fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မေမေ နဲ့ နို့တိုက်မေမေတွေ ဆံပင်ဆေးဆိုးတာ လုပ်လို့ရလား။

646
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/04/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အလှအပနှင့်ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်မေမေတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေထဲမှာ ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ ဆံပင်ဆေးဆိုးတာ လုပ်လို့ရသလားဆိုတာဟာ အမေးများဆုံးမေးခွန်းမဟုတ်ပေမယ့် မကြာခဏမေးလေ့ရှိတဲ့ မေးခွန်းတခုဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာတောင်မှ ဆံပင်ဆေးဆိုးချင်ရသလားဆိုပြီး ကိုယ်ဝန်ဆောင်မေမေတွေကို အပြစ်မြင်လို့မရပါဘူး။

ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ အစစအရာရာပြည့်စုံနေရင်တောင် အနည်းနဲ့အများစိတ်ဖိစီးစရာရှိနိုင်ပြီး ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆေးဆိုးတာ၊ ပေါင်းတင်တာ စတဲ့အပြောင်းအလဲလေးတခုခုလုပ်လိုက်ခြင်းဖြင့် တင်းကြပ်နေတဲ့စိတ်ဖိစီးစရာတွေဟာ အထိုက်အလျောက်လျော့ပါးသက်သာသွားနိုင်ပါတယ်။

သို့သော် ခုခေတ်မှာ ဓါတုပစ္စည်း (Chemicals) တွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း အများစုအနေနဲ့ သိလာတဲ့အတွက် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆံပင်ဖြောင့်တာ၊ ဆေးဆိုးတာစသဖြင့်တခုခုလုပ်တဲ့အခါ အရင်ကလုပ်နေကျဖြစ်ရင်တောင်မှ ခုချိန်မှာလုပ်ရင် ဗိုက်ထဲကကလေးလေးအပေါ်မှာ ထိခိုက်မှုများဖြစ်မလားဆိုပြီး ကိုယ်ကလုပ်ချင်ပေမယ့် မဝံ့မရဲ ဝေခွဲမရဖြစ်ရပါတယ်။

ဆံပင်ဆေးဆိုးတဲ့အခါမှာ သုံးတဲ့ဓါတုပစ္စည်းတွေက ဦးရေပြားကနေတဆင့် သွေးကြောထဲရောက်နိုင်တယ်လို့တချို့ကထင်ကြပေမယ့် လေ့လာချက်တွေအရ အများအားဖြင့် မဆိုစလောက်ပမာဏပဲ (ဒုက္ခမဖြစ်စေနိုင်တဲ့ပမာဏ) ရောက်နိုင်ကြောင်းသိရပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ဆံပင်ဆေးဆိုးတာလုပ်လို့ ဆိုးကျိုးကြီးကြီးမားမားဖြစ်တာမျိုးကိုတော့ ခုထိမတွေ့ရသေးကြောင်း သုတေသနပညာရှင်တွေကပြောထားပါတယ်။

သို့ပေမယ့် သန္ဓေသားထိခိုက်နိုင်ခြေနည်းအောင် ကိုယ်ဝန်စစရှိချင်းကာလ ကိုယ်ဝန်နုစဉ်မှာ ဆံပင်ဆေးဆိုးတာကိုရှောင်သင့်ပြီး ကိုယ်ဝန်၃လကျော်လောက်မှပဲ ဆိုးသင့်ကြောင်း ပညာရှင်အများစုက ထပ်လောင်းပြောထားပါတယ်။

ဆေးဆိုးတဲ့အခါမှာလည်း ခဏခံဆိုးဆေး (Temporary dye)၊ အသင့်တင့်ခံဆိုးဆေး (Semi-permanent dye)၊ ရေရှည်ခံဆိုးဆေး (Permanent dye) သုံးမျိုးရှိတဲ့အနက် Semi-permanent ဆိုးဆေးဖြစ်တဲ့ အပင်ကရတဲ့ ဒန်း (Henna) ကတော့ ကိုယ်ဝန်ဆောင်မေမေတွေအတွက်ပိုသင့်တော်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကဟော်မုန်းတွေဟာ အပြောင်းအလဲများစွာဖြစ်တဲ့အတွက် အရင်ကတည့်ခဲ့တဲ့အရာတွေဟာ ကိုယ်ဝန်ဆောင်ချိန်ကျမှ ဓါတ်မတည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဆံပင်ဆေးဆိုးမယ်ဆိုရင် ဘယ်ဆေးအမျိုးအစားဘယ်လောက်ကောင်းတာပဲသုံးသုံး၊ ကိုယ်အရင်ဆိုးနေကျ ဆံပင်ဆိုးဆေးအမျိုးအစားဆိုရင်တောင်မှလည်း မဆိုးခင် အရင်ဆုံးနားအနောက် အရေပြားပေါ်မှာ အနည်းငယ်စမ်းသပ်ကြည့်ပြီး တည့်မှဆိုးသင့်ပါတယ်။

