fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများနှင့် ထိုးဆေးအန္တရာယ်

68
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/04/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများနှင့် ထိုးဆေးအန္တရာယ်

မိမိရင်သွေး ကလေးငယ်လေးများ နာမကျန်းဖြစ်လာခဲ့လျှင် မိဘအုပ်ထိန်းသူများ အနေနှင့် အလွန်အမင်း စိုးရိမ်ပူပန်တတ်ကြသလို အမြန်ဆုံးလည်း သက်သာ ပျောက်ကင်းစေလိုကြသည်။ ဆေးရုံ၊ ဆေးခန်းများတွင် အမြဲလိုလို ကြားနေရသည့် စကားမှာ “ဆရာ၊ ကျွန်မကလေးကို အမြန်သက်သာအောင် လုပ်ပေးပါဆရာ၊ သောက်ဆေးထက် ဆေးထိုးပေးလို့ ရရင် ထိုးပေးပါဆရာ၊ ဒါမှ အမြန် သက်သာမှာ” “ကျွန်မကလေးက နေမကောင်းဖြစ်တာနဲ့ ဆေးထိုးလိုက်မှပဲ ပျောက်သွားတတ်တာ” “ကလေးက ဆေးကိုမကြောက်ပါဘူးဆရာ၊ များများသာပေးပါ” ဟူ၍ ဖြစ်ပြီး ဆေးထိုးမှ၊ ဆေးများများပေးမှ ရောဂါ အမြန်ပျောက်လိမ့်မည်ဟု အထင်မှားနေတတ်ကြသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေးဗဟုသုတနှင့် အထွေထွေဗဟုသုတများ ပြည့်စုံကြသည့်အလျောက် မိမိတို့ကလေးများအတွက် ကူးစက်တတ်သောရောဂါများနှင့် ရာသီအလိုက်ဖြစ်တတ်သော ရောဂါများ ကာကွယ်ရေးအပိုင်းတွင် အလွန်သတိပြု တတ်ကြသလို ဖြစ်ပွားလာခဲ့လျှင်လည်း နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်သာ တိုင်ပင်ကုသတတ်ကြသဖြင့် အဖျားတာရှည်ခြင်းမရှိပဲ ပျောက်ကင်းသွားတတ်ကြသည်။ ထို့အပြင် မိမိကလေးအား မလိုအပ်လျှင် ဆေးမထိုးပါနှင့်ဟု ကြိုတင်ပြောပြထားတတ် ကြသဖြင့် ထိုးဆေးများကြောင့်ဖြစ်သော နောက်ဆက်တွဲ ပြဿနာမျာ အလွန် နည်းပါး တတ်ကြသည်။

မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေး အဆင်မပြေဖြစ်ခြင်းနှင့် ဆင်းရဲမွဲတေခြင်းများကြောင့် ရောဂါပိုးမွှားများ ထူပြောလှသလို ကျန်းမာရေးနှင့် အထွေထွေ ဗဟုသုတအလွန်အားနည်းကြပြီး ကလေးများတွင် ဖြစ်ပွား တတ်သောရောဂါများ ကာကွယ်ရေးအပိုင်းတွင် အလွန်ပေါ့လျော့လွန်းကြသည်။ ရောဂါ ဖြစ်ပွားလာခဲ့လျှင်လည်း ဆေးခန်းပြခြင်းထက် အိမ်တွင်ပင် ဈေးပေါပေါ ရသည့် စပ်ဆေးများ၊ ဆေးမြီးတိုများဖြင့် မိမိစိတ်တိုင်းကျ ကုသတတ်ကြပြီး သက်သာ ပျောက်ကင်းမှု မရှိပဲ နောက်ကျမှ ဆေးရုံ၊ ဆေးခန်းများ ရောက်လာတတ်ကာ ထိုအခါမှ အမြန်သက်သာစေရေး ဆေးထိုးပေးပါ၊ ဆေးသွင်းပေးပါဟု တောင်းဆိုတတ်ကြသည်။

