fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးများတွင်ဝမ်းအစိမ်းရောင်သွားခြင်း

5.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/04/2019
in မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

ကလေးများတွင်ဝမ်းအစိမ်းရောင်သွားခြင်း

တခုသောမနက် ကျွန်တော် Dr 528 ဆေးခန်းထိုင်နေစဉ် ကျွန်တော်ရဲ့ 528 မေတ္တာမွန် ဆေးခန်းကို မကြာခဏလာနေကျဖြစ်သော ဝိုင်းစိန်တို့လင်မယား အမောတကောဖြင့် ရောက်ချလာလေသည်။ သူတို့နဲ့အတူ ဟိုတလောကမှ တနှစ်ပြည့်တဲ့ သူတို့ရဲ့ ကလေးလေးလည်း ပါလာသည်။

ကျွန်တော်။ ။ မဝိုင်းတို့ ရေးကြီးသုတ်ပြာနဲ့ ဘာဖြစ်လာတာလဲ။

မဝိုင်း။ ။ ကျွန်မ သားလေး ဒီမနက်ပိုင်းဝမ်းသွားတာ အစိမ်းရောင်တွေသွားနေလို့ဆရာ။ အဲ့ဒါစိုးရိမ်တာနဲ့ ဆရာ့ဆီပြေးလာခဲ့တာပါ။

မဝိုင်းအမျိုသား။ ။ ဟုတ်တယ်ဆရာ။ နှစ်ခါရှိပြီသွားနေတာ။ အရပ်ထဲမှာကျ ချီးစိမ်းပါရင် စိုးရိမ်ရတယ်။ အန္တရာယ်ရှိတယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်ပြီး ဆရာ့ဆီလာခဲ့တာပါ။

ကျွန်တော်။ ။ ကလေးသွားတဲ့ဝမ်းရော ယူခဲ့သေးလား။

မဝိုင်း။ ။ လိုလိုမယ်မယ်ဆိုပြီး ယူခဲ့တယ်ဆရာ။

ကျွန်တော်။ ။ ပြပါ။ ကြည့်ရအောင်။ ကြည့်လိုက်တော့ ဝမ်းကအစိမ်းရောင်တွေ။ အကျိအချွဲအနည်းလည်းပါသည်။

ကျွန်တော်။ ။ ဝမ်းကတော့ အစိမ်းရောင် ဟုတ်တယ်။ ကလေးကဝမ်းသွားခါနီးကျငိုတာ သို့မဟုတ် ဗိုက်နာတယ်လို့ပြောတာမျိုးရှိလား။

မဝိုင်း။ ။ အဲ့လိုတော့ မရှိဘူးဆရာ။

ကျွန်တော်။ ။ ကလေးကို ခုတင်ပေါ်တင်လိုက်ပါ။ စမ်းသပ်ကြည့်ရအောင်။

စမ်းသပ်ကြည့်တော့ ကလေးကအဖျားမရှိ။ အီနေတာ၊ မှိန်းနေတာ၊ မျက်တွင်းချိုင့်တာ၊ လျှာနှုတ်ခမ်းတွေ ခြောက်နေတာမျိုးလည်း မရှိ။ ဗိုက်က တင်းနေဖောင်းနေတာမျိုးလည်း မရှိပါ။

ကျွန်တော်။ ။ စမ်းသပ်ရတဲ့အဖြေတွေအရတော့ စိုးရိမ်စရာမရှိပါဘူး မဝိုင်း။ ကလေးကိုမနေ့ကဘာတွေကျွေးမိသေးလဲ။

မဝိုင်း။ ။ မနေ့ကတော့ ဟင်းနုနွယ်ရွက်ကြော်ကျွေးပါတယ်။ ဖျော်ရည်လည်းတိုက်တယ်ဆရာ။

ကျွန်တော်။ ။ ဖျော်ရည်က ဘာဖျော်ရည်တိုက်တာလဲ။

မဝိုင်း။ ။ သူ့အဘွားက ကရင်ဆိုဒါသောက်နေတာနဲ့ သူလည်းသောက်ချင်တယ်ဆိုတော့ တခွက်လောက် တိုက်မိတယ်ဆရာ။

ကျွန်တော်။ ။ ဟုတ်ပြီ ဒါဆိုအဲ့ဒါတွေကြောင့် ဖြစ်နိုင်တယ်။

မဝိုင်း။ ။ ဟုတ်လားဆရာ။ ဒါဆိုမစိုးရိမ်ရဘူးပေါ့နော်။

ကျွန်တော်။ ။ ဟုတ်ကဲ့ ခုစမ်းသပ်ထားတာတွေအရ မစိုးရိမ်ရပါ။ ရောက်လက်စနဲ့ မဝိုင်းတို့ကို ကလေးတွေမှာ ဘယ်အကြောင်းတွေကြောင့် ဝမ်းအစိမ်းသွားတတ်တယ်။ ဘယ်လိုမျိုးဆိုရင်စိုးရိမ်ရတယ်ဆိုတာကို တခါတည်းပြောပြလိုက်မယ်။ အချိန်ရတယ်မို့လား။

