ရွှေဇနက အများနှင့်သက်ဆိုင်သာ ကုမ္ပဏီလီမိတက်နဲ့ အမေရိကန်နိုင်ငံရှိ Stanford University တို့ပူးပေါင်းပြီး Diploma in Emergency Medicine ဘွဲ့ပေးအပ်ပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါသင်တန်းကို ဆရာဝန် ၂၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီအထိ ၁၈ လ ကြာမြင့်ခဲ့ပါတယ်။ Stanford University တက္ကသိုလ်က ဆရာ၊ ဆရာမတွေကိုယ်တိုင် စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့တာဖြစ်ပြီး ဒုတိယ အကြိမ်သင်တန်းကိုတော့ ၂၀၁၇ ခုနှစ်၊ မေလ မှာ ထပ်မံဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကဏ္ဍ တိုးတက်ဖို့ လိုအပ်ချက်တွေ၊ အချိန်မီ စနစ်တကျ တတ်ကျွမ်းသူတွေနဲ့ ကုသမှု မခံယူနိုင်ခဲ့လို့ မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတာတွေကို ကူညီဖြည့်ဆည်းပေးနိုင်ဖို့အတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါပြင် ငွေကြေး ချို့တဲ့ သင်တန်းသူ၊ သင်တန်းသားတွေအတွက် ရွှေဇနက အများနှင့်သက်ဆိုင်သာ ကုမ္ပဏီလီမိတက်၊ ပါရမီဆေးရုံနဲ့ Samitivej International (ထိုင်းနိုင်ငံ)တို့က ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်။