ဆေးရုံ၊ ဆေးခန်းများတွင်လည်း နားလည်တတ်ကျွမ်းသည့် ဆရာဝန်၏ အကြံ ပေးချက်ထက် မိမိထင်ရာမြင်ရာများ တောင်းဆိုတတ်ကြသဖြင့် အလွန်ပင် စိတ်အနှောက်အယှက် ဖြစ်ကြရပြီး ထပ်တလဲလဲ ရှင်းပြနေရသဖြင့်လည်း နှစ်ဦးနှစ်ဖက် စိတ်ပင်ပန်းနေကြရသည်။ သို့ဖြစ်၍ ဆေးဝါးများနှင့် ပတ်သတ်၍ သိထားသင့် သည်များကို ကြိုတင်သိရှိထားကြရန်လိုပြီး အကယ်၍ မိမိရင်သွေး ကလေးငယ်များ နာမကျန်းဖြစ်လျှင်လည်း သင့်တော်သည့်ကုသမှုကို နားလည်တတ်ကျွမ်းသည့် ဆရာဝန်အား မေးမြန်းဆွေးနွေးကာ လိုအပ်သော ကုသမှုခံယူနိုင်မည်ဖြစ်သည်။

ထိုဆေးဆိုတာ ဘာတွေပါလဲ
သာမန်အားဖြင့် နာမကျန်းမှုဖြစ်လျှင်အသုံးပြုသည့် ထိုးဆေးများဖြစ်သည့် ဖျားနာ အတွက် ထိုးသောဆေး၊ အကိုက်အခဲအတွက် ထိုးသောဆေး၊ ပိုးသတ်ဆေး၊ အရောင် ကျဆေး စသည့် ထိုးဆေးများတွင် သောက်ဆေးများတွင်ပင် ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းများကိုသာ အရည်ပုံသဏ္ဍာန်ဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့အတွက် ကြောင့် ပထမဦးစွာ သိထားသင့်သည်မှာ ထိုးဆေးနှင့် သောက်ဆေး အတူတူပင် ဖြစ်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

ထိုးဆေးနဲ့ သောက်ဆေးဘာကွာသလဲ
ဆေးတမျိုးမျိုးကို ပါးစပ်မှသောက်လိုက်လျှင် အစာအိမ်ထဲရောက်သွားကာ ၎င်းမှ တဆင့် အစာချေဖျက်ခြင်းခံရပြီး သွေးအတွင်းရောက်မှ ဆေးအစွမ်းကိုစ၍ ရသည်။ ဆေးအမျိုးအစားအပေါ် မူတည်၍ ဆေးအစွမ်း စတင်ပြရန် အချိန်အနည်းငယ် ကြာမြင့် နိုင်သော်လည်း သွေးအတွင်း ဆေးပမာဏ ချက်ချင်းတက်လာခြင်းမျိုး မရှိသည့်အတွက် ဆေးကြောင့်ဖြစ်သော ဓာတ်မတည့်မှုဖြစ်ခြင်းများ ဖြစ်ပွားလာခဲ့လျှင်လည်း အနည်း ငယ်သာ ခံစားရနိုင်သည်။

အသားဆေးတမျိုးမျိုး ထိုးနှံလိုက်လျှင် မိမိကလေး၏ အသားနာကျင်ခြင်း နှင့်အတူ ၎င်းနေရာရှိ ကြွက်သားများမှတဆင့် သွေးအတွင်း ဆေးများ ဝင်ရောက်သွား နိုင်သည့်အတွက် ဆေး၏အာနိသင်ကို အချိန်တိုအတွင်း ရနိုင်သည်။ သို့ရာတွင် ဆေးဝါးများတွင် ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းများ၏ ပမာဏမှာ သွေးအတွင်း အချိန်တိုအတွင်း တက်လာနိုင်သည့်အတွက် ဓာတ်မတည့်မှု ဖြစ်ခြင်းများနှင့် နောက်ဆက်တွဲပြဿနာများ မြန်မြန်နှင့် ပြင်းထန်စွာ ခံစားရနိုင်သည်။

အကြောဆေးတလုံး ထိုးလိုက်လျှင် ဆေးဝါးများတွင် ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းများ သွေးကြောအတွင်း အရှိန်ဖြင့် ဝင်ရောက်လာသည့်အတွက် ဆေးအာနိသင် ချက်ချင်းရနိုင်သော်လည်း အခန့်မသင့်လျှင် ဓာတ်မတည်မှုဖြစ်ခြင်းနှင့် နောက်ဆက်တွဲ ပြဿနာများကို အသက်သေဆုံးနိုင်သည်အထိ ခံစားရနိုင်သည်။

ကလေးများတွင် ထိုးဆေးများကြောင့်ဖြစ်သော နောက်ဆက်တွဲ ပြဿနာများ
– အသားအလွန်နာတတ်ခြင်း
– ဆေးရုံ၊ ဆေးခန်းများကို အလွန်ကြောက်သွားတတ်ခြင်း
– အခန့်မသင့်လျှင် အာရုံကြောများ ထိသွားတတ်သဖြင့် အောက်ပိုင်းချိသွားတတ်ခြင်း
– ဆေးဝါးများတွင် ပါဝင်သည့် ဓာတုပစ္စည်းများကြောင့် အသည်းရောင်နိုင်ခြင်း
– မကြာခဏ ဆေးထိုးသည့် ကလေးများတွင် ကျောက်ကပ်ပျက်စီးစေနိုင်ခြင်း
– အစာအိမ်ရောင်စေတတ်ခြင်း
– ပြင်းထန်သော ဓာတ်မတည့်မှုများနှင့် အခြားသောနောက်ဆက်တွဲများ ဖြစ်စေနိုင်ခြင်း
– ဓာတ်မတည့်မှုများကြောင့်ဖြစ်သော အသက်အန္တရာယ်

ဓာတ်မတည့်မှုနှင့် နောက်ဆက်တွဲပြဿနာများဟု ဆိုရာတွင်လည်း ထိုးဆေးများ ကြောင့်သာမက သောက်ဆေးများကြောင့်လည်း ဖြစ်ပွားစေတတ်သည်။ ဆေးဝါးများ ကြောင့်ဖြစ်သည့် အချို့သော နောက်ဆက်တွဲ ပြဿနာများသည် ချက်ချင်းခံစားရခြင်း မျိုးထက် အချိန်အနည်းငယ်ကြာမှ ခံစားရခြင်းမျိုးလည်းရှိသဖြင့် မိဘများကိုယ်တိုင် သတိမထားမိနိုင်ပဲ ကုသရန်ခက်ခဲသည့် ဆိုးလာသောအခြေအနေများမှသာ သတိထားမိကြသည်။ အချို့စပ်ဆေးဆိုင်၊ ရမ်းကုများမှ ဒီရောဂါ သူတို့ကြောင့်ဖြစ်တာ မဟုတ်ဟု အလွယ်ဆိုတတ်ကြပြီး ဆေးရုံ၊ ဆေးခန်းများ ရောက်လာလျှင်လည်း ကုသပျောက်ကင်းရန် ခက်ခဲလှသည်။

ထို့အပြင် ပထမအကြိမ် ဆေးထိုးချိန်တွင် တည့်သောဆေးဝါးများ နောက် တကြိမ်တွင် မတည့်ခြင်းမျိုးရှိနိုင်ကြောင်းလည်း သိရှိထားရန်လိုသည်။ တည့်သော ဆေးဝါးများသည်ပင်လျှင် မိမိကလေး၏ လက်ရှိရောဂါ အခြေအနေ၊ အသက်အရွယ်၊ ကိုယ်အလေးချိန်နှင့် ခံနိုင်ရည်စံနှုန်းအပေါ်တွင် မူတည်ပြီး ပမာဏများသွားလျှင် အသက်အန္တရာယ်အထိဖြစ်ပွားနိုင်သဖြင့် ဈေးပေါ၍ အတိုင်းအဆမရှိသောစပ်ဆေးများ၊ ဆေးမြီးတိုများနှင့် အရပ်ရမ်းကုများဖြင့် ပြသခြင်းထက် မိမိကလေး နာမကျန်းဖြစ် နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့်သာ အမြန်ဆုံး သွားရောက်ပြသကြရန် တိုက်တွန်း လိုသည်။

နိုင်ငံခေါင်းဆောင်လောင်း ကလေးငယ်များအားလုံး ကျန်းမာချမ်းသာကြပါစေ။

Dr. Tint Tal

Previous Post

ရာသီလာချိန် ဒါတွေမလုပ်ပါနဲ့

Next Post

အိပ်၍ပျော်သော ညတစ်ည

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
823

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
993
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
669

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိပ်၍ပျော်သော ညတစ်ည

အာရုံစူးစိုက်မရ တက်ကြွလွန်ရောဂါအကြောင်း

ပူပြင်းသော ရာသီဥတုနဲ့ မျက်စိအသားတက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.