မအိပ်မနေ အသက်ရှည်ဆိုတဲ့ စာသားကလေးက ရှေးသီးချင်းတစ်ပုဒ်မှာ ကြားဖူးကြပါလိမ့်မယ်။ တကယ့်တကယ်တော့ ဒါက မမှန်ဘူးလို့ဆိုရမှာပါ။ လုံလောက်တဲ့အိပ်ချိန်မရှိခြင်းက လူတစ်ယောက်အတွက် စိတ်ရောကိုယ်ပါ ဆိုးကျိုးများလွန်းပါတယ်။ CDC ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၈ မှ ၆၀ လူတစ်ယောက်အတွက် အနည်းဆုံးအိပ်ချိန် တနေ့ ၇ နာရီရှိသင့်ပါတယ်။ လူငယ် ၃၅% ဟာ လုံလောက်တဲ့အိပ်ချိန်မရရှိကြပါဘူး။ အိပ်ရေးပျက်ခြင်းဟာ ၂၄ နာရီအတွင်း ဆိုးကျိုးဖြစ်ပါမယ်။
မအိပ်ဘဲ ဘယ်လောက်ကြာရှည်နေနိုင်မလဲ
အိပ်ချိန်လိုအပ်ချက်ဟာ လူတစ်ယောက်နဲ့ တစ်ယောက်မတူညီပါ။ အသက်အရွယ်လိုက် ကွာခြားပါတယ်။ ကလေးငယ်တွေဟာ လူကြီးတွေထက် အိပ်ချိန် ၂ ဆလိုအပ်ပါတယ်။ မအိပ်ဘဲနေရင် အသက်ဘယ်လောက်ရှည်မလဲ ဆိုတာကတော့မသေချာပါဘူး။
ကိုယ်ခန္ဓာ လိုအပ်ချက်ပေါ်မူတည်ပြီး အိပ်ချိန် လိုအပ်ပါတယ်။ ကလေးနဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေဟာ လူကြီးတွေထက် ဦးနှောက်နဲ့ ကိုယ်ခန္ဓာလိုအပ်ချက်အရ ပိုလိုအပ်ပါတယ်။ အိပ်ရေးပျက်ခြင်း အကျိုးဆက်ဟာ ကလေးငယ်တွေမှာ ပိုမိုဆိုးရွားပြီး ကြာရှည်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့လက္ခဏာတွေကတော့
– နေ့ခင်းဘက် အိပ်ငိုက်ခြင်း လက္ခဏာများနှင့် အားအင်ကုန်ခမ်းခြင်း
– တက်ကြွမှုနည်းခြင်း
– စိတ်စုစည်းမှု အားနည်းခြင်း
– စိတ်မငြိမ်ခြင်း
– အစာစားချင်စိတ်များခြင်းနှင့် စိတ်ဂယောက်ကယက်ဖြစ်ခြင်း စတာတွေဖြစ်ပါတယ်။
အိပ်ရေးမဝခြင်းဟာ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါရှိသူများတွေကို ပိုမိုဆိုးရွားစေပါတယ်။
အိပ်ရေးမဝခြင်းက အသက်ကိုထိခိုက်နိုင်ပါသလား
အိပ်ရေးမဝခြင်းဟာ မတော်တဆ အသက်ထိခိုက်မှု အန္တရာယ်ကို ပိုဖြစ်စေပါတယ်။ ဥပမာ-ယာဉ်အန္တရာယ်ထိခိုက်မှုမျိုး ပိုဖြစ်စေနိုင်ပါတယ်။ သေစေနိုင်တဲ့ အိပ်ရေးမဝခြင်းကတော့ လူလတ်ပိုင်းတွေမှာ အဖြစ်များပါတယ်။
– အိပ်ရေးမဝခြင်း
– ကိုယ်အလေးချိန်ကျခြင်း
– အစာမစားခြင်း
– ကိုယ်ပူချိန်ပြောင်းလဲခြင်း စသည်တို့ဖြစ်ပါတယ်။
လူတစ်ယောက် ၂၄ နာရီမအိပ်ရင် ဖြစ်နိုင်တဲ့လက္ခဏာများ
– မူးမော်ခြင်း
– စိတ်မတည်ငြိမ်ခြင်း
– အာရုံမစိုက်နိုင်ခြင်း
– စူးစိူက်မူနည်းခြင်း
– စိတ်ဖိစီးမှုများခြင်း
– ထိခိုက်မူအန္တရာယ်များခြင်းစတာတွေဖြစ်ပါတယ်။
လူတစ်ယောက် ၇၂ နာရီမအိပ်ရရင် ဖြစ်နိုင်တဲ့လက္ခဏာများ
၃ ရက်ဆက်တိုက် မအိပ်ခြင်းဟာ လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။ နှလုံးခုန်မြန်ခြင်းနဲ့ အကောင်းမြင် စိတ်ဓာတ်လျော့ကျခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင်
– အလွန်အမင်းအားအင်ကုန်ခမ်းခြင်း
– အလုပ်လုပ်ရန်ခက်ခဲခြင်း
– စိတ်ဓာတ်ကျခြင်း
– သည်းခံနိုင်မှုစွမ်းအင်လျော့နည်းခြင်း စတာတွေလည်း ဖြစ်စေပါတယ်။
အိပ်ရေးပျက်ခြင်းများလာပါက ရေရှည်ထိခိုက်မှုအနေနဲ့
– လုပ်ကိုင်နိုင်မှုစွမ်းရည်မရှိခြင်း
– ဆက်ဆံရေးအဆင်မပြေခြင်း
– မတော်တဆထိခိုက်မူများခြင်း
– ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှေးခြင်းစသည်တို့ဖြစ်ပါတယ်။
ဒါကြောင့် အိပ်ရေးမဝခြင်းဟာ လူတစ်ယောက်အတွက် စိတ်ရော ကိုယ်ပါ ထိခိုက်ပြီး အသက်ရှည်ရှည်နေနိုင်မှုနှုန်းကို လျော့ကျစေပါတယ်။
Author: Dr. Pyae Shin