(Zawgyi)
ဒီေဆာင္းပါးမွာေတာ့ လုံမတို႔ သိၿပီးသားျဖစ္တဲ့ သားေၾကာျဖတ္ျခင္းအေၾကာင္း ေျပာျပပါ့မယ္ ။သားေၾကာျဖတ္ျခင္းဆိုသည္မွာ သားဥႁပြန္ကို ခြဲစိတ္ျဖတ္ေတာက္ျခင္း
ျဖင့္ မမ်ိဳးဥနဲ႔ သုတ္ေကာင္ မေပါင္းစပ္ေအာင္ တားတဲ့ နည္းပါ ။ဇီဝက တို႔ ႏိုင္ငံမွာေတာ့ အစိုးရေဆး႐ုံမွာသာ ျပဳလုပ္ခြင့္ျပဳထားပါတယ္ ။
ဘယ္သူေတြကို သားေၾကာျဖတ္ခြင့္ေပးသလဲ ။
-ယခင္ ၂ခါ ခြဲစိတ္ေမြးဖြားၿပီး ယခု တတိယေျမာက္ ကိုယ္ဝန္ေဆာင္မိခင္
-ယခင္ ခြဲစိတ္ေမြးဖြားရာတြင္ သားအိမ္တြင္ ေဒါင္လိုက္ခြဲစိတ္ေမြးဖြားထားျခင္း
-လက္ရွိ အသက္ရွင္လ်က္ ကေလး ၅ေယာက္ရွိ မိခင္ ၊၅ေယာက္နဲ႔ အထက္
ကိုယ္ဝန္ေဆာင္မိခင္မ်ား
-အသက္ ၃၅ ႏွစ္တိတိျပည့္ၿပီး လက္ရွိ ကေလးအသက္ရွင္လ်က္ ၃ေယာက္ရွိသူ
-အသက္ ၃၈ ႏွစ္တိတိျပည့္ၿပီး လက္ရွိ ကေလးအသက္ရွင္လ်က္ ၂ေယာက္ရွိသူ
-အသက္ ၄၀ ႏွစ္တိတိျပည့္ၿပီး လက္ရွိ ကေလးအသက္ရွင္လ်က္ ၁ေယာက္ရွိသူ
-ယခင္ ေမြးထားေသာ ကေလးတြင္ မ်ိဳး႐ိုးဗီဇခ်ိဳ႕ယြင္းတဲ့ေရာဂါပါလာၿပီး ေနာက္ေမြးမည့္ ကေလးတြင္လည္း အလားတူေရာဂါျဖစ္ႏိုင္ေခ်ရွိသူ
-သမားေတာ္ႀကီး ၊ခြဲစိတ္ဆရာဝန္ႀကီးမ်ားမွ ေထာက္ခံခ်က္ေပးေသာ ေနာက္ထပ္ကိုယ္ဝန္မေဆာင္သင့္သည့္ နာမက်န္းေရာဂါရွိသူ
-ကိုယ္ဝန္ေဆာင္မိခင္ကို ဒုကၡေပးႏိုင္ေသာ မီးယပ္ေရာဂါရွိသူ
-ကိုယ္ဝန္ေဆာင္စဥ္နဲ႔ မီးဖြားစဥ္ အသက္ေဘးရွိသည့္ အေရးေပၚ အေျခအေန ႀကဳံေတြ႕ ခဲ့ရၿပီး ေနာက္ကိုယ္ဝန္ေဆာင္စဥ္နဲ႔ မီးဖြားစဥ္ အလားတူ အေျခအေန ထပ္မံျဖစ္ႏိုင္ေသာ မိခင္မ်ားစသူေတြကို သားေၾကာျဖတ္ခြင့္ျပဳပါတယ္ ။
ဘယ္ေလာက္ အာနိသင္ ရွိသလဲ ။
– သားေၾကာျဖတ္တဲ့ လုံမပ်ိဳ အေယာက္၁၀၀ မွာ ၁ေယာက္နီးနီးသာ စျဖတ္တဲ့ပထမ တစ္ႏွစ္မွာ ကိုယ္ဝန္ရႏိုင္ေျခရွိတာပါ ။က်န္တဲ့၉၉ေယာက္ေသာ လုံမတို႔သည္ကိုယ္ဝန္မရႏိုင္ပါ ။
-အမ်ားစုကေတာ့ ကိုယ္ဝန္ျပန္မရႏိုင္ပါ ။
-ရာသီလာေနေသးတဲ့ အနည္းငယ္ေသာ လုံမတို႔သာ အခန႔္မသင့္ရင္ ကိုယ္ဝန္ရႏိုင္တာပါ ။အင္မတန္ရွားပါတယ္ ။
ေဘးထြက္ အာနိသင္မ်ား
-ေမ့ေဆး နဲ႔ ခြဲစိတ္တဲ့ အခါ ျဖစ္တတ္တဲ့ ေဘးေတြက လြဲလို႔ တျခားဘာမွ မျဖစ္ပါ။
သိသာသည့္ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား
-ပဋိသေႏၶကို တားတယ္
သိသာသည့္ က်န္းမာေရး အက်ိဳးအျပစ္မ်ား
-မရွိပါ
ဒီေဆာင္းပါးေလးနဲ႔ပဲ ဇီဝကရဲ႕ေ႐ႊရင္မထိတ္ေအာင္ပဋိသေႏၶတားနည္းအသြယ္သြယ္ဆိုတဲ့ ေဆာင္းပါးစုကို နိဂုံးခ်ဳပ္လိုက္ပါတယ္ ။
Author: ေခတ္သစ္ ဇီဝက
(Unicode)
(Zawgyi)
ဒီဆောင်းပါးမှာတော့ လုံမတို့ သိပြီးသားဖြစ်တဲ့ သားကြောဖြတ်ခြင်းအကြောင်း ပြောပြပါ့မယ် ။သားကြောဖြတ်ခြင်းဆိုသည်မှာ သားဥပြွန်ကို ခွဲစိတ်ဖြတ်တောက်ခြင်း
ဖြင့် မမျိုးဥနဲ့ သုတ်ကောင် မပေါင်းစပ်အောင် တားတဲ့ နည်းပါ ။ဇီဝက တို့ နိုင်ငံမှာတော့ အစိုးရဆေးရုံမှာသာ ပြုလုပ်ခွင့်ပြုထားပါတယ် ။
ဘယ်သူတွေကို သားကြောဖြတ်ခွင့်ပေးသလဲ ။
-ယခင် ၂ခါ ခွဲစိတ်မွေးဖွားပြီး ယခု တတိယမြောက် ကိုယ်ဝန်ဆောင်မိခင်
-ယခင် ခွဲစိတ်မွေးဖွားရာတွင် သားအိမ်တွင် ဒေါင်လိုက်ခွဲစိတ်မွေးဖွားထားခြင်း
-လက်ရှိ အသက်ရှင်လျက် ကလေး ၅ယောက်ရှိ မိခင် ၊၅ယောက်နဲ့ အထက်
ကိုယ်ဝန်ဆောင်မိခင်များ
-အသက် ၃၅ နှစ်တိတိပြည့်ပြီး လက်ရှိ ကလေးအသက်ရှင်လျက် ၃ယောက်ရှိသူ
-အသက် ၃၈ နှစ်တိတိပြည့်ပြီး လက်ရှိ ကလေးအသက်ရှင်လျက် ၂ယောက်ရှိသူ
-အသက် ၄၀ နှစ်တိတိပြည့်ပြီး လက်ရှိ ကလေးအသက်ရှင်လျက် ၁ယောက်ရှိသူ
-ယခင် မွေးထားသော ကလေးတွင် မျိုးရိုးဗီဇချို့ယွင်းတဲ့ရောဂါပါလာပြီး နောက်မွေးမည့် ကလေးတွင်လည်း အလားတူရောဂါဖြစ်နိုင်ချေရှိသူ
-သမားတော်ကြီး ၊ခွဲစိတ်ဆရာဝန်ကြီးများမှ ထောက်ခံချက်ပေးသော နောက်ထပ်ကိုယ်ဝန်မဆောင်သင့်သည့် နာမကျန်းရောဂါရှိသူ
-ကိုယ်ဝန်ဆောင်မိခင်ကို ဒုက္ခပေးနိုင်သော မီးယပ်ရောဂါရှိသူ
-ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားစဉ် အသက်ဘေးရှိသည့် အရေးပေါ် အခြေအနေ ကြုံတွေ့ ခဲ့ရပြီး နောက်ကိုယ်ဝန်ဆောင်စဉ်နဲ့ မီးဖွားစဉ် အလားတူ အခြေအနေ ထပ်မံဖြစ်နိုင်သော မိခင်များစသူတွေကို သားကြောဖြတ်ခွင့်ပြုပါတယ် ။
ဘယ်လောက် အာနိသင် ရှိသလဲ ။
– သားကြောဖြတ်တဲ့ လုံမပျို အယောက်၁၀၀ မှာ ၁ယောက်နီးနီးသာ စဖြတ်တဲ့ပထမ တစ်နှစ်မှာ ကိုယ်ဝန်ရနိုင်ခြေရှိတာပါ ။ကျန်တဲ့၉၉ယောက်သော လုံမတို့သည်ကိုယ်ဝန်မရနိုင်ပါ ။
-အများစုကတော့ ကိုယ်ဝန်ပြန်မရနိုင်ပါ ။
-ရာသီလာနေသေးတဲ့ အနည်းငယ်သော လုံမတို့သာ အခန့်မသင့်ရင် ကိုယ်ဝန်ရနိုင်တာပါ ။အင်မတန်ရှားပါတယ် ။
ဘေးထွက် အာနိသင်များ
-မေ့ဆေး နဲ့ ခွဲစိတ်တဲ့ အခါ ဖြစ်တတ်တဲ့ ဘေးတွေက လွဲလို့ တခြားဘာမှ မဖြစ်ပါ။
သိသာသည့် ကျန်းမာရေး အကျိုးကျေးဇူးများ
-ပဋိသန္ဓေကို တားတယ်
သိသာသည့် ကျန်းမာရေး အကျိုးအပြစ်များ
-မရှိပါ
ဒီဆောင်းပါးလေးနဲ့ပဲ ဇီဝကရဲ့ရွှေရင်မထိတ်အောင်ပဋိသန္ဓေတားနည်းအသွယ်သွယ်ဆိုတဲ့ ဆောင်းပါးစုကို နိဂုံးချုပ်လိုက်ပါတယ် ။
Author: ခေတ်သစ် ဇီဝက