တခေါင်းလုံးအနှံ့ ဆံပင်ဆိုးဆေးတင်ပြီးတဲ့အခါမှာလည်း ဆိုးဆေးမြဲအောင်ရည်ရွယ်ချက်ဖြင့် အချိန်အကြာကြီးနေမှ ခေါင်းလျှော်ချတာမျိုးမလုပ်ပါနဲ့။

အနည်းဆုံး အချိန်ပမာဏစောင့်ပြီးရင် ခေါင်းကို သေချာလျှော်ပေးပါ။

လေဝင်လေထွက်ကောင်းတဲ့ ဆိုင်နေရာတွေမှာ ဆံပင်ဆေးဆိုးခြင်းဟာ ခန္ဓာကိုယ်ထဲကို ဓါတုပစ္စည်းတွေ ရောက်ရှိနိုင်ခြေပိုနည်းစေပါတယ်။

အိမ်မှာ မိမိဘာသာမိမိ ဆေးဆိုးမယ်ဆိုပါကလည်း လေဝင်လေထွက်ကောင်းတဲ့ နေရာမှာဆိုးပါ။

ဆံပင်ဆိုးဆေးတွေကို လက်အိတ်ဝတ်ပြီးမှသာ ကိုင်တွယ်ပါ။

နို့တိုက်မေမေတွေလည်း ဆံပင်ဆေးဆိုးတာ လုပ်နိုင်ပါတယ်။ ဦးရေပြားကနေသွေးကြောထဲရောက်ရှိနိုင်ခြေရှိတဲ့ ဓါတုပစ္စည်းပမာဏာဟာ အနည်းငယ်သာရှိနိုင်တဲ့အတွက် မိခင်နို့ရည်ထဲ ဓါတုပစ္စည်းပါနိုင်ခြေဟာလည်း အလွန်နဲပါတယ်။

ဒါပေမယ့် ကလေးကို ဆံပင်ဆေးဆိုးတဲ့ ဆိုင်ခေါ်သွားတာမျိုး၊ ဆေးဆိုးနေရင်းနဲ့ နို့တိုက်တာမျိုး၊ အိမ်မှာ မိမိဘာသာဆေးဆိုးတယ်ဆိုရင်လည်း ဆေးဆိုးနေချိန် အနားထားတာမျိုးကိုတော့ ရှောင်ဖို့လိုပါမယ်။

ပိုစိတ်ချရချင်ရင်တော့ နို့တိုက်မိခင်တွေဆိုရင် ကလေးအသက် ခြောက်လပြည့်ပြီးမှ ဆံပင်ဆေးဆိုးတာ ပိုကောင်းပါတယ်။

Dr 528

Previous Post

ယင်ကောင်နှင့် ဝမ်းပျက်ဝမ်းလျှောခြင်းအန္တရာယ်

Next Post

မုန့်ဖုတ်ဆိုဒါရဲ့ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ အသုံးဝင်ပုံများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

1 year ago
545
About the biotin you should know

သိထားသင့်တဲ့ ဘိုင်အိုတင် (Biotin) အကြောင်း

1 year ago
1.1k
How important is biotin for hair health?

ဆံသားကျန်းမာရေးအတွက် ဘိုင်အိုတင်ဟာ ဘယ်လောက်အရေးကြီးသလဲ?

2 years ago
802
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ကိုယ်ဝန်ဆောင်ချိန်နှင့် အရေပြားယားယံခြင်း

2 years ago
824

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မုန့်ဖုတ်ဆိုဒါရဲ့ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ အသုံးဝင်ပုံများ

အိပ်ရေးပျက်တာများလာရင် ...

ရေဖျဉ်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.