှင် ကလေး အသက်ရှင်သည်ကို အလွယ်တကူသိနိုင်သော်လည်း လှုပ်ရှားမှုကိုတော့ မခံစားရတတ်ပါ။
လရင့်လာသောအခါ ကလေးလှုပ်ရှားမှုသည် အားကောင်းလာပြီး မိခင်အနေဖြင့် လှုပ်ရှားမှုကြောင့် နေထိုင်ရအဆင်မပြေသော အနေအထားထိ ဖြစ်တတ်ပါတယ်။ ကလေးတိုးခြင်းကြောင့် ဆီးအောင့်ခြင်းစသည်တို့ ဖြစ်တတ်ပါတယ်။ ကလေးလှုပ်ရှားမှုသည် အားပြင်းသောအခါ မိခင်ကိုယ်တွင်းအင်္ဂါများကို တွန်းခြင်းဖြစ်စေခြင်းကြောင့် အသက်ရှုရန်ခက်သော အနေအထားထိ ဖြစ်လာတတ်ပါတယ်။
ကလေးတိုးခြင်းသည် ကလေးကျန်းမာရေးကောင်းမကောင်းကိုလည်း ညွှန်ပြသော အချက်တစ်ချက်ဖြစ်ပါတယ်။ ကလေးတိုးခြင်းခံစားရနိုင်သော အချိန်များမှာ
– အစာစားပြီးအချိန်
– ည ၉ နာရီနှင့် မနက် ၁ နာရီ
– အအေးသောက်ပြီးနောက် အချိန်တွင်ပိုမို ခံစားရနိုင်ပါတယ်။
မိခင်အနေဖြင့် ကလေးလှုပ်ရှားမှုပုံစံသည် မိခင်တယောက်အတွက် များစွာအထောက်အကူရပါတယ်။ အကယ်၍ မိခင်သည်လှုပ်ရှားမှုပုံစံပြောင်းလဲသည်နှင့် ဆရာဝန်နှင့်ချက်ချင်းသေချာပြသင့်ပါတယ်။ ထို့ကြောင့် ကလေးလှုပ်ရှားမှုသည် ကိုယ်ဝန်ဆောင်မိခင်များအတွက် မိခင်နှင့်ကလေးအကြား ဆက်သွယ်မှုပေးသော အရေးပါသော အရာတစ်ခုဖြစ်ပါတယ်။
Dr. Pyae Shin