မဝိုင်း။ ။ ရတာပေါ့ဆရာ။ မဟုတ်ရင်တောင် အဲ့ဒီအကြောင်း ဆရာ့ကိုခုမေးတော့မလို့ပါ။

ကျွန်တော်။ ။ ကလေးတွေမှာ ဝမ်းအစိမ်းသွားခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတွေ အများကြီးရှိတယ်။ မွေးကင်းစကလေးတွေမှာဆိုရင် မိခင်ဗိုက်ထဲမှာ ရေမွှာရည်ကို မတော်တဆ သောက်မိခဲ့ရင် မွေးပြီးပြီချင်းသုံးရင်အတွင်းမှာ ဝမ်းအစိမ်းရောင်သွားတတ်တယ်။ မိခင်နို့တိုက်နေတဲ့ ကလေးတွေမှာဆိုရင် မိခင်က အစိမ်းရောင်အစားအသောက်တွေ စားသောက်တာများရင် ကလေးက အစိမ်းရောင်ဝမ်းသွားနိုင်ပါတယ်။

ကလေးကိုနို့တိုက်တဲ့အခါ တဖက်ဆို တဖက်ကုန်အောင်မတိုက်ဘဲ (ကလေးက နို့ကိုမလွှတ်သေးဘဲ) ဘယ်ညာ ခဏခဏပြောင်းတိုက်ရင်လည်း စစချင်းထွက်တဲ့နို့ရည်နဲ့ နောက်ပိုင်းထွက်တဲ့နို့ရည်မှာပါတဲ့ဓါတ်တွေ မညီမျှမှုဖြစ်ခြင်း (Fore milk and hind milk imbalance) ကြောင့် ဝမ်းအစိမ်းရောင်သွားတတ်တယ်။

ဖြည့်စွက်စာတွေ စစားတဲ့အရွယ်ကျ အစိမ်းရောင်ရှိတဲ့ အစားအသောက်တွေ စားသောက်မိရင် ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလို မကောင်းသေးတော့ ဝမ်းထဲအစိမ်းရောင်တွေပါလာတတ်တယ်။ ဒါ့အပြင် ကလေးတွေရဲ့ အစာခြေစနစ်နဲ့ အူလမ်းကြောင်းလှုပ်ရှားမှုက အရမ်းမြန်တော့ တခါတရံ သည်းခြေရည်တွေ ဝမ်းထဲပါလာရင်လည်း ဝမ်းအစိမ်းရောင် သွားတတ်ပါသေးတယ်။

မဝိုင်း။ ။ ဒါဆိုဝမ်းအစိမ်းသွားရင် မစိုးရိမ်ရဘူးပေါ့ဆရာ။

ကျွန်တော်။ ။ အကြမ်းအားဖြင့်ပြောရရင်တော့ ဝမ်းစိမ်းသွားတာဟာ ဝမ်းအနီတွေ၊ ဝမ်းအမဲတွေ၊ ဝမ်းအဖြူတွေသွားတာနဲ့စာရင် စိုးရိမ်ရနိုင်ခြေနဲပါတယ်။ သို့ပေမယ့် ဖျားတာ၊ ဝမ်းအရည်တွေမကြာခဏသွားတာ၊ ကလေးကမှိန်းလွန်းတာ သို့မဟုတ် အီလွန်းတာ၊ လျှာနှုတ်ခမ်းတွေခြောက်တာ၊ ဗိုက်ဖောင်းလာတာ၊ ဝမ်းသွားခါနီးကျ တအားငိုတာ၊ ဗိုက်နာတာ စတဲ့လက္ခဏာ တွေရှိရင်တော့ စိုးရိမ်ရပါတယ်။ ဝမ်းစိမ်းတခုပဲ သက်သက်သွားတာကတော့ သိပ်မစိုးရိမ်ရပါ။

မဝိုင်း။ ။ ဒါဆိုခုကလေးက ဆေးသောက်ဆေးထိုးဖို့ရော လိုလားဆရာ။

ကျွန်တော်။ ။ မလိုပါဘူး။ ဒီနှစ်ရက်သုံးရက်အတွင်းမှာ အစိမ်းရောင်ပါတဲ့ အစားအသောက်တွေ ထပ်မစားမိအောင် ဂရုစိုက်လိုက်ပါ။ သုံးရက်လောက်ဆိုရင် ပုံမှန်ဝမ်းအရောင်ပြန် ဖြစ်နိုင်ပါတယ်။ ခုတရက်နှစ်ရက်ကတော့ ဝမ်းအစိမ်းသွားနိုင်ခြေရှိပါသေးတယ်။ ဒီတောအတွင်း ကျွန်တော်ခုနက တခါပြောတဲ့ ဖျားတာ၊ မှိန်းတာအစရှိတဲ့ လက္ခဏာတွေဖြစ်လာရင်တော့ ဆေးခန်းပြန်ပြပါ။

မဝိုင်း။ ။ ဟုတ်ကဲ့ပါဆရာ။ ခုလိုရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြန်လိုက်ပါအုံးမယ်။

ကျွန်တော်။ ။ ရပါတယ်။ ကျွန်တော်ကလည်း ခုလိုအချိန်ပေးနားထောင်ပေးတဲ့ မဝိုင်းတို့လင်မယားကို ကျေးဇူးတင်ပါတယ်။ ဖြေးဖြေးသွားပါ။

Dr 528

Previous Post

ရေဖျဉ်းအကြောင်း

Next Post

စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
267

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
325

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
846

မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ Omega 3 Fatty Acid ဟာဘာကြောင့်အရေးပါသလဲ?

2 years ago
1.1k
When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

3 years ago
1k
To teach children to choose food that will be nutritious

သားသားမီးမီးတို့ အာဟာရဖြစ်မယ့်အစားအစာ ရွေးချယ်တတ်စေဖို့

3 years ago
677

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

သွေးကင်ဆာအကြောင်း သိကောင်းစရာ

ချက်မကြွေခင်နဲ့ကြွေပြီးနောက် ဘယ်လိုဂရုစိုက်ပေးရမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.