လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်က စပြီး ကိုယ်ဝန်ဆောင်သူတွေ၊ မီးဖွားတော့ ကလေးငယ်တွေအတွက် ထောက်ပံ့ကြေးငွေ လစဉ် တစ်သောင်းခွဲကျပ် ထောက်ပံ့ကြေးပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ အမျိုးသားအဆင့် လူမှုကာကွယ်ရေးဗျူဟာ ၈ ချက်တွင်ပါဝင်တဲ့ မိခင်နှင့်ကလေး တွေကို ငွေကြေး ထောက်ပံ့ရေးအစီအစဉ်အရ ချင်းပြည်နယ်မှာ ပထမဆုံးအကောင်အထည်ဖော်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်မိခင် တွေနဲ့ အသက် ၂ နှစ်အောက်ကလေးသူငယ်တွေကို မေလ နောက်ဆုံးအပတ်ကနေစပြီး ငွေကြေး ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဧပြီလ ၁ ၇က်ကစပြီး ကိုယ်ဝန် ဆောင်တဲ့သူတွေ၊ အဲဒီရက်မှာ မွေးတဲ့သူတွေ၊ အဲဒီရက်နောက်ပိုင်းမွေးဖွားတဲ့သူတွေ အကျုံးဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်ဝန်ဆောင်ခါစ အချိန်ကနေ ကလေးအသက် နှစ်နှစ်သားအရွယ်အထိ တစ်လတစ်သောင်းခွဲကျပ် ရရှိသွားမှာဖြစ်ပြီး လက်ရှိ ကောက်ခံထားတဲ့ စာရင်းအရ ၁၃,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်အတွက် နှစ်လတစ်ကြိမ် ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ရေးခွင့်ရဒေသတွေကိုလည်း ထောက်ပံ့ရေးအစီအစဉ်တွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။