fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သွားတိုက်ဆေးအကြောင်း တစေ့တစောင်း

209
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/04/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, သွားနှင့် ခံတွင်း ကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)




ကြဉ်သင့်တယ် ။

Author: ခေတ်သစ် ဇီဝက

(Unicode)

သွားတိုက်ဆေးကို အီဂျစ်တွေက ဘီစီ ၅၀၀၀ လောက်ကတည်းကစတင် သုံးစွဲခဲ့ကြတယ် ။သွားတိုက်တံပေါ်တာကျတော့ နည်းနည်းနောက်ကျတယ် ၊ဘီစီ ၃၅၀၀ လောက်မှပါ ။မှတ်တမ်များအရတော့ နွားခွာနဲ့ ကြက်ဥအခွံကို မီးရှို့လို့ရလာတဲ့ ပြာတွေကို မီးတောင် ချော်ရည်ခဲမှ ရတဲ့ ကျောက်မှုန့် နဲ့ရောပြီး သွားတိုက်ဆေးအဖြစ် သုံးစွဲခဲ့ကြတယ် ။ဂရိနဲ့ ရောမလူမျိုးတွေကတော့ ပိုပြီး ပွတ်တိုက်ရင်ပြောင်အောင် ခြေထားတဲ့ အရိုးမှုန့်တွေ ၊ကမာကောင် ယောက်သွား  ကောင်တို့ရဲ့အခွံတွေ ၊မီးသွေးမှုန့်တွေကို ရောစပ်ပြီး သွားတိုက်ဆေးအဖြစ် အသုံးချခဲ့ကြတယ် ။တရုတ်တွေက တော့ ဂျင်ဆင်းရယ် ဆေးမွှေးနဲ့ ဆားတို့ကို သမပြီး သုံးခဲ့ကြတယ် ။အိန္ဒိယနဲ့ ဆက်စပ်နယ်တွေ ဇီဝကတို့ ရှေးဗမာတွေကတော့ တမာတို့ ၊မီးသွေးခဲတို့တွေကို အားကိုးအားထားပြုခဲ့ကြတယ် ။

ခေတ်သစ် သွားတိုက်ဆေးတွေ စသုံးလာတာကတော့ ခရစ်နှစ်၁၈၀၀ လောက်ကပဲ ဖြစ်ပါတယ် ။ထိုကာလတွေကတော့ သွားတိုက်ဆေးတွေမှာဆပ်ပြာ  ၊မြေဖြူ ၊ကွမ်းသီး ၊မီးသွေးမှုန့် စသဖြင့် နေရာဒေသကို လိုက်ပြီး ထည့်သွင်းသုံးစွဲခဲ့ကြတယ် ။ခရစ်နှစ် ၁၈၅၀ မတိုင်မီအထိ သွားတိုက်ဆေးတွေကို အမှုန့်ပုံစံ
အနေနဲ့ပဲ ဖော်စပ်ခဲ့တာပါ ။ခရစ်နှစ် ၁၈၅၀လောက်မှသာ ခပ်ပျစ်ပျစ်ပုံ Paste ပုံစံတီထွင်နိုင်ခဲ့ကြတာပါ ။ခရစ်နှစ် ၁၉၄၅ နောက်ပိုင်းမှာ သွားတိုက်ဆေးထဲမှာပါတဲ့ချွတ်ဆေးအဖြစ်သုံးနေတဲ့ ဆပ်ပြာအစား စိုဒီယမ်၊ လောရယ်၊ ဆာလ်ဖိတ် Sodium Lauryl Sulphate ကို အစားထိုး သုံးစွဲခဲ့ကြတာပါ ။ ဖလိုရိုက် ဓာတ်ကိုတော့ ၁၉၅၀လောက်မှာမှ စတင် အသုံးပြုလာတာပါ ။

ဘာလို့ လူတွေ သွားတိုက်ကြသလဲဆိုရင် အဓိကက သွားပေါ်ကအညစ်အကြေးတွေ ၊အစာဟောင်းတွေနဲ့ ပိုးမွှားအလွှာတွေကို ဖယ်ရှားသန့်စင်ပစ်ဖို့ပဲ ဖြစ်ပါတယ် ။ဖလိုရိုက်ဓာတ်တွေ ထည့်သွင်းသုံးစွဲလာရခြင်းက ဘာဖြစ်လို့လဲဆိုရင် ဖလိုရိုက်ဓာတ်ဟာ သွားထဲက ကယ်လ်စီယမ်နဲ့ ပေါင်းစပ်ပြီး ပိုမာတဲ့ သွား   ကြွေလွှာတွေကို ပိုဖြစ်စေပါတယ် ။အစာခြေရည် အက်ဆစ်ဓာတ်ကြောင့် ပျော့သွားတဲ့သွားကြွေလွှာကို ပြန်ပြီးမာလာစေတယ် ။ထို့အပြင် ဘတ်တီးရီးယားပိုးတွေရဲ့ အစာချက်လုပ်မှုကိုလည်း ဟန့်တားပေးတော့ ဘတ်တီးရီးယားပိုးတွေ သက်ဆိုးမရှည်နိုင်တော့ဘူးပေါ့ ။ဒီအချက်တွေကြောင့် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေဟာ သွားပိုးစားတာကို ကာကွယ်ပေးတာပါ ။ဒါကြောင့် ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကိုရွေးဝယ်သင့်တာပါ ။

သွားပွတ်တိုက်အားကောင်းအောင် ကျောက်မှုန့်တွေ အများကြီးထည့်ထားတဲ့ အရမ်းကြမ်းလွန်းတဲ့ သွားတိုက်ဆေးတွေကို မသုံးသင့်ပါ ။တိုက်ဖန်များလာရင် အပေါ်ယံ ကြွေသွားအလွှာ ပြုန်းသွားတတ်ပါတယ် ။ခံတွင်းရနံ့သင်းအောင်ဆိုပြီး မန်သော Menthol ပူရှိန်းဓာတ် များများပါတဲ့ သွားတိုက်ဆေးတွေကျတော့ လည်း ပူလွန်းစပ်လွန်းပြီး ကြာရင် ခံတွင်းသားနုနုတွေကို လောင်စေတယ် ။ဒါကြောင့် ခံတွင်းနံ့ သင်းစေတဲ့ Menthol များများပါတဲ့ သွားတိုက်ဆေးတို့ ၊သွား
အရောင်ဖြူအောင် ကျောက်မှုန့်ဓာတ်များများပါတဲ့ သွားတိုက်ဆေးတို့ကို ရှောင်
ကြဉ်သင့်တယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

ရင်ကျပ်ရောဂါ

Next Post

ငယ်ရွယ်တဲ့အမျိုးသားတွေ ကင်ဆာကိုလျစ်လျူမရှုပါနဲ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
123
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
591

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
549
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငယ်ရွယ်တဲ့အမျိုးသားတွေ ကင်ဆာကိုလျစ်လျူမရှုပါနဲ့

Game ကစားသော ကလေးငယ်

ပွင့်သောပန်းတိုင်းလန်းစေချင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.