အမျိုးသမီးများအတွက် လိင်ဟော်မုန်းများသည် အထူးအရေးကြီးပါတယ်။ အပျိုဝင်ချိန်မှစ၍ သွေးဆုံးချိန်ထိ တောက်လျောက် ပုံမှန်ကျန်းမာရေးတစ်ခုလုံးအတွက် အရေးကြီးပါတယ်။ လိင်ဟော်မုန်းမျာသည် အချိန်နှင့်အမျှ ပြောင်းလဲတတ်ပါတယ်။
အရွယ်ရောက်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်စသည်ဖြင့် ကွာခြားနိုင်ပါတယ်။ ဟော်မုန်းဆိုသည်မှာ အစာစားချိန်စိတ်၊ အိပ်ခြင်းနှင့် ကိုယ်ကြီးထွားရန်စသည်ဖြင့် ကူညီမှုပေးပါတယ်။ လိင် ဟော်မုန်းများသည် လိင်အင်္ဂါဖွံ့ဖြိုးတိုးတက်ရန်နှင့် မျိုးပွားမှုဆိုင်ရာများတွင် အရးကြီးပါတယ်။ လိင်ဟော်မုန်းသည် အသက်အရွယ်၊ ရာသီချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်၊ စိတ်ဖိဆီးမှု၊ ဆေးဝါးသုံးခြင်းနှင့် ပတ်ဝန်းကျင် အခြေအနေစသည်တို့ကြောင့် ပြောင်းလဲတတ်ပါတယ်။
လိင်ဟော်မုန်း မညီမျှမှုသည် လိင်စိတ်ပြောင်းလဲမှုနှင့် အခြားသော ကျန်းမာရေးအခြေအနေများ ဥပမာ ဆံပင်ကျွတ်ခြင်း၊ အရိုးကျိုးခြင်းနှင့် ကလေးမရခြင်းစသည်တို့ ဖြစ်စေပါတယ်။ လိင်ဟော်မုန်းများမှာ ……..
– estrogen သည် မမျိုးပွားခြင်းနှင့် လိင်အင်္ဂါဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးပါတယ်။
– progesterone သည် ရာသီစက်ဝန်းနှင့် ကိုယ်ဝန်ဆောင်ချိန်တွင် သက်ဆိုင်ပါတယ်။
– testerone သည် အမျိုးသား လိင်ဟော်မုန်းဖြစ်သော်လည်း အမျိုးသမီးများတွင်လည်း အနည်းငယ် ရှိပါတယ်။
အပျိုဖော်ဝင်စအချိန်
အမျိုးသမီးများသည် အသက် ၈ နှစ်မှ ၁၃ နှစ်အတွင်း အပျိုဖော်စဝင်သော အချိန်ဖြစ်ပါတယ်။ အပျိုဖော်ဝင်စအချိန်တွင် estrogen နှင့် progesterone ထွက်ပါတယ်။
အဆိုပါ ဟော်မုန်းများမြင့်တက်လာသောကြောင့် အခြာသော အပျိုဖြစ်မှု လက္ခဏာများ ဖြစ်လာပါတယ်။
– ရင်သားကြီးထွားမှု
– လိင်အင်္ဂါတဝိုက် အမွှေးပေါက်ခြင်း
– အရပ်ထွက်ခြင်း
– ကိုယ်ခန္ဓာပြောင်းလဲခြင်း စသည်တို့ ဖြစ်လာပါတယ်။
ရာသီလာချိန်
ရာသီစက်ဝန်းသည် ၂၄ ရက်မှ ၃၈ ရက်အတွင်း ပြောင်းလဲတတ်ပါတယ်။ ရာသီလာချိန်တွင် လိင် ဟော်မုန်းများ ပြောင်းလဲမှုရှိပါတယ်။ လိင်ဟော်မုန်းအခြေအနေပေါ် မူတည်၍ ရာသီစက်ဝန်းလည်း ပြောင်းလဲနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်
ကိုယ်ဝန်ဆောင်ချိန်တွင် ပထမရက်သတ္တပတ်တွင် Progesterone သည် မြင့်တက်ပြီး သားအိမ်ခေါင်းထူကာ အချွဲများနှင့် ပိတ်စေပါတယ်။ Estrogen နဲ့ Progestetone သည် မိခင်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းပြီး ကလေးအတွက် ထိန်းညှိပေးပါတယ်။ မွေးခါနီးတွင် ဟော်မုန်းပမာဏ တဖြေးဖြေးကျကာ ပုံမှန်ဖြစ်လာပါတယ်။ နို့တိုက်သောအခါ estrogen သည် ကျလာကာ မမျိုးဥကြွေခြင်းကို တားဆီးပေးပါတယ်။
သွေးဆုံးချိန်
သွေးမဆုံးခင် အချိန်သည် ဟော်မုန်းအပြောင်အလဲများစွာဖြစ်သောကြောင့် လက္ခဏာမျိုးစုံခံစားရနိုင်ပါတယ်။
– ရာသီမမှန်ခြင်း
– ပူရှိန်းမှုခံစားရခြင်း
– အိပ်မပျော်ခြင်း
– စိတ်ခံစားမှုပြောင်းလဲခြင်း
– မိန်းမကိုယ်ခြောက်သွေ့ခြင်း စသည်တို့ ခံစားရပါတယ်။
လုံးဝရာသီမလာသော အချိန်တွင် ဟော်မုန်းပမဏနည်းသောကြောင့် လိင်စိတ်လျော့နည်းခြင်း၊ အရိုးပွခြင်း စသည်တို့ဖြစ်ပြီး ဟော်မုန်းပြောင်းလဲသောကြောင့် နှလုံးနှင့် လေဖြတ်ခြင်းစသည်တို့ ဖြစ်စေပါတယ်။
ဟော်မုန်းမညီမျှခြင်း
ဟော်မုန်းမညီမျှခြင်းကြောင့်
– ရာသီမမှန်ခြင်း
– အမွှေးအမျှင်ပိုထွက်ခြင်း
– ဝက်ခြံထွက်ခြင်း
– မိန်းမကိုယ်ခြောက်ခြင်း
– လိင်စိတ်နည်းခြင်း
– ရင်သားနာခြင်း
– ပူရှိန်းမှုခံစားရခြင်း
– ညဘက်ချွေးထွက်ခြင်း
– ကိုယ်အလေးချိန်တိုးခြင်း
– အားအင်ကုန်ခမ်းခြင်း
– စိတ်ပြောင်းလဲခြင်း
– အိပ်မပျော်ခြင်း
– ကလေးရရန်ခက်ခဲခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။
Dr.Pyae